< Hesabu 14 >

1 Usiku ule watu wote wa jumuiya walipaza sauti zao na kulia kwa sauti kuu.
ထိုအခါ ပရိသတ် အပေါင်း တို့သည် အသံ ကို လွှင့် ၍ မြည်တမ်းသဖြင့် ၊ တညဉ့်လုံး ငိုကြွေး ကြ၏။
2 Waisraeli wote wakanungʼunika dhidi ya Mose na Aroni, nalo kusanyiko lote wakawaambia, “Laiti tungekuwa tumefia humo nchi ya Misri! Au humu kwenye hili jangwa!
ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည်၊ မောရှေ နှင့် အာရုန် ကို အပြစ်တင် သော စကားနှင့် မြည်တမ်းလျက် ၊ ငါတို့သည် အဲဂုတ္တု ပြည် ၌ မသေ ပါလေ။ ဤ တော ၌ မသေ ပါလေ။
3 Kwa nini Bwana anatuleta katika nchi hii ili tufe kwa upanga? Wake zetu na watoto wetu watachukuliwa kama nyara. Je, isingekuwa bora kwetu kurudi Misri?”
ငါတို့သည် ထား ဖြင့် သေ ၍ သား မယား တို့သည် ရန်သူ လက်သို့ ရောက်စေခြင်းငှါ၊ ထာဝရဘုရား သည် အဘယ်ကြောင့် ငါ တို့ကို ဤ အရပ် သို့ ဆောင် ခဲ့တော်မူသနည်း။ အဲဂုတ္တု ပြည်သို့ ပြန် ကောင်း သည်မ ဟုတ်လော ဟု မောရှေနှင့် အာရုန်အားဆို ပြီးမှ ၊
4 Wakasemezana wao kwa wao, “Inatupasa kumchagua kiongozi na kurudi Misri.”
တဖန် လူတစုံတယောက်ကိုချီးမြှောက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြန် ကြစို့ဟု တယောက် ကို တယောက်ဆို ကြ၏။
5 Ndipo Mose na Aroni wakaanguka kifudifudi mbele ya kusanyiko lote la Kiisraeli lililokusanyika hapo.
မောရှေ နှင့် အာရုန် တို့သည်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ရှေ့မှာ ပြပ်ဝပ် လျက် နေကြ၏။
6 Yoshua mwana wa Nuni na Kalebu mwana wa Yefune, waliokuwa miongoni mwa watu wale waliokwenda kuipeleleza nchi, wakararua nguo zao,
ခါနာန်ပြည် ကို စူးစမ်း သောလူစုထဲက နုန် ၏ သား ယောရှု ၊ ယေဖုန္နာ ၏သား ကာလတ် တို့သည် မိမိ တို့အဝတ် ကို ဆုတ် ၍ ၊
7 wakasema na kusanyiko lote la Kiisraeli, wakawaambia, “Nchi tuliyopita katikati yake na kuipeleleza ni nzuri sana sana.
ဣသရေလ အမျိုးသား အပေါင်း တို့အား ခေါ် လျက်၊ ငါတို့ရှောက်သွား ၍စူးစမ်း သော ပြည် သည် အလွန်တရာ ကောင်း သော ပြည် ဖြစ်ပါ၏။
8 Ikiwa Bwana anapendezwa nasi, atatuongoza kuingia katika nchi ile, nchi itiririkayo maziwa na asali, naye atatupa nchi hiyo.
ထာဝရဘုရား သည် ငါ တို့ကိုနှစ်သက် လျှင် ၊ နို့ နှင့် ပျားရည် စီး သော ထိုပြည် သို့ ငါ တို့ကို ဆောင် သွင်း၍ အပိုင်ပေး တော်မူလိမ့်မည်။
9 Ila tu msimwasi Bwana. Wala msiwaogope watu wa nchi hiyo, kwa sababu tutawameza. Ulinzi wao umeondoka, lakini Bwana yupo pamoja nasi. Msiwaogope.”
