< Mathayo 12 >

1 Wakati huo Yesu alipitia kwenye mashamba ya nafaka siku ya Sabato. Wanafunzi wake walikuwa na njaa, nao wakaanza kuvunja masuke ya nafaka na kuyala.
ထို ကာလ အခါ ယေရှု သည် ဥပုသ်နေ့ ၌ ဂျုံ စပါးလယ်ကွက်တို့ကို ရှောက်ကြွ တော်မူလျှင်၊ တပည့် တော်တို့သည် ဆာမွတ် သောကြောင့် စပါး အသီးအနှံကို ဆွတ် ၍ စား ကြ၏။
2 Lakini Mafarisayo walipoona jambo hili, wakamwambia, “Tazama! Wanafunzi wako wanafanya jambo lisilo halali kufanywa siku ya Sabato.”
ဖာရိရှဲ တို့သည်မြင် လျှင်၊ ကိုယ်တော် ၏ တပည့် တို့သည် ဥပုသ်နေ့ ၌ မ ပြု အပ် သောအမှု ကို ပြု ကြပါသည် တကားဟု လျှောက် ကြသော်၊
3 Yesu akawajibu, “Je, hamjasoma alichofanya Daudi na wenzake walipokuwa na njaa?
ကိုယ်တော် က ဒါဝိဒ် သည် မိမိ အဘော် တို့နှင့်တကွ မွတ်သိပ် သောအခါ ၊
4 Aliingia katika nyumba ya Mungu, akala mikate iliyowekwa wakfu, yeye na wenzake, jambo ambalo halikuwa halali kwao kufanya, isipokuwa makuhani peke yao.
ဘုရားသခင် ၏ အိမ် တော်သို့ ဝင် ၍ မိမိ မ စားအပ်၊ မိမိ အဘော် မ စား အပ်၊ ယဇ်ပုရောဟိတ် တို့သာ စား အပ်သော ရှေ့ တော်မုန့် ကို စား သည်အကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။
5 Au hamjasoma katika Sheria kwamba siku ya Sabato makuhani huvunja sheria ya Sabato Hekaluni lakini hawahesabiwi kuwa na hatia?
ယဇ် ပုရောဟိတ်တို့သည်လည်း ဗိမာန် တော်တွင် ဥပုသ်နေ့ ၌ ဥပုသ် ပျက်သော်လည်း ၊ မပြစ် မသင့်သည်ကို ပညတ္တိ ကျမ်း၌ မ ဘတ် ဘူးသလော။
6 Nawaambia wazi kwamba, yeye aliye mkuu kuliko Hekalu yupo hapa.
ငါဆို သည်ကား၊ ဤ အရပ်၌ ဗိမာန် တော်ထက် သာ၍ကြီးမြတ်သောအရာရှိ ၏။
7 Kama mngekuwa mmejua maana ya maneno haya, ‘Nataka rehema, wala si dhabihu,’ msingewalaumu watu wasio na hatia,
ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည် လျှင် ၊ အပြစ် ကင်းသောသူ တို့ကို အပြစ် မ တင် မစီရင်ကြပြီ။
8 kwa maana Mwana wa Adamu ndiye Bwana wa Sabato.”
လူ သား သည် ဥပုသ်နေ့ ကို အစိုးရ သည် ဟု မိန့်တော်မူ၏။
9 Yesu akaondoka mahali hapo, akaingia ndani ya sinagogi lao,
ထို အရပ်မှ ကြွ ၍ တရားစရပ် သို့ ဝင် တော်မူ၏။ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ သည်ဖြစ်၍၊
10 na huko alikuwepo mtu aliyepooza mkono. Wakitafuta sababu ya kumshtaki Yesu, wakamuuliza, “Je, ni halali kuponya siku ya Sabato?”
၁၀လူအချို့တို့က၊ ဥပုသ်နေ့ ၌ ရောဂါကို ငြိမ်း စေအပ် သလောဟု ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရှာ၍ မေး လျှောက် ကြ၏။
11 Yesu akawaambia, “Ni nani miongoni mwenu, mwenye kondoo wake ambaye huyo kondoo akitumbukia shimoni siku ya Sabato hatamtoa?
