< Hesabu 35 >

1 Bwana akamwambia Mose katika nchi tambarare ya Moabu, kando ya Mto Yordani kuvukia Yeriko,
မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်တော်မူ ၍၊
2 “Waagize Waisraeli kuwapa Walawi miji ya kuishi kutoka urithi ambao Waisraeli wataumiliki. Wape maeneo ya malisho kuzunguka hiyo miji.
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သူတို့သည် အမွေခံ သောမြေ၌ လေဝိ သားတို့နေ စရာဘို့ မြို့ တို့ကို၎င်း၊ မြို့ပတ်လည် နယ် တို့ကို၎င်း၊ ပေး ရကြမည်။
3 Kisha watakuwa na miji ya kuishi na maeneo ya malisho kwa ajili ya ngʼombe zao, mbuzi, kondoo na mifugo yao mingine yote.
ထိုမြို့ တို့သည် လေဝိသားနေ စရာဘို့ ဖြစ်၍၊ မြို့ ပတ်လည်နယ် တို့၌ သိုး နွား အစရှိသော တိရစ္ဆာန် များနှင့် ဥစ္စာ များကို ထား ရမည်။
4 “Maeneo ya malisho kuzunguka miji hiyo ambayo mtawapa Walawi yataenea mita 450 kutoka kwenye ukuta wa miji.
လေဝိ သားတို့အား ပေး သော မြို့နယ် တို့ကို မြို့ ပြင် ပတ်လည် ၌ အတောင် တထောင် ကျယ်စေရမည်။
5 Nje ya mji, pima mita 900 upande wa mashariki, upande wa kusini mita 900, upande wa magharibi mita 900, na upande wa kaskazini mita 900, na mji utakuwa katikati. Eneo hili litakuwa lao kwa ajili ya malisho.
မြို့ ပြင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင် စီ တိုင်းထွာ ၍၊ ထို မြေ အလယ် ချက်၌ မြို့ တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ် ရသတည်း။
6 “Miji sita mtakayowapa Walawi itakuwa ya makimbilio, ambayo mtu anayemuua mwenzake aweza kukimbilia humo. Zaidi ya hiyo, wapeni miji mingine arobaini na miwili.
လေဝိ သားတို့အား ပေး သော မြို့ တို့တွင်၊ လူကို သတ် သောသူသည် ပြေး ၍မှီခို ရာမြို့ ခြောက် မြို့တို့ကို ရွေးထားရမည်။ ထို မြို့မှတပါး အခြားသော မြို့ လေးဆယ် နှစ် မြို့တို့ကိုပေး ရမည်။
7 Kwa jumla inawapasa kuwapa Walawi miji arobaini na minane, pamoja na maeneo ya malisho yao.
ထိုသို့ လေဝိ သားတို့အား ပေး ရသော မြို့ ပေါင်း ကား၊ နယ် နှင့်တကွ လေးဆယ် ရှစ် မြို့ ဖြစ်သတည်း။
8 Miji ambayo mtawapa Walawi kutoka nchi ambayo Waisraeli wanamiliki itatolewa kwa uwiano wa urithi wa kila kabila. Chukua miji mingi kutoka lile kabila lenye miji mingi, lakini uchukue miji michache kutoka kwa kabila lile lenye miji michache.”
ထို မြို့ တို့ကို ဣသရေလ အမျိုးသား ပိုင် သော မြေထဲက နှုတ်ရမည်။ များ သောမြေကို ရသောသူသည် များ သောမြို့၊ နည်း သောမြေကို ရသောသူသည်နည်း သောမြို့တို့ကိုပေး ရမည်။ လူအသီးသီး တို့သည် အမွေ ခံရသည်အတိုင်း ၊ မိမိ တို့မြို့ များထဲက နှုတ်၍ လေဝိ သားတို့အား ပေး ရမည်။
9 Kisha Bwana akamwambia Mose:
တဖန် မောရှေ အား ထာဝရဘုရား က၊
10 “Sema na Waisraeli, uwaambie: ‘Mtakapovuka Yordani kuingia Kanaani,
၁၀သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍၊ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
11 chagueni baadhi ya miji iwe miji yenu ya makimbilio, ambayo mtu ambaye ameua mwenzake bila kukusudia aweza kukimbilia humo.
၁၁လူအသက် ကို အမှတ်တမဲ့ သတ် မိသောသူပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားရမည်။
12 Itakuwa mahali pa kukimbilia kutoka mlipiza kisasi, ili kwamba mtu aliyeshtakiwa kwa mauaji asife kabla ya kujitetea mbele ya mkutano.
