< Zaburi 139 >

1 Kwa mwimbishaji. Zaburi ya Daudi. Ee Bwana, umenichunguza na kunijua.
အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို စစ်ကြော ၍ သိ တော်မူ၏။
2 Unajua ninapoketi na ninapoinuka; unatambua mawazo yangu tokea mbali.
အကျွန်ုပ် ထိုင် ခြင်း၊ ထ ခြင်းအရာတို့ကို သိ တော်မူ ၏။ အကျွန်ုပ် အကြံ အစည်တို့ကို အဝေး က ပင် နားလည် တော်မူ၏။
3 Unafahamu kutoka kwangu na kulala kwangu; unaelewa njia zangu zote.
အကျွန်ုပ် သွားသောလမ်း ကို၎င်း ၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ် ကျင့် သောအကျင့် အလုံးစုံ တို့ကို ကျွမ်း တော်မူ၏။
4 Kabla neno halijafika katika ulimi wangu, wewe walijua kikamilifu, Ee Bwana.
အကျွန်ုပ် သည် စကား တခွန်း ကိုမျှ မ မြွက်သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကြွင်းမဲ့ သိ တော်မူ၏။
5 Umenizunguka nyuma na mbele; umeweka mkono wako juu yangu.
ကိုယ်တော်သည်အကျွန်ုပ် ကို ပတ်လည် ဝိုင်းထား ၍ ၊ အကျွန်ုပ် အပေါ် မှာ လက် တော်ကိုတင် တော်မူပြီ။
6 Maarifa haya ni ya ajabu mno kwangu, ni ya juu sana kwangu kuyafikia.
ထိုသို့သော ဉာဏ် သည် အံ့ဩ ဘွယ်ဖြစ်၍၊ အကျွန်ုပ် မတတ်နိုင်ပါ။ မြင့်မြတ် သည်ဖြစ်၍အကျွန်ုပ် မ မှီနိုင် ပါ။
7 Niende wapi nijiepushe na Roho yako? Niende wapi niukimbie uso wako?
ဝိညာဉ် တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွား နိုင်ပါမည်နည်း။ မျက်နှာ တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ ပြေး နိုင်ပါမည်နည်း။
8 Kama nikienda juu mbinguni, wewe uko huko; nikifanya vilindi kuwa kitanda changu, wewe uko huko. (Sheol h7585)
ကောင်းကင် သို့တက် လျှင် ကိုယ်တော် ရှိ တော်မူ၏။ မရဏ နိုင်ငံ၌ အိပ်ရာကိုခင်း လျှင် ကိုယ်တော် ရှိ တော်မူ ၏။ (Sheol h7585)
9 Kama nikipanda juu ya mbawa za mapambazuko, kama nikikaa pande za mbali za bahari,
နံနက် အတောင် တို့ကိုယူ ၍ သမုဒ္ဒရာ စွန်း ၌ နေ လျှင်၊
10 hata huko mkono wako utaniongoza, mkono wako wa kuume utanishika kwa uthabiti.
၁၀ထို အရပ်၌ ပင် ကိုယ်တော် ၏လက် သည် အကျွန်ုပ် ကို ပို့ဆောင် လျက် ၊ လက်ျာ လက်တော်သည် ကိုင် လျက်ရှိပါလိမ့်မည်။
11 Kama nikisema, “Hakika giza litanificha na nuru inayonizunguka iwe usiku,”
၁၁အကယ်၍ မှောင်မိုက် သည်ငါ့ ကိုဖုံးလွှမ်း မည်ဟု တဖန် ဆို လျှင်၊ ညဉ့် သည်လည်း အကျွန်ုပ် ပတ်ဝန်းကျင် ၌ အလင်း ဖြစ်ပါလိမ့်မည်။
12 hata giza halitakuwa giza kwako, usiku utangʼaa kama mchana, kwa kuwa giza ni kama nuru kwako.
၁၂အကယ် စင်စစ်မှောင်မိုက် သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မ ဖုံးနိုင်ပါ။ ညဉ့် သည် နေ့ ကဲ့သို့ လင်း ပါ၏။ မှောင်မိုက် သဘောနှင့် အလင်း သဘောသည် တူ ပါ၏။
13 Kwa maana wewe ndiwe uliyeumba utu wangu wa ndani; uliniunga pamoja tumboni mwa mama yangu.
၁၃ကိုယ်တော်သည် အကျွန်ုပ် ၏ ကျောက်ကပ် ကို ပင် ဖန်ဆင်း ၍၊ အမိ ဝမ်း ထဲမှာ အကျွန်ုပ် ကို ဖုံးအုပ် တော်မူပြီ။