၁၁ကိုယ်တော် ကလည်း ၊ မိမိ၌ သိုး တစ် ကောင်တည်းရှိ ၍ ထို သိုးသည် ဥပုသ်နေ့ ၌ တွင်း ထဲသို့ ကျ လျှင် ၊ မ ဆွဲ မတင်ဘဲ နေမည့်သူတစ်စုံတစ်ယောက်မျှ သင် တို့တွင် ရှိ သလော။
12 Mtu ana thamani kubwa kuliko kondoo. Kwa hiyo ni halali kutenda mema siku ya Sabato.”
၁၂လူ သည် သိုး ထက်အလွန် မြတ် ပေ၏။ ထို့ကြောင့် ဥပုသ်နေ့ ၌ ကျေးဇူး ပြု အပ် သည် ဟု ပြန်ပြောတော်မူပြီးမှ၊
13 Ndipo akamwambia yule mtu, “Nyoosha mkono wako.” Akaunyoosha, nao ukaponywa ukawa mzima kama ule mwingine.
၁၃ထို သူအား ၊ သင် ၏လက် ကိုဆန့် လော့ ဟု မိန့် တော်မူ၍ ၊ သူသည် မိမိလက်ကိုဆန့် လျှင် ထိုလက်သည် လက်တစ်ဘက် ကဲ့သို့ ပကတိ ဖြစ်လေ၏။
14 Lakini Mafarisayo wakatoka nje, wakafanya shauri baya juu ya Yesu jinsi watakavyoweza kumuua.
၁၄ထိုအခါ ဖာရိရှဲ တို့သည် ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ဖျက်ဆီး ရအံ့နည်းဟု တိုင်ပင် ကြ၏။
15 Lakini Yesu alipoyatambua mawazo yao, akaondoka mahali hapo. Watu wengi wakamfuata, naye akawaponya wagonjwa wao wote,
၁၅ယေရှု သည်သိ တော်မူလျှင် ၊ အခြား သို့ပြောင်း ကြွ၍ များစွာ သောလူ အပေါင်းတို့သည် နောက် တော်သို့ လိုက်ကြသဖြင့် ၊ သူ တို့၏ အနာ ရောဂါရှိသမျှ တို့ကို ငြိမ်းစေတော်မူ၏။
16 akiwakataza wasiseme yeye ni nani.
၁၆ထိုသူ တို့သည် သိတင်းတော်ကို မ ဖွင့် ရ မည်အကြောင်း ပညတ် တော်မူ၏။
17 Hii ilikuwa ili litimie lile neno lililonenwa kwa kinywa cha nabii Isaya kusema:
၁၇ထိုအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။ နှုတ်ထွက် အချက်ဟူမူကား၊
18 “Tazama mtumishi wangu niliyemchagua, mpendwa wangu, ninayependezwa naye. Nitaweka Roho wangu juu yake, naye atatangaza haki kwa mataifa.
၁၈ငါရွေးချယ် သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုး သောသူ ကိုကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
19 Hatagombana wala hatapiga kelele, wala hakuna atakayesikia sauti yake njiani.
၁၉ငြင်းခုံ ခြင်း၊ ဟစ်ကြော် ခြင်းကို မ ပြုမူ၍၊ လမ်း ခရီး၌ သူ ၏အသံ ကို အဘယ်သူ မျှမကြား စေရ။
20 Mwanzi uliopondeka hatauvunja, na utambi unaofuka moshi hatauzima, mpaka atakapoifanya haki ishinde.
၂၀နင်းနယ် လျက်ရှိသော ကျူပင် ကိုမ ချိုး ၊ မီးခိုး များသော မီးစာ ကိုမ သတ် ။ တရား သည် အောင်မြင် ခြင်းသို့ ရောက် မည်အကြောင်း စီရင်လိမ့်မည်။
21 Katika Jina lake mataifa wataweka tumaini lao.”
၂၁သူ ၏နာမ ကိုလည်း လူ အမျိုးမျိုးတို့သည် ကိုးစား ကြလိမ့်မည်ဟု ဟောထားသတည်း။
22 Kisha wakamletea mtu aliyekuwa amepagawa na pepo mchafu, na alikuwa kipofu na bubu. Yesu akamponya, hata akaweza kusema na kuona.
