< Mika 7 >

1 Taabu gani hii niliyo nayo! Nimefanana na yule akusanyaye matunda ya kiangazi, aokotaye masazo baada ya kuvunwa shamba la mizabibu; hakuna kishada chenye matunda ya kula, hakuna hata ile tini ya mwanzoni ninayoitamani.
ငါ သည် အ မင်္ဂလာရှိ၏။ နွေ ကာလ၌ ဆွတ် သော သင်္ဘောသဖန်းသီးကဲ့သို့ ၎င်း ၊ လိုက်၍ ကောက် သော စပျစ်သီး အကျန်အကြွင်းကဲ့သို့ ၎င်း ငါဖြစ် ၏။ စား စရာဘို့ စပျစ်သီးပြွတ် မ ရှိ။ အဦး မှည့်သော သင်္ဘောသဖန်းသီး ကို ငါ တောင့်တ ရ၏။
2 Wanaomcha Mungu wameondolewa kutoka nchi; hakuna mtu mnyofu hata mmoja aliyebaki. Watu wote wanavizia kumwaga damu, kila mmoja anamwinda ndugu yake kwa wavu.
ကောင်း သော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက် ကြပြီ။ ဖြောင့်မတ် သော သူတယောက် မျှမရှိ။ ခပ်သိမ်း သော သူ တို့ သည် လူအသက်ကို သတ် ခြင်းငှါ ချောင်း ၍ ကြည့်တတ် ကြ၏။ အချင်းချင်း တယောက် ကို တယောက် ကျော့ကွင်း နှင့်ဘမ်း တတ်ကြ၏။
3 Mikono yote miwili ni hodari katika kufanya ubaya, mtawala anadai zawadi, hakimu anapokea rushwa, wenye nguvu wanaamuru wanachotaka: wote wanafanya shauri baya pamoja.
ဒုစရိုက် ကို ကြိုးစား၍ပြု ခြင်းငှါ အသင့်ရှိကြ၏။ မင်း သည် လက်ဆောင်ကို တောင်း တတ်၏။ တရားသူကြီး သည် တံစိုး ကို စားတတ်၏။ သူတပါးထက်ကြီး သော သူသည် မတရားသော လောဘ ကို ထင်ရှား စေတတ်၏။ ထိုသို့အမှု ကို ရှုပ် စေခြင်းငှါပြုတတ်ကြ၏။
4 Aliye mwema kupita wote kati yao ni kama mchongoma, anayeonekana mnyofu zaidi miongoni mwao ni mbaya kuliko uzio wa miiba. Siku ya walinzi wako imewadia, siku atakayokutembelea Mungu. Sasa ni wakati wao wa kuchanganyikiwa.
အကောင်း ဆုံးသောသူ သည် ဆူး ပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့် ဆုံးသောသူသည် ဆူး ခြံထက် ခက်လှ၏။ သင် ၏ကင်းစောင့် တို့သည် သတိပေးသောနေ့ ၊ သင် စစ်ကြော ခြင်းကို ခံရသောနေ့ရက်သည် ရောက် လာပြီ။ နှိပ်စက် နှောင့်ရှက်ရာကာလဖြစ် ၏။
5 Usimtumaini jirani; usiweke matumaini kwa rafiki. Hata kwa yule alalaye kifuani mwako uwe mwangalifu kwa maneno yako.
အဆွေ ခင်ပွန်းကို မ ယုံ နှင့်။ လမ်းပြ သောသူကို အမှီ မ ပြုနှင့်။ သင့် ရင်ခွင် ၌ အိပ် သော မယားကို မယုံမူ၍၊ သင့် နှုတ် တံခါး ကို ပိတ် ထားလော့။
6 Kwa kuwa mwana humdharau baba yake, naye binti huinuka dhidi ya mama yake, mkwe kuwa kinyume na mama mkwe wake: adui wa mtu ni wale wa nyumbani mwake hasa.
