< Nehemia 4 >

1 Sanbalati aliposikia kwamba tulikuwa tunajenga ukuta upya, alikasirika na akawa na uchungu sana. Aliwadhihaki Wayahudi
ထိုသို့ ငါ တို့သည် မြို့ရိုး တည် ကြောင်းကို ၊ သမ္ဘာလတ် သည် သိတင်းကြား သောအခါ ၊ အလွန် ဒေါသ အမျက်ထွက် ၍ ၊ ယုဒ လူတို့ကို ပြက်ယယ် ပြုလျက်၊
2 mbele ya rafiki zake na jeshi la Samaria, akisema, “Hawa Wayahudi wanyonge wanafanya nini? Je, wataweza kuurudishia ukuta wao? Je, watatoa dhabihu? Je, wataweza kumaliza kuujenga kwa siku moja? Je, wataweza kufufua mawe kutoka malundo ya vifusi yaliyoungua hivyo?”
အား မရှိသော ထိုယုဒ လူတို့သည် အဘယ် သို့ပြု ကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့ စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ ခြင်းတွင် လက်စသတ် မည်လော။ ကျွမ်းလောင် သော ကျောက် တို့ကို အမှိုက် ပုံ များထဲက ထုတ်၍ ပြုပြင် မည်လောဟု မိမိ အမျိုးသား ချင်း၊ ရှမာရိ တပ်သား ရှေ့ မှာ ပြောဆို ၏။
3 Tobia Mwamoni aliyekuwa upande wake akasema, “Wanachokijenga, hata kama mbweha angepanda juu yake, huo ukuta wao wa mawe angeliubomoa!”
သူ့ အနား မှာရှိသော အမ္မုန် အမျိုးသားတောဘိ ကလည်း ၊ သူ တို့တည် သော ကျောက် ရိုး ကို တောခွေး ထိခိုက် လျှင် ပြိုလဲ လိမ့်မည်ဟု ပြန်ပြော ၏။
4 Ee Mungu wetu, utusikie, kwa kuwa tumedharauliwa. Warudishie matukano yao kwenye vichwa vyao wenyewe. Uwatoe ili wawe nyara katika nchi ya waliowateka.
အို အကျွန်ုပ် တို့ ဘုရား သခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင် ပြုခြင်းကိုခံရ ပါ ၏။ သူ တို့ကဲ့ရဲ့ သောစကားသည်၊ သူ တို့ ခေါင်း ပေါ် သို့ ပြန် ရောက်ပါစေသော။ သိမ်း သွားခြင်းကိုခံရာ ပြည် ၌ လုယက် ခြင်းကိုခံရ ကြပါစေသော။
5 Usiusitiri uovu wao, wala usifute dhambi zao mbele zako, kwa kuwa wamewatukana wajenzi mbele.
သူ တို့ပြုသောဒုစရိုက် ကို ဖုံးအုပ် တော်မ မူပါနှင့်။ ရှေ့ တော်၌ သူ တို့အပြစ် မ ပြေ ပါစေနှင့်။ မြို့ရိုးကို တည် သောသူတို့ ၏စိတ် ကို နာစေခြင်းငှါ ၊ ပြောတတ်ကြပါသည် တကား။
6 Basi tuliujenga upya ukuta mpaka wote ukafikia nusu ya kimo chake, kwa kuwa watu walifanya kazi kwa moyo wote.
သို့ရာတွင် ငါတို့သည် မြို့ရိုး ကိုတည် ကြ၏။ တည်လုပ် သောသူတို့ သည် စေတနာ ကြီးသောကြောင့် ၊ မြို့ပတ်လည် မြို့ရိုး အမြင့် တဝက် တိုင်အောင် ပြီးလေ၏။
7 Lakini wakati Sanbalati, Tobia, Waarabu, Waamoni na watu wa Ashdodi waliposikia kuwa ukarabati wa kuta za Yerusalemu ulikuwa umeendelea na mianya ilikuwa inazibwa, walikasirika sana.
