< Hesabu 16 >

1 Kora mwana wa Ishari, mwana wa Kohathi, mwana wa Lawi, pamoja na baadhi ya Wareubeni, yaani Dathani na Abiramu, wana wa Eliabu, na Oni mwana wa Pelethi, wakachukua baadhi ya watu,
လေဝိ အမျိုး ၊ ကောဟတ် သား ဣဇဟာ ၏ သား ကောရ သည်၊ ရုဗင် အမျိုး ဧလျာဘ ၏သား ဒါသန် နှင့် အဘိရံ ၊ ပေလက် ၏သား ဩန တို့ကို ခေါ် ပြီးလျှင် ၊
2 wakainuka dhidi ya Mose. Pamoja nao walikuwepo wanaume wa Kiisraeli 250, watu waliojulikana, viongozi wa jumuiya waliokuwa wameteuliwa kuwa wakuu wa kusanyiko.
ပရိသတ် ၌ ကျော်စော ၍ ဂုဏ် အသရေရှိသောသူ၊ အစည်းအဝေး ၌ မင်း ပြုသောသူ၊ ဣသရေလ အမျိုးသား နှစ်ရာ ငါးဆယ် နှင့်တကွ၊ မောရှေ ကို ပုန်ကန် ၍၊
3 Wakaja kama kikundi kuwapinga Mose na Aroni, wakawaambia, “Ninyi mmejitukuza sana! Kusanyiko hili lote ni takatifu, kila mmoja wao, naye Bwana yu pamoja nao. Kwa nini basi mmejitukuza wenyewe juu ya kusanyiko la Bwana?”
မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး လျက် ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ် ရှိသမျှ အပေါင်း တို့သည် သန့်ရှင်း ကြ၏။ ထာဝရဘုရား သည် သူ တို့တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား ၏ပရိသတ် အပေါ် မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက် ရသနည်းဟု ဆို လေ၏။
4 Mose aliposikia jambo hili, akaanguka kifudifudi.
ထိုစကားကို မောရှေ ကြား လျှင် ပြပ်ဝပ် လျက် နေ၏။
5 Kisha akamwambia Kora na wafuasi wake wote: “Asubuhi Bwana ataonyesha ni nani aliye wake na ni nani aliye mtakatifu, tena atamtaka mtu huyo aje kwake. Mtu yule ambaye atamchagua atamfanya kuja karibu naye.
တဖန် မောရှေက၊ အဘယ်သူ သည် ထာဝရ ဘုရား ၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်း သည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ် စေမည်ကို၎င်း၊ နက်ဖြန် နေ့၌ ထာဝရဘုရား ပြ တော်မူမည်။ ရွေးကောက် တော်မူသောသူ ကိုလည်း အနီးအပါးသို့ ချဉ်းကပ် စေတော်မူမည်။
6 Wewe Kora na wafuasi wako wote mtafanya hivi: Chukueni vyetezo,
အိုကောရ နှင့် ကောရ၏အပေါင်းအသင်း ရှိသမျှ တို့၊ သင် တို့ပြု ရမည်အမှုဟူမူကား၊ လင်ပန်း တို့ကို ယူ ၍ ၊
7 kesho wekeni moto na uvumba kwenye hivyo vyetezo mbele za Bwana. Mtu ambaye Bwana atamchagua atakuwa ndiye mtakatifu. Ninyi Walawi mmejitukuza sana!”
နက်ဖြန် နေ့၊ ထာဝရဘုရား ရှေ့ တော်၌ မီး နှင့် လောဗန် ကို တင် ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက် တော်မူသော သူသည်၊ သန့်ရှင်း သောသူ ဖြစ် စေ။ အိုလေဝိ သား တို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆို လေ၏။
8 Pia Mose akamwambia Kora, “Enyi Walawi! Sasa nisikilizeni.
တဖန် မောရှေ က၊ အိုလေဝိ သား တို့၊ နားထောင် ကြပါလော့။
9 Haiwatoshi ninyi kwamba Mungu wa Israeli amewateua ninyi kutoka kusanyiko lote la Kiisraeli, na kuwaleta karibu naye mpate kufanya kazi kwenye Maskani ya Bwana, na kusimama mbele ya kusanyiko ili kuwahudumia?
