< Hesabu 10 >
၁တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 “Tengeneza tarumbeta mbili za fedha ya kufua, uzitumie kwa kuita jumuiya pamoja na wakati wa kuvunja makambi ili kuondoka.
၂သင်သည် ပရိသတ် စည်းဝေး စေခြင်းငှါ ၎င်း ၊ တပ် တို့ကို ချီ စေခြင်းငှါ ၎င်း၊ မှုတ်ရသောငွေ တံပိုး နှစ် လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့်မဆက်ဘဲလုပ် ရမည်။
3 Tarumbeta zote mbili zikipigwa, jumuiya yote itakusanyika mbele yako katika ingilio la Hema la Kukutania.
၃တံပိုးမှုတ် သောအခါ ၊ ပရိသတ် အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ သင့် ထံ၌ စည်းဝေး ရကြမည်။
4 Kama tarumbeta moja tu ikipigwa, viongozi, yaani wakuu wa koo za Israeli, ndio watakaokusanyika mbele yako.
၄တံပိုးတလုံးတည်း ကို မှုတ် လျှင် ၊ ဣသရေလ အမျိုး၌ လူတထောင် ကို အုပ် သောမင်း တို့သည် သင့် ထံ၌ စည်းဝေး ရကြမည်။
5 Wakati mlio wa kujulisha hatari ukipigwa, makabila yaliyo na makambi upande wa mashariki yataondoka.
၅နှိုးဆော် သံနှင့်မှုတ် သောအခါ ၊ အရှေ့ တပ် တို့ သည် ချီ သွားရကြမည်။
6 Ukisikika mlio wa pili wa jinsi hiyo, walioko kwenye makambi ya kusini wataondoka. Mlio huo wa kujulisha hatari utakuwa ishara ya kuondoka.
၆ဒုတိယ အကြိမ်နှိုးဆော် သံနှင့် မှုတ် သောအခါ ၊ တောင် တပ် တို့ သည် ချီ သွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်းချီ သွားစေခြင်းငှာ နှိုးဆော် သံနှင့်မှုတ် ရမည်။
7 Ili kukusanya kusanyiko, piga tarumbeta zote, lakini siyo kwa mlio wa kujulisha hatari.
၇ပရိသတ် စည်းဝေး စေခြင်းငှါနှိုးဆော် သံကိုမ ပြု ဘဲ တံပိုးမှုတ် ရမည်။
8 “Wana wa Aroni, makuhani, ndio watakaopiga hizo tarumbeta. Hili litakuwa agizo la kudumu kwa ajili yenu na kwa vizazi vijavyo.
၈အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ် တို့သည် ထိုတံပိုး ကို မှုတ် ရကြမည်။ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောပညတ် ဖြစ် သတည်း။
9 Wakati mtakapopigana vita katika nchi yenu wenyewe dhidi ya adui anayewaonea, piga tarumbeta kwa mlio wa kujulisha hatari. Ndipo utakumbukwa na Bwana Mungu wenu na kuokolewa kutoka kwa adui zenu.
၉သင်တို့သည် ကိုယ် ပြည် ၌ နေသောအခါ၊ တိုက် လာသောရန်သူ တို့ကို စစ် ချီ လျှင် ၊ နှိုးဆော် သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အောက်မေ့ ၍ ၊ ရန်သူ လက်မှ ကယ်တင် တော်မူမည်။
10 Pia nyakati za furaha yenu, yaani sikukuu zenu zilizoamriwa na sikukuu za Mwezi Mwandamo, mtapiga tarumbeta juu ya sadaka zenu za kuteketezwa na sadaka zenu za amani, nazo zitakuwa ukumbusho kwa ajili yenu mbele za Mungu wenu. Mimi ndimi Bwana, Mungu wenu.”
၁၀သင် တို့သည် ရွှင်လန်း ခြင်းကို ပြုသောနေ့ ၊ ပွဲသဘင် နေ့၊ လဆန်း နေ့တို့၌ ၊ သင် တို့ဘုရားသခင် အောက်မေ့ တော်မူဘို့ရာ၊ သင် တို့မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ် ပူဇော်သက္ကာ များအပေါ် မှာ တံပိုး မှုတ် ရကြမည်။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
11 Katika siku ya ishirini ya mwezi wa pili wa mwaka wa pili, wingu liliinuka kutoka juu ya maskani ya Ushuhuda.
၁၁ဒုတိယ နှစ် ၊ ဒုတိယ လ အရက်နှစ်ဆယ် မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ် သည် သက်သေခံ ချက်တဲ တော် မှ ကွာ မြောက်သည်ဖြစ်၍၊
12 Ndipo Waisraeli wakaondoka kutoka Jangwa la Sinai wakasafiri kutoka sehemu moja hadi nyingine mpaka wingu lilipotua katika Jangwa la Parani.
