< Mambo ya Walawi 26 >

1 “‘Msijitengenezee sanamu au kusimamisha kinyago cha kuchonga, au mnara, wala jiwe la kuabudia, na pia msijiwekee jiwe lililochongwa katika nchi yenu na kusujudu mbele yake. Mimi ndimi Bwana Mungu wenu.
သင် တို့သည် ကိုယ် အဘို့ ထုလုပ် သော ရုပ်တု ဆင်းတု ကို မ ရှိစေရ။ သင် တို့ပြည် ၌ ကိုးကွယ် စရာ မှတ်တိုင် ကို မ စိုက် ရ။ ထုသောကျောက် ကို ထောင်၍မ ထား ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
2 “‘Zishikeni Sabato zangu na kuheshimu mahali patakatifu pangu. Mimi ndimi Bwana.
ငါ့ ဥပုသ် နေ့တို့ကိုစောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
3 “‘Ikiwa mtafuata amri zangu na kuwa waangalifu kutii maagizo yangu,
သင်တို့သည်၊ ငါ့ ထုံးဖွဲ့ ရာလမ်းသို့ လိုက် ၍၊ ငါ ပညတ် တို့ကို ကျင့် စောင့် လျှင်၊
4 nitawanyeshea mvua katika majira yake, nayo ardhi itatoa mazao yake, na miti ya mashambani itazaa matunda yake.
အချိန် တန်မှ ငါသည် သင် တို့အဘို့ မိုဃ်း ရွာစေ သဖြင့် ၊ မြေ သည် မိမိ ဘဏ္ဍာ ကိုပေး ၍ ၊ ဥယျာဉ် အပင် တို့သည် အသီး သီး ကြလိမ့်မည်။
5 Kupura nafaka kwenu kutaendelea mpaka wakati wa kuvuna zabibu. Pia kuvuna zabibu kutaendelea mpaka wakati wa kupanda mbegu, nanyi mtakula na kushiba, na mtaishi salama katika nchi yenu.
စပါးနင်း နယ်သော အမှုသည်၊ စပျစ်သီး ညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီး ညှစ်သောအမှုသည်၊ မျိုးစေ့ ကြဲရာ ကာလတိုင်အောင်၎င်း မှီ သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ၊ ကိုယ် ပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
6 “‘Nitawapa amani katika nchi, mpate kulala pasipo kutiwa hofu na yeyote. Nitawaondoa wanyama wakali watoke kwenye nchi, nao upanga hautapita katika nchi yenu.
သင်တို့ပြည် ၌ စစ်မှုကို ငါငြိမ်း စေ၍ ၊ ခြိမ်းချောက် သောသူ မ ရှိဘဲ သင်တို့သည် အိပ် ရကြလိမ့်မည်။ ဆိုး သော သားရဲ တို့ကိုလည်း ငါပယ်ရှား မည်။ တပြည်လုံး သည် ထား ဘေးနှင့် ကင်းလွတ် လိမ့်မည်။
7 Mtawafukuza adui zenu, nanyi mtawaua kwa upanga mbele yenu.
သင်တို့သည် ရန်သူ များကို လိုက် ၍ ထား လက်နက်ဖြင့် အောင်ကြလိမ့်မည်။
8 Watu wenu watano watafukuza adui mia, watu wenu mia watafukuza adui elfu kumi, nao adui zenu wataanguka kwa upanga mbele yenu.
သင် တို့တွင် လူငါး ယောက်သည်၊ ရန်သူတရာ ကို လိုက် လိမ့်မည်။ လူတရာ သည် ရန်သူ တ သောင်းကို ပြေး စေ၍ ၊ ထား လက်နက်ဖြင့် အောင် ကြလိမ့်မည်။
9 “‘Nitawaangalia kwa upendeleo na kuwafanya mzae na kuzidisha idadi yenu, nami nitalishika Agano langu na ninyi.
သင် တို့ကို ငါစောင့်မ သဖြင့် တိုးပွား များပြားစေ၍ ၊ သင် တို့နှင့် ငါ ပြုသော ပဋိညာဉ် ကို ငါမြဲမြံ စေမည်။
10 Wakati wa kuvuna mtakuwa bado mnakula mavuno ya mwaka uliopita, na itawalazimu kuyaondoa ghalani ili mpate nafasi ya mavuno mapya.