အကြောင်း မူကား၊ သား သည် အဘ ၏အသရေ ကို ဖျက်လိမ့်မည်။ သမီး သည် အမိ ကို ၎င်း ၊ ချွေးမ သည် ယောက္ခမ ကို ၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ် အိမ်သူ အိမ်သား တို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။
7 Lakini mimi, namtazama Bwana kwa matumaini, namngoja Mungu Mwokozi wangu; Mungu wangu atanisikia mimi.
ငါ မူကား ၊ ထာဝရဘုရား ကို မြော်လင့် မည်။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို ငါခိုလှုံ မည်။ ငါ ၏ဘုရား သခင်သည် ငါ့ စကားကို နားထောင် တော်မူ မည်။
8 Usifurahie msiba wangu, ee adui yangu! Ingawa nimeanguka, nitainuka. Japo ninaketi gizani, Bwana atakuwa nuru yangu.
အချင်းရန်သူ ၊ ငါ့ အပေါ် မှာ ဝါကြွား ဝမ်းမြောက်ခြင်း မ ရှိနှင့်။ ငါလဲ သော်လည်း ထ ဦးမည်။ မှောင်မိုက် ၌ ထိုင် ရသော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ အလင်း ဖြစ် တော်မူလိမ့်မည်။
9 Kwa sababu nimetenda dhambi dhidi yake, nitabeba ghadhabu ya Bwana, mpaka atakaponitetea shauri langu na kuithibitisha haki yangu. Atanileta nje kwenye mwanga, nami nitaiona haki yake.
ငါသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ကို ခံရ ၏။ ငါ့ အမှု ကို စစ်ကြော ၍ တရား ဆုံးဖြတ် တော်မ မူမှီတိုင်အောင်ငါခံရ၏။ ငါ့ ကို အလင်း ထဲ သို့ ထုတ် ၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ် ခြင်း ပါရမီတော်ကို ငါမြင် ရလိမ့်မည်။
10 Kisha adui yangu ataliona naye atafunikwa na aibu, yule aliyeniambia, “Yu wapi Bwana Mungu wako?” Macho yangu yataona kuanguka kwake, hata sasa atakanyagwa chini ya mguu kama tope barabarani.
၁၀သင် ၏ဘုရား သခင်ထာဝရဘုရား ကား၊ အဘယ်မှာ ရှိသနည်းဟုမေး သော ငါ့ ရန်သူ သည် ထိုအမှု ကို မြင် ၍ ရှက်ကြောက် လိမ့်မည်။ သူ ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်း မှာ ရွံ့ ကဲ့သို့ ကျော်နင်း ခြင်းကို ခံရ လိမ့်မည်။
11 Siku ya kujenga kuta zako itawadia, siku ya kupanua mipaka yako.
၁၁သင် ၏မြို့ရိုး တည် သောကာလ သည် ရောက်လိမ့်မည် ။ အမိန့် တော်အရှိန် ကုန်လိမ့်မည်။
12 Siku hiyo watu watakuja kwako kutoka Ashuru na miji ya Misri, hata kutoka Misri hadi Frati na kutoka bahari hadi bahari na kutoka mlima hadi mlima.
၁၂ထို ကာလ ၌ အာရှုရိ ပြည်နှင့် အဲဂုတ္တု မြို့ များမှ ၎င်း ၊ အဲဂုတ္တု ပြည်နှင့် မြစ် ကြီးစပ်ကြားအရပ်မှ၎င်း ၊ ပင်လယ် ကမ်းနားအရပ်ရပ်၊ တောင် ခြေရင်းအရပ်ရပ်တို့ မှ ၎င်း ၊ သင့် ထံ သို့လာ ကြလိမ့်မည်။
13 Dunia itakuwa ukiwa kwa sababu ya wakazi wake, kwa sababu ya matunda ya matendo yao.
၁၃ထိုသို့ မဖြစ်မှီ ပြည်သူ ပြည်သားပြု မိသော ဒုစရိုက် အပြစ်ကြောင့် ပြည် တော်သည် လူဆိတ်ညံ လျက် ရှိ ရလိမ့်မည်။
14 Wachunge watu wako kwa fimbo yako, kundi la urithi wako, ambalo linaishi peke yake msituni, katika nchi ya malisho yenye rutuba. Waache walishe katika Bashani na Gileadi kama ilivyokuwa siku za kale.