၁၂ထိုမြို့ တို့ကား၊ လူအသက်ကိုသတ် သောသူသည် ပရိသတ် ရှေ့သို့ ရောက် ၍၊ တရား စီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေ သောသူ၏လက်မှ လွတ် ၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
13 Miji hii sita mtakayoitoa itakuwa miji yenu ya makimbilio.
၁၃လေဝိသားတို့အားပေး သော မြို့ တို့တွင် ယော်ဒန် မြစ်အရှေ့ ဘက်၌ မှီခိုရာမြို့ သုံး မြို့၊
14 Mtatoa miji mitatu ngʼambo hii ya Yordani na miji mingine mitatu upande wa Kanaani kama miji ya makimbilio.
၁၄ခါနာန် ပြည် ၌ မှီခို ရာမြို့ သုံး မြို့၊ ပေါင်းခြောက် မြို့ တို့ကို ရွေးထားရမည်။
15 Miji hii sita itakuwa mahali pa makimbilio kwa ajili ya Waisraeli, wageni na watu wengine wanaoishi katikati yenu, ili kwamba mtu yeyote ambaye ameua mtu mwingine pasipo kukusudia aweze kukimbilia humo.
၁၅ထို မြို့ ခြောက် မြို့တို့ကား၊ လူအသက် ကို အမှတ်တမဲ့ သတ် မိသော ဣသရေလ အမျိုးသား ၊ သင်တို့တွင် တည်းခို သော တပါး သော အမျိုးသားတို့သည် ပြေး ၍ မှီခို ရာမြို့ ဖြစ် သတည်း။
16 “‘Kama mtu akimpiga mwenzake kwa chuma naye mtu huyo akafa, mtu huyo ni muuaji; muuaji sharti atauawa.
၁၆သို့ရာတွင် လူအသက်ကို သေ စေခြင်းငှါ ၊ သံ လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ လူသတ် သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
17 Au kama mtu analo jiwe mkononi mwake ambalo laweza kuua, naye akampiga mwenzake akafa, yeye ni muuaji; muuaji huyo sharti atauawa.
၁၇လူအသက်ကို သေ စေခြင်းငှာ ကျောက်ခဲ နှင့် ပစ် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
18 Au kama mtu ana chombo cha mti mkononi mwake ambacho chaweza kuua, naye akampiga mwenzake akafa, yeye ni muuaji; muuaji huyo sharti atauawa.
၁၈လူအသက်ကို သေ စေခြင်းငှာ သစ်သား လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
19 Mlipiza kisasi cha damu atamuua muuaji; wakati akikutana naye, atamuua.
၁၉သေစားသေစေ သောသူသည် လူသတ် ကို တွေ့ သောအခါ ၊ ကိုယ်တိုင် သတ် ရမည်။
20 Ikiwa mtu ana chuki ya siku nyingi na mwenzake akamsukuma au akamtupia kitu kwa kukusudia naye akafa,
၂၀သူတပါးကို အငြိုးထား ၍ တွန်းချ သော်၎င်း ၊ သေ စေခြင်းငှါ ချောင်းမြောင်း ၍ တစုံတခုနှင့် ပစ် သော်၎င်း၊
21 au ikiwa katika uadui akampiga ngumi naye akafa, mtu yule sharti atauawa; yeye ni muuaji. Mlipiza kisasi cha damu atamuua muuaji atakapokutana naye.
၂၁သေ စေခြင်းငှါ မုန်း သောစိတ်ရှိ၍ လက် နှင့် ရိုက် သော်၎င်း ၊ ထိုသို့ပြုသောသူသည် လူသတ် ဖြစ်သောကြောင့်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေ သောသူသည် တွေ့ သောအခါ သတ် ရမည်။
22 “‘Lakini kama mtu akimsukuma mwenziwe ghafula pasipo chuki, au kumtupia kitu pasipo kukusudia,
၂၂သို့မဟုတ် မုန်း သောစိတ်မ ရှိဘဲ အမှတ်တမဲ့ တွန်းချ သော်၎င်း ၊ မ ချောင်းမြောင်း ဘဲ တစုံတခု နှင့် ပစ် မိ သော်၎င်း၊
23 au, pasipo kumwona, akimwangushia jiwe ambalo laweza kumuua naye akafa, basi kwa kuwa hakuwa adui yake naye hakukusudia kumuumiza,
၂၃သူ ၏ရန်သူ မ ဟုတ်၊ မုန်း သောစိတ်မ ရှိ၊ သူ့ကို မ မြင် ဘဲလျက် သေ အောင် ကျောက်ခဲ နှင့် ပစ်မိသော်၎င်း၊
24 kusanyiko lazima liamue kati yake na mlipiza kisasi wa damu kufuatana na sheria hizi.
၂၄ယခုစီရင် ထုံးဖွဲ့သည်အတိုင်း ၊ ပရိသတ် တို့သည် သတ် သောသူနှင့် သေစားသေစေ သောသူ စပ်ကြား ၌ တရား စီရင်၍၊
25 Kusanyiko ni lazima limlinde yule anayeshtakiwa kuua kutoka kwa mlipiza kisasi wa damu, na kumrudisha katika mji wa makimbilio alikokuwa amekimbilia. Lazima akae humo mpaka atakapokufa kuhani mkuu ambaye alikuwa amepakwa mafuta matakatifu.