၁၂ဣသရေလ အမျိုးသား တို့သည် သိနာ တောင် မှ ခရီးသွား ကြ၏။ နောက် တဖန် မိုဃ်းတိမ် သည် ပါရန် တော ၌ တည် နေ၏။
13 Waliondoka kwa mara ya kwanza kwa agizo la Bwana kupitia kwa Mose.
၁၃ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ပဌမ ခရီး သွားခြင်းကို ပြုကြ၏။
14 Vikosi vya kambi ya Yuda vilitangulia kwanza chini ya alama yao. Nashoni mwana wa Aminadabu alikuwa kiongozi wao.
၁၄ယုဒ တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည်၊ အလံ နှင့်တကွရှေ့ဦးစွာ ချီ သွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ် သား နာရှုန် အုပ်ရ၏။
15 Nethaneli mwana wa Suari alikuwa kiongozi wa kabila la Isakari,
၁၅ဣသခါ တပ် ကို၊ ဇုအာ သား နာသနေလ အုပ်၏။
16 naye Eliabu mwana wa Heloni alikuwa kiongozi wa kabila la Zabuloni.
၁၆ဇာဗုလုန် တပ် ကို၊ ဟေလုန် သား ဧလျာဘ အုပ်ရ၏။
17 Ndipo Maskani iliposhushwa, nao wana wa Gershoni na wana wa Merari ambao waliibeba wakaondoka.
၁၇တဲ တော်ကိုဖြုတ် ချ၍ ဂေရရှုန် သား ၊ မေရာရိ သား တို့သည် တဲ တော်ကို ထမ်း လျက်ချီ သွားကြ၏။
18 Vikosi vya kambi ya Reubeni vilifuata, chini ya alama yao. Elisuri mwana wa Shedeuri alikuwa kiongozi wao.
၁၈ရုဗင် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ရုဗင် တပ် ကို ရှေဒုရ သား ဧလိဇုရ အုပ်ရ၏။
19 Shelumieli mwana wa Surishadai aliongoza kikosi cha kabila la Simeoni,
၁၉ရှိမောင် တပ် ကို ဇုရိရှဒ္ဒဲ သား ရှေလုမျေလ အုပ် ရ၏။
20 naye Eliasafu mwana wa Deueli aliongoza kikosi cha kabila la Gadi.
၂၀ဂဒ် တပ် ကို ဒွေလ သား ဧလျာသပ် အုပ်ရ၏။
21 Kisha Wakohathi wakaondoka, wakichukua vitu vitakatifu. Maskani ilikuwa isimamishwe kabla wao hawajafika.
၂၁ကောဟတ် သားတို့သည် သန့်ရှင်း ရာဌာန တန်ဆာတို့ကို ထမ်း လျက် ချီ သွားကြ၏။ သူ တို့မ ရောက် မှီ အရင်သွားသောသူတို့ သည် တဲ တော်ကို ထူထောင် ရကြ၏။
22 Vikosi vya kambi ya Efraimu vilifuata, chini ya alama yao. Elishama mwana wa Amihudi alikuwa kiongozi wao.
၂၂ဧဖရိမ် တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ဧဖရိမ် တပ် ကို အမိဟုဒ် သား ဧလိရှမာ အုပ်ရ၏။
23 Gamalieli mwana wa Pedasuri aliongoza kikosi cha kabila la Manase,
၂၃မနာရှေ တပ် ကို ပေဒါဇုရ သား ဂါမလျေလ အုပ်ရ၏။
24 naye Abidani mwana wa Gideoni alikuwa kiongozi wa kikosi cha kabila la Benyamini.
၂၄ဗင်္ယာမိန် တပ် ကို ဂိဒေါနိ သား အဘိဒန် အုပ် ရ၏။
25 Mwishowe, kama kikosi cha nyuma cha ulinzi wa vikosi vyote, vikosi vya kambi ya Dani viliondoka chini ya alama yao. Ahiezeri mwana wa Amishadai alikuwa kiongozi wao.
၂၅နောက်ဆုံးတပ်တည်းဟူသောဒန် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲ သား အဟေဇာ အုပ်ရ၏။
26 Pagieli mwana wa Okrani aliongoza kikosi cha kabila la Asheri,
၂၆အာရှာ တပ်ကို ဩကရန် သား ပါဂျေလ အုပ်ရ၏။
27 naye Ahira mwana wa Enani aliongoza kikosi cha kabila la Naftali.
