< Zaburi 102 >

1 Maombi ya mtu aliyechoka. Anapoteseka na kumimina malalamiko yake kwa Bwana. Ee Bwana, usikie maombi yangu, kilio changu cha kuomba msaada kikufikie.
ဆင်းရဲ သောသူသည် ညှိုးငယ် သောစိတ်နှင့် ထာဝရဘုရား ရှေ့ တော်၌ ညည်းတွား မြည်တမ်း၍ပြုသောပဌနာ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာ ကို နားထောင် တော်မူပါ။ အကျွန်ုပ် အော်ဟစ် ခြင်းအသံ သည် ရှေ့ တော်သို့ ရောက် ပါစေသော။
2 Usinifiche uso wako ninapokuwa katika shida. Unitegee sikio lako, ninapoita, unijibu kwa upesi.
ဘေး ရောက်သည်ကာလ ၌ မျက်နှာ တော်ကို အကျွန်ုပ် မှ လွှဲ တော် မ မူပါနှင့်။ အကျွန်ုပ်ခေါ် သောအခါ နားထောင် တော်မူပါ။ အလျင် အမြန်ထူး တော်မူပါ။
3 Kwa kuwa siku zangu zinatoweka kama moshi, mifupa yangu inaungua kama kaa la moto.
အကြောင်း မူကား၊ အကျွန်ုပ် ၏ နေ့ရက် ကာလ သည် မီးခိုး ကဲ့သို့ ကုန် တတ်ပါ၏။ အကျွန်ုပ် ၏ အရိုး တို့ သည် မီး ချေးကဲ့သို့ ကျွမ်း ကြပါ၏။
4 Moyo wangu umefifia na kunyauka kama jani, ninasahau kula chakula changu.
အကျွန်ုပ် ၏နှလုံး သည် မြက်ပင် ကဲ့သို့ အထိ အခိုက်ခံရ၍ ၊ ညှိုးနွမ်း လျက် ရှိပါ၏။ အစာ စား ခြင်း ကိစ္စကို ပင် မေ့လျော့ တတ်ပါ၏။
5 Kwa sababu ya kusononeka kwangu kwa uchungu, nimebakia ngozi na mifupa.
ကိုယ် ညည်းတွား ခြင်း အသံ ကြောင့် ၊ အကျွန်ုပ် ၏ အရိုး တို့သည် အရေ ၌ ကပ် လျက်ရှိကြပါ၏။
6 Nimekuwa kama bundi wa jangwani, kama bundi kwenye magofu.
အကျွန်ုပ်သည် လွင်ပြင် ၌ နေသော ဝံပို ကဲ့သို့၎င်း၊ တော ၌နေသောဇိကွက် ကဲ့သို့ ၎င်း ဖြစ် ပါ၏။
7 Nilalapo sipati usingizi, nimekuwa kama ndege mpweke kwenye paa la nyumba.
အကျွန်ုပ်သည် အိမ်မိုး ပေါ် မှာ တ ကောင်တည်း နေရသော ငှက် ကဲ့သို့ ဖြစ် ၍ စောင့် လျက်နေရပါ၏။
8 Mchana kutwa adui zangu hunidhihaki, wale wanaonizunguka hutumia jina langu kama laana.
အကျွန်ုပ် ရန်သူ တို့သည် တ နေ့လုံးကဲ့ရဲ့ ကြပါ၏။ အကျွန်ုပ် တဘက်၌ စော်ကား သောသူတို့ သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆို တတ်ကြပါ၏။
9 Ninakula majivu kama chakula changu na nimechanganya kinywaji changu na machozi
စိတ် တော်မပြေ၊ အမျက် ထွက်တော်မူသောကြောင့် ၊ အကျွန်ုပ်သည် ပြာ ကိုမုန့် ကဲ့သို့ စား ရပါ၏။ သောက် သောအခါလည်း ၊ မျက်ရည် ရော ၍သောက်ရပါ၏။
10 kwa sababu ya ghadhabu yako kuu, kwa maana umeniinua na kunitupa kando.
၁၀ကိုယ်တော်သည် အကျွန်ုပ် ကိုချီးမြှောက် ပြီးမှ အောက်သို့ချ တော်မူပြီ။
11 Siku zangu ni kama kivuli cha jioni, ninanyauka kama jani.
၁၁အကျွန်ုပ် ၏နေ့ရက် တို့သည် ရှည်လျား သော အရိပ် ကဲ့သို့ ဖြစ်၍ ၊ မြက်ပင် ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်း ပါ၏။
12 Lakini wewe, Ee Bwana, umeketi katika kiti chako cha enzi milele, sifa zako za ukuu zaendelea vizazi vyote.
၁၂အိုထာဝရဘုရား ၊ ကိုယ်တော် သည် နိစ္စ ထာဝရ ဖြစ်တော်မူ၏။ နာမ တော်သည် ကာလ အစဉ်အဆက် တည် ပါ၏။