သင်တို့သည် ထာဝရဘုရား ၏ တဲ တော်အမှု ကို ဆောင်ရွက် ၍၊ ပရိသတ် ရှေ့မှာ ရပ် လျက်၊ သူ တို့အမှု ကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင် သည်၊ သင် တို့ကို အနီးအပါး သို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလ အမျိုး ပရိသတ် နှင့် ခွဲ ထား၍ ၊
10 Amekuleta wewe na ndugu zako Walawi mwe karibu naye, lakini sasa unajaribu kupata na ukuhani pia.
၁၀သင့် ကို၎င်း ၊ သင့် ညီအစ်ကို လေဝိ သား အပေါင်း တို့ကို၎င်း၊ အနီးအပါး ၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ် အရာကိုလည်း ရှာ ကြသည်တကား။
11 Wewe na wafuasi wako wote mmekusanyika pamoja kinyume cha Bwana. Aroni ni nani kwamba ninyi mnungʼunike dhidi yake?”
၁၁ထိုကြောင့် သင် နှင့် သင် ၏အပေါင်းအသင်း ရှိသမျှ တို့ သည် ထာဝရဘုရား တဘက် ၌ စုဝေး ကြပြီ တကား။ အာရုန် ကို အပြစ်တင် ၍ မြည်တမ်းရမည် အကြောင်း ၊ သူ သည်အဘယ်သို့ သောသူဖြစ်သနည်းဟု ကောရ အား ဆို ပြီးမှ ၊
12 Kisha Mose akawaita Dathani na Abiramu, wana wa Eliabu. Lakini wao wakasema, “Sisi hatuji!
၁၂ဧလျာဘ သား ဒါသန် နှင့် အဘိရံ တို့ကို ခေါ် ခြင်းငှါ စေလွှတ် လေ၏။ သူတို့ကလည်း ငါတို့မ လာ။
13 Haitoshi tu kwamba wewe umetuleta kutoka nchi itiririkayo maziwa na asali ili kutuua sisi jangwani? Nawe sasa pia unataka kuwa mkuu juu yetu?
၁၃သင်သည် ဤတော ၌ ငါ တို့ကိုသတ် လို၍ နို့ နှင့် ပျားရည် စီး သော ပြည် မှ ဆောင် ခဲ့သော်လည်း၊ ငါ တို့ အပေါ် ၌ လုံးလုံးမင်း မပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
14 Zaidi ya hayo, hujatuingiza katika nchi inayotiririka maziwa na asali, wala hujatupa urithi wa mashamba na mashamba ya mizabibu. Je, utayangʼoa macho ya watu hawa? Hapana, sisi hatuji!”
၁၄ထိုမှတပါး နို့ နှင့် ပျားရည် စီး သော ပြည် သို့ ငါ တို့ကို မ ဆောင် ၊ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မပေး ဘဲ၊ ဤ လူ တို့၏မျက်စိ ကို ဖောက် ချင်သလော။ ငါတို့သည် သင့်ထံသို့မ လာ ဟု ပြန်ဆို၏။
15 Ndipo Mose akakasirika sana na kumwambia Bwana, “Usiikubali sadaka yao. Mimi sikuchukua chochote, hata punda kutoka kwao, wala sijamkosea hata mmoja wao.”
၁၅မောရှေ သည် အလွန် အမျက် ထွက်၍ ၊ ဤသူ တို့ ပူဇော်သက္ကာကို ပမာဏ ပြုတော်မ မူပါနှင့်။ သူတို့ဥစ္စာ မြည်း တ ကောင်ကိုမျှ အကျွန်ုပ်မ သိမ်း ပါ။ သူ တို့တွင် တယောက် ကိုမျှ မ ညှဉ်းဆဲ ပါဟု ထာဝရဘုရား အား လျှောက် ၍ ၊
16 Mose akamwambia Kora, “Wewe na wafuasi wako wote kesho mtatokea mbele za Bwana: yaani wewe na hao wenzako, pamoja na Aroni.
