< Mithali 3 >

1 Mwanangu, usisahau mafundisho yangu, bali zitunze amri zangu moyoni mwako,
ငါ့ သား ၊ ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။
2 kwa kuwa zitakuongezea miaka mingi ya maisha yako na kukuletea mafanikio.
အကြောင်း မူကား၊ ပညတ်တရားသည် အသက်တာ ရှည် သော ကာလ နှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ် ခြင်းကို၎င်း တိုးပွါး စေလိမ့်မည်။
3 Usiache kamwe upendo na uaminifu vitengane nawe; vifunge shingoni mwako, viandike katika ubao wa moyo wako.
ကရုဏာ တရားနှင့် သစ္စာ တရားကို သင် နှင့် မ ကွာ စေနှင့်။ ထို တရားတို့ကို သင် ၏လည်ပင်း ၌ ဆွဲ ထား လော့။ နှလုံး အင်း စာရင်း၌ ရေး သွင်းလော့။
4 Ndipo utapata kibali na jina zuri mbele za Mungu na mwanadamu.
ထိုသို့ ပြုလျှင် ဘုရား သခင်ရှေ့ လူ တို့ရှေ့မှာ မျက်နှာ ရ၍ ၊ ကျေးဇူး ကိုခံရ လိမ့်မည်။
5 Mtumaini Bwana kwa moyo wako wote wala usizitegemee akili zako mwenyewe;
ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဉာဏ် ကို အမှီ မ ပြုနှင့်။
6 katika njia zako zote mkiri yeye, naye atayanyoosha mapito yako.
သွား လေရာရာ၌ ထာဝရ ဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင် ၊ သင် ၏လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။
7 Usiwe mwenye hekima machoni pako mwenyewe; mche Bwana ukajiepushe na uovu.
ငါသည်ပညာ ရှိ၏ဟု ကိုယ် ကို မ ထင် နှင့်။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဒုစရိုက် ကို ရှောင် လော့။
8 Hii itakuletea afya mwilini mwako, na mafuta kwenye mifupa yako.
သို့ပြုလျှင်၊ သင် ၏အကြော တို့သည် အားသန် ၍ ၊ အရိုး တို့သည် ခြင်ဆီ နှင့် ပြည့်စုံ ကြလိမ့်မည်။
9 Mheshimu Bwana kwa mali zako na kwa malimbuko ya mazao yako yote;
သင် သည်ကိုယ် ဥစ္စာ နှင့် အဦး သီးသော အသီးအနှံ ရှိသမျှ ကို ထာဝရ ဘုရားအား ပူဇော် လော့။
10 ndipo ghala zako zitakapojaa hadi kufurika, viriba vyako vitafurika kwa mvinyo mpya.
၁၀သို့ပြုလျှင် ၊ သင် ၏စပါးကျီ တို့သည် ကြွယ်ဝ ၍၊ စပျစ်သီး နယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံ လိမ့်မည်။
11 Mwanangu, usiidharau adhabu ya Bwana na usichukie kukaripiwa naye,
၁၁ငါ့ သား ၊ ထာဝရဘုရား ဆုံးမ တော်မူခြင်းကို မ မှတ်ဘဲမနေနှင့်။ သင် ၏အပြစ် ကို စစ်ဆေးတော်မူသောအခါ စိတ် မ ပျက်စေနှင့်။
12 kwa sababu Bwana huwaadibisha wale awapendao, kama vile baba afanyavyo kwa mwana apendezwaye naye.
၁၂ထာဝရဘုရား သည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ နှစ်သက် တော်မူသောသား ကို ဒဏ်ခတ်တော်မူတတ်၏။
13 Heri mtu yule aonaye hekima, mtu yule apataye ufahamu,
၁၃ဉာဏ် ပညာကို ရှာ ၍ရသောသူ သည် မင်္ဂလာ ရှိ ၏။
14 kwa maana hekima ana faida kuliko fedha na mapato yake ni bora kuliko ya dhahabu safi.
၁၄အကြောင်း မူကား၊ ပညာ ကုန်သွယ် ခြင်းသည် ငွေ ကုန်သွယ် ခြင်းထက် သာ၍ကောင်း ၏။ ပညာကုန်သွယ်၍ ရသောအမြတ် လည်း ရွှေစင် ထက် သာ၍ကောင်း၏။
15 Hekima ana thamani kuliko marijani; hakuna chochote unachokitamani kinachoweza kulinganishwa naye.
၁၅ပညာသည် ပတ္တမြား ထက် သာ၍အဘိုး ထိုက်ပေ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
16 Maisha marefu yako katika mkono wake wa kuume; katika mkono wake wa kushoto kuna utajiri na heshima.
၁၆သူ ၏လက်ျာ လက်၌ အသက်တာ ရှည် သောကာလ၊ လက်ဝဲ လက်၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။
17 Njia zake zinapendeza, mapito yake yote ni amani.
၁၇ပညာ လမ်း တို့သည် သာယာ သောလမ်း ၊ ပညာ လမ်း ခရီးရှိသမျှ တို့သည် ငြိမ်ဝပ် လျက်ရှိကြ၏။
18 Yeye ni mti wa uzima kwa wale wanaomkumbatia; wale wamshikao watabarikiwa.
၁၈ပညာ ကို ကိုင်ဆွဲ သောသူသည်အသက် ပင် ကို ရပြီ။ လက် မလွှတ်သောသူသည် မင်္ဂလာ ရှိ၏။
19 Kwa hekima Bwana aliiweka misingi ya dunia, kwa ufahamu aliziweka mbingu mahali pake;
၁၉ထာဝရဘုရား သည် ပညာ တော်အားဖြင့် မြေကြီး ကိုတည် ၍၊ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင် တော်မူပြီ။
20 kwa maarifa yake vilindi viligawanywa, nayo mawingu yanadondosha umande.
