< Marko 4 >
1 Yesu akaanza kufundisha tena kando ya bahari. Umati wa watu uliokuwa umekusanyika kumzunguka ulikuwa mkubwa, kiasi kwamba ilimbidi Yesu aingie kwenye mashua iliyokuwa baharini na kuketi humo, nao watu wote walikuwa ufuoni mwa bahari.
၁နောက်တစ်ဖန် အိုင် နား မှာ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြသောကြောင့် ၊ အိုင် တွင် လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် အိုင် နား ကုန်း ပေါ်မှာ နေ ကြ၏။
2 Akawafundisha mambo mengi kwa mifano, naye katika mafundisho yake akasema:
၂ထိုအခါ ဥပမာ စကားအားဖြင့် များစွာ သောဆုံးမ ဩဝါဒကို ပေး၍ မြွက်ဆို တော်မူသည်မှာ၊
3 “Sikilizeni! Mpanzi alitoka kwenda kupanda mbegu zake.
၃နားထောင် ကြလော့။ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။”
4 Alipokuwa akitawanya mbegu, nyingine zilianguka kando ya njia, nao ndege wakaja na kuzila.
၄အစေ့ကို ကြဲ သည်တွင် အချို့ သောအစေ့တို့သည် လမ်း ၌ ကျ သဖြင့် ၊ မိုဃ်းကောင်းကင်ငှက် တို့သည် လာ ၍ ကောက်စား ကြ၏။”
5 Nyingine zilianguka kwenye ardhi yenye mwamba isiyo na udongo wa kutosha. Zikaota haraka, kwa kuwa udongo ulikuwa haba.
၅အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊”
6 Lakini jua lilipozidi, mimea ikanyauka na kukauka kwa kuwa mizizi yake haikuwa na kina.
၆နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။”
7 Mbegu nyingine zilianguka kwenye miiba, nayo miiba hiyo ikakua, ikaisonga hiyo mimea, hivyo haikutoa mazao.
၇အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည် ကြီးပွား ၍ ညှဉ်းဆဲ သောကြောင့် အသီး မ သီး ကြ။”
8 Mbegu nyingine zilianguka kwenye udongo mzuri, zikaota vizuri na kukua, zikatoa mazao, moja mara thelathini, nyingine mara sitini, na nyingine mara mia moja.”
၈အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် ၊ အပင်ပေါက် ၍ ကြီးပွား လျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီး သီး ကြ၏။”
9 Kisha Yesu akasema, “Mwenye masikio ya kusikia, na asikie.”
၉ကြား စရာ နား ရှိ သောသူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။
10 Alipokuwa peke yake, watu waliokuwepo naye pamoja na wanafunzi wake kumi na wawili wakamuuliza kuhusu mifano yake.
၁၀ဆိတ်ကွယ် ရာအရပ်၌ ရှိ တော်မူသောအခါ တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့် အခြံအရံ တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြလျှင် ၊
11 Naye akawaambia, “Ninyi mmepewa kujua siri ya Ufalme wa Mungu. Lakini kwa wale walioko nje, kila kitu husemwa kwao kwa mifano,
၁၁ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏နက်နဲ သောအရာကို သိရသောအခွင့်ရှိ ကြ၏။”
12 ili, “‘daima waone lakini wasitambue, daima wasikie lakini wasielewe; wasije wakageuka, wakatubu na kusamehewa!’”
၁၂ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင်၍၊ ကြား လျက်ပင်အနက် ကို နားမ လည် ဘဲ ကြား သဖြင့် ၊ သူ တို့အကျင့် မ ပြောင်းလဲ၊ အပြစ်မလွှတ် ရသည်တိုင်အောင်သူ တို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။”
13 Kisha Yesu akawauliza, “Hamwelewi maana ya mfano huu? Basi mtaelewaje mifano mingine?
၁၃သင်တို့သည် ဤ ဥပမာ ကိုမျှ နား မလည်လျှင်၊ ဥပမာ ရှိသမျှ တို့ကို အဘယ်သို့ နားလည် ကြမည်နည်း။”
14 Yule mpanzi hupanda neno.
၁၄မျိုးစေ့ ကြဲသောသူ သည် တရားစကား ကိုကြဲ ၏။”
15 Hawa ndio wale walio kando ya njia ambako neno lilipandwa. Walisikiapo neno, Shetani huja mara na kulinyakua lile neno lililopandwa ndani yao.