၁၆ကောရ အား လည်း၊ အာရုန် နှင့် သင် အစရှိသောသင် ၏အပေါင်းအသင်း ရှိသမျှ တို့သည်၊ နက်ဖြန် နေ့ ထာဝရဘုရား ရှေ့ တော်၌ ရှိ ကြလော့။
17 Kila mtu atachukua chetezo chake na kuweka uvumba ndani yake, vyetezo 250 kwa jumla, na kukileta mbele za Bwana. Wewe na Aroni mtaleta vyetezo vyenu pia.”
၁၇လူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များကို ယူ ၍ လောဗန် ကို တင် ပြီးမှ ၊ သင် နှင့် အာရုန် သည်လည်း မိမိ တို့ လင်ပန်း ပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာ ငါးဆယ် တို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့ ကြလော့ဟု ဆို သည်အတိုင်း ၊
18 Kwa hiyo kila mtu akachukua chetezo chake, akaweka moto na uvumba ndani yake, na kusimama pamoja na Mose na Aroni kwenye mlango wa Hema la Kukutania.
၁၈ထိုသူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များ ကို ယူ ၍ မီး နှင့် လောဗန် ကို တင် ပြီးမှ ၊ မောရှေ ၊ အာရုန် နှင့်အတူ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ရပ် နေကြ ၏။
19 Kora alipokuwa amekusanya wafuasi wake wote kuwapinga Mose na Aroni kwenye mlango wa Hema la Kukutania, utukufu wa Bwana ukatokea kwa kusanyiko lote.
၁၉ကောရ သည်လည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ပရိသတ် အပေါင်း တို့ကို မောရှေနှင့် အာရုန်တဘက် ၌ စုဝေး စေပြီးမှ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ပရိသတ် အပေါင်း တို့၌ ထင်ရှား လေ၏။
20 Bwana akamwambia Mose na Aroni,
၂၀ထာဝရဘုရား ကလည်း ၊ ဤ ပရိသတ် တို့နှင့် ခွာ၍ တခြားစီ နေလော့။
21 “Jitengeni kutoka kwenye kusanyiko hili ili nipate kuwaangamiza mara moja.”
၂၁ငါသည် သူ တို့ကိုချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ နှင့် အာရုန် အားမိန့် တော်မူလျှင်၊
22 Lakini Mose na Aroni wakaanguka kufudifudi na kulia kwa sauti, wakasema, “Ee Mungu, Mungu wa roho za wanadamu wote, utakuwa na hasira na kusanyiko lote wakati ni mtu mmoja tu ametenda dhambi?”
၂၂သူတို့က ပြပ်ဝပ် လျက် ၊ အိုဘုရားသခင် ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင် ၊ လူ တစ် ယောက်ပြစ်မှား သောအပြစ်ကြောင့် ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်လောဟု လျှောက်ဆို လေ၏။
23 Ndipo Bwana akamwambia Mose,
၂၃ထာဝရဘုရား ကလည်း၊
24 “Liambie kusanyiko, ‘Ondokeni hapo karibu na mahema ya Kora, Dathani na Abiramu.’”
၂၄ကောရ ၊ ဒါသန် ၊ အဘိရံ တို့၏ တဲ များကို ရှောင် ၍ နေစေခြင်းငှါ၊ ပရိသတ် တို့အား ဆင့်ဆို လော့ဟုမောရှေ အား မိန့် တော်မူသည်အတိုင်း၊
25 Mose akainuka na kuwaendea Dathani na Abiramu, nao wazee wa Israeli wakafuatana naye.
၂၅မောရှေ ထ ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့ နှင့်တကွ၊ ဒါသန် ၊ အဘိရံ နေရာသို့ သွား ပြီးမှ ၊
26 Mose akalionya kusanyiko, “Sogeeni nyuma mbali na mahema ya hawa watu waovu! Msiguse kitu chochote kilicho mali yao, la sivyo mtafagiliwa mbali kwa sababu ya dhambi zao zote.”
