< Obadia 1 >

1 Maono ya Obadia. Hili ndilo asemalo Bwana Mwenyezi kuhusu Edomu: Tumesikia ujumbe kutoka kwa Bwana: Mjumbe alitumwa kwa mataifa kusema, “Inukeni, twendeni tukapigane vita dhidi yake.”
အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော် တော်မူ သံကို ငါတို့သည် ကြား ကြ၏။ သင်တို့ထ ၍ ဧဒုံ ပြည်ကို တိုက် ခြင်းငှါ စစ်ချီ ကြလော့ဟု၊ တပါးအမျိုးသား တို့ထံ သို့ သံတမန် ကို စေလွှတ် တော်မူပြီ။
2 “Angalieni, nitawafanya wadogo miongoni mwa mataifa, mtadharauliwa kabisa.
သင့် ကို တပါးအမျိုးသား တို့တွင် ယုတ်မာ စေခြင်းငှါ ငါစီရင် သဖြင့်၊ သင် ၏အသရေသည် အလွန် ရှုတ်ချ ခြင်း ရှိလိမ့်မည်။
3 Kiburi cha moyo wako kimekudanganya, wewe unayeishi katika majabali ya miamba na kufanya makao yako juu, wewe unayejiambia mwenyewe, ‘Ni nani awezaye kunishusha chini?’
ကျောက် ကြား တို့၌ နေ ၍ မြင့် သောအရပ်ကို ခိုလှုံ လျက်၊ ငါ့ ကို မြေ သို့ အဘယ်သူ နှိမ့်ချ နိုင်သနည်းဟု အောက်မေ့ သော သူဖြစ် သောကြောင့်၊ သင် ၏မာန သည် သင့် ကို လှည့်စား ပြီ။
4 Ingawa unapaa juu kama tai na kufanya kiota chako kati ya nyota, nitakushusha chini kutoka huko,” asema Bwana.
သင်သည် ရွှေလင်းတ ကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍ ၊ ကြယ် တို့တွင် အသိုက် ကို လုပ် သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
5 “Ikiwa wevi wangekuja kwako, ikiwa wanyangʼanyi wangekujia usiku: Lo! Tazama ni maafa kiasi gani yangekuwa yanakungojea: je, si wangeiba tu kiasi ambacho wangehitaji? Kama wachuma zabibu wangekuja kwako, je, wasingebakiza zabibu chache?
ညဉ့် အခါ သူခိုး ထားပြ တို့သည် သင် ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုး ယူကြလိမ့်မည်မ ဟုတ်လော။ စပျစ်သီး ကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါး လိုက်၍ ဆွတ် စရာဘို့ ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။
6 Lakini tazama jinsi Esau atakavyotekwa, jinsi hazina zake zilizofichwa zitatekwa nyara!
သင်သည် အလွန်ပျက်စီး ပြီတကား။ ဧသော သည် အလွန် အစစ်ခံရပြီတကား။ သူ ဝှက် ထားသော ဥစ္စာ ကို အလွန်ရှာဖွေ ကြသည်တကား။
7 Wote ulioungana nao watakufukuza hadi mpakani, rafiki zako watakudanganya na kukushinda, wale wanaokula mkate wako watakutegea mtego, lakini hutaweza kuugundua.
သင် နှင့်မိဿဟာယ ဖွဲ့သော သူ အပေါင်း တို့ သည် ပြည် စွန်းသို့ နှင် ကြပြီ။ အဆွေ လုပ်သောသူ တို့ သည် သင့် ကို လှည့်စား ၍ နိုင် ကြပြီ။ သင် နှင့်အတူစားသောက် သော သူတို့သည် သင့် အောက် ၌ ကျော့ကွင်း ကို ထောင် ထားကြပြီ။ သင် ၏ ဉာဏ် ပညာ ကုန် ပြီ။
8 “Katika siku hiyo,” asema Bwana, “je, sitaangamiza watu wenye hekima wa Edomu, watu wenye ufahamu katika milima ya Esau?