13 Utainuka na kuihurumia Sayuni, kwa maana ni wakati wa kumwonyesha wema; wakati uliokubalika umewadia.
၁၃ထ တော်မူပါ။ ဇိအုန် မြို့ကို သနား တော်မူပါ။ ဇိအုန် မြို့ကို ကယ် မသနားရသောအချိန် ၊ ချိန်းချက် တော်မူ သောအချိန်ရောက် ပါပြီ။
14 Kwa maana mawe yake ni ya thamani kwa watumishi wako, vumbi lake lenyewe hulionea huruma.
၁၄ကိုယ်တော် ၏ ကျွန် တို့သည် ထိုမြို့ ၏ ကျောက်ခဲ တို့ကိုပင် နှစ်သက် ၍ ၊ သူ ၏မြေမှုန့် ကိုပင် စုံမက် ကြပါ၏။
15 Mataifa wataogopa jina la Bwana, wafalme wote wa dunia watauheshimu utukufu wako.
၁၅တပါးအမျိုးသား တို့သည် ထာဝရဘုရား ၏ နာမ တော်ကို၎င်း ၊ လောကီ ရှင် ဘုရင်အပေါင်း တို့သည် ဘုန်း တော်ကို၎င်း ကြောက်ရွံ ကြပါလိမ့်မည်။
16 Kwa maana Bwana ataijenga tena Sayuni na kutokea katika utukufu wake.
၁၆ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် ၍၊ ဘုန်း တော်နှင့်တကွ ထင်ရှား တော်မူလိမ့်မည်။
17 Ataitikia maombi ya mtu mkiwa, wala hatadharau hoja yao.
၁၇ကိုးကွယ် ရာ မဲ့ သောသူတို့ ဆုတောင်းခြင်း အကြောင်း ကို မထီမဲ့မြင် မ ပြု၊ သူ တို့၏ ပဌနာ ကို မှတ် တော်မူလိမ့်မည်။
18 Hili na liandikwe kwa ajili ya kizazi kijacho, ili taifa litakaloumbwa baadaye waweze kumsifu Bwana:
၁၈ထို အကြောင်းအရာကို နောက် ဖြစ်လတံ့သော လူမျိုး အဘို့ ရေးမှတ် ရမည်။ ပြုပြင် တော်မူလတံ့သော လူ တို့သည် ထာဝရ ဘုရားကို ချီးမွမ်း ကြလိမ့်မည်။
19 “Bwana alitazama chini kutoka patakatifu pake palipo juu, kutoka mbinguni alitazama dunia,
၁၉ချုပ်ထား သောသူ၏ ညည်းတွား သံကို နားထောင် ခြင်းငှါ ၎င်း၊ သေ ရမည့် သူ တို့ကို လွှတ် ခြင်းငှါ ၎င်း၊
20 kusikiliza vilio vya uchungu vya wafungwa na kuwaweka huru wale waliohukumiwa kufa.”
၂၀အတိုင်းတိုင်း အပြည်ပြည်သော လူမျိုး တို့သည် ထာဝရဘုရား ၏ဝတ် ကိုပြုလျက်စုဝေး ကြသောအခါ၊
21 Kwa hiyo jina la Bwana latangazwa huko Sayuni na sifa zake katika Yerusalemu,
၂၁ဇိအုန် တောင်ပေါ် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ၏ နာမ တော်နှင့် ဂုဏ် ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ ၎င်း၊
22 wakati mataifa na falme zitakapokusanyika ili kumwabudu Bwana.
၂၂သန့်ရှင်း ရာ ဌာနတော်အထွဋ် က ငုံ့ ကြည့်တော်မူ၍၊ ကောင်းကင် ပေါ်က ထာဝရဘုရား သည် မြေကြီး ကို ရှုမှတ် တော်မူ၏။
23 Katika kuishi kwangu alivunja nguvu zangu, akafupisha siku zangu.
၂၃လမ်း ခရီး၌ ငါ ၏အစွမ်း ကို လျော့ စေခြင်းငှါ၎င်း၊ ငါ ၏နေ့ရက် ကာလကို တို စေခြင်းငှါ၎င်း ပြုတော်မူသောအခါ၊
24 Ndipo niliposema: “Ee Mungu wangu, usinichukue katikati ya siku zangu; miaka yako inaendelea vizazi vyote.
၂၄ငါလျှောက် သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ် ကို အသက် ပျို စဉ် ပင် ပယ်ရှင်း တော် မ မူပါနှင့်။ ကိုယ်တော် ၏ နှစ် တို့သည် ကာလ အစဉ် အဆက်မြဲကြပါ၏။
25 Hapo mwanzo uliweka misingi ya dunia, nazo mbingu ni kazi ya mikono yako.
၂၅ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာဖြစ်ပါ၏။
26 Hizi zitatoweka, lakini wewe utadumu, zote zitachakaa kama vazi. Utazibadilisha kama nguo nazo zitaondoshwa.
၂၆ထို အရာတို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ၊ ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထို အရာ ရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကိုလဲ သကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲ ခြင်းရှိကြသော်လည်း၊
27 Lakini wewe, U yeye yule, nayo miaka yako haikomi kamwe.
၂၇ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း မ ကုန် မဆုံးရပါ။
28 Watoto wa watumishi wako wataishi mbele zako; wazao wao wataimarishwa mbele zako.”
၂၈ကိုယ်တော် ကျွန် တို့၏သား မြေးတို့သည် တည် ၍ ၊ အမျိုးအနွယ် သည်လည်း ရှေ့ တော်၌ မြဲမြံ ပါလိမ့်မည်။

< Zaburi 102 >