< Zaburi 138 >
1 Zaburi ya Daudi. Nitakusifu wewe, Ee Bwana, kwa moyo wangu wote, mbele ya “miungu” nitaimba sifa zako.
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
2 Nitasujudu nikielekea Hekalu lako takatifu, nami nitalisifu jina lako kwa ajili ya upendo wako na uaminifu, kwa kuwa umelikuza jina lako na neno lako juu ya vitu vyote.
၂ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏မြင့်မြတ် သန့်ရှင်းသောဗိမာန်တော်ကိုမျက်နှာမူလျက် ဦးညွှတ်ပျပ်ဝပ်ကာကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်နှင့်သစ္စာတော်ကြောင့်နာမတော်ကို ထောမနာပြုပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်၏ နာမတော်နှင့်ကတိတော်တို့သည် အထွတ်အမြတ်ဆုံးဖြစ်ကြောင်းပြသ တော်မူပြီ။
3 Nilipoita, ulinijibu; ulinifanya jasiri na mwenye moyo hodari.
၃ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
4 Wafalme wote wa dunia wakusifu wewe Ee Bwana, wakati wanaposikia maneno ya kinywa chako.
၄အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးပေါ်ရှိဘုရင်အပေါင်းတို့သည် ကိုယ်တော်ရှင်၏ကတိတော်များကိုကြား သိရသဖြင့် ကိုယ်တော်ရှင်အားထောမနာပြုကြပါလိမ့်မည်။
5 Wao na waimbe kuhusu njia za Bwana, kwa maana utukufu wa Bwana ni mkuu.
၅သူတို့သည်ကိုယ်တော်ပြုတော်မူသောအမှုတော် အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ကြီးမြတ်သောဘုန်းအသရေတော် အကြောင်းကိုလည်းကောင်း သီချင်းဆိုကြပါလိမ့်မည်။
6 Ingawa Bwana yuko juu, humwangalia mnyonge, bali mwenye kiburi yeye anamjua kutokea mbali.
၆ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူသော်လည်း နိမ့်ကျသူတို့အားကြည့်ရှုစောင့်ရှောက်တော်မူ၏။ မာန်မာနကြီးသူတို့ကိုမူကားအဝေးက သိတော်မူ၏။
7 Nijapopita katikati ya shida, wewe unayahifadhi maisha yangu, unanyoosha mkono wako dhidi ya hasira ya adui zangu, kwa mkono wako wa kuume unaniokoa.
၇ဒုက္ခများပတ်လည်ဝိုင်းလျက်နေချိန်၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အသက်ကို ကာကွယ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူတို့၏ အမျက်ကိုဆီးတားတော်မူလျက် တန်ခိုးတော်အားဖြင့်ကျွန်တော်မျိုးကို ကယ်တော်မူပါ၏။
8 Bwana atatimiza kusudi lake kwangu, Ee Bwana, upendo wako wadumu milele: usiziache kazi za mikono yako.
၈ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကတိထားတော်မူသည့်အတိုင်းပြုတော်မူ ပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏မေတ္တာတော်သည် ထာဝစဉ်တည်တော်မူပါ၏။ အစပြုတော်မူသောအမှုတော်ကို ပြီးစီးစေတော်မူပါ။