< Zaburi 108 >

1 Wimbo. Zaburi ya Daudi. Ee Mungu, moyo wangu ni thabiti; nitaimba na kusifu kwa moyo wangu wote.
အိုဘုရား သခင်၊ အကျွန်ုပ် နှလုံး သည် တည်ကြည် ပါ၏။ သီချင်း ဆိုပါမည်။ ဝိညာဉ် ပါ လျက် ချီးမွမ်း ထောမနာပြုပါမည်။
2 Amka, kinubi na zeze! Nitayaamsha mapambazuko.
တယော နှင့် စောင်း တို့၊ နိုး ကြလော့။ ငါလည်း စောစော နိုး မည်။
3 Nitakusifu wewe, Ee Bwana, katikati ya mataifa; nitaimba habari zako, katikati ya jamaa za watu.
အို ထာဝရဘုရား ၊ ပရိတ်သတ် အလယ် ၌ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ လူမျိုး တို့တွင် ကိုယ်တော် အား ထောမနာသီချင်း ဆိုပါမည်။
4 Kwa maana upendo wako ni mkuu, ni juu kuliko mbingu; uaminifu wako unazifikia anga.
အကြောင်း မူကား၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်းတိမ် သို့ ၎င်း မှီပါ၏။
5 Ee Mungu, utukuzwe juu ya mbingu, utukufu wako na uenee duniani kote.
အို ဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီးမြင့် တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုးပါစေသတည်း။
6 Tuokoe na utusaidie kwa mkono wako wa kuume, ili wale uwapendao wapate kuokolewa.
ချစ် တော်မူသောသူတို့ သည် ချမ်းသာ ရမည် အကြောင်း ၊ အကျွန်ုပ် စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင် တော်မူပါ။
7 Mungu amenena kutoka patakatifu pake: “Nitaigawa Shekemu kwa ushindi na kulipima Bonde la Sukothi.
သန့်ရှင်း ခြင်းပါရမီတော်ကို တိုင်တည် ၍ ၊ ဘုရား သခင် သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက် မည်။ ရှေခင် မြို့ကို ပိုင်းခြား မည်။ သုကုတ် လယ်ပြင် ကို တိုင်းထွာ မည်။
8 Gileadi ni yangu, Manase ni yangu, Efraimu ni kofia yangu ya chuma, nayo Yuda ni fimbo yangu ya utawala.
ဂိလဒ် ပြည်ကို ငါ ပိုင်ရ၏။ မနာရှေ ပြည်ကိုလည်း ငါ ပိုင်ရ၏။ ဧဖရိမ် ပြည်ကား ငါ့ ဦးခေါင်း ၏ အစွမ်း ဖြစ်ရ ၏။ ယုဒ ပြည်ကား ငါ ၏လွှတ်တော် ဖြစ်ရ၏။
9 Moabu ni sinia langu la kunawia, juu ya Edomu natupa kiatu changu; nashangilia kwa kushindwa kwa Ufilisti.”
မောဘ ပြည်ကား ငါ့ ရေချိုး အိုး ဖြစ်ရ၏။ ဧဒုံ ပြည်ကား ငါ့ ခြေနင်း ရာဖြစ်ရ၏။ ဖိလိတ္တိ ပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော် မည်။
10 Ni nani atakayenipeleka hadi mji wenye ngome? Ni nani atakayeniongoza hadi nifike Edomu?
၁၀အားကြီး သော မြို့ ထဲသို့ ငါ့ ကို အဘယ်သူ သွင်း ပေးမည်နည်း။ ဧဒုံ ပြည်သို့ ငါ့ ကို အဘယ် သူလမ်း ပြ မည်နည်း။
11 Ee Mungu, si ni wewe uliyetukataa sisi, na hutoki tena na majeshi yetu?
၁၁အိုဘုရား သခင်၊ အကျွန်ုပ် တို့ကို စွန့်ပစ် တော်မူ သောကိုယ်တော်သည် ပြုတော်မူမည်မဟုတ် လော။ အိုဘုရား သခင်၊ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော် မ မူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
12 Tuletee msaada dhidi ya adui, kwa maana msaada wa mwanadamu haufai kitu.
၁၂ဒုက္ခ နှင့် ကင်းလွတ်စေခြင်းငှါ မစ တော်မူပါ။ လူ တို့သည် ကယ်တင် ခြင်းငှါမ တတ်နိုင်ကြပါ။
13 Kwa msaada wa Mungu tutapata ushindi, naye atawaponda adui zetu.
၁၃ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။

< Zaburi 108 >