၁၅တရား စကားကို လမ်း ၌ ကြဲ ခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြား သည်ရှိသော်၊ စာတန် သည် ချက်ခြင်း လာ ၍ နှလုံး ၌ ကြဲ သော တရားစကား ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။”
16 Nazo zile mbegu zilizoanguka kwenye udongo wenye miamba, ni wale wanaolisikia neno, na mara hulipokea kwa furaha.
၁၆ကျောက် ပေါသောအရပ် ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သော စိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း ၊”
17 Lakini kwa kuwa hawana mizizi, wao hudumu kwa muda mfupi tu. Kisha dhiki au mateso yanapoinuka kwa ajili ya lile neno, mara wao huiacha imani.
၁၇စိတ် နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါ ချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။”
18 Lakini wengine, kama mbegu iliyopandwa kwenye miiba, hulisikia lile neno;
၁၈ဆူးပင် တို့တွင် ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍၊”
19 lakini masumbufu ya maisha haya, na udanganyifu wa mali na tamaa ya mambo mengine huja na kulisonga lile neno na kulifanya lisizae. (aiōn )
၁၉လောကီ အမှု၌စိုးရိမ် ခြင်း၊ စည်းစိမ် ဥစ္စာ၏ လှည့်စား ခြင်း၊ ကြွင်း သောအရာ ကို တပ်မက် ခြင်းစိတ် တို့ သည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီး မသီးနိုင် ဟု ဆိုလို သတည်း။” (aiōn )
20 Wengine, kama mbegu iliyopandwa kwenye udongo mzuri, hulisikia lile neno, wakalipokea na kuzaa mazao. Wao huzaa mara thelathini, au mara sitini, au mara mia ya mbegu iliyopandwa.”
၂၀ကောင်း သောမြေ ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကို ကြား ၍ခံယူ သဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်ဟု ဆိုလို သတည်း။”
21 Akawaambia, “Je, taa huwashwa na kufunikwa chini ya kikapu au mvunguni mwa kitanda? Je, haiwashwi na kuwekwa juu ya kinara chake?
၂၁ထိုမှတစ်ပါးဆီမီး ကို ဆီမီးခုံ ပေါ်မှာ မ တင် ၊ တောင်း ဇလားအောက် ၊ ခုတင် အောက် ၌ ဖုံးထား ခြင်းငှာ ယူခဲ့ သလော။”
22 Kwa kuwa hakuna kilichofichika ambacho hakitafunuliwa, wala hakuna jambo lolote la siri ambalo halitaletwa nuruni.
၂၂ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်း ပွင့်လင်း လိမ့်မည်။”
23 Mwenye masikio ya kusikia, na asikie.”
၂၃ကြား စရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။”
24 Naye akawaambia, “Kuweni waangalifu na yale mnayosikia. Kipimo kile mpimacho, ndicho mtakachopimiwa ninyi, hata na zaidi.
၂၄ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။”
25 Kwa maana kila mtu aliye na kitu atapewa zaidi, naye atakuwa navyo tele. Lakini yule asiye na kitu, hata kile alicho nacho atanyangʼanywa.”
၂၅အကြင်သူ သည် ရ တတ်၏၊ ထိုသူ အား ပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။”
26 Pia akawaambia, “Ufalme wa Mungu unafanana na mtu apandaye mbegu shambani.
၂၆ထိုမှတစ်ပါး လူ သည် လယ် ၌ မျိုးစေ့ ကြဲ ပြီးမှ နောက်တစ်ဖန်မိမိမကြည့်မမှတ်၊”
27 Akiisha kuzipanda, usiku na mchana, akiwa amelala au ameamka, mbegu huota na kukua pasipo yeye kujua ikuavyo.
၂၇ညဉ့် ၊ နေ့ ၊ အိပ် လျက် ၊ နိုး လျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွား သည်နှင့်ဘုရားသခင် ၏နိုင်ငံ တော်တူ ၏။”
28 Udongo huifanya iote kuwa mche, halafu suke, kisha nafaka kamili kwenye suke.
၂၈မြေကြီး သည် မိမိ အလိုအလျောက်အသီးကိုသီး စေ၍ ရှေးဦးစွာ အညှောက် ၊ ထိုနောက် အနှံ ၊ ထိုနောက် အနှံ ထဲမှာ အောင်မာ သောအဆန် ကို ဖြစ်စေတတ်၏။”
29 Lakini nafaka inapokuwa imekomaa, mara mkulima huingia shambani na mundu wa kuvunia, maana mavuno yamekuwa tayari.”
၂၉အသီး မှည့် ၍ ရိတ် ချိန်ရောက် သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ် နှင့် ရိတ် စေတတ် သည်” ဟု မိန့် တော်မူ၏။