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ဧဒုံ ပြည်မှ ပညာရှိ တို့ကို၎င်း ၊ ဧသော ၏တောင် မှ ဉာဏ် ကောင်းသော သူတို့ ကို၎င်းငါပယ်ရှား မည်။
9 Ee Temani, mashujaa wako watatiwa hofu, kila mmoja katika milima ya Esau ataangushwa chini kwa kuchinjwa.
အိုတေမန် မြို့၊ ဧသော ၏တောင် မှ ခပ်သိမ်း သောသူတို့ ကို ပယ်ဖြတ် မည်အကြောင်း ၊ သင် ၏ သူရဲ တို့သည် ကြောက် ကြလိမ့်မည်။
10 Kwa sababu ya jeuri uliyofanya dhidi ya ndugu yako Yakobo, aibu itakufunika; utaangamizwa milele.
၁၀သင် သည် ညီ ယာကုပ် ကို အသေသတ်ခြင်း၊ အနိုင် အထက် ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင် အရှက်ကွဲ ၍ ၊ အကုန်အစင် ပယ်ဖြတ် ခြင်းကိုခံရလိမ့်မည်။
11 Siku ile ulisimama mbali ukiangalia wakati wageni walipojichukulia utajiri wake na watu wa nchi nyingine walipoingia malango yake wakipiga kura kwa ajili ya Yerusalemu, ulikuwa kama mmoja wao.
၁၁သင် သည် တဘက် ၌ နေ သောနေ့ ၊ တကျွန်း တနိုင်ငံသား တို့သည် သူ ၏အမှုထမ်း များကို သိမ်း သွားသောနေ့ ၊ တပါး အမျိုးသားတို့သည် သူ ၏မြို့တံခါး ထဲသို့ ဝင် ၍ ယေရုရှလင် မြို့ကို စာရေးတံ ချ သောနေ့၌ သင် သည် လက်ခံသောသူဖြစ်၏။
12 Usingemdharau ndugu yako katika siku ya msiba wake, wala kufurahia juu ya watu wa Yuda katika siku ya maangamizi yao, wala kujigamba sana katika siku ya taabu yao.
၁၂သင် ၏ညီ သည် တပါး အမျိုးသားဖြစ်သောနေ့ ၌ သူ၏အမှုကို သင်မ ကြည့် သင့်။ ယုဒ အမျိုးသား တို့သည် ပျက်စီး သောနေ့ ၌ မ ဝါကြွား သင့်။ ဒုက္ခ ခံရသောနေ့ ၌ စော်ကား သောစကား ကို မ ပြောသင့်။
13 Usingeingia katika malango ya watu wangu katika siku ya maafa yao, wala kuwadharau katika janga lao katika siku ya maafa yao, wala kunyangʼanya mali zao katika siku ya maafa yao.
၁၃ငါ ၏လူ တို့သည် ဘေး ဥပဒ်ကို ခံရသောနေ့ ၌ သူတို့ နေရာတံခါး အတွင်းသို့ မ ဝင် သင့်။ ဘေး ဥပဒ်ကို ခံရသော နေ့ ၌ သူ တို့၏ဆင်းရဲ ဒုက္ခကို မ ကြည့် မရှုသင့်။ ဘေး ဥပဒ် ကို ခံရသောနေ့ ၌ သူ တို့ဥစ္စာ ကို မ လု မယူသင့်။
14 Usingengoja kwenye njia panda na kuwaua wakimbizi wao, wala kuwatoa watu wake waliosalia katika siku ya shida yao.
၁၄လွတ် သောသူတို့ကို ဆီးတား ခြင်းငှါ ဖြတ်လမ်း ၌ မ ရပ် မနေ သင့်။ အမှု ရောက်သောနေ့ ၌ ကျန် ကြွင်းသောသူတို့ ကို မ အပ် သင့်။
15 “Siku ya Bwana iko karibu kwa mataifa yote. Kama ulivyofanya, nawe utafanyiwa vivyo hivyo, matendo yako yatakurudia juu ya kichwa chako.
၁၅အကြောင်း မူကား၊ ထာဝရဘုရား ၏နေ့ ရက်သည် ခပ်သိမ်း သောလူမျိုး တို့နှင့် နီး ပြီ။ သင်ပြု သည်အတိုင်း သင် ၌ သူတပါး ပြု လိမ့်မည်။ သင် ပြုသောအမှု သည် သင့် ခေါင်း ပေါ် သို့ ရောက် ရလိမ့်မည်။
16 Kama vile ulivyokunywa juu ya mlima wangu mtakatifu, vivyo hivyo mataifa yote watakunywa mfululizo, watakunywa na kunywa, nao watatoweka kana kwamba hawajawahi kuwepo.
