< Zaburi 148 >

1 Msifuni Bwana. Msifuni Bwana kutoka mbinguni, msifuni juu vileleni.
ကောင်းကင် ဘုံ၌ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ဘဝဂ် ပေါ် မှာ ချီးမွမ်း ကြလော့။
2 Msifuni, enyi malaika wake wote, msifuni yeye, enyi jeshi lake lote la mbinguni.
ကောင်းကင် တမန်အပေါင်း တို့၊ ထာဝရ ဘုရား ကို ချီးမွမ်း ကြလော့။ ကောင်းကင်ဗိုလ်ခြေ အပေါင်း တို့ ချီးမွမ်း ကြလော့။
3 Msifuni yeye, enyi jua na mwezi, msifuni yeye, enyi nyota zote zingʼaazo.
နေ လ တို့၊ ထာဝရ ဘုရားကိုချီးမွမ်း ကြလော့။ ထွန်းလင်း သော ကြယ် အပေါင်း တို့၊ ချီးမွမ်း ကြလော့။
4 Msifuni yeye, enyi mbingu zilizo juu sana, na ninyi maji juu ya anga.
ကောင်းကင် အထပ်ထပ်နှင့် ကောင်းကင် ပေါ် မှာ ရေ များတို့၊ ချီးမွမ်း ကြလော့။
5 Vilisifu jina la Bwana kwa maana aliamuru navyo vikaumbwa.
ထို အရာတို့ကိုအမိန့် တော်ရှိ၍ ၊ ဖန်ဆင်း တော်မူသောကြောင့် ၊ ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြစေ။
6 Aliviweka mahali pake milele na milele, alitoa amri ambayo haibadiliki milele.
ထို အရာတို့ကို ကာလ အစဉ်အဆက် အမြဲတည် စေတော်မူ၍ ၊ မ ပျက် ရသောဓမ္မတာ ကို စီရင် တော်မူ၏။
7 Mtukuzeni Bwana kutoka duniani, ninyi viumbe vikubwa vya baharini na vilindi vyote vya bahari,
မြေကြီး ၌ ရှိသောအရာ၊ ငါး ကြီးများ၊ နက်နဲ ရာ အရပ် များ၊
8 umeme wa radi na mvua ya mawe, theluji na mawingu, pepo za dhoruba zinazofanya amri zake,
မီး နှင့် မိုဃ်းသီး ၊ မိုဃ်းပွင့် နှင့် အခိုး အငွေ့၊ အမိန့် တော်ကို နားထောင် သော လေပြင်း မုန်တိုင်း၊
9 ninyi milima na vilima vyote, miti ya matunda na mierezi yote,
တောင် ကြီးတောင် ငယ်ရှိသမျှ ၊ အသီး ကိုသီးသောအပင် ၊ အာရဇ် ပင် ရှိသမျှ၊
10 wanyama wa mwituni na mifugo yote, viumbe vidogo na ndege warukao,
၁၀သားရဲ နှင့် သားယဉ် အပေါင်း ၊ တွား တတ်သော တိရိစ္ဆာန်နှင့် ပျံ တတ်သော ငှက် အစရှိသော၊
11 wafalme wa dunia na mataifa yote, ninyi wakuu na watawala wote wa dunia,
၁၁လောကီ ရှင် ဘုရင်များနှင့် ပြည်သူ ပြည်သားအပေါင်း ၊ မင်း များနှင့် လောကီ တရားသူကြီး အပေါင်း၊
12 wanaume vijana na wanawali, wazee na watoto.
၁၂လူပျို နှင့် အပျို များ၊ လူအို နှင့် လူ ကလေးများတို့၊ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။
13 Wote na walisifu jina la Bwana, kwa maana jina lake pekee limetukuka, utukufu wake uko juu ya nchi na mbingu.
၁၃နာမတော်တပါးတည်း သာလျှင် မြတ်၍၊ ဘုန်း တော်သည်မြေကြီး နှင့် ကောင်းကင် အပေါ် ထက်၌ ရှိသောကြောင့်၊ ထာဝရ ဘုရား၏ နာမတော် ကို ချီးမွမ်း ကြစေ။
14 Amewainulia watu wake pembe, sifa ya watakatifu wake wote, ya Israeli, watu walio karibu na moyo wake. Msifuni Bwana.
၁၄မိမိ လူစု တို့၏ဦးချို ကို ချီးမြှင့် တော်မူသဖြင့် ၊ အနီး တော်၌ရှိသောလူစု ၊ ဣသရေလ အမျိုးသားတည်းဟူသော မိမိ သန့်ရှင်း သူအပေါင်း တို့၏ ချီးမွမ်း ရာဖြစ် တော်မူ၏။ ဟာလေလုယ။

< Zaburi 148 >