30 Akawaambia tena, “Tuufananishe Ufalme wa Mungu na nini? Au tutumie mfano gani ili kuueleza?
၃၀ထိုမှတပါး ဘုရားသခင် ၏နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။ အဘယ် ဥပမာ နှင့် ခိုင်းနှိုင်း ရအံ့နည်းဟူမူကား၊”
31 Ni kama punje ya haradali, ambayo ni mbegu ndogo sana kuliko mbegu zote zinazopandwa ardhini.
၃၁မုန်ညင်း စေ့ နှင့်တူ ၏။ မုန်ညင်းစေ့သည် မြေ ၌ စိုက် သောအခါ မြေ ၌ ရှိသော အစေ့ တကာ တို့ထက် ငယ် သော်လည်း ၊ စိုက် ပြီးမှ အပင်ပေါက် ၍၊”
32 Lakini ikishaota, hukua ikawa mmea mkubwa kuliko yote ya bustanini, ikawa na matawi makubwa hata ndege wa angani wanaweza kujenga viota kwenye matawi yake.”
၃၂မြက်ပင် တကာ တို့ထက် ကြီးပွား သဖြင့် ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အရိပ် ခို ၍ နားနေ လောက် သော အကိုင်းအခက် ကြီး တို့ကိုဖြစ် စေတတ်သည် ဟု မိန့် တော်မူ၏။”
33 Kwa mifano mingine mingi kama hii Yesu alinena nao neno lake, kwa kadiri walivyoweza kulielewa.
၃၃ထိုသို့သော ဥပမာ စကားများ အားဖြင့်ကိုယ်တော်သည် ပရိသတ်များနားထောင် နိုင် သည်အတိုင်း တရား ဟော တော်မူ၏။
34 Hakusema nao neno lolote pasipo mfano. Lakini alipokuwa na wanafunzi wake, aliwafafanulia kila kitu.
၃၄ဥပမာ ကင်း ၍ ဟောပြော တော်မ မူ။ ရှိသမျှ သောအရာတို့ကို ဆိတ်ကွယ် ရာအရပ်၌ တပည့် တော်တို့ အား ဖွင့်ပြ တော်မူ၏။
35 Siku hiyo ilipokaribia jioni, aliwaambia wanafunzi wake, “Tuvukeni twende mpaka ngʼambo.”
၃၅ထို နေ့ ည အချိန်၌ ကိုယ်တော်က၊ ကမ်း တစ်ဘက်သို့ ကူး ကြကုန်အံ့ ဟု မိန့် တော်မူလျှင် ၊
36 Wakauacha ule umati wa watu, na wakamchukua vile alivyokuwa kwenye mashua. Palikuwa pia na mashua nyingine nyingi pamoja naye.
၃၆တပည့်တော်တို့သည် လူ စုဝေးရာမှထွက် ၍ လှေ ပေါ်၌ ရှိ နှင့်သောကိုယ်တော် ပါ လျက် သွား ကြ၏။ အခြား လှေ တို့လည်း ပါ သေး၏။
37 Kukawa na dhoruba kali, nayo mawimbi yakaipiga ile mashua hata ikawa karibu kujaa maji.
၃၇ထိုအခါ ပြင်းစွာ သောမိုဃ်းသက်မုန်တိုင်း ဖြစ် ၍ လှိုင်း တံပိုးခတ် သောကြောင့် လှေ သည် ရေနှင့် ပြည့် လေ၏။
38 Yesu alikuwa katika shetri, akiwa analala juu ya mto. Wanafunzi wake wakamwamsha, wakamwambia, “Mwalimu, hujali kama tunazama?”
၃၈ကိုယ်တော် သည် ပဲ့ ၌ ခေါင်းအုံး ပေါ်မှာ ကျိန်းစက် ၍နေ တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုး ပြီးမှ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီး ခြင်းသို့ ရောက်သည်ကို လျစ်လျူ သောစိတ်ရှိတော်မူသလောဟု လျှောက် ကြသော် ၊
39 Akaamka, akaukemea ule upepo, akayaambia yale mawimbi, “Uwe kimya! Tulia!” Ule upepo ukatulia, kukawa shwari kabisa.
၃၉ကိုယ်တော်သည် ထ ၍ တိတ်ဆိတ် ငြိမ်ဝပ် စွာ နေဟုလေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် လေ သည် ငြိမ် ၍ အလွန် သာယာ လေ၏။
40 Yesu akawaambia wanafunzi wake, “Kwa nini mnaogopa hivyo? Je, bado hamna imani?”
၄၀ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက် တတ်သနည်း။ အဘယ်ကြောင့်ယုံကြည် ခြင်းစိတ်နှင့် ကင်း သနည်း ဟု မေး တော်မူလျှင် ၊
41 Nao wakawa wameogopa sana, wakaulizana, “Ni nani huyu ambaye hata upepo na mawimbi vinamtii?”
၄၁သူတို့သည် အလွန် ကြောက်ရွံ့ ၍ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏ စကားကို နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။