< Hesabu 1 >
1 Bwana alisema na Mose katika Jangwa la Sinai, katika Hema la Kukutania, siku ya kwanza ya mwezi wa pili, katika mwaka wa pili baada ya Waisraeli kutoka nchi ya Misri. Akamwambia,
၁ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ဒုတိယ လ ၊ ပဌမ နေ့၌ သိနာ တော တွင် ပရိသတ်စည်းဝေး ရာ တဲ တော်မှာ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 “Hesabu watu wa jumuiya yote ya Waisraeli kwa kufuata koo zao na jamaa zao, ukiorodhesha kila mwanaume kwa jina lake, mmoja mmoja.
၂သင် နှင့် အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် တို့တွင်၊ အသက် နှစ်ဆယ် လွန် ၍၊
3 Wewe na Aroni mtawahesabu kwa migawanyo yao wanaume wote katika Israeli wenye miaka ishirini na kuendelea ambao wanaweza kutumika katika jeshi.
၃စစ်တိုက် နိုင်သောယောက်ျား အပေါင်း တို့ကို သူ တို့အဆွေအမျိုး အသီးသီးအလိုက် စာရင်း ယူ လျက်၊ တပ်ခင်းကျင်း ၍ရေတွက် လော့။
4 Mwanaume mmoja kutoka kila kabila, kila aliye kiongozi wa jamaa yake, atawasaidia.
၄အမျိုးအနွယ် အသီးသီးတမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီး ဖြစ်သော လူတို့သည် သင် တို့နှင့်အတူ ကူညီ၍ ထိုအမှုကိုဆောင်ရကြမည်။
5 Haya ndiyo majina ya wanaume watakaowasaidia: “kutoka Reubeni, ni Elisuri mwana wa Shedeuri;
၅သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင် အမျိုး၊ ရှေဒုရ သား ဧလိဇုရ။
6 kutoka Simeoni, ni Shelumieli mwana wa Surishadai;
၆ရှိမောင် အမျိုး၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ။
7 kutoka Yuda, ni Nashoni mwana wa Aminadabu;
၇ယုဒ အမျိုး၊ အမိနဒပ် သား နာရှုန်။
8 kutoka Isakari, ni Nethaneli mwana wa Suari;
၈ဣသခါ အမျိုး၊ ဇုအာ သား နာသနေလ။
9 kutoka Zabuloni, ni Eliabu mwana wa Heloni;
၉ဇာဗုလုန် အမျိုး၊ ဟေလုန် သား ဧလျာဘ။
10 kutoka wana wa Yosefu: kutoka Efraimu, ni Elishama mwana wa Amihudi; kutoka Manase, ni Gamalieli mwana wa Pedasuri;
၁၀ယောသပ် သား တွင်၊ ဧဖရိမ် အမျိုး၊ အမိဟုဒ် သား ဧလိရှမာ ၊ မနာရှေ အမျိုး၊ ပေဒါဇုရ သား ဂါမလျလ။
11 kutoka Benyamini, ni Abidani mwana wa Gideoni;
၁၁ဗင်္ယာမိန် အမျိုး၊ ဂိဒေါနိ သား အဘိဒန်။
12 kutoka Dani, ni Ahiezeri mwana wa Amishadai;
၁၂ဒန် အမျိုး၊ အမိရှဒဲ သား အဟေဇာ။
13 kutoka Asheri, ni Pagieli mwana wa Okrani;
၁၃အာရှာ အမျိုး၊ ဩကရန် သား ပါဂျေလ။
14 kutoka Gadi, ni Eliasafu mwana wa Deueli;
၁၄ဂဒ် အမျိုး၊ ဒွေလ သား ဧလျာသပ်။
15 kutoka Naftali, ni Ahira mwana wa Enani.”
၁၅နဿလိ အမျိုး၊ ဧနန် သား အဟိရ တည်း။
16 Hawa walikuwa wanaume walioteuliwa kutoka jumuiya, viongozi wa makabila ya baba zao. Walikuwa wakuu wa koo za Israeli.
