< Zaburi 102 >
1 Maombi ya mtu aliyechoka. Anapoteseka na kumimina malalamiko yake kwa Bwana. Ee Bwana, usikie maombi yangu, kilio changu cha kuomba msaada kikufikie.
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ။
2 Usinifiche uso wako ninapokuwa katika shida. Unitegee sikio lako, ninapoita, unijibu kwa upesi.
၂ကျွန်တော်မျိုးဒုက္ခရောက်ချိန်၌မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးခေါ်သောအခါနားထောင်တော်မူ၍ လျင်မြန်စွာထူးတော်မူပါ။
3 Kwa kuwa siku zangu zinatoweka kama moshi, mifupa yangu inaungua kama kaa la moto.
၃ကျွန်တော်မျိုး၏ဘဝအသက်တာသည် မီးခိုးကဲ့သို့လွင့်ပျောက်လျက် ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် မီးကဲ့သို့လောင်ကျွမ်းလျက်နေပါ၏။
4 Moyo wangu umefifia na kunyauka kama jani, ninasahau kula chakula changu.
၄ကျွန်တော်မျိုးသည်မြက်ပင်ကဲ့သို့အထိအခိုက် ခံရ၍ညှိုးနွမ်းလျက်ရှိပါ၏။ ကျွန်တော်မျိုးမှာအစားစားချင်စိတ်မရှိ တော့ပါ။
5 Kwa sababu ya kusononeka kwangu kwa uchungu, nimebakia ngozi na mifupa.
၅ကျွန်တော်မျိုးသည်အသံကျယ်စွာညည်းညူ ရပါ၏။ ကျွန်တော်မျိုးမှာအရိုးနှင့်အရေသာလျှင် ရှိပါတော့သည်။
6 Nimekuwa kama bundi wa jangwani, kama bundi kwenye magofu.
၆ကျွန်တော်မျိုးသည်တောကန္တာရရှိ တောငှက်ကဲ့သို့လည်းကောင်း၊ ယိုယွင်းပျက်စီးနေသောအဆောက်အအုံရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။
7 Nilalapo sipati usingizi, nimekuwa kama ndege mpweke kwenye paa la nyumba.
၇ကျွန်တော်မျိုးသည်အိပ်၍မပျော်နိုင်ဘဲ ဖြစ်နေပါ၏။ ကျွန်တော်မျိုးသည်အိမ်မိုးပေါ်တွင်တစ်ကောင်တည်း နားနေရသောငှက်နှင့်တူပါ၏။
8 Mchana kutwa adui zangu hunidhihaki, wale wanaonizunguka hutumia jina langu kama laana.
၈ကျွန်တော်မျိုးအားရန်သူများသည်တစ်နေ့လုံး စော်ကားကြပါ၏။ သူတို့သည်ကျွန်တော်မျိုးကိုပုံခိုင်း၍ ကျိန်ဆဲကြပါ၏။
9 Ninakula majivu kama chakula changu na nimechanganya kinywaji changu na machozi
၉ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
10 kwa sababu ya ghadhabu yako kuu, kwa maana umeniinua na kunitupa kando.
၁၀
11 Siku zangu ni kama kivuli cha jioni, ninanyauka kama jani.
၁၁ကျွန်တော်မျိုး၏ဘဝအသက်တာသည်ည နေချိန်၌ ကျရောက်သည့်အရိပ်ကဲ့သို့ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်မြက်ကဲ့သို့ခြောက်သွေ့ သွားပါ၏။
12 Lakini wewe, Ee Bwana, umeketi katika kiti chako cha enzi milele, sifa zako za ukuu zaendelea vizazi vyote.
၁၂သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။ နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
13 Utainuka na kuihurumia Sayuni, kwa maana ni wakati wa kumwonyesha wema; wakati uliokubalika umewadia.
၁၃ကိုယ်တော်ရှင်သည်ထတော်မူ၍ဇိအုန်မြို့ကို သနားတော်မူလိမ့်မည်။ ထိုမြို့ကိုသနားတော်မူရန်အချိန်သည် ကျရောက်လာပါပြီ။ ယခုအချိန်သည်သင့်တော်သည့်အချိန်ပင် ဖြစ်ပါ၏။
14 Kwa maana mawe yake ni ya thamani kwa watumishi wako, vumbi lake lenyewe hulionea huruma.
၁၄ကိုယ်တော်ရှင်၏အစေခံတို့သည်ဇိအုန်မြို့ ပျက်စီးသွားပြီဖြစ်သော်လည်း ထိုမြို့ကိုနှစ်သက်မြတ်နိုးလျက်ပင် ရှိနေကြပါသေး၏။ ဇိအုန်မြို့ယိုယွင်းလျက်နေသော်လည်း ထိုမြို့ကိုသနားကြပါသေး၏။
15 Mataifa wataogopa jina la Bwana, wafalme wote wa dunia watauheshimu utukufu wako.
၁၅လူမျိုးအပေါင်းတို့သည်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။ လောကဘုရင်အပေါင်းတို့သည်ကိုယ်တော်၏ တန်ခိုးတော်ကိုကြောက်ရွံ့ရိုသေကြလိမ့်မည်။