၁၀သိုထားသော စပါးဟောင်း ကို စား ၍ မကုန်မှီ၊ စပါးသစ် ပေါ်သောကြောင့် ၊ အဟောင်း ကို ထုတ် ရကြမည်။
11 Nitafanya makao yangu miongoni mwenu, nami sitawachukia.
၁၁ငါသည် စက်ဆုပ် ရွံရှာခြင်းမ ရှိဘဲ သင် တို့တွင် တဲ တော်ကို တည် မည်။
12 Nitatembea katikati yenu niwe Mungu wenu, nanyi mtakuwa watu wangu.
၁၂သင် တို့တွင် လည်း လှည့်လည် ၍ သင် တို့၏ ဘုရား သခင်ဖြစ် မည်။ သင် တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
13 Mimi ndimi Bwana Mungu wenu, niliyewatoa katika nchi ya Misri ili msiendelee kuwa watumwa wa Wamisri, nikavunja kongwa lenu, na kuwawezesha kutembea mkiwa mmeinua vichwa vyenu juu.
၁၃အဲဂုတ္တု ပြည် ၌ အစေ ကျွန်ခံရ သော သင် တို့ကို ငါလွှတ်၍ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် တို့၏ ထမ်းဘိုး ကြိုးကို ငါဖြတ် ၍ သင် တို့ကို တည့်မတ် စေပြီ။
14 “‘Lakini kama hamtanisikiliza na kutimiza maagizo haya yote,
၁၄သင်တို့သည် ငါ့ စကားကို နား မထောင်၊ ဤ ပညတ် အလုံးစုံ ကို မ စောင့်၊
15 nanyi kama mtazikataa amri zangu na kuzichukia sheria zangu, tena mkishindwa kutimiza amri zangu na hivyo mkavunja agano langu,
၁၅ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ ၊ မထီမဲ့မြင် ပြုလျက် ၊ ငါ့ ပညတ် တရားကိုမ ကျင့် ၊ ငါ့ ပဋိညာဉ် သစ္စာကို ဖျက် လျှင်၊
16 ndipo nitakapowafanyia hili: Nitawaletea juu yenu hofu ya ghafula, magonjwa ya kufisha, na homa itakayopofusha macho yenu na kuwaondolea uhai wenu. Mtapanda mbegu bila mafanikio, kwa sababu adui zenu wataila.
၁၆သင် တို့၌ ငါ ပြု လတံ့သောအမှုဟူမူကား ၊ သင် တို့၌ မျက်စိ ပျက် လျက် ၊ စိတ်ပူပန် လျက် ရှိစေခြင်းငှါ၊ ထိတ်လန့် သော သဘော၊ တူလာ ၊ ဖျားနာ တို့ကို သင်တို့အပေါ်မှာ ငါခန့် ထားမည်။ သင် တို့သည် မျိုးစေ့ ကို ကြဲ သော်လည်းအကျိုး မရှိ။ ရန်သူ တို့သည် အသီးအနှံကို စား ကြလိမ့်မည်။
17 Nitauelekeza uso wangu dhidi yenu ili mshindwe na adui zenu; wale wanaowachukia watawatawala, nanyi mtakimbia ingawa hakuna mtu anayewafukuza.
၁၇သင် တို့ကို ငါ မျက်နှာ ထား ၍ ၊ ရန်သူ ရှေ့ မှာ ဆုံး စေမည်။ သင် တို့သည် ရန်သူ ၏ အုပ်စိုး ခြင်းကို ခံရ၍ ၊ အဘယ်သူမျှမ လိုက် သော်လည်း ၊ ပြေး ကြလိမ့်မည်။
18 “‘Kama baada ya haya yote hamtanisikiliza, nitawaadhibu mara saba zaidi kwa ajili ya dhambi zenu.