ယေရုရှလင် မြို့ရိုး မြင့်၍ ပြိုပျက် ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ် နှင့် တောဘိ အစရှိသော အာရပ် လူ၊ အမ္မုန် လူ၊ အာဇုတ် လူတို့သည် ကြား သောအခါ ၊ အလွန် ဒေါသ စိတ်ရှိသဖြင့်၊
8 Wote walifanya shauri pamoja kuja kupigana dhidi ya Yerusalemu, na kuchochea machafuko dhidi yake.
ယေရုရှလင် မြို့ကို စစ်ချီ ၍ တိုက်မည်။ ထိုအမှုကို ဖျက် မည်ဟု တညီ တညွတ်တည်းတိုင်ပင် ကြ၏။
9 Lakini tulimwomba Mungu wetu, na tukaweka ulinzi usiku na mchana kupambana na tishio hili.
သို့ရာတွင် ငါတို့သည် ငါ တို့၏ ဘုရား သခင်ကို ဆုတောင်း ၍၊ ရန်သူ ကြောင့် နေ့ ညဉ့် မပြတ် ကင်း စောင့် ထား ကြ၏။
10 Wakati ule ule, watu wa Yuda wakasema, “Nguvu za wafanyakazi zinapungua, nacho kifusi ni kingi mno, kiasi kwamba hatuwezi kuujenga upya ukuta.”
၁၀ယုဒ လူ အချို့ကလည်း ၊ ဝန်ထမ်း သောသူတို့ သည် အား ကုန် ကြပြီ။ အမှိုက် များ လှ၏။ မြို့ရိုး ပြီးစီးအောင် မ တတ် နိုင်ကြဟု ဆို ကြ၏။
11 Pia adui zetu walisema, “Kabla hawajajua au kutuona, tutakuwa palepale katikati yao, na tutawaua na kuikomesha hiyo kazi.”
၁၁ရန်သူ တို့ကလည်း ၊ သူတို့သည် အမှတ်တမဲ့ ၊ သတိ မ ရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူ တို့အထဲ သို့ ဝင် ၍ လုပ်ကြံ သဖြင့် ၊ ထိုအလုပ် ကို ဖျက် မည်ဟု ဆို ကြ၏။
12 Kisha Wayahudi ambao waliishi karibu nao walikuja zaidi ya mara kumi na kutuambia, “Popote mtakapoelekea, watatushambulia.”
၁၂သူ တို့အနား မှာနေ သောယုဒ လူတို့သည်လည်း၊ လာ ၍ ရန်သူတို့သည် နေရာ အရပ် ရပ်တို့က ၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါ တို့အား အထပ်ထပ်ဆို ကြ၏။
13 Kwa hiyo nikaweka baadhi ya watu nyuma ya sehemu za chini za ukuta kwenye sehemu zilizo wazi, nikawaweka kufuatana na jamaa zao, wakiwa na panga, mikuki na pinde zao.
၁၃ထိုကြောင့် မြို့ရိုး နောက် ၊ နိမ့် သောအရပ် ၊ ရှင်းလင်း သော အရပ်တို့၌ ထား ၊ လှံ ၊ လေး လက်နက်ပါသောလူ များကို အဆွေအမျိုးအလိုက် ငါခန့် ထား၏။
14 Baada ya kuona hali ilivyo, nikasimama na kuwaambia wakuu, maafisa na wengine wote, “Msiwaogope. Mkumbukeni Bwana, ambaye ni mkuu mwenye kuogofya. Piganeni kwa ajili ya ndugu zenu, wana wenu na binti zenu, wake zenu na nyumba zenu.”
၁၄ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူ တို့အား ခေါ် ၍ ၊ ရန်သူ တို့ကို မ ကြောက် ကြနှင့်။ ကြီးမြတ် ၍ ကြောက်မက် ဘွယ် ဖြစ် တော်မူသောထာဝရဘုရား ကို အောက်မေ့ ကြလော့။ ညီအစ်ကို သား မယား အိမ် ရာအဘို့ တိုက် ကြလော့ဟုဆို၏။
15 Adui zetu waliposikia kwamba tumetambua hila yao, na kwamba Mungu amevuruga shauri lao, sote tulirudi kwenye ukuta, kila mmoja kwenye kazi yake.
