< Zaburi 13 >
1 Kwa mwimbishaji. Zaburi ya Daudi. Mpaka lini, Ee Bwana? Je, utanisahau milele? Utanificha uso wako mpaka lini?
၁အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။ အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
2 Nitapambana na mawazo yangu mpaka lini, na kila siku kuwa na majonzi moyoni mwangu? Adui zangu watanishinda mpaka lini?
၂ကျွန်တော်မျိုးသည်အဘယ်ကာလတိုင်အောင် ဒုက္ခခံရပါမည်နည်း။ အဘယ်ကာလတိုင်အောင်နေ့ရောညပါ ဝမ်းနည်းကြေကွဲလျက်နေရပါမည်နည်း။ ကျွန်တော်မျိုး၏ရန်သူများသည် အဘယ်ကာလတိုင်အောင်ကျွန်တော်မျိုးအပေါ်တွင် အနိုင်ရကြပါမည်နည်း။
3 Nitazame, unijibu, Ee Bwana Mungu wangu. Yatie nuru macho yangu, ama sivyo nitalala usingizi wa mauti.
၃ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးခေါ်သောအခါကြည့်တော်မူ၍ ထူးတော်မူပါ။ ကျွန်တော်မျိုးကိုပြန်လည်၍ခွန်အားဖြင့် ပြည့်ဝစေတော်မူပါ။ ကျွန်တော်မျိုးအားသေစေတော်မမူပါနှင့်။
4 Adui yangu atasema, “Nimemshinda,” nao adui zangu watashangilia nitakapoanguka.
၄ကျွန်တော်မျိုး၏ရန်သူများသည် ``ငါတို့သူ့ကိုအနိုင်ရပြီ'' ဟူ၍ ပြောဆိုနိုင်ခွင့်ကိုပေးတော်မမူပါနှင့်။ သူတို့အားကျွန်တော်မျိုး၏ပြိုလဲမှုကြောင့် ဝမ်းမြောက်နိုင်ခွင့်ကိုပေးတော်မမူပါနှင့်။
5 Lakini ninategemea upendo wako usiokoma; moyo wangu unashangilia katika wokovu wako.
၅ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုအားကိုးပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူမည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်ပါမည်။
6 Nitamwimbia Bwana, kwa kuwa amekuwa mwema kwangu.
၆အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်။