၁၆ယုဒအမျိုးသားတို့သည် သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ စားသောက် သကဲ့သို့ ၊ ပတ်လည်၌နေသောလူမျိုး အပေါင်း တို့သည် စားသောက် ရကြလိမ့်မည်။ စားသောက် ၍ မျို သဖြင့် မ ရှိ ဘူးသောသူကဲ့သို့ ဖြစ် ရကြလိမ့်မည်။
17 Lakini katika Mlima Sayuni kutakuwepo na wale watakaookoka; nao utakuwa mtakatifu, nayo nyumba ya Yakobo itamiliki urithi wake.
၁၇ဇိအုန် တောင် ပေါ် မှာ ဘေးလွတ် သောသူအချို့ ရှိ ကြလိမ့်မည်။ သန့်ရှင်း သောအရပ်ဖြစ် လိမ့်မည်။ ယာကုပ် အမျိုး သည် မိမိ ပိုင် ထိုက်သောမြေကို ပိုင် ရလိမ့်မည်။
18 Nyumba ya Yakobo itakuwa moto, na nyumba ya Yosefu itakuwa mwali wa moto; nayo nyumba ya Esau itakuwa bua kavu, nao wataiwasha moto na kuiteketeza. Hakutakuwa na watakaosalimika kutoka nyumba ya Esau.” Bwana amesema.
၁၈ယာကုပ် အမျိုး သည် မီး ၊ ယောသပ် အမျိုး သည် မီးလျှံ ၊ ဧသော အမျိုး သည် အမှိုက် ဖြစ် လျက် မီးညှိ ၍ လောင် သဖြင့် ၊ ဧသော အမျိုးသား မ ကျန် ကြွင်းရ။ ထာဝရဘုရား မိန့် တော်မူပြီ။
19 Watu kutoka nchi ya Negebu wataikalia milima ya Esau, na watu kutoka miteremko ya vilima watamiliki nchi ya Wafilisti. Watayakalia mashamba ya Efraimu na Samaria, naye Benyamini atamiliki Gileadi.
၁၉တောင် မျက်နှာသားတို့သည် ဧသော ၏တောင် ကို၎င်း ၊ မြေညီ သောအရပ်သားတို့သည် ဖိလိတ္တိ ပြည်ကို၎င်း ၊ ဧဖရိမ် လယ်ပြင် နှင့် ရှမာရိ လယ်ပြင် ကို၎င်း ၊ ဗင်္ယာမိန် အမျိုးသည် ဂိလဒ် ပြည်ကို၎င်း သိမ်းယူ ကြ လိမ့်မည်။
20 Kundi la Waisraeli walioko uhamishoni Kanaani watarudi na kumiliki nchi mpaka Sarepta. Walioko uhamishoni Sefaradi kutoka Yerusalemu watamiliki miji ya Negebu.
၂၀သိမ်း သွားခြင်းကို ခံရ၍၊ ခါနနိ လူတို့တွင်ရှိသော ဣသရေလ အမျိုး အလုံးအရင်း သည် ဇရတ္တ မြို့တိုင်အောင် ၎င်း ၊ သိမ်း သွားခြင်းကို ခံရ၍ သေဖရဒ် ပြည်၌ ရှိသော ယေရုရှလင် မြို့သားတို့သည် တောင် မျက်နှာမြို့ ရွာတို့ကို ၎င်း သိမ်းယူ ကြလိမ့်မည်။
21 Waokoaji watakwea juu ya Mlima Sayuni kutawala milima ya Esau. Nao ufalme utakuwa wa Bwana.
၂၁ဧသော ၏တောင် ကို တရား စီရင်ခြင်းငှါ ကယ်တင် သောသူတို့သည် ဇိအုန် တောင် ပေါ် သို့ တက် ကြ လိမ့်မည်။ တိုင်း နိုင်ငံသည်လည်း ထာဝရဘုရား ၏ နိုင်ငံတော် ဖြစ် လိမ့်သတည်း။

< Obadia 1 >