< Mithali 29 >

1 Mtu anayeendelea kuwa na shingo ngumu baada ya maonyo mengi, ataangamia ghafula, wala hapati dawa.
အထပ်ထပ်ဆုံးမ ခြင်းကိုခံ သော်လည်း၊ မိမိ လည်ပင်း ကို ခိုင်မာ စေသောသူ သည် ကိုးကွယ် ရာမ ရ၊ ရုတ်တရက် ပျက်စီး လိမ့်မည်။
2 Wenye haki wanapostawi, watu hufurahi; waovu watawalapo, watu hulia kwa huzuni.
ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။
3 Mtu apendaye hekima huleta furaha kwa baba yake, bali aambatanaye na makahaba hutapanya mali yake.
ပညာ တရားကို နှစ်သက် သောသူ သည် မိမိ အဘ ကို ဝမ်းမြောက် စေ၏။ ပြည်တန်ဆာ တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ဥစ္စာ ပြုန်းတီး တတ်၏။
4 Kwa haki mfalme huipa nchi uthabiti, bali mfalme aliye na tamaa ya rushwa huiangamiza.
တရား သဖြင့် စီရင်သောရှင် ဘုရင်သည် တိုင်းပြည် ကို တည် စေတတ်၏။ တံစိုး စားသော ရှင် ဘုရင်မူကား ၊ တိုင်းပြည် ကို မှောက်လှန် တတ်၏။
5 Yeyote amsifuye jirani yake isivyostahili, anautandaza wavu kuitega miguu yake.
အိမ်နီးချင်း ကို ချော့မော့ သောသူ သည် အိမ်နီးချင်း သွား ရာလမ်း၌ ကွန်ရွက် ကို ဖြန့် ထား၏။
6 Mtu mbaya hutegwa na dhambi yake mwenyewe bali mwenye haki huweza kuimba na kufurahi.
အဓမ္မ လူ ပြစ်မှား ရာ၌ ကျော့ကွင်း ထောင်လျက် ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ ရွှင်လန်း စွာ သီချင်း ဆိုတတ်၏။
7 Mwenye haki hujali haki kwa ajili ya maskini, bali mwovu hajishughulishi na hilo.
ဖြောင့်မတ် သောသူသည် ဆင်းရဲသား အမှု ကို ဆင်ခြင် တတ်၏။ မ တရားသောသူမူကား၊ ထိုအမှုကို ပမာဏ မပြုတတ်။
8 Wenye mzaha huuchochea mji, bali watu wenye hekima hugeuzia mbali hasira.
မထီမဲ့မြင် ပြုသောသူ တို့ သည် မြို့ ကို မီးရှို့ တတ် ၏။ ပညာရှိ သောသူတို့ မူကား ၊ ဒေါသအမျက် ကို လွှဲ တတ် ၏။
9 Kama mwenye hekima akienda mahakamani na mpumbavu, mpumbavu hukasirika na kudhihaki, wala hakuna amani.
ပညာရှိ သောသူ သည် မိုက် သောသူ နှင့် အမှု တွေ့လျှင် ၊ စိတ်ဆိုး သည်ဖြစ်စေ ၊ ပြုံးရယ် သည်ဖြစ်စေ ၊ အားရ စရာအကြောင်းမ ရှိ။
10 Watu wamwagao damu humchukia mtu mwadilifu na hutafuta kumuua mtu mnyofu.
၁၀လူ အသက်ကိုသတ် တတ်သောသူတို့သည် စုံလင် သောသူကို မုန်း တတ်ကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ သူတပါး အသက် ကို စောင့်မ တတ်ကြ၏။
11 Mpumbavu huonyesha hasira yake yote, bali mwenye hekima hujizuia.
၁၁မိုက် သောသူသည် မိမိ ကြံစည် သမျှ ကို ဘော်ပြ တတ်၏။ ပညာ ရှိသောသူမူကား ၊ အဆင် မသင့်မှီ ထိမ်ဝှက် တတ်၏။
12 Kama mtawala akisikiliza uongo, maafisa wake wote huwa waovu.
၁၂မင်း သည်မုသာ စကား ကို နားထောင် လျှင်၊ ကျွန် အပေါင်း တို့သည် လူဆိုး ဖြစ်ကြလိမ့်မည်။
13 Mtu maskini na mtu anayeonea wanafanana kwa jambo hili: Bwana hutia nuru macho yao wote wawili.
၁၃ဆင်းရဲ သောသူနှင့် ညှဉ်းဆဲ သောသူ တို့သည် တွေ့ကြုံ ကြပြီ။ ထာဝရဘုရား သည် ထို နှစ်ဦး တို့အား အလင်း ကိုပေး သနားတော်မူ၏။