ထာဝရဘုရား ကို မ ပုန်ကန် ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မ ကြောက် ကြနှင့်။ သူ တို့သည် ငါ တို့ စားစရာ ဘို့ဖြစ်ကြ၏။ သူ တို့၌ အမှီတကဲ မ ရှိ။ ထာဝရဘုရား သည် ငါ တို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍သူ တို့ကို မ ကြောက် ကြနှင့်ဟု ပြောဆို ကြလေသော်။
10 Lakini kusanyiko lote likazungumza juu ya kuwapiga kwa mawe. Ndipo utukufu wa Bwana ukaonekana katika Hema la Kukutania kwa Waisraeli wote.
၁၀ပရိသတ် အပေါင်း တို့သည်၊ ထိုသူ နှစ်ယောက်ကို ကျောက်ခဲ နှင့် ပစ် စေခြင်းငှါ စီရင် ကြ၏။ ထိုအခါ ထာဝရ ဘုရား ၏ဘုန်း တော်သည် ဣသရေလ အမျိုးသား အပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေး ရာ တဲ တော်၌ ထင်ရှား လေ ၏။
11 Bwana akamwambia Mose, “Watu hawa watanidharau mpaka lini? Wataendelea kukataa kuniamini mimi mpaka lini, ingawa nimetenda ishara za miujiza miongoni mwao?
၁၁ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် အဘယ်မျှ ကာလပတ်လုံးငါ့ ကို မရိုမသေ ပြုကြလိမ့်မည်နည်း။ သူ တို့၌ ငါပြ ခဲ့ပြီးသမျှ သော နိမိတ် လက္ခဏာတို့ကို မြင်ရ သော်လည်းအဘယ်မျှ ကာလပတ်လုံးငါ့ ကို မ ယုံ ဘဲနေကြလိမ့်မည်နည်း။
12 Nitawapiga kwa tauni na kuwaangamiza, lakini nitakufanya wewe kuwa taifa kubwa lenye nguvu kuliko wao.”
၁၂သူ တို့ကိုကာလနာ ဘေးဖြင့် ငါသည် ဒဏ်ခတ် ၍ သား၏ အရာကိုနှုတ် မည်။ သူ တို့ထက် သင့် ကိုသာ၍စည်ပင် သောအမျိုး ၊ သာ၍တန်ခိုးကြီး သောအမျိုး ဖြစ် စေမည်ဟု မောရှေ အား မိန့် တော်မူ၏။
13 Mose akamwambia Bwana, “Ndipo Wamisri watasikia juu ya jambo hili! Kwa uweza wako uliwapandisha watu hawa kutoka miongoni mwao.
၁၃မောရှေ ကလည်း ၊ ကိုယ်တော်သည် ဤ လူမျိုး ကို တန်ခိုး တော်အားဖြင့် အဲဂုတ္တု လူတို့ထဲက နှုတ်ဆောင် ခဲ့ တော်မူသည်ဖြစ်၍ ၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တု လူတို့သည် ကြား ပြန်လျှင် ၊
14 Nao watawaambia wenyeji wa nchi hii jambo hili. Wao tayari wameshasikia kwamba wewe, Ee Bwana, upo pamoja na watu hawa, na kuwa wewe, Ee Bwana, umeonekana uso kwa uso, nalo wingu lako hukaa juu yao. Tena wewe unawatangulia kwa nguzo ya wingu mchana na kwa nguzo ya moto usiku.