၁၈ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်ဘဲ နေသေးလျှင် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကို ငါပေးဦးမည်။
19 Nitakivunja kiburi chenu cha ukaidi na kuifanya anga iliyo juu yenu iwe kama chuma, na ardhi yenu kama shaba.
၁၉သင် တို့မာန အစွယ်ကို ငါချိုး မည်။ မိုဃ်းကောင်းကင် ကို သံ ကဲ့သို့ ၎င်း၊ မြေကြီး ကို ကြေးဝါ ကဲ့သို့ ၎င်း၊ ငါဖြစ် စေသဖြင့်၊
20 Nguvu zenu zitatumika bila ya mafanikio, kwa sababu ardhi yenu haitawazalia mazao yake, wala miti ya nchi yenu haitazaa matunda yake.
၂၀သင် တို့သည် အချည်းနှီး ကြိုးစား အားထုတ် ကြလိမ့်မည်။ သင် တို့မြေ သည် မိမိ ဘဏ္ဍာ ကို မ ပေး။ ဥယျာဉ် အပင် တို့သည် အသီး မ သီး ကြ။
21 “‘Kama mtaendelea kuwa na uadui nami, na kukataa kunisikiliza, nitawazidishia mateso yenu mara saba zaidi, kama dhambi zenu zinavyostahili.
၂၁သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင်ဘက် ပြုလျှင် ၊ သင် တို့အပြစ် အလျောက် ခုနစ် ဆ သောဘေး ကြီးကို ငါသက်ရောက်စေမည်။
22 Nitawatuma wanyama mwitu dhidi yenu, nao watawaibieni watoto wenu, watawaangamiza ngʼombe wenu, na kuifanya idadi yenu kuwa ndogo, hivi kwamba barabara zenu zitakuwa hazina watu.
၂၂သင် တို့၏ သား သမီးများကို ချီသွား၍ ၊ သင် တို့၏ တိရစ္ဆာန် များကို ဖျက်ဆီး လျက် ၊ သင် တို့ကို နည်း စေ ခြင်းငှါ ၊ သားရဲ များကို ငါစေလွှတ် သဖြင့် ၊ သင် တို့သွားရာ လမ်းမ တို့သည် လူဆိတ်ညံ ရာ ဖြစ်ကြလိမ့်မည်။
23 “‘Ikiwa pamoja na mambo haya hamtakubali maonyo yangu lakini mkaendelea kuweka uadui nami,
၂၃ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊
24 mimi mwenyewe nitaweka uadui nanyi, na kuwatesa kwa ajili ya dhambi zenu mara saba zaidi.
၂၄ငါ သည်လည်း သင် တို့ကို ဆန့်ကျင် ဘက်ပြု၍ ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကိုပေး ဦးမည်။
25 Nitawaletea upanga juu yenu ili kuwapatiliza kwa kuvunja Agano langu. Mtakapokimbilia mijini mwenu, nitatuma tauni katikati yenu, nanyi mtatiwa mikononi mwa adui zenu.
၂၅ငါ့ပဋိညာဉ် ဘက်၌ နေ၍၊ တရားစီရင် ရသောထား ဘေးကိုသင် တို့အပေါ် မှာ ငါသက်ရောက် စေမည်။ သင် တို့သည် မြို့ ထဲ ၌ စုဝေး သောအခါ ၊ ကာလနာ ဘေးကို ငါစေလွတ် ၍ ၊ ရန်သူ လက် သို့ ရောက် စေမည်။
26 Nitakapowaondolea upatikanaji wa mkate wenu, wanawake kumi wataoka mkate wenu katika tanuru moja, nao wataugawa mkate kidogo kwa kupima. Mtakula, lakini hamtashiba.
၂၆သင် တို့၏ အစာ အာဟာရ အထောက် အပင့်ကို ငါ ပယ်ရှား သောအခါ ၊ မိန်းမ တကျိပ် တို့သည် သင် တို့၏ မုန့် ကို မီးဖို တဖို၌ ဖုတ် ပြီးမှ ၊ ထိုမုန့် ကို ချိန် ပေးသဖြင့် သင်တို့သည် ဝ စွာမ စား ရကြ။
27 “‘Kama hata baada ya haya bado hamtanisikiliza lakini mkaendelea kuweka uadui nami,
၂၇ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊
28 ndipo katika hasira yangu nitaweka uadui nanyi, nami mwenyewe nitawaadhibu mara saba kwa ajili ya dhambi zenu.