၂၂ထိုအခါ နတ်ဆိုးစွဲ သောလူကန်း လူအ တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြလျှင်၊ ထိုလူကန်း လူအသည် မျက်စိမြင် ၍ စကားပြော နိုင်အောင်ကယ်မ တော်မူ၏။
23 Watu wote wakashangaa na kusema, “Je, yawezekana huyu ndiye Mwana wa Daudi?”
၂၃လူအစုအဝေး အပေါင်း တို့သည်မိန်းမော တွေဝေ၍ ဤသူ သည် ဒါဝိဒ် ၏သား တော်ဖြစ် လိမ့်မည်လော ဟု ပြောဆို ကြ၏။
24 Lakini Mafarisayo waliposikia jambo hili wakasema, “Mtu huyu anatoa pepo wachafu kwa uwezo wa Beelzebuli, mkuu wa pepo wachafu.”
၂၄ဖာရိရှဲ တို့သည်ကြား လျှင် ၊ ဤသူ သည် နတ်ဆိုး မင်း ဗေလဇေဗုလ ကိုအမှီပြု ၍သာ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟုဆို ကြ၏။
25 Yesu alijua walichokuwa wakiwaza, hivyo akawaambia, “Kila ufalme ukigawanyika dhidi yake wenyewe huangamia. Hali kadhalika kila mji au watu wa nyumba moja waliogawanyika dhidi yao wenyewe hawawezi kusimama.
၂၅ယေရှုသည် ထိုသူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍၊ တိုင်း နိုင်ငံမည်သည်ကား ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။ မြို့ ရွာဖြစ်စေ ၊ အိမ် ဖြစ်စေ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင်ရာ။
26 Kama Shetani akimtoa Shetani, atakuwa amegawanyika yeye mwenyewe. Basi ufalme wake utawezaje kusimama?
၂၆စာတန် သည်လည်း စာတန် ကိုနှင်ထုတ် သည်မှန်လျှင် ၊ သူသည်မိမိ နှင့်ကွဲပြား ၏။ သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။
27 Nami kama natoa pepo wachafu kwa nguvu za Beelzebuli, watu wenu je, wao hutoa pepo wachafu kwa uwezo wa nani? Hivyo basi, wao ndio watakaowahukumu.
၂၇ငါ သည် ဗေလဇေဗုလ ကိုအမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍နှင်ထုတ် ကြသနည်း။ ထိုကြောင့် သူ တို့သည်သင် တို့အား တရား စီရင်သောသူဖြစ် ကြလိမ့်မည်။
28 Lakini kama mimi ninatoa pepo wachafu kwa Roho wa Mungu, basi Ufalme wa Mungu umekuja juu yenu.
၂၈ငါ သည် ဘုရားသခင် ၏ဝိညာဉ် တော်ကိုအမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏ နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။
29 “Au tena, mtu awezaje kuingia katika nyumba ya mtu mwenye nguvu na kuteka nyara mali zake asipomfunga kwanza yule mwenye nguvu? Akishamfunga, ndipo hakika anaweza kuteka nyara mali zake.
၂၉သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ အဘယ်သူ သည်သူရဲ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို လုယူ နိုင် အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။
30 “Mtu asiyekuwa pamoja nami yu kinyume nami, na mtu ambaye hakusanyi pamoja nami, hutawanya.