၁၄ဤ ပြည် ၌ နေ သောသူတို့အား သိတင်းပြော ကြ လိမ့်မည်။ ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူမျိုး ၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား ၊ ကိုယ်တော် သည် ထင်ရှား တော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ် တော်သည် သူ တို့ကို လွှမ်းမိုး ကြောင်းကို၎င်း၊ ကိုယ်တော် သည် နေ့ အချိန်၌ မိုဃ်းတိမ် တိုင် ၊ ညဉ့် အချိန်၌ မီး တိုင် ဖြင့် သူ တို့ ရှေ့က ကြွ တော်မူကြောင်းကို၎င်းကြား ရကြပြီ။
15 Ikiwa utawaua watu hawa wote mara moja, mataifa ambayo yamesikia taarifa hii kukuhusu wewe watasema,
၁၅ယခုမှာ၊ ဤ လူမျိုး ကို လူ တ ယောက်ကဲ့သို့ မှတ်၍ သုတ်သင် ပယ်ရှင်းတော်မူလျှင် ၊ သိတင်း တော်ကို ကြား ဘူး သော လူ အမျိုးမျိုးတို့က၊
16 ‘Bwana alishindwa kuwaingiza watu hawa katika nchi aliyowaahidi kwa kiapo; hivyo akawaua jangwani.’
၁၆ထာဝရဘုရား သည် ထိုလူ တို့အား ဤမည်သော ပြည်ကို ငါပေးမည်ဟု ကျိန်ဆို သော်လည်း၊ ထို ပြည် သို့ သူတို့ကို ဆောင် သွင်းခြင်းငှါ မ တတ်နိုင် သောကြောင့် ၊ တော ၌ သုတ်သင် ပယ်ရှင်းပြီဟု ပြောဆို ကြပါလိမ့်မည်။
17 “Basi sasa nguvu za Bwana na zionekane, sawasawa na vile ulivyosema:
၁၇ကိုယ်တော်က၊ ထာဝရဘုရား သည်သည်းခံ သောသဘော၊ သနား သောသဘောနှင့်ပြည့်စုံတော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ လူအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္တ အဆက်တိုင်အောင် ၊ အဘ တို့၏အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသော ဘုရားသခင်ဖြစ်၏ဟု မိန့် တော်မူသည်အတိုင်း ၊
18 ‘Bwana si mwepesi wa hasira, ni mwingi wa upendo na mwenye kusamehe dhambi na uasi. Lakini haachi kumwadhibu mwenye hatia, huadhibu watoto kwa ajili ya dhambi ya baba zao hata kizazi cha tatu na cha nne.’
၁၈အကျွန်ုပ် တို့၏ဘုရားရှင် တန်ခိုး တော်သည်ကြီး ပါစေသော။
19 Kwa kadiri ya upendo wako mkuu, usamehe dhambi ya watu hawa, kama vile ulivyowasamehe tangu wakati walitoka Misri mpaka sasa.”
၁၉အဲဂုတ္တု ပြည်ကထွက်သောနေ့ မှစ၍ ယခု တိုင်အောင် ဤ လူမျိုး ၏အပြစ်ကို လွှတ် တော်မူသည်နည်းတူ ၊ ကရုဏာ တော်များပြား သည်နှင့်အညီ ၊ ယခု လည်း လွှတ် တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
20 Bwana akajibu, “Nimewasamehe kama ulivyoomba.
၂၀ထာဝရဘုရား က၊ သင် တောင်းပန် သည်အတိုင်း ငါလွှတ် ၏။
21 Hata hivyo, kwa hakika kama niishivyo, na kwa hakika kama utukufu wa Bwana uijazavyo dunia yote,
၂၁ငါ အသက် ရှင်သည်ဖြစ်၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် မြေ တပြင်လုံး ၌ နှံ့ပြား လိမ့်မည်။
22 hakuna hata mmoja wa watu hawa ambao waliuona utukufu wangu na ishara za miujiza niliyotenda huko Misri na huko jangwani, lakini ambaye hakunitii na akanijaribu mara hizi kumi,
၂၂ငါ့ ဘုန်း တော်ကို၎င်း ၊ အဲဂုတ္တု ပြည်မှစ၍ ဤ တော ၌ ထူးဆန်း သော တန်ခိုးတော်ကို၎င်းမြင် ရသောလူ အပေါင်း တို့သည်၊ ငါ့ စကား ကိုနား မ ထောင်၊ဆယ် ကြိမ် တိုင်အောင်ငါ့ ကိုစုံစမ်း သောကြောင့် ၊
23 hakuna hata mmoja wao atakayeona nchi niliyowaahidi baba zao kwa kiapo. Hakuna hata mmoja ambaye amenidharau atakayeiona.