၂၈ငါသည်လည်း အမျက် ထွက်၍ သင် တို့ကို ဆန့်ကျင် ဘက်ပြုသဖြင့် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆ သော ဒဏ် ကိုပေး ဦးမည်။
29 Mtakula nyama ya wana wenu na nyama ya binti zenu.
၂၉သင်တို့သည် ကိုယ် သား သမီး တို့၏ အသား ကို စား ရကြလိမ့်မည်။
30 Nitapaharibu mahali penu pa juu pa kuabudia miungu, nibomoe madhabahu zenu za kufukizia uvumba, na kuzilundika maiti zenu juu ya sanamu zenu zisizo na uhai, nami nitawachukia ninyi sana.
၃၀သင် တို့မြင့် သော အရပ်များကို ငါဖြိုဖျက် ၍ ၊ ရုပ်တု ဆင်းတုများကို ခုတ်လှဲ မည်။ သင် တို့အသေ ကောင် များကို၊ ရုပ်တု ဆင်းတုအသေ ကောင်အပေါ် မှာ ပစ်ချ ၍ ၊ သင် တို့ကို စက်ဆုပ် ရွံရှာမည်။
31 Nitaifanya miji yenu kuwa magofu, na kuharibu mahali patakatifu penu pa kuabudia, nami sitapendezwa na harufu nzuri ya sadaka zenu.
၃၁သင် တို့မြို့ များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်း ရာဌာနတော်ကို သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် တို့နံ့သာပေါင်း အမွှေး အကြိုင်ကို ငါမ နမ်း။
32 Nitaiharibu nchi, ili adui zenu watakaokuja kuishi humo washangae.
၃၂တပြည်လုံး ကို ငါ သုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌ နေ သော သင် တို့၏ ရန်သူ တို့သည် မြင်၍ မိန်းမော တွေဝေကြလိမ့်မည်။
33 Nitawatawanya ninyi miongoni mwa mataifa, na kuufuta upanga wangu na kuwafuatia. Nchi yenu itaharibiwa, nayo miji yenu itakuwa magofu.
၃၃သာသနာပ လူတို့တွင် သင် တို့ကို အရပ်ရပ်ငါကွဲပြား စေ၍ ၊ ထား မိုးလျက် လိုက်မည်။ သင် တို့ပြည် သည်လည်း လူဆိတ်ညံ လျက် ၊ မြို့ သည်လည်း ပျက်စီး လျက်ရှိ လိမ့်မည်။
34 Ndipo nchi itafurahia Sabato zake muda wote ule itakapokuwa ukiwa, nanyi mkiwa katika nchi ya adui zenu. Ndipo nchi itapumzika na kufurahia Sabato zake.
၃၄ထိုသို့ သင် တို့သည် ရန်သူ ပြည် ၌ နေ၍၊ ကိုယ်ပြည် သည် လူဆိတ်ညံ လျက်နေသောကာလ ပတ်လုံး ငြိမ်ဝပ် စွာနေ၍ ၊ မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် ရလိမ့်မည်။
35 Wakati wote nchi itakapobaki ukiwa, itapumzika na kufurahia Sabato zake ambazo haikuzipata mlipokuwa mnaishi humo.
၃၅လူဆိတ်ညံ လျက်နေရသော ကာလ ပတ်လုံး ငြိမ်ဝပ် လိမ့်မည်။ သင် တို့ရှိနေ သောအခါ ၊ ဥပုသ် နေ့တို့၌ ပြည်သည် မ ငြိမ် မဝပ်ရ။
36 “‘Kwa habari ya wenzenu wale watakaobaki, nitaifanya mioyo yao kuwa na hofu kuu katika nchi za adui zao, kiasi kwamba sauti ya jani linalopeperushwa na upepo itawafanya wakimbie. Watakimbia kana kwamba wanakimbia upanga, nao wataanguka, ingawa hakuna anayewafukuza.