၃၀ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။
31 Kwa hiyo nawaambia, kila dhambi na kufuru watu watasamehewa, lakini mtu atakayemkufuru Roho Mtakatifu hatasamehewa.
၃၁ထိုကြောင့် ငါဆို သည်ကား၊ ပြစ်မှားသောအပြစ် ၊ ဘုရားကိုကဲ့ရဲ့ သောအပြစ်အမျိုးမျိုး တို့နှင့် လွတ် စေ ခြင်းအခွင့်ကို လူ တို့သည် ရနိုင်ကြ၏။ ဝိညာဉ် တော်ကို ကဲ့ရဲ့ သောအပြစ်နှင့်လွတ် စေခြင်းအခွင့်ကို လူတို့သည် မ ရနိုင်ကြ။
32 Mtu yeyote atakayesema neno dhidi ya Mwana wa Adamu atasamehewa, lakini yeyote anenaye neno dhidi ya Roho Mtakatifu hatasamehewa, iwe katika ulimwengu huu au katika ulimwengu ujao. (aiōn g165)
၃၂လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ ၏အပြစ်ကိုလည်းလွှတ် နိုင်၏။ သန့်ရှင်း သောဝိညာဉ် တော်ကို နှုတ်ဖြင့် ပြစ်မှား သောသူ ၏အပြစ်ကို ယခု ဘဝ နောင် ဘဝ၌ မ လွှတ် နိုင်။ (aiōn g165)
33 “Ufanye mti kuwa mzuri, nayo matunda yake yatakuwa mazuri. Au ufanye mti kuwa mbaya, na matunda yake yatakuwa mabaya. Kwa maana mti hutambulika kwa matunda yake.
၃၃အသီး အားဖြင့် အပင် ၏သဘောထင်ရှား သည်ဖြစ်၍ ၊ အသီး ကောင်း လျှင် အပင် ကောင်း သည်ဟု ဆို ကြလော့။ အသီး မကောင်း လျှင် အပင် မကောင်း ဟု ဆို ကြလော့။
34 Enyi uzao wa nyoka! Mnawezaje kunena mambo mema, wakati ninyi ni waovu? Kwa maana kinywa cha mtu huyanena yale yaliyoujaza moyo wake.
၃၄အချင်းမြွေဆိုး အမျိုး တို့၊ အဆိုး ဖြစ် လျက် ကောင်း သောစကားကို အဘယ်သို့ ပြော နိုင် မည်နည်း။ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွက် တတ်၏။
35 Mtu mwema hutoa yaliyo mema kutoka hazina ya mambo mema yaliyohifadhiwa ndani yake, naye mtu mwovu hutoa yaliyo maovu kutoka hazina ya mambo maovu yaliyohifadhiwa ndani yake.
၃၅ကောင်း သောသူ သည် ကောင်း သောစိတ်နှလုံးဘဏ္ဍာတိုက် ထဲက ကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောဘဏ္ဍာတိုက် ထဲက မကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။
36 Lakini nawaambia, katika siku ya hukumu watu watatoa hesabu kuhusu kila neno lisilo maana walilonena.
၃၆ငါ ဆိုသည်ကား ၊ လူ တို့သည် အကျိုးမဲ့ သောစကား ကို ပြော သမျှ အတွက် ၊ တရား ဆုံးဖြတ်သောနေ့ ၌ စစ်ကြောခြင်းကို ခံရ ကြလတံ့။ သင့် စကား များအားဖြင့် သင်သည်အပြစ် လွတ်လိမ့်မည်။
37 Kwa maana kwa maneno yako utahesabiwa haki, na kwa maneno yako utahukumiwa.”
၃၇သို့မဟုတ် သင့် စကား များအားဖြင့် အပြစ် စီရင်ခြင်းကိုခံရလိမ့်မည် ဟု မိန့်တော်မူ၏။
38 Kisha baadhi ya Mafarisayo na walimu wa sheria wakamwambia, “Mwalimu, tunataka kuona ishara kutoka kwako.”
၃၈ထိုအခါ အချို့ သောကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ် လက္ခဏာတစ်စုံတစ်ခုကို မြင် ချင် ပါသည်ဟု လျှောက် ကြလျှင်၊
39 Lakini yeye akawajibu, “Kizazi kiovu na cha uzinzi kinaomba ishara! Lakini hakitapewa ishara yoyote isipokuwa ile ishara ya nabii Yona.
၃၉ကိုယ်တော်က ဆိုးညစ် ၍ မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကို တောင်း သည်မှာ၊ ပရောဖက် ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။
40 Kwa maana kama vile Yona alivyokuwa ndani ya tumbo la nyangumikwa siku tatu, usiku na mchana, vivyo hivyo Mwana wa Adamu atakuwa katika moyo wa nchi siku tatu, usiku na mchana.