၂၅သတ် သောသူကို သေစားသေစေ သောသူ၏ လက် မှ နှုတ် သဖြင့် ၊ အထက်ကပြေး ၍ မှီခို သောမြို့ သို့ ပြန် ပို့ရမည်။ ဓမ္မ ဆီ လောင်း ခြင်းကို ခံရသောယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်ထိုမြို့ ၌ နေ ရမည်။
26 “‘Lakini kama mshtakiwa atatoka nje ya mipaka ya mji wa makimbilio ambao amekimbilia,
၂၆လူအသက်ကိုသတ် မိသောသူသည် ပြေး ၍ မှီခို သောမြို့ နယ် ပြင်သို့ ထွက် သော် ၊
27 na mlipiza kisasi wa damu akamkuta nje ya mji, mlipiza kisasi wa damu anaweza kumuua mshtakiwa huyo bila kuwa na hatia ya kuua.
၂၇သေစားသေစေ သောသူသည် မြို့ နယ် ပြင် မှာ ထိုသူ ကို တွေ့ ၍ သတ် လျှင်၊ လူအသက်ကိုသတ် သောအပြစ် မ ရှိ။
28 Mshtakiwa lazima akae katika mji wake wa makimbilio mpaka atakapokufa kuhani mkuu; atarudi tu kwenye mali yake baada ya kifo cha kuhani mkuu.
၂၈အကြောင်းမူကား ၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်၊ မိမိ မှီခို သော မြို့ ထဲမှာ နေ ရ မည်။ ယဇ်ပုရောဟိတ် မင်း သေ သောနောက်မှ ၊ ထိုသူသည် မိမိ ပိုင် သောမြေ သို့ ပြန် ရသောအခွင့်ရှိ၏။
29 “‘Hizi ndizo kanuni za sheria zitakazohitajiwa kwenu na katika vizazi vyenu vijavyo, popote mtakapoishi.
၂၉ဤရွေ့ကား ၊ သင် တို့သည် နေ လေရာရာ ၌ သားမြေး အစဉ်အဆက်စောင့်ရသောစီရင် ထုံးဖွဲ့ချက် ဖြစ် သတည်း။
30 “‘Yeyote anayeua mtu atauawa kama muuaji ikiwa tu kuna ushuhuda wa mashahidi. Lakini hakuna mtu atakayeuawa kwa ushuhuda wa shahidi mmoja tu.
၃၀လူအသက် ကိုသတ် ၍ လူသတ် ဖြစ်သောသူ မည်သည်ကား၊ သက်သေခံ ချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်း သာရှိလျှင် မ သတ် ရ။
31 “‘Usikubali fidia yoyote ya kuokoa uhai wa muuaji ambaye anastahili kufa. Mtu huyo hakika lazima auawe.
၃၁အသေခံထိုက်သော လူသတ် ၏ အသက် ဘိုးငွေ ကို မ ခံ မယူရ။ သူသည် အသေ သတ်ခြင်းကို အမှန် ခံရမည်။
32 “‘Usikubali fidia ya mtu yeyote ambaye amekimbilia katika mji wa makimbilio na kumruhusu kurudi kuishi katika nchi yake kabla ya kifo cha kuhani mkuu.
၃၂မှီခို ရာမြို့ သို့ ပြေး သောသူသည်၊ ယဇ်ပုရောဟိတ် မင်း မ သေ မှီ၊ မိမိနေရင်းအရပ် သို့ ပြန် ၍ နေ မည် အကြောင်း၊ အရွေး ငွေကို မ ခံ မယူရ။
33 “‘Msiinajisi nchi mnayoishi. Umwagaji damu hunajisi nchi, na upatanisho hauwezekani kufanyika katika nchi ambayo damu imemwagwa, isipokuwa tu kwa damu ya yule aliyeimwaga damu.
၃၃ထိုသို့ သင် တို့နေသောပြည် ကို မ ညစ်ညူး စေရ။ လူအသွေး သည်ပြည် ကိုညစ်ညူး စေတတ်၏။ လူအသွေးကို သွန်း သောသူ၏အသွေး အားဖြင့် သာ ထိုညစ်ညူးခြင်းကို စင်ကြယ် စေနိုင်၏။
34 Msiinajisi nchi mnayoishi, ambayo nami ninakaa, kwa kuwa Mimi, Bwana, ninakaa katikati ya Waisraeli.’”
၃၄ငါ ကျိန်းဝပ် ၍ သင် တို့နေ သောပြည် ကို မ ညစ်ညူး စေရ။ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့တွင် ကျိန်းဝပ် သည်ဟု မိန့်တော်မူ၏။

< Hesabu 35 >