၂၆ဤ လူဆိုး တို့၏နေရာ တဲ များကို ရှောင် ၍ နေကြ ပါလော့။ သူ တို့၏ဥစ္စာတစုံတခု ကိုမျှမ ထိ ကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူ တို့အပြစ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ် တို့အား ဆင့်ဆို လျှင် ၊
27 Hivyo wakaondoka karibu na mahema ya Kora, Dathani na Abiramu. Dathani na Abiramu walikuwa wametoka nje, nao walikuwa wamesimama pamoja na wake zao, watoto wao na wale wanyonyao kwenye mlango wa mahema yao.
၂၇လူများတို့သည် ကောရ ၊ ဒါသန် ၊ အဘိရံ တဲ ပတ်ဝန်းကျင် ၌မနေဘဲ ရှောင် လွှဲ၍ သွားကြသဖြင့် ၊ ဒါသန် ၊ အဘိရံ သည်၊ သား မယား ကလေး များနှင့်တကွ ထွက် ၍ မိမိ တို့တဲ တံခါးဝ ၌ ရပ် နေကြ၏။
28 Ndipo Mose akasema, “Hivi ndivyo mtakavyojua kuwa Bwana amenituma kufanya mambo haya, na kwamba halikuwa wazo langu.
၂၈မောရှေ ကလည်း ၊ ဤ အမှု အလုံးစုံ တို့ကို ငါသည် အလိုလို မ ပြု၊ ထာဝရဘုရား စေခိုင်း တော်မူ၍ ငါပြု သည် အကြောင်း ကို သင်တို့သည် အဘယ်သို့သိ ရမည်နည်းဟူမူကား၊
29 Ikiwa watu hawa watakufa kifo cha kawaida na kupatwa na yale ya kawaida yanayowapata wanadamu, basi Bwana hakunituma mimi.
၂၉ခပ်သိမ်း သော လူ သတ္တဝါတို့ခံရသောသေ ခြင်း၊ ခပ်သိမ်း သော လူ သတ္တဝါတို့ ခံရသောဆုံးမ ခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မ မူ။
30 Lakini ikiwa Bwana ataleta jambo jipya kabisa, ardhi ikifunua kinywa chake na kuwameza wao, pamoja na kila kitu kilicho mali yao, nao washuke chini kaburini wakiwa hai, ndipo mtafahamu kuwa watu hawa wamemdharau Bwana.” (Sheol h7585)
၃၀သို့မဟုတ် ထာဝရဘုရား သည် အသစ် ဖန်ဆင်း တော်မူသဖြင့် ၊ မြေကြီး ကွဲ ပွင့်လျက် ဤလူတို့ကို၎င်း၊ သူ တို့ နှင့်ဆိုင်သမျှ ကို၎င်း မျို ၍၊ သူတို့သည် အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်း သွားလျှင် ၊ ထာဝရဘုရား ၌ ပြစ်မှား ကြောင်း ကို သင်တို့သည် သိ နားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
31 Mara Mose alipomaliza kusema haya yote, ardhi iliyokuwa chini yao ikapasuka,
၃၁ပြောဆို ပြီး သည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ ၍၊
32 nchi ikafunua kinywa chake na kuwameza wao, pamoja na jamaa zao, na watu wote wa Kora na mali zao zote.