14 Kama mfalme akiwaamua maskini kwa haki, kiti chake cha enzi kitakuwa thabiti siku zote.
၁၄ဆင်းရဲသား တို့ကို တရား သဖြင့် စီရင် သော ရှင်ဘုရင် ၏အာဏာ တော်သည် အစဉ်အမြဲ တည် တတ်၏။
15 Fimbo ya maonyo hutia hekima, bali mtoto aliyeachiwa bila maonyo humwaibisha mama yake.
၁၅ကြိမ်လုံး နှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမ ခြင်းအားဖြင့် ပညာ တိုးပွါး တတ်၏။ တတ် တိုင်းနေစေသော သူငယ် သည် အမိ ကို အရှက်ခွဲ တတ်၏။
16 Wakati waovu wanapostawi, pia dhambi vivyo hivyo, lakini wenye haki wataliona anguko lao.
၁၆မ တရားသောသူတို့သည် များပြား သောအခါ ၊ လွန်ကျူး ခြင်းအပြစ်တိုးပွား တတ်၏။ သို့ရာတွင် ၊ သူ တို့ ပျက်စီး ခြင်းကို ဖြောင့်မတ် သောသူတို့သည် မြင် ရကြ၏။
17 Mrudi mwanao, naye atakupa amani, atakufurahisha nafsi yako.
၁၇သင် ၏သား ကို ဆုံးမ လော့။ သို့ပြုလျှင် သူသည် သင့် ကို ချမ်းသာ ပေးမည်။ ထိုမျှ မက စိတ် ရွှင်လန်း စရာ အခွင့်ကို ပေး မည်။
18 Mahali pasipo na ufunuo, watu kujizuia, bali ana heri mtu yule aishikaye sheria.
၁၈ဗျာဒိတ် တော်မ ရှိလျှင် ၊ လူ တို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရား တော်ကို စောင့် သောသူမူကား မင်္ဂလာ ရှိ ၏။
19 Mtumishi hawezi kuonywa kwa maneno matupu, ajapoelewa, hataitikia.
၁၉စကား အားဖြင့် သာ ကျွန် ကို ဆုံးမ ၍ မ နိုင်ရာ။ သူသည်နားလည် သော်လည်း ၊ နား မ ထောင်ဘဲ နေလိမ့်မည်။
20 Je, unamwona mtu azungumzaye kwa haraka? Kuna matumaini zaidi kwa mpumbavu kuliko yeye.
၂၀သတိ မရှိဘဲစကား များသော သူရှိ လျှင်၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
21 Kama mtu akimdekeza mtumishi wake tangu ujanani, atamletea sikitiko mwishoni.
၂၁ကျွန် သည်ငယ် သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင် ၊ နောက်ဆုံး ၌ သား အရာကို ရ လိမ့်မည်။
22 Mtu mwenye hasira huchochea ugomvi, naye mtu mwenye hasira ya haraka hutenda dhambi nyingi.
၂၂စိတ်ဆိုး တတ်သောသူ သည် ခိုက်ရန် မှုကို နှိုးဆော် တတ်၏။ ပြင်းထန် သောသူ သည်လည်း ၊ အလွန်အကျူး များ တတ်၏။
23 Kiburi cha mtu humshusha, bali mtu mwenye roho ya unyenyekevu hupata heshima.
၂၃မိမိ မာန သည် မိမိ ကိုနှိမ့်ချ လိမ့်မည်။ စိတ် နှိမ့်ချ သောသူမူကား ၊ ဂုဏ် အသရေကိုရ လိမ့်မည်။
24 Anayekubaliana na mwizi ni adui wa nafsi yake mwenyewe; huapishwa lakini hathubutu kushuhudia.
၂၄သူခိုး ကို လက်ခံ သောသူသည် မိမိ အသက် ကိုမုန်း တတ်၏။ ကျိန်ဆို ခြင်းကိုပြု သော်လည်း ၊ အမှုကိုမ ဘော် မပြတတ်။
25 Kuwaogopa watu huwa ni mtego, bali yeyote amtumainiaye Bwana atakuwa salama.
၂၅လူ ကိုကြောက်ရွံ့ ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား လုံခြုံလိမ့်မည်။
26 Wengi hutafuta kusikilizwa na mtawala, bali mtu hupata haki kutoka kwa Bwana.
၂၆မင်း ပြုသောကျေးဇူး ကိုများ သောသူတို့သည် ကြိုးစား၍ ရှာ တတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့ ၏အမှုကို ထာဝရဘုရား စီရင် တော်မူ၏။
27 Mwenye haki huwachukia sana wasio waaminifu; waovu huwachukia sana wenye haki.
၂၇တရား သောသူသည် မ တရားသောသူ ကို၎င်း၊ မ တရားသောသူသည်တရား သဖြင့် ကျင့် သောသူကို၎င်း၊ စက်ဆုပ် ရွံရှာတတ်၏။

< Mithali 29 >