၂၃သူ တို့ဘိုးဘေး တို့အား ငါကျိန်ဆို သော ပြည် ကို အကယ်စင်စစ်သူတို့သည်မ မြင် ရကြ။ ငါ့ ကိုမရိုမသေ ပြု သော သူတစုံတယောက် မျှ မ မြင် ရ။
24 Lakini kwa sababu mtumishi wangu Kalebu ana roho ya tofauti na ananifuata kwa moyo wote, nitamwingiza katika nchi aliyoiendea, nao wazao wake watairithi.
၂၄ငါ့ ကျွန် ကာလက် မူကား ထူးခြား သော သဘော ရှိ ၍ ၊ ငါ့ နောက်သို့ လုံးလုံး လိုက်သောကြောင့် ၊ သူသွား ခဲ့ပြီးသော ပြည် သို့ သူ့ ကို ငါဆောင် သွင်းသဖြင့် ၊ သူ ၏သား မြေးတို့သည် အမွေ ခံရကြ လိမ့်မည်။
25 Kwa kuwa Waamaleki na Wakanaani wanaishi katika mabonde, kesho geukeni mwelekee jangwani kwa kufuata njia iendayo Bahari ya Shamu.”
၂၅အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့သည် ချိုင့် မှာ နေ ကြသည်ဖြစ်၍ ၊ သင် တို့သည် နက်ဖြန် နေ့ ၌လှည့်လည် ၍ ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့သွား ကြလော့ဟု မိန့် တော်မူ၏။
26 Bwana akamwambia Mose na Aroni:
၂၆တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
27 “Jumuiya hii ovu itanungʼunika dhidi yangu hadi lini? Nimesikia malalamiko ya hawa Waisraeli wanaonungʼunika.
၂၇ငါ့ ကို အပြစ်တင် ၍ မြည်တမ်း သောဤ ပရိသတ် ဆိုး တို့ကို အဘယ်မျှ ကာလပတ်လုံးငါသည် သည်းခံရအံ့နည်း။ ဣသရေလ အမျိုးသား တို့သည် ငါ့ ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြား ရပြီ။
28 Hivyo waambie, ‘Hakika kama niishivyo, asema Bwana, nitawafanyia vitu vilevile nilivyosikia mkisema:
၂၈သင်သည် သူ တို့အား ဆင့်ဆို ရမည်မှာ၊ ထာဝရဘုရား က၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ ကို ကြား စေခြင်းငှါပြော ကြသော စကားအတိုင်း သင် တို့ကို ငါပြု မည်။
29 Kila mmoja wenu mwenye umri wa miaka ishirini au zaidi ambaye alihesabiwa na amenungʼunika dhidi yangu, miili yenu itaanguka katika jangwa hili.
၂၉သင် တို့ကို ရေတွက် ၍ စာရင်း ယူသည်အတိုင်း၊ အသက် နှစ်ဆယ် လွန် သောသူ၊ ငါ့ ကို အပြစ်တင် ၍ မြည်တမ်း သောသူအပေါင်း တို့သည် သေ ၍ ဤ တော ၌ အသေကောင် ဖြစ်လျက် နေရစ်ကြလိမ့်မည်။
30 Hakuna hata mmoja wenu atakayeingia katika nchi niliyoapa kwa mkono ulioinuliwa kuwa makao yenu, isipokuwa Kalebu mwana wa Yefune, na Yoshua mwana wa Nuni.