၃၂မိမိ ခံတွင်း ကို ဖွင့် သဖြင့် ၊ သူ တို့နှင့် သူ တို့အိမ် များကို၎င်း ၊ ကောရ နှင့် ဆိုင်သမျှ သောသူ တို့ နှင့် သူတို့ ဥစ္စာ ရှိသမျှ ကို၎င်း မျို လေ၏။
33 Wakashuka chini kaburini wakiwa hai, pamoja na kila kitu walichokuwa nacho; nchi ikajifunika juu yao, nao wakaangamia wakatoweka kutoka kusanyiko. (Sheol h7585)
၃၃ထိုသူ တို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှ သောသူတို့ နှင့်တကွ ၊ အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်းသက် ၍ ၊ သူ တို့အပေါ် မှာ မြေ စေ့ ပြန်သဖြင့် ၊ သူတို့သည် ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရကြ၏။ (Sheol h7585)
34 Kutoka kilio chao, Waisraeli wote waliowazunguka walikimbia, wakipaza sauti, “Nchi inatumeza na sisi pia!”
၃၄သူ တို့အော်ဟစ် သံကို ပတ်ဝန်းကျင် ၌ရှိသောဣသရေလ အမျိုးသားတို့သည် ကြားလျှင်၊ ငါ တို့ကိုလည်း မြေ မျို ကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေး ကြ၏။
35 Moto ukaja kutoka kwa Bwana, ukawateketeza wale watu 250 waliokuwa wakifukiza uvumba.
၃၅နံ့သာပေါင်း ကို မီးရှို့၍ ပူဇော် သောသူ နှစ်ရာ ငါးဆယ် တို့ကိုလည်း၊ ထာဝရဘုရား ထံ တော်က မီး ထွက် ၍ လောင် လေ၏။
36 Bwana akamwambia Mose,
၃၆ထာဝရဘုရား ကလည်း ၊
37 “Mwambie Eleazari mwana wa kuhani Aroni, atoe vyetezo kwenye mabaki ya moto na kutawanya makaa mbali kiasi, kwa maana vyetezo ni vitakatifu:
၃၇ထိုသန့်ရှင်း သော လင်ပန်း တို့ကို မီးလောင် ရာထဲက ကောက်ယူ ၍မီး ကို ပစ်ချ ပြီးမှ၊
38 vyetezo vya watu waliofanya dhambi iliyowagharimu maisha yao. Fua vyetezo hivyo kuwa bamba ili kufunika madhabahu, kwa maana vimeletwa mbele za Bwana na vimekuwa vitakatifu. Navyo viwe ishara kwa Waisraeli.”
၃၈ကိုယ် အသက် ကို သေစေခြင်းငှါပြစ်မှား သောသူတို့ ၏ လင်ပန်း တို့ဖြင့် ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါ ပြားတို့ကို လုပ် ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ကို ဆင့်ဆို လော့။ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သောကြောင့် ၊ ထိုလင်ပန်းတို့သည် သန့်ရှင်း သည်ဖြစ်၍ ၊ ဣသရေလ အမျိုးသား တို့အား နိမိတ် ဖြစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
39 Hivyo kuhani Eleazari akavikusanya vile vyetezo vya shaba vilivyoletwa na wale waliokuwa wameteketezwa kwa moto, naye akavifua kufunika madhabahu,
၃၉ယဇ်ပုရောဟိတ် ဧလာဇာ သည်၊ မီးလောင် ခြင်း ကို ခံရသောသူတို့ ပူဇော် သော လင်ပန်း များကို ယူ ၍ ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
40 kama vile Bwana alivyomwelekeza kupitia Mose. Hili lilikuwa kuwakumbusha Waisraeli kwamba hakuna mtu hata mmoja, isipokuwa mzao wa Aroni, awezaye kuja kufukiza uvumba mbele za Bwana, la sivyo, angekuwa kama Kora na wafuasi wake.
၄၀ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
41 Siku iliyofuata jumuiya yote ya Kiisraeli wakanungʼunika dhidi ya Mose na Aroni, wakisema, “Mmewaua watu wa Bwana.”
၄၁နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊ သင်တို့သည် ထာဝရဘုရား ၏လူ တို့ကိုသတ် ကြပြီဟုဆို လျက်၊ မောရှေ နှင့် အာရုန် တို့ကို အပြစ်တင် ၍ မြည်တမ်းကြ၏။
42 Lakini wakati kusanyiko lilipokusanyika kupingana na Mose na Aroni, nalo likageuka kuelekea Hema la Kukutania, ghafula wingu likafunika Hema, nao utukufu wa Bwana ukatokea.