၁၄ကိုယ်တော် ၏လူ တည်းဟူသောအပေါင်းအဘော်မရှိဘဲ၊ တော တွင် ကရမေလတောင်ပေါ်မှာ နေ ရ သော အမွေ တော်သိုးစု ကို သိုးထိန်း နှင်တံ နှင့် ထိန်း တော်မူ ပါ။ ရှေး ကာလ ၌ ရှိသကဲ့သို့ ၊ ဗာရှန် ပြည်နှင့် ဂိလဒ် ပြည် ၌ ကျက်စား သော အခွင့်ကိုပေး တော်မူပါ။
15 “Kama siku zile mlipotoka Misri, nitawaonyesha maajabu yangu.”
၁၅သင် သည် အဲဂုတ္တု ပြည် မှ ထွက် သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩ ဘွယ်သော အမှုတို့ကို ငါပြ မည်။
16 Mataifa yataona na kuaibika, waliondolewa nguvu zao zote. Wataweka mikono yao kwenye vinywa vyao na masikio yao yatakuwa na uziwi.
၁၆လူ အမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှ သော တန်ခိုး ကိုမြင် ၍ မိန်းမော တွေဝေလျက်၊ မိမိ တို့နှုတ် ကို လက် နှင့်ပိတ် ၍ နားပင်း ကြလိမ့်မည်။
17 Wataramba mavumbi kama nyoka, kama viumbe vitambaavyo juu ya ardhi. Watatoka nje ya mapango yao wakitetemeka; watamgeukia Bwana Mungu wetu kwa hofu nao watakuogopa.
၁၇မြွေ ကဲ့သို့ မြေမှုန့် ကိုလျက် ၍၊ တီ ကဲ့သို့ တွင်း ထဲက တုန်လှုပ် လျက် ထွက်ကြလိမ့်မည်။ ငါ တို့ဘုရား သခင် ထာဝရ ဘုရား ကို ၎င်း ၊ သင့် ကို ၎င်း ကြောက်ရွံ့ ကြလိမ့်မည်။
18 Ni nani Mungu kama wewe, ambaye anaachilia dhambi na kusamehe makosa ya mabaki ya urithi wake? Wewe huwi na hasira milele, bali unafurahia kuonyesha rehema.
၁၈အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။
19 Utatuhurumia tena, utazikanyaga dhambi zetu chini ya nyayo zako, na kutupa maovu yetu yote katika vilindi vya bahari.
၁၉ကိုယ်တော်သည် အကျွန်ုပ် တို့ကို တဖန် သနား ၍၊ အကျွန်ုပ် တို့၏ ဒုစရိုက် ရှိသမျှတို့ကို ကျော်နင်း တော်မူလိမ့်မည်။ အကျွန်ုပ် တို့၏ အပြစ် အလုံးစုံ တို့ကို နက်နဲ သော ပင်လယ် ထဲ သို့ ချ ပစ်တော်မူလိမ့်မည်။
20 Utakuwa wa kweli kwa Yakobo, nawe utamwonyesha Abrahamu rehema, kama ulivyowaahidi kwa kiapo baba zetu siku za kale.
၂၀ရှေး ကာလ မှစ၍ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သည်အတိုင်း ၊ ယာကုပ် ၌ သစ္စာ စောင့်ခြင်း၊ အာဗြဟံ အား ကရုဏာ ကျေးဇူးပြုခြင်းကို စီရင် တော်မူလိမ့်မည်။

< Mika 7 >