၃၆ရန်သူ ပြည် မှာ ကျန် ကြွင်းသော သင် တို့စိတ် နှလုံးထဲ သို့၊ ထိတ်လန့် သော သဘောကို ငါပေးသွင်း သဖြင့် ၊ သစ်ရွက် လှုပ်သံ ကြောင့် သင်တို့သည် ကြောက်၍၊ ထား ဘေးမှ ပြေး သကဲ့သို့ပြေးကြလိမ့်မည်။ အဘယ်သူမျှ မ လိုက် သော်လည်းလဲ ကြလိမ့်မည်။
37 Watajikwaa mmoja juu ya mwingine kama wakimbiao upanga, hata ingawa hakuna anayewafuatia. Hivyo hamtaweza kusimama mbele ya adui zenu.
၃၇အဘယ်သူမျှမ လိုက် ဘဲ ထား ဘေးမှ ပြေးသောသူကဲ့သို့ တယောက် အပေါ် မှာ တယောက် လဲ ကြလိမ့်မည်။ ရန်သူ ရှေ့ မှာ ရပ် နိုင်သော တန်ခိုးမ ရှိ ရ။
38 Mtaangamia katikati ya mataifa; nchi ya adui zenu itawala.
၃၈ရန်သူ ပြည် သည် သင် တို့ကို မျိုစား ၍ ၊ သာသနာပ လူတို့တွင် ဆုံးရှုံး ကြလိမ့်မည်။
39 Wale wenu watakaobaki wataangamia katika nchi za adui zao kwa sababu ya dhambi zao; pia kwa sababu ya dhambi za baba zao wataangamia.
၃၉ကျန် ကြွင်းသော သင် တို့သည်၊ ရန်သူ ပြည် ၌ ကိုယ် အပြစ် ၊ ဘိုးဘ တို့အပြစ် ကိုခံ လျက်၊ ဘိုးဘနှင့်တကွ အားလျော့ ကြလိမ့်မည်။
40 “‘Lakini kama watatubu dhambi zao na dhambi za baba zao, udanganyifu wao dhidi yangu na uadui wao kwangu,
၄၀သို့ရာတွင် သူတို့သည် ငါ့ ကို ပြစ်မှား ၍ ၊ ငါ့ ကို ဆန့်ကျင် ဘက်ပြုသောကြောင့်၊
41 ambao ulinifanya niwe na uadui nao hata nikawapeleka katika nchi ya adui zao, wakati mioyo yao isiyotahiriwa itanyenyekea na kutubu dhambi yao,
၄၁ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
42 nami nitakumbuka agano langu na Yakobo, na agano langu na Isaki, na agano langu na Abrahamu, nami nitaikumbuka nchi.
၄၂ငါသည် ယာကုပ် နှင့်ပြုသောပဋိညာဉ် ၊ ဣဇာက် နှင့်ပြုသောပဋိညာဉ် ၊ အာဗြဟံ နှင့်ပြုသောပဋိညာဉ် ကို၎င်း၊ ထိုပြည် ကို၎င်းငါအောက်မေ့ မည်။
43 Kwa kuwa wataiacha nchi ukiwa, nayo itafurahia Sabato zake wakati itakuwa ukiwa bila wao. Wataadhibiwa kwa ajili ya dhambi zao, kwa sababu walizikataa sheria zangu na kuzichukia amri zangu.
၄၃ထိုပြည် သည် သူ တို့ လက်မှ လွတ် ၍၊ သူ တို့မရှိဘဲ လူဆိတ်ညံ လျက်နေစဉ် တွင် မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် လိမ့်မည်။ သူတို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ မထီမဲ့မြင် ပြုသော အပြစ် ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။
44 Lakini pamoja na hili, wakati watakuwa katika nchi ya adui zao, sitawakataa wala kuwachukia kiasi cha kuwaharibu kabisa na kuvunja agano langu nao. Mimi ndimi Bwana Mungu wao.
၄၄သို့ရာတွင် ရန်သူ ပြည် ၌ နေ ကြသောအခါ ၊ သူ တို့ကို ရှင်းရှင်းဖျက်ဆီး ၍ ၊ သူ တို့နှင့် ငါပြုသော ပဋိညာဉ် ကို ပယ် သည်တိုင်အောင် သူ တို့ကို ငါမ စွန့်ပစ် မ ရွံရှာ။ ငါ သည် သူ တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