၄၂ပရိသတ် အပေါင်းတို့သည် မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြသောအခါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ် သည် တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထင်ရှား လေ၏။
43 Ndipo Mose na Aroni wakaenda mbele ya Hema la Kukutania,
၄၃မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ချဉ်းကပ် ကြ၏။
44 naye Bwana akamwambia Mose,
၄၄ထာဝရဘုရား ကလည်း၊
45 “Jitenge mbali na kusanyiko hili ili niweze kuwaangamiza mara moja.” Wakaanguka chini kifudifudi.
၄၅ဤ ပရိသတ် တို့ကိုရှောင် ၍ နေကြလော့။ ငါသည် သူ တို့ကို ချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ အား မိန့် တော်မူလျှင် ၊ သူတို့သည် ပြပ်ဝပ် လျက် နေကြ၏။
46 Kisha Mose akamwambia Aroni, “Chukua chetezo chako na uweke uvumba ndani yake, pamoja na moto kutoka madhabahuni, nawe uende haraka kwenye kusanyiko ili kufanya upatanisho kwa ajili yao. Ghadhabu imekuja kutoka kwa Bwana, na tauni imeanza.”
၄၆မောရှေ ကလည်း ၊ သင်သည် လင်ပန်း ကို ကိုင် ၍ ယဇ်ပလ္လင် ပေါ် က မီး ကို ယူထည့် ပြီးလျှင် ၊ လောဗန် ကိုလည်း တင် လျက် ၊ ပရိသတ် ရှိရာသို့ အလျင်အမြန် သွား ၍ အပြစ် ဖြေခြင်းကို ပြုလော့။ ထာဝရဘုရား ထံ တော်က အမျက် တော်ထွက် ၍ ဘေးဥပဒ် ရောက် လျက် ရှိပြီဟု၊
47 Hivyo Aroni akafanya kama Mose alivyosema, akakimbilia katikati ya kusanyiko. Tauni ilikuwa tayari imeanza miongoni mwa watu, lakini Aroni akafukiza uvumba na kufanya upatanisho kwa ajili yao.
၄၇အာရုန် အား မှာထား သည်အတိုင်း ၊ အာရုန် သည် ယူ ၍ ပရိသတ် ထဲသို့ ပြေး လေ၏။ ထိုအခါ လူ တို့ ၌ ဘေးဥပဒ် ရောက်စ ရှိသည်ဖြစ်၍၊ လောဗန် ကို တင် သဖြင့် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြု၏။
48 Aroni akasimama kati ya waliokuwa hai na waliokufa, nayo tauni ikakoma.
၄၈အသက် ရှင်သောသူ၊ သေ သောသူ စပ်ကြား မှာ ရပ် နေ၍၊ ဘေးဥပဒ် ငြိမ်း လေ၏။
49 Lakini walikufa watu 14,700 kutokana na tauni hiyo, licha ya wale waliokuwa wamekufa kwa sababu ya Kora.
၄၉ကောရ အမှု ကြောင့် သေ သောသူတို့ကို ထား၍ ထိုဘေးဥပဒ် ဖြင့် သေ သော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာရှိ သတည်း။
50 Ndipo Aroni akamrudia Mose kwenye mlango wa Hema la Kukutania, kwa maana tauni ilikuwa imekoma.
၅၀ထိုဘေးဥပဒ် ငြိမ်း ပြီးမှ ၊ အာရုန် သည် ပရိသတ် စည်းဝေး ရာ တဲ တော်တံခါးဝ ၊ မောရှေ ထံသို့ ပြန်လာ ၏။

< Hesabu 16 >