< Zaburi 26 >
1 Zaburi ya Daudi. Ee Bwana, nithibitishe katika haki, maana nimeishi maisha yasiyo na lawama; nimemtumainia Bwana bila kusitasita.
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
2 Ee Bwana, unijaribu, unipime, uuchunguze moyo wangu na mawazo yangu;
၂အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားစမ်းသပ်စစ်ဆေးတော်မူပါ။ ကျွန်တော်မျိုး၏အလိုဆန္ဒများနှင့်စိတ်နှလုံး အကြံအစည်များကိုစစ်ကြောတော်မူပါ။
3 kwa maana upendo wako uko mbele yangu daima, nami natembea siku zote katika kweli yako.
၃ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်သည်လမ်းပြပါ၏။ သစ္စာတော်သည်ကျွန်တော်မျိုးအား အစဉ်ပို့ဆောင်လျက်ရှိပါ၏။
4 Siketi pamoja na watu wadanganyifu, wala siandamani na wanafiki,
၄ကျွန်တော်မျိုးသည်လျှပ်ပေါ်သူတို့နှင့် မပေါင်းမဖော်ပါ။ သူတော်ယောင်ဆောင်သူတို့နှင့်လည်းမည်သို့မျှ မဆက်ဆံပါ။
5 ninachukia kusanyiko la watenda mabaya na ninakataa kuketi pamoja na waovu.
၅ဆိုးညစ်သူတို့၏အပေါင်းအသင်းတို့ကို ရွံမုန်း၍ သူယုတ်မာတို့ကိုရှောင်ရှားပါ၏။
6 Ninanawa mikono yangu kwa kuwa sina hatia, naikaribia madhabahu yako, Ee Bwana,
၆အို ထာဝရဘုရား၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်းပြသရန် ကျွန်တော်မျိုးသည်မိမိ၏လက်ကိုဆေးကြောပြီး နောက် ကိုယ်တော်ရှင်၏ယဇ်ပလ္လင်ကိုလှည့်ပတ်၍ ဝတ်ပြုကိုးကွယ်ပါ၏။
7 nikitangaza sifa yako kwa sauti kubwa, huku nikisimulia matendo yako ya ajabu.
၇ကျွန်တော်မျိုးသည်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကိုဆို၍ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာအပေါင်းတို့ကိုပြောကြားပါ၏။
8 Ee Bwana, naipenda nyumba yako mahali unakoishi, mahali ambapo utukufu wako hukaa.
၈အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
9 Usiiondoe nafsi yangu pamoja na watenda dhambi, wala uhai wangu pamoja na wamwagao damu,
၉ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။ သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။
10 ambao mikononi mwao kuna mipango miovu, ambao mikono yao ya kuume imejaa rushwa.
၁၀ထိုသူတို့သည်မကောင်းမှုကိုအခါခပ်သိမ်း ပြုကျင့်လျက် တံစိုးလက်ဆောင်ယူရန်အစဉ်အမြဲ အသင့်ရှိသူများဖြစ်ကြပါ၏။
11 Bali mimi ninaishi maisha yasiyo na lawama; nikomboe na unihurumie.
၁၁ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။
12 Miguu yangu imesimama katika uwanja tambarare; katika kusanyiko kuu nitamsifu Bwana.
၁၂ငါသည်ဘေးအန္တရာယ်အပေါင်းမှကင်းလွတ် လုံခြုံလျက်ရှိ၏။ လူပရိတ်သတ်အလယ်တွင်ထာဝရဘုရားအား ထောမနာပြုပါမည်။