၄၀ယောန သည်ငါး ကြီးဝမ်း ထဲမှာ သုံး ရက်နေ ရသကဲ့သို့ ၊ လူ သား သည် မြေကြီး ထဲမှာ သုံး ရက်နေ ရလတံ့။
41 Siku ya hukumu watu wa Ninawi watasimama pamoja na kizazi hiki na kukihukumu; kwa maana wao walitubu waliposikia mahubiri ya Yona. Na tazama, hapa yupo yeye aliye mkuu kuliko Yona.
၄၁တရား ဆုံးဖြတ်တော်မူသောအခါ ၊ နိနေဝေ မြို့သား တို့သည် ဤ လူမျိုး တစ်ဘက်၌ ထ ၍အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမြို့သားတို့သည် ယောန ဟောပြော သောစကားကြောင့် နောင်တရ ကြ၏။ ဤ အရပ်၌ ကား၊ ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။
42 Malkia wa Kusini atasimama wakati wa hukumu na kukihukumu kizazi hiki. Kwa kuwa yeye alikuja kutoka miisho ya dunia ili kuisikiliza hekima ya Solomoni. Na hapa yupo aliye mkuu kuliko Solomoni.”
၄၂တရား ဆုံးဖြတ်တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည်၊ ဤ လူမျိုး တစ်ဘက်၌ ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ ဤ အရပ်၌ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။
43 “Pepo mchafu amtokapo mtu, hutangatanga katika sehemu zisizo na maji akitafuta mahali pa kupumzika, lakini hapati.
၄၃ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌လည် ၍ ငြိမ်ဝပ် ခြင်းကို ရှာ တတ်၏။
44 Ndipo husema, ‘Nitarudi kwenye nyumba yangu nilikotoka.’ Naye arudipo huikuta ile nyumba ikiwa tupu, imefagiliwa na kupangwa vizuri.
၄၄မ တွေ့ လျှင် ငါ သည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊ ရောက် သောအခါထိုအိမ်သည် လွတ်လပ် ၍ သုတ်သင် ပြင်ဆင်လျက်ရှိသည်ကိုတွေ့ သော်၊
45 Kisha huenda na kuwaleta pepo wachafu wengine saba wabaya kuliko yeye mwenyewe, nao huingia na kukaa humo. Nayo hali ya mwisho ya yule mtu huwa ni mbaya kuliko ile ya kwanza. Ndivyo itakavyokuwa kwa kizazi hiki kiovu.”
၄၅မိမိ ထက်သာ၍ညစ်ညူး သော နတ်ဆိုး ခုနစ် ယောက်ကိုခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍နေ ကြ၏။ ထို လူ နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက် သာ၍ဆိုး ၏။ ဆိုးညစ် သောဤ လူမျိုး ၌ ထိုနည်းတူ ဖြစ် လတံ့ ဟု မိန့် တော်မူ၏။
46 Wakati alikuwa angali anazungumza na makutano, mama yake na ndugu zake wakasimama nje wakitaka kuongea naye.
၄၆ထိုသို့ ပရိသတ် တို့အား ဟော တော်မူစဉ် တွင်၊ မယ်တော် နှင့် ညီ တော်တို့သည် နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေကြ၏။
47 Ndipo mtu mmoja akamwambia, “Tazama, mama yako na ndugu zako wamesimama nje, wanataka kuongea na wewe.”
၄၇လူ တစ်ယောက်ကလည်း ၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် နှင့်နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေ ကြပါ၏ဟုလျှောက် လျှင်၊
48 Lakini yeye akamjibu na kumwambia yule mtu, “Mama yangu ni nani, nao ndugu zangu ni nani?”
၄၈ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း ဟု မေး တော်မူ၏။
49 Akawanyooshea mkono wanafunzi wake, akasema, “Hawa hapa ndio mama yangu na ndugu zangu!
၄၉လက် တော်ကိုလည်းဆန့် ၍ တပည့် တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။
50 Kwa maana yeyote afanyaye mapenzi ya Baba yangu wa mbinguni, huyo ndiye ndugu yangu, na dada yangu na mama yangu.”
၅၀ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏အလို တော်ကိုဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။

< Mathayo 12 >