၁၅ထိုသို့ ငါ တို့သည် သတိရ ၍၊ ရန်သူ အကြံ ကို ဘုရား သခင်ဖျက်ဆီး တော်မူကြောင်းကို သူတို့ကြား သိသောအခါ ၊ ငါ တို့ရှိသမျှ သည် အသီး အသီးလုပ် ရာအရပ် မြို့ရိုး သို့ ပြန် လုပ်ကြ၏။
16 Kuanzia siku ile na kuendelea, nusu ya watu wangu walifanya kazi ya ujenzi, na nusu nyingine wakashika mikuki, ngao, pinde na dirii. Maafisa walijipanga nyuma ya watu wote wa Yuda
၁၆နောက်မှ ငါ့ ကျွန် တဝက် သည် အလုပ် လုပ် ကြ ၏။ တဝက် သည် လှံ ၊ ဒိုင်း ၊ လေး ၊ သံချပ် တို့ကို ကိုင် ကြ၏။ မင်း တို့သည် ယုဒ အမျိုးသား များနောက် မှာ နေကြ၏။
17 waliokuwa wakijenga ukuta. Wale waliobeba vifaa vya ujenzi walifanya kazi yao kwa mkono mmoja, na kushika silaha kwa mkono mwingine,
၁၇မြို့ရိုး တည် သောသူ၊ ဝန် ထမ်း သောသူ၊ ဝန် ကို တင်သောသူအပေါင်းတို့သည် လက် တစ် ဘက်နှင့် လုပ် ကြ ၏။ လက်တစ် ဘက်နှင့် လက်နက် ကိုကိုင် ကြ၏။
18 na kila mjenzi alijifunga upanga wake upande mmoja akiwa anafanya kazi. Lakini mtu wa kupiga baragumu alikaa pamoja nami.
၁၈တည် လုပ်သော သူအပေါင်းတို့သည်၊ ခါး ၌ ထား ဆွဲ လျက် တည် လုပ်ကြ၏။ တံပိုး မှုတ် သောသူသည် ငါ့ အနား မှာ ရပ်နေ၏။
19 Kisha nikawaambia wakuu, maafisa na watu wengine wote, “Kazi hii ni kubwa na imeenea sehemu kubwa, nasi tumetawanyika kila mmoja akiwa mbali na mwenzake juu ya ukuta.
၁၉ငါကလည်း၊ အလုပ် သည် ကြီး ကျယ် လှ၏။ မြို့ရိုး ပေါ် မှာ တယောက် တခြားစီ သူ နှင့်ငါဝေးဝေး လုပ်ရ ၏။
20 Popote mtakaposikia sauti ya baragumu, jiungeni nasi huko. Mungu wetu atatupigania!”
၂၀သို့ဖြစ်၍ ၊ တံပိုး မှုတ်သံ ကို ကြား လေရာရာ အရပ် မှ ၊ ငါ တို့ထံ သို့စည်းဝေး ကြ။ ငါ တို့၏ ဘုရား သခင်သည် ငါ တို့ဘက် ၌ စစ် ကူတော်မူမည်ဟု မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူတို့အား ငါဆို ၏။
21 Basi tuliendelea na kazi, nusu ya watu wakishikilia mikuki, kuanzia mawio ya jua hadi nyota zilipoonekana.
၂၁ထိုသို့ ငါ တို့သည် အလုပ် လုပ် ကြ၏။ လူ တဝက် သည် မိုဃ်းလင်း သည်မှစ၍ ကြယ် ပေါ် သည်တိုင်အောင် ၊ လှံ လက်နက်တို့ကို ကိုင် ကြ၏။
22 Wakati huo pia niliwaambia watu, “Kila mtu na msaidizi wake wakae ndani ya Yerusalemu wakati wa usiku, ili waweze kutumika kama walinzi wakati wa usiku, na kufanya kazi wakati wa mchana.”
၂၂ထို အခါ ၌ လည်း ၊ ငါကလူတိုင်း မိမိ ကျွန် နှင့်တကွ ညဉ့် အချိန်တွင်၊ ယေရုရှလင် မြို့ထဲ မှာ အိပ်စေ။ သို့ပြုလျှင် ၊ ကျွန်တို့သည် နေ့ အခါ အလုပ် လုပ်လျက်၊ ညဉ့် အခါ အလှည့်လှည့်စောင့် လျက် ရှိ ကြလိမ့်မည်ဟု လူ များတို့အား ဆို ၏။
23 Mimi, wala ndugu zangu, wala watu wangu, wala walinzi waliokuwa pamoja nami hatukuvua nguo zetu. Kila mmoja alikuwa na silaha yake, hata alipokwenda kuchota maji.
၂၃ထိုသို့ ငါ နှင့် ငါ့ ညီ ၊ ငါ့ ကျွန် ၊ ငါ့ နောက် ၌ လိုက် သော တပ်သား တို့သည်၊ ကိုယ် အဝတ် ကို မ ချွတ် ဘဲနေရ ကြ၏။

< Nehemia 4 >