< Zaburi 143 >

1 Zaburi ya Daudi. Ee Bwana, sikia sala yangu, sikiliza kilio changu unihurumie; katika uaminifu na haki yako njoo unisaidie.
အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ပဌနာ ကိုကြား ၍၊ ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ သစ္စာ စောင့် ခြင်း၊ ဖြောင့်မတ် ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြော တော်မူပါ။
2 Usimhukumu mtumishi wako, kwa kuwa hakuna mtu anayeishi aliye mwenye haki mbele zako.
ကိုယ်တော် ၏ကျွန် နှင့် တရား တွေ့ တော်မ မူပါ နှင့်။ အသက်ရှင် သောသူမည် သည်ကား၊ ရှေ့ တော်၌ အပြစ် ကင်းစင်ရာသို့ မ ရောက်ရပါ။
3 Adui hunifuatilia, hunipondaponda chini; hunifanya niishi gizani kama wale waliokufa zamani.
ရန်သူ သည်အကျွန်ုပ် ၏ဝိညာဉ် ကို ညှဉ်းဆဲ ၍၊ အသက် ကိုလည်း မြေ တိုင်အောင် နှိပ် နင်း၍၊ ကြာမြင့် စွာ သေ နေသောသူကဲ့သို့ အကျွန်ုပ် ကို မှောင်မိုက် ထဲမှာ နေ စေပါ၏။
4 Kwa hiyo roho yangu inazimia ndani yangu, moyo wangu ndani yangu unakata tamaa.
အကျွန်ုပ် သည်စိတ်ပျက် လျက် ၊ ကိုယ် အထဲ ၌ နှလုံး ကြေကွဲ လျက် ရှိပါ၏။
5 Nakumbuka siku za zamani; natafakari juu ya kazi zako zote, naangalia juu ya kazi ambazo mikono yako imezifanya.
ရှေး လွန်လေပြီးသော ကာလကိုအောက်မေ့ ၍၊ အလုံးစုံ သော အမှု တော်တို့ကို၎င်း၊ လက် တော်နှင့်ပြုပြင် သော အရာများကို ၎င်းဆင်ခြင် ပါ၏။
6 Nanyoosha mikono yangu kwako, nafsi yangu inakuonea kiu kama ardhi kame.
ကိုယ်တော် ထံသို့ လက် တို့ကို ဆန့် ပါ၏။ သွေ့ခြောက် သောမြေ ကဲ့သို့ အကျွန်ုပ် ၏ဝိညာဉ် သည် ကိုယ်တော် ကို တောင့်တပါ၏။
7 Ee Bwana, unijibu haraka, roho yangu inazimia. Usinifiche uso wako, ama sivyo nitafanana na wale washukao shimoni.
အိုထာဝရဘုရား ၊ အလျင် အမြန်နားထောင် တော်မူပါ။ အကျွန်ုပ် သည် စိတ် ပျက် ပါပြီ။ မျက်နှာ လွှဲ တော်မူသဖြင့် ၊ တွင်း ထဲသို့ဆင်း သောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မ မူပါနှင့်။
8 Asubuhi uniletee neno la upendo wako usiokoma, kwa kuwa nimeweka tumaini langu kwako. Nionyeshe njia nitakayoiendea, kwa kuwa kwako nainua nafsi yangu.
ကရုဏာ တော်စကားသံကို အလျင် အမြန်ကြား စေတော်မူပါ။ ကိုယ်တော် ၌ ကိုးစား ပါ၏။ ကိုယ်သွား ရမည် လမ်း ကို သိ စေတော်မူပါ။ ကိုယ်တော် ကို အကျွန်ုပ် တသ ပါ၏။
9 Ee Bwana, uniokoe na adui zangu, kwa kuwa nimejificha kwako.
အိုထာဝရဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ကို ခိုလှုံ ပါ၏။
10 Nifundishe kufanya mapenzi yako, kwa maana wewe ndiwe Mungu wangu, Roho wako mwema na aniongoze katika nchi tambarare.
၁၀အလိုတော် သို့လိုက် စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ဘုရား သခင်ဖြစ်တော်မူ၏။ ကောင်းမြတ် သောဝိညာဉ် တော်သည် ဖြောင့် သောလမ်း ၌ အကျွန်ုပ် ကိုသွေးဆောင် တော်မူပါစေသော။
11 Ee Bwana, kwa ajili ya jina lako, hifadhi maisha yangu, kwa haki yako nitoe katika taabu.
၁၁အိုထာဝရဘုရား ၊ နာမတော် အတွက် ကြောင့်၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ ဖြောင့်မတ် တော်မူသည် နှင့်အညီ ၊ အကျွန်ုပ် ၏ ဝိညာဉ် ကိုဆင်းရဲ ဒုက္ခအထဲက နှုတ်ယူ တော်မူပါ။
12 Kwa upendo wako usiokoma, nyamazisha adui zangu; waangamize watesi wangu wote, kwa kuwa mimi ni mtumishi wako.
၁၂ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ၏ ရန်သူ တို့ကို ပယ်ရှင်း ၍ ၊ အကျွန်ုပ်ကို ညှဉ်းဆဲ သော သူအပေါင်း တို့ကို ဖျက်ဆီး တော်မူပါ။ အကျွန်ုပ် သည် ကိုယ်တော် ၏ကျွန် ဖြစ်ပါ၏။

< Zaburi 143 >