14 Ninakusifu kwa sababu nimeumbwa kwa namna ya ajabu na ya kutisha; kazi zako ni za ajabu, ninajua hayo kikamilifu.
၁၄အကျွန်ုပ်သည် ကြောက်မက် ဘွယ်သော လက္ခဏာ၊ ထူးဆန်း သော လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ ပြုပြင်တော်မူသောအမှု တို့သည် အံ့ဩ ဘွယ်ဖြစ်ကြောင်း ကို အကျွန်ုပ် ၏ စိတ် ဝိညာဉ်သည်အမှန် သိ ပါ၏။
15 Umbile langu halikufichika kwako, nilipoumbwa mahali pa siri. Nilipoungwa pamoja kwa ustadi katika vilindi vya nchi,
၁၅မ ထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း ၍၊ မြေကြီး အောက် အရပ်၌ စေ့စပ် စွာ ပြုပြင်တော်မူသောအခါ ၊ အကျွန်ုပ် ၏ကိုယ် ခန္ဓါသည် ရှေ့တော်၌ ထင်ရှား လျက်ရှိပါ၏။
16 macho yako yaliniona kabla mwili wangu haujakamilika. Siku zangu zote ulizonipangia ziliandikwa katika kitabu chako kabla haijakuwepo hata moja.
၁၆မစုံလင်သေးသော အကျွန်ုပ် ၏အလုံး အထွေးကိုလည်း ကိုယ်တော် သည်ကြည့်ရှု ၍ မြင် တော်မူပြီ။ ထိုအရာ တို့ကို ပြုပြင် ၍ တစုံ တခုမျှ မ ရှိမှီကာလ တွင်၊ ကိုယ်တော် ၏ စာရင်း ၌ အကုန် အစင်မှတ်သား လျက် ရှိကြပါ၏။
17 Tazama jinsi yalivyo ya thamani mawazo yako kwangu, Ee Mungu! Jinsi jumla yake ilivyo kubwa!
၁၇အိုဘုရား သခင်၊ အကျွန်ုပ် ၌ ကိုယ်တော် ၏ အကြံအစည်တို့သည် အလွန် ထူးဆန်း ကြပါ၏။ အလွန် များပြား ကြပါ၏။
18 Kama ningezihesabu, zingekuwa nyingi kuliko mchanga. Niamkapo, bado niko pamoja nawe.
၁၈ထို အကြံအစည်တော်တို့ကို ရေတွက် လျှင်၊ သဲလုံး နှင့်အမျှမက သာ၍များပြား ကြပါ၏။ အကျွန်ုပ်သည် နိုး သောအခါ ကိုယ်တော် ထံ၌ အစဉ် ရှိပါ၏။
19 Laiti ungewachinja waovu, Ee Mungu! Ondokeni kwangu, ninyi wamwaga damu!
၁၉အိုဘုရား သခင်၊ ကိုယ်တော်သည် မ တရားသောသူတို့ ကို ကွပ်မျက် တော်မူပါစေသော။ လူ အသက် ကိုသတ် တတ်သောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။
20 Wanazungumza juu yako wakiwa na kusudi baya, adui zako wanatumia vibaya jina lako.
၂၀ထိုသူတို့သည် ကိုယ်တော် တဘက်၌ မနာလို သောစိတ်နှင့်ပြောဆို ၍၊ ကိုယ်တော် ၏ရန်သူ တို့သည် မ တရားသဖြင့် ဝါကြွား ကြပါ၏။
21 Ee Bwana, je, nisiwachukie wanaokuchukia? Nisiwachukie sana wanaoinuka dhidi yako?
၂၁အိုထာဝရဘုရား ၊ ကိုယ်တော် ကို မုန်း သောသူတို့ ကို အကျွန်ုပ်မုန်း ပါသည်မ ဟုတ်လော။ အာဏာ တော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာ ပါသည် မဟုတ် လော။
22 Sina kitu zaidi ya chuki dhidi yao, ninawahesabu ni adui zangu.
၂၂ထိုသူ တို့ကို စိတ် နှလုံးအကြွင်းမဲ့မုန်း ပါ၏။ ကိုယ် ရန်သူ ကဲ့သို့ မှတ် ပါ၏။
23 Ee Mungu, nichunguze, uujue moyo wangu, nijaribu na ujue mawazo yangu.
၂၃အိုဘုရား သခင်၊ အကျွန်ုပ် ကို စစ်ကြော ၍ ၊ အကျွန်ုပ် ၏နှလုံး ကို သိမှတ် တော်မူပါ။ စုံစမ်း ၍ စိတ် အထင်များကိုလည်း သိမှတ် တော်မူပါ။
24 Uone kama kuna njia iletayo machukizo ndani yangu, uniongoze katika njia ya milele.
၂၄ဆိုး သောလမ်း သို့ အကျွန်ုပ် လိုက် သည် မလိုက် သည်ကို ကြည့်ရှု ၍ ၊ ထာဝရ လမ်း ထဲသို့ သွေးဆောင် တော်မူ ပါ။

< Zaburi 139 >