၁၆ဤသူ တို့သည် ပရိသတ် တွင် ကျော်စော သောသူ၊ အဆွေအမျိုး သူကြီး မင်းဖြစ်၍၊ဣသရေလ အမျိုး ၌ လူတထောင်စီအုပ်ရသောသူဖြစ် ကြသတည်း။
17 Mose na Aroni wakawachukua wanaume hao waliokuwa wamepewa majina yao,
၁၇ထိုသို့နာမည် ဖြင့် ရွေး တော်မူသော ထို သူ တို့ကို၊ မောရှေ နှင့် အာရုန် သည်ခေါ် ၍ ၊
18 wakaita jumuiya yote pamoja katika siku ya kwanza ya mwezi wa pili. Watu wakaonyesha nasaba zao kwa koo zao na jamaa zao, nao wanaume waliokuwa na miaka ishirini au zaidi waliorodheshwa kwa majina, mmoja mmoja,
၁၈ဒုတိယ လ ၊ ပဌမ နေ့၌ ပရိသတ် အပေါင်း ကို စည်းဝေး စေပြီးမှ ၊ အဆွေအမျိုး စာရင်းကို ဘော်ပြ ၍၊ အနှစ် နှစ်ဆယ် အလွန် သောသူတို့၏ နာမည် ပေါင်း ကို မှတ်သဖြင့်၊
19 kama Bwana alivyomwagiza Mose. Hivyo aliwahesabu katika Jangwa la Sinai:
၁၉ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူ သည်အတိုင်း ၊ သိနာ တော ၌ ဣသရေလအမျိုးသားတို့ ကို ရေတွက် လေ၏။
20 Kutoka wazao wa Reubeni, mzaliwa wa kwanza wa kiume wa Israeli: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, mmoja mmoja, kufuatana na kumbukumbu za koo zao na jamaa zao.
၂၀ဣသရေလ ၏သားဦး ၊ ရုဗင် ၏အမျိုးသား တို့တွင်၊ အဆွေအမျိုး အသီးအသီးလိုက်၍ နာမည် များကို စာရင်း ၌ မှတ်သားသည်အတိုင်း၊
21 Idadi kutoka kabila la Reubeni ilikuwa watu 46,500.
၂၁အသက် နှစ်ဆယ် လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း ခြောက်ထောင်ငါး ရာ ရှိကြ၏။
22 Kutoka wazao wa Simeoni: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi walihesabiwa na kuorodheshwa kwa majina, mmoja mmoja, kufuatana na kumbukumbu za koo zao na jamaa zao.
၂၂ရှိမောင် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
23 Idadi kutoka kabila la Simeoni walikuwa watu 59,300.
၂၃အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျား ပေါင်း ငါးသောင်း ကိုးထောင်သုံး ရာ ရှိကြ၏။
24 Kutoka wazao wa Gadi: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၂၄ဂဒ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
25 Idadi kutoka kabila la Gadi walikuwa watu 45,650.
၂၅အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိကြ၏။
26 Kutoka wazao wa Yuda: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၂၆ယုဒ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
27 Idadi kutoka kabila la Yuda walikuwa watu 74,600.
၂၇အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း ၊ လေးထောင်ခြောက် ရာ ရှိကြ၏။
28 Kutoka wazao wa Isakari: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၂၈ဣသခါ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး ကိုလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
29 Idadi kutoka kabila la Isakari walikuwa watu 54,400.
၂၉အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း လေးထောင်လေး ရာ ရှိကြ၏။
30 Kutoka wazao wa Zabuloni: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၃၀ဇာဗုလုန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
31 Idadi kutoka kabila la Zabuloni walikuwa watu 57,400.
၃၁အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း နှစ်ထောင်လေး ရာ ရှိကြ၏။
32 Kutoka wana wa Yosefu: Kutoka wazao wa Efraimu: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၃၂ယောသပ် မှ ဆင်းသက်သော ဧဖရိမ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
33 Idadi kutoka kabila la Efraimu walikuwa watu 40,500.
၃၃အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါး ရာ ရှိကြ၏။
34 Kutoka wazao wa Manase: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၃၄မနာရှေ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
35 Idadi kutoka kabila la Manase walikuwa watu 32,200.
၃၅အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိကြ၏။
36 Kutoka wazao wa Benyamini: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၃၆ဗင်္ယာမိန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
37 Idadi kutoka kabila la Benyamini walikuwa watu 35,400.
၃၇အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း ငါးထောင်လေး ရာ ရှိကြ၏။
38 Kutoka wazao wa Dani: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၃၈ဒန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
39 Idadi kutoka kabila la Dani walikuwa watu 62,700.
၃၉အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ခြောက်သောင်း နှစ်ထောင်ခုနစ် ရာ ရှိကြ၏။
40 Kutoka wazao wa Asheri: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၄၀အာရှာ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
41 Idadi kutoka kabila la Asheri walikuwa watu 41,500.
၄၁အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း တထောင်ငါး ရာ ရှိကြ၏။
42 Kutoka wazao wa Naftali: Wanaume wote waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi waliorodheshwa kwa majina, kufuatana na kumbukumbu za koo zao na jamaa zao.
