< Zaburi 114 >
1 Wakati Israeli walipotoka Misri, nyumba ya Yakobo kutoka kwa watu wa lugha ngeni,
၁ယာကုပ်၏သားမြေးဣသရေလအမျိုးသား တို့သည် နိုင်ငံရပ်ခြားအီဂျစ်ပြည်မှထွက်သွားကြ သောအခါ၊
2 Yuda alifanywa makao matakatifu ya Mungu, Israeli akawa milki yake.
၂ယုဒအမျိုးသားတို့သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်သောလူစုတော်ဖြစ်လာကြ၏။ ဣသရေလအမျိုးသားတို့သည်ကိုယ်တော် ပိုင်တော်မူသောလူစုတော်ဖြစ်လာကြ၏။
3 Bahari ilitazama ikakimbia, Yordani ulirudi nyuma,
၃ပင်လယ်နီသည်မြင်၍ထွက်ပြေးလေ၏။ ယော်ဒန်မြစ်သည်မစီးတော့ဘဲရပ်တန့် သွား၏။
4 milima ilirukaruka kama kondoo dume, vilima kama wana-kondoo.
၄တောင်ကြီးတို့သည်ဆိတ်များကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည်သိုးများကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။
5 Ee bahari, ni nini kilichokufanya ukakimbia, nawe, ee Yordani, ukarudi nyuma,
၅အချင်းပင်လယ်၊သင်သည်အဘယ်ကြောင့် ထွက်ပြေးပါသနည်း။ အချင်းယော်ဒန်မြစ်၊သင်သည်အဘယ်ကြောင့် မစီးဘဲရပ်တန့်ပါသနည်း။
6 enyi milima mkarukaruka kama kondoo dume, enyi vilima, kama wana-kondoo?
၆တောင်ကြီးတို့၊သင်တို့သည်အဘယ်ကြောင့် ဆိတ်များကဲ့သို့ခုန်ပေါက်ကြပါသနည်း။ တောင်ငယ်တို့၊သင်တို့သည်အဘယ်ကြောင့် သိုးသငယ်များကဲ့သို့ခုန်ပေါက်ကြပါ သနည်း။
7 Ee dunia, tetemeka mbele za Bwana, mbele za Mungu wa Yakobo,
၇အချင်းမြေကြီး၊ယာကုပ်၏ဘုရား၊ ထာဝရဘုရားကြွလာတော်မူချိန်၌ ရှေ့တော်တွင် တုန်လှုပ်လျက်နေလော့။
8 aliyegeuza mwamba kuwa dimbwi la maji, mwamba mgumu kuwa chemchemi za maji.
၈ကိုယ်တော်သည်ကျောက်တောင်ကိုရေအိုင်၊ ကျောက်ဆောင်ကိုစမ်းချောင်းဖြစ်စေတော် မူ၏။