16 Kwa maana Bwana ataijenga tena Sayuni na kutokea katika utukufu wake.
၁၆ထာဝရဘုရားသည်ဇိအုန်မြို့ကိုပြန်လည် တည်ထောင်တော်မူသောအခါ မိမိ၏ဘုန်းအသရေတော်ကိုပေါ်လွင် ထင်ရှားစေတော်မူလိမ့်မည်။
17 Ataitikia maombi ya mtu mkiwa, wala hatadharau hoja yao.
၁၇ကိုယ်တော်သည်မိမိစွန့်ပစ်ထားသည့်လူစု တော်၏ လျှောက်ထားချက်ကိုကြားတော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလိမ့်မည်။
18 Hili na liandikwe kwa ajili ya kizazi kijacho, ili taifa litakaloumbwa baadaye waweze kumsifu Bwana:
၁၈ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့ကို နောင်လာနောက်သားတို့အတွက် ရေးမှတ်ထားကြလော့။ သို့မှသာလျှင်သူတို့သည်ကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။
19 “Bwana alitazama chini kutoka patakatifu pake palipo juu, kutoka mbinguni alitazama dunia,
၁၉အကျဉ်းခံနေရသူများ၏ညည်းတွားသံများကို နားထောင်တော်မူရန်လည်းကောင်း၊ သေဒဏ်စီရင်ခြင်းခံရသူတို့အားလွတ်ငြိမ်းခွင့် ပေးတော်မူရန်လည်းကောင်း ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် အထက်ဘုံမှငုံ့၍ကြည့်တော်မူ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံမှငုံ့၍ ကမ္ဘာကိုစစ်ဆေးကြည့်ရှုတော်မူ၏။
20 kusikiliza vilio vya uchungu vya wafungwa na kuwaweka huru wale waliohukumiwa kufa.”
၂၀
21 Kwa hiyo jina la Bwana latangazwa huko Sayuni na sifa zake katika Yerusalemu,
၂၁သို့ဖြစ်၍အတိုင်းတိုင်းအပြည်ပြည်မှ လူမျိုးတကာတို့သည် စုရုံးလာကြပြီးလျှင်ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုကြသောအခါဇိအုန်တောင် ပေါ်၌ ကိုယ်တော်၏နာမတော်ကိုကြေညာကြလိမ့်မည်။ ယေရုရှလင်မြို့တွင်ကိုယ်တော်၏ဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည်။
22 wakati mataifa na falme zitakapokusanyika ili kumwabudu Bwana.
၂၂
23 Katika kuishi kwangu alivunja nguvu zangu, akafupisha siku zangu.
၂၃ငါငယ်စဉ်အခါကပင်လျှင်ထာဝရဘုရားသည် ငါ့ကိုအားအင်ချိနဲ့စေတော်မူ၍ငါ၏အသက် ကို တိုစေတော်မူပါပြီ။
24 Ndipo niliposema: “Ee Mungu wangu, usinichukue katikati ya siku zangu; miaka yako inaendelea vizazi vyote.
၂၄အို ဘုရားသခင်၊ ကျွန်တော်မျိုးမအိုမီကျွန်တော်မျိုး၏ အသက်ကိုရုပ်သိမ်းတော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဉ်အမြဲ အသက်ရှင်တော်မူပါ၏။
25 Hapo mwanzo uliweka misingi ya dunia, nazo mbingu ni kazi ya mikono yako.
၂၅ကိုယ်တော်ရှင်သည်ရှေးအခါကကမ္ဘာမြေ ကြီးကို တည်စေတော်မူပြီးလျှင်လက်တော်ဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူပါ၏။
26 Hizi zitatoweka, lakini wewe utadumu, zote zitachakaa kama vazi. Utazibadilisha kama nguo nazo zitaondoshwa.
၂၆ထိုအရာအားလုံးသည်ကွယ်ပျောက်သွား ကြမည်ဖြစ်သော်လည်း ကိုယ်တော်ရှင်မူကားရှိနေတော်မူမည်ဖြစ်ပါ၏။ ထိုအရာအပေါင်းတို့သည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ထိုအရာတို့သည်ပြောင်းလဲကွယ်ပျောက် သွားကြပါလိမ့်မည်။
27 Lakini wewe, U yeye yule, nayo miaka yako haikomi kamwe.
၂၇သို့ရာတွင်ကိုယ်တော်ရှင်မူကားအဘယ်အခါ ၌မျှ ပြောင်းလဲတော်မမူပါ။ အသက်တော်သည်လည်းအဘယ်အခါ၌မျှ ကုန်ဆုံးတော်မူလိမ့်မည်မဟုတ်ပါ။
28 Watoto wa watumishi wako wataishi mbele zako; wazao wao wataimarishwa mbele zako.”
၂၈ကျွန်တော်မျိုးတို့၏သားမြေးများသည် ဘေးမဲ့လုံခြုံစွာနေရပါလိမ့်မည်။ သူတို့၏အမျိုးအနွယ်များသည်လည်း ကိုယ်တော်ရှင်၏ထံတော်၌လုံခြုံစွာခိုလှုံ ရပါလိမ့်မည်။