၄၂နဿလိ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
43 Idadi kutoka kabila la Naftali walikuwa watu 53,400.
၄၃အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း သုံးထောင်လေး ရာ ရှိကြ၏။
44 Hawa walikuwa wanaume waliohesabiwa na Mose, Aroni na viongozi kumi na wawili wa Israeli, kila mmoja akiwakilisha jamaa yake.
၄၄ထိုသို့ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုး၌ အဆွေအမျိုး သူကြီးဖြစ်သော မင်း ဆယ် နှစ် ပါးတို့သည်
45 Wanaume wote Waisraeli waliokuwa na miaka ishirini au zaidi ambao waliweza kutumika katika jeshi la Israeli walihesabiwa kufuatana na jamaa zao.
၄၅ဣသရေလ အမျိုးသား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းယူသည်အတိုင်း၊
46 Jumla ya hesabu yao ilikuwa watu 603,550.
၄၆အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော လူပေါင်း ကား ခြောက် သိန်းသုံး ထောင်ငါး ရာ ငါး ဆယ်ရှိ သတည်း။
47 Hata hivyo, jamaa ya kabila la Lawi hawakuhesabiwa pamoja na wengine.
၄၇လေဝိ သားတို့သည်၊ ဘိုးဘ အမျိုး အလိုက် စာရင်း မ ဝင်ရသည် အမှုမှာ၊
48 Bwana alikuwa amemwambia Mose:
၄၈ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
49 “Kamwe usihesabu kabila la Lawi wala kuwaweka pamoja katika hesabu ya Waisraeli wengine.
၄၉လေဝိ သား တို့ကို၊ ဣသရေလ အမျိုးသား တို့နှင့် ရောနှော၍ မ ရေတွက် ရ။ စာရင်း ထဲ၌မ သွင်း ရ။
50 Badala yake, waweke Walawi kuwa viongozi wa Maskani ya Ushuhuda, juu ya samani zake na kila kitu kilichomo ndani yake. Wao watabeba Maskani na samani zake zote; wataitunza na kupiga kambi kuizunguka.
၅၀လေဝိ သားတို့အား သက်သေခံ ချက် တဲ တော်ကို၎င်း၊ တဲတော်တန်ဆာ ရှိသမျှ ကို ၎င်း၊ တဲ တော်နှင့်ဆိုင်သမျှ တို့ကို၎င်းအပ် ၍၊ သူတို့သည် တဲ တော်နှင့် တဲ တော်တန်ဆာ အလုံးစုံ ကို ဆောင်ရွက် ရကြမည်။ တဲ တော်မှုကိုလည်း ထမ်း ရကြမည်။ တပ်ချသောအခါ၊ တဲ တော်ပတ်လည် ၌ မိမိတို့နေရာ ချရကြမည်။
51 Wakati wowote Maskani inapohamishwa, Walawi wataifungua, na wakati wowote maskani inapotakiwa kusimamishwa, Walawi watafanya kazi hiyo. Mtu yeyote mwingine ambaye atasogea karibu nayo atauawa.
၅၁တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။
52 Waisraeli watapiga mahema yao kwa makundi makundi, kila mwanaume katika kambi yake mwenyewe chini ya bendera yake.
၅၂ဣသရေလ အမျိုးသား တို့သည် တပ်ချ သောအခါ ၊ အလုံးအရင်း တရှောက်လုံး၊ လူတိုင်း မိမိ ဆိုင်သော တပ် တွင် မိမိ ဆိုင်သော အလံ နားမှာ မိမိတဲကို ဆောက်ရမည်။
53 Hata hivyo, Walawi watapiga mahema yao kuzunguka Maskani ya Ushuhuda ili ghadhabu isiipate jumuiya ya Waisraeli. Walawi watawajibika kwa utunzaji wa Maskani ya Ushuhuda.”
၅၃ဣသရေလ အမျိုးသား စည်းဝေးရာ၊ ပရိသတ် အပေါ် မှာ အမျက် တော်မ သက်ရောက် စေခြင်းငှါ ၊ လေဝိ သားတို့သည် သက်သေခံ ချက် တဲ တော်ပတ်လည် ၌ နေရာ ချ၍ ၊ သက်သေခံ ချက်တဲ တော်ကို စောင့်ရှောက် ရမည် ဟု၊
54 Waisraeli walifanya yote haya sawasawa kama Bwana alivyomwamuru Mose.
၅၄မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။