၃၀ငါသည် ဤမည်သောပြည် ၌ သင် တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို ၏။ ထို ပြည် သို့ ယေဖုန္နာ ၏သား ကာလက် ၊ နုန် ၏သား ယောရှု မှတပါး အဘယ်သူ မျှမရောက် ရ။
31 Lakini watoto wenu ambao mlisema watachukuliwa kama mateka, nitawaingiza humo ili waifurahie nchi ambayo ninyi mmeikataa.
၃၁ရန်သူလုယူ ရာ ဖြစ် လိမ့်မည်ဟု သင်တို့ဆို သော သူငယ် တို့ကို ငါဆောင် သွင်း၍ သင်တို့ပယ် သော ပြည် ကို သူတို့သည်သိ ရကြလိမ့်မည်။
32 Lakini ninyi, miili yenu itaanguka katika jangwa hili.
၃၂သင် တို့မူကား ၊ ဤ တော ၌ သေ ၍ အသေကောင် ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။
33 Watoto wenu watakuwa wachungaji wa mifugo hapa kwa miaka arobaini, wakiteseka kwa ajili ya kukosa uaminifu kwenu, hadi mwili wa mtu wenu wa mwisho ulale katika jangwa hili.
၃၃ဤတော ၌ သင် တို့အသေကောင် များ ပျောက်ပျက် သည်တိုင်အောင် ၊ ကိုယ် သားသမီး တို့သည် မိဘ မှားယွင်း ခြင်းအပြစ်များကို ဆောင် ၍၊ ဤတော ၌ အနှစ် လေးဆယ် ပတ်လုံးလှည့်လည် ရကြလိမ့်မည်။
34 Kwa miaka arobaini, mwaka mmoja kwa kila siku katika zile siku arobaini mlizoipeleleza nchi, mtateseka kwa ajili ya dhambi zenu, na kujua jinsi ilivyo vibaya kunifanya mimi kuwa adui yenu.’
၃၄ထိုပြည် ကို စူးစမ်း ရာ နေ့ ရက်ပေါင်း အရက် လေးဆယ် နှင့်အညီ၊ တရက် ကို တနှစ် ထား၍၊ အနှစ် လေးဆယ် ပတ်လုံးကိုယ် အပြစ် ကိုဆောင် လျက်၊ ငါ့ စွန့်ပစ် ခြင်းကို သိ ရကြလိမ့်မည်။
35 Mimi Bwana nimesema, na hakika nitafanya mambo haya kwa jumuiya hii yote ovu, ambayo imefungamana pamoja dhidi yangu. Watakutana na mwisho wao katika jangwa hili; hapa ndipo watafia.”
၃၅အကယ်စင်စစ် ငါ တဘက် ၌ စည်းဝေး သော ဤ ပရိသတ် ဆိုး အပေါင်း တို့ကို ထိုသို့ငါပြု ၍ သူတို့သည် ဤ တော ၌ သေကြေ ပျောက်ပျက် ကြ လိမ့်မည်ဟု ငါ ထာဝရ ဘုရား မိန့် တော်မူ၏။
36 Hivyo watu wale ambao Mose alikuwa amewatuma kuipeleleza nchi, waliorudi na kuifanya jumuiya nzima kunungʼunika dhidi ya Mose kwa kueneza taarifa mbaya kuhusu hiyo nchi:
၃၆မောရှေ စေလွှတ် သော အခွင့်နှင့် ခါနာန်ပြည် ကို စူးစမ်း ၍ ပြန်လာ သောအခါ ၊ ထိုပြည် ကို ကဲ့ရဲ့ သဖြင့် ပရိသတ် အပေါင်း မြည်တမ်း စေခြင်းငှါတိုက်တွန်းသောသူ ၊
37 watu hawa waliohusika kueneza taarifa mbaya kuhusu hiyo nchi walipigwa na kuanguka kwa tauni mbele za Bwana.
၃၇ခါနာန်ပြည် ကို မကောင်း သောသိတင်း ကြားပြောသောသူ တို့ သည်၊ ထာဝရဘုရား ရှေ့ တော်၌ ကာလနာ ဘေးနှင့် သေ ကြလေ၏။
38 Miongoni mwa watu waliokwenda kuipeleleza hiyo nchi, ni Yoshua mwana wa Nuni, na Kalebu mwana wa Yefune peke yao waliosalia.
၃၈ထိုပြည် ကို စူးစမ်း ၍ သွား သောလူတို့တွင် နုန် ၏ သား ယောရှု နှင့် ယေဖုန္န ၏သား ကာလက် တို့သာ အသက် ချမ်းသာရကြ၏။
39 Mose alipotoa taarifa hii kwa Waisraeli wote, waliomboleza kwa uchungu.
၃၉မောရှေ သည် ဣသရေလ အမျိုးသား အပေါင်း တို့ အား စကား တော်များကို ဆင့်ဆို သောအခါ ၊ လူ များတို့ သည် အလွန် ညည်းတွား လျက် နေကြ၏။
40 Mapema asubuhi siku iliyofuata walipanda juu kuelekea kwenye nchi ya vilima virefu, wakasema, “Tumetenda dhambi. Tutakwea mpaka mahali Bwana alipotuahidi.”
၄၀နံနက် စောစောထ ၍ တောင် ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ ငါတို့သည် ပြစ်မှား ပြီ။ သို့သော်လည်း ယခုအသင့် ရှိပါ၏။ ထာဝရဘုရား ဂတိ ထားတော်မူသော ပြည် သို့ သွား ပါမည်ဟုဆို ကြသော်၊
41 Lakini Mose akasema, “Kwa nini hamtii amri ya Bwana? Jambo hili halitafanikiwa!
၄၁မောရှေ က၊ ထာဝရဘုရား ၏ အမိန့် တော်ကို အဘယ်ကြောင့် လွန်ကျူး ကြသနည်း။ သင်တို့အကြံ မ ထမြောက်ရ။
42 Msipande juu, kwa kuwa Bwana hayupo pamoja nanyi. Mtashindwa na adui zenu,
၄၂မ သွား ကြနှင့်၊ ထာဝရဘုရား သည် သင် တို့ဘက်၌ ရှိတော်မ မူ။ သွားလျှင် ရန်သူ ရှေ့မှာ ရှုံး ရကြလိမ့်မည်။
43 kwa kuwa Waamaleki na Wakanaani watapambana nanyi huko. Kwa sababu mmemwacha Bwana, hatakuwa pamoja nanyi, ninyi mtaanguka kwa upanga.”
၄၃အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့ သည် သင် တို့မ ရောက်မှီရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။ ထာဝရဘုရား ထံ တော်မှ လွှဲသွား သောကြောင့် ၊ ထာဝရဘုရား သည် သင် တို့ဘက်၌ နေ တော်မ မူဟုဆို သော်လည်း ၊
44 Hata hivyo, kwa kiburi chao walipanda juu kuelekea nchi ya vilima virefu, ijapokuwa Mose hakutoka kambini wala Sanduku la Agano la Bwana.
၄၄သူတို့သည်ခိုင်ခံ့ သောစိတ်နှင့် တောင် ထိပ် ထက် သို့ တဖန်တက် ကြ၏။ သို့ရာတွင် ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့်တကွ ၊ မောရှေ သည် တပ် ပြင် သို့ မ ထွက် မသွားဘဲ နေလေ၏။
45 Ndipo Waamaleki na Wakanaani walioishi katika hiyo nchi ya vilima wakateremka na kuwashambulia, wakawapiga njia yote hadi Horma.
၄၅ထိုအခါ တောင် ပေါ်မှာရှိ နှင့်သော အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့သည် ဆင်းလာ လျက် ၊ ဣသရေလအမျိုးသားတို့ကို တိုက် ၍ အောင်သဖြင့်၊ ဟောမာ မြို့တိုင်အောင် လိုက် ကြလေ၏။

< Hesabu 14 >