၂၇နဿလိ တပ် ကိုဧနန် သား အဟိရ အုပ်ရ၏။
28 Huu ndio ulikuwa utaratibu wa kuondoka wa vikosi vya Waisraeli walipokuwa wanaondoka.
၂၈ထိုသို့ ဣသရေလ အမျိုးသား တို့သည်ချီသွားသောအခါ၊ တပ် များအစဉ်အတိုင်း ချီ ၍ ခရီးသွား ကြ၏။
29 Basi Mose akamwambia Hobabu mwana wa Reueli, Mmidiani, mkwewe Mose, “Tunaondoka kwenda mahali ambapo Bwana amesema ‘Nitawapa ninyi mahali hapo.’ Twende pamoja nasi tutakutendea mema, kwa maana Bwana ameahidi mambo mema kwa Israeli.”
၂၉မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ဂတိတော် အတိုင်း ငါတို့အားပေး တော်မူမည်အရပ် သို့ ငါ တို့ သည် ယခုခရီးသွား ကြ၏။ ငါ တို့နှင်အတူ လိုက်၍လာ ပါ။ ငါတို့သည် ကျေးဇူး ပြုပါမည်။ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့၌ ကျေးဇူး ပြုတော်မူမည် ဂတိ ရှိပါ၏ဟု မိမိယောက္ခမ မိဒျန် အမျိုး၊ ရွေလ သား ဟောဗပ် အား ဆို လျှင်၊
30 Akajibu, “Hapana, sitakwenda; nitarudi kwenye nchi yangu mwenyewe na watu wangu mwenyewe.”
၃၀ဟောဗပ်ကငါမ လိုက် မသွားပါ၊ ငါ့ နေရင်းပြည် ၊ ငါ့ အဆွေအမျိုး ရှိရာသို့ ပြန်သွား ပါမည်ဟု မောရှေ အား ဆို ၏။
31 Lakini Mose akasema, “Tafadhali usituache. Wewe unajua mahali ambapo yatupasa kupiga kambi jangwani, nawe unaweza kuwa macho yetu.
၃၁မောရှေကလည်း၊ ငါ တို့ကို စွန့်ပစ် ၍ မ သွားပါ နှင့်။ သင်သိ သည်အတိုင်း ငါ တို့သည်တော ၌ စားခန်းချ ရမည်။ သင်သည် ငါ တို့မျက်စိ ဖြစ် ရပါ၏။
32 Ikiwa utafuatana nasi, tutashirikiana nawe mema yoyote tutakayopewa na Bwana.”
၃၂ငါ တို့နှင့်အတူ လိုက် လျှင် ထာဝရဘုရား ပြု တော်မူ သောကျေးဇူး တော်ကို ငါ တို့သည် ခံရသည်အတိုင်း၊ သင် ၌ ကျေးဇူး ပြုပါမည်ဟု ဆို လေ၏။
33 Hivyo waliondoka kutoka mlima wa Bwana, nao wakasafiri kwa siku tatu. Sanduku la Agano la Bwana liliwatangulia kwa zile siku tatu ili kuwatafutia mahali pa kupumzika.
၃၃ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ၏ တောင် တော်မှ ထွက် ၍၊ သုံး ရက် ကွာသော ခရီး ကို သွားကြ ၏။ ထိုသုံး ရက် ကွာသော ခရီး ကိုသွားကြစဉ်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သူ တို့အဘို့ စားခန်းချ ရာအရပ်ကို ရှာ ၍ သူ တို့ရှေ့ ကသွား လေ၏။
34 Wingu la Bwana lilikuwa juu yao wakati wa mchana walipoondoka kambini.
၃၄သူတို့သည် နေ့ အချိန်၌ တပ် ချီ ၍ သွားသောအခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် သူ တို့အပေါ် မှာ ရှိလေ၏။
35 Wakati wowote Sanduku lilipoondoka, Mose alisema, “Ee Bwana, inuka! Watesi wako na watawanyike; adui zako na wakimbie mbele zako.”
၃၅သေတ္တာ တော်သွား သောအခါ ၊ မောရှေ က၊ အိုထာဝရဘုရား ၊ ထ တော်မူပါ၊ ကိုယ်တော် ၏ ရန်သူ တို့ သည် လွင့် ကြပါစေသော။ ကိုယ်တော် ကို မုန်း သောသူတို့ သည် ရှေ့ တော်မှ ပြေး ကြပါစေသောဟူ၍၎င်း၊
36 Wakati wowote Sanduku liliposimama, alisema, “Ee Bwana, rudi, kwa maelfu ya Waisraeli wasiohesabika.”
၃၆သေတ္တာတော်မသွားဘဲ ရပ် နေသောအခါ ၊ အိုထာဝရဘုရား၊ ဣသရေလ အမျိုးသားအထောင် ၊ အသောင်းရှိရာသို့ ပြန်လာ တော်မူပါဟူ၍၎င်း လျှောက်ဆို လေ့ရှိ၏။