၂၀သိပ္ပံ အတတ်တော်အားဖြင့် နက်နဲ သောအရပ် အက်ကွဲ ၍ ၊ မိုဃ်းတိမ် မှလည်း နှင်း ရည်ကျ တတ်၏။
21 Mwanangu, hifadhi maamuzi mema na busara, usiache vitoke machoni pako;
၂၁ငါ့ သား ၊ ပညာ ရတနာနှင့် သမ္မာ သတိကို သင့် မျက်မှောက် မှ မ ကွာ စေဘဲ၊ အစဉ်စောင့်ရှောက် လော့။
22 ndipo vitakapokuwa uzima nafsini mwako na pambo la neema shingoni mwako.
၂၂သို့ပြုလျှင် ၊ ထိုရတနာတို့သည် သင် ၏ဝိညာဉ် ၌ အသက် ၊ သင် ၏လည်ပင်း ၌ ဂုဏ် အသရေဖြစ် လိမ့်မည်။
23 Kisha utaenda katika njia yako salama, wala mguu wako hautajikwaa;
၂၃သင် သည်ခရီး သွားရာ၌ ဘေး မရှိ။ ခြေ မ တိုက်မိ ဘဲ သွား လိမ့်မည်။
24 ulalapo, hautaogopa; ulalapo usingizi wako utakuwa mtamu.
၂၄အိပ် သောအခါ ကြောက် စရာမ ရှိရ။ ကောင်းမွန် စွာ အိပ်ပျော် ရလိမ့်မည်။
25 Usiogope maafa ya ghafula au maangamizi yanayowapata waovu,
၂၅လျင်မြန် သောဘေး နှင့် လူဆိုး တွေ့ တတ်သော ပျက်စီး ရာ ဘေးကို ကြောက် စရာမ ရှိရ။
26 kwa kuwa Bwana atakuwa tumaini lako na kuepusha mguu wako kunaswa katika mtego.
၂၆အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ယုံကြည် ကိုးစားရာ ဖြစ် ၍ ၊ သင် ၏ခြေ ကိုမ ကျော့မိစေခြင်းငှါစောင့်မ တော်မူလိမ့်မည်။
27 Usizuie wema kwa wale wanaostahili ikiwa katika uwezo wako kutenda.
၂၇ကျေးဇူးကိုခံသင့်သောသူတို့ အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
28 Usimwambie jirani yako, “Njoo baadaye, nitakupa kesho”: wakati wewe unacho kitu kile karibu nawe.
၂၈အိမ်နီးချင်း ကိုပေးစရာရှိ လျက် ပင်၊ သွား တော့။ တဖန် လာ ဦးတော့။ နက်ဖြန် မှ ငါပေး မည်ဟု မ ပြော နှင့်။
29 Usifanye hila ya kumdhuru jirani yako, ambaye anaishi karibu na wewe akikuamini.
၂၉စိုးရိမ် ခြင်းမရှိဘဲ သင့် အနား မှာနေ သောအိမ်နီးချင်း ၌ မ ကောင်းသော အကြံကိုမ ကြံ နှင့်။
30 Usimshtaki mtu bila sababu, wakati hajakutenda dhara lolote.
၃၀သင် ၌ အပြစ် မ ပြု သောသူကို အကြောင်း မရှိဘဲ ရန် မ တွေ့နှင့်။
31 Usimwonee wivu mtu mwenye jeuri wala kuchagua njia yake iwayo yote,
၃၁ညှဉ်းဆဲ တတ်သောသူ ၏ စည်းစိမ်ကိုမ တောင့်တ နှင့်။ သူ လိုက်သော လမ်း တစုံတခု ကိုမျှ အလို မ ရှိနှင့်။
32 kwa kuwa Bwana humchukia mtu mpotovu, lakini siri yake iko kwa mwenye haki.
၃၂အကြောင်း မူကား၊ ထာဝရဘုရား သည် သဘော ကောက်သောသူတို့ ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ် သောသူတို့မူကား ၊ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
33 Laana ya Bwana i juu ya nyumba ya mwovu, lakini yeye huibariki nyumba ya mwenye haki.
၃၃မ တရားသောသူ၏ နေရာ သည်ထာဝရဘုရား ကျိန် တော်မူခြင်းကို တွေ့တတ်၏။ တရား သောသူ၏ နေရာ ကို ကား ကောင်းကြီး ပေးတော်မူ၏။
34 Huwadhihaki wale wanaodhihaki, lakini huwapa neema wale wanyenyekevu.
၃၄အကယ် စင်စစ်ကဲ့ရဲ့ တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ အား ကား ၊ ကျေးဇူး ပြု တော်မူ၏။
35 Wenye hekima hurithi heshima, bali huwaaibisha wapumbavu.
၃၅ပညာ ရှိသောသူတို့သည် ဘုန်း အသရေကို အမွေ ခံရ၍ ၊ မိုက် သောသူတို့မူကား၊ အရှက် ကွဲခြင်းကို ထမ်း သွားရကြလိမ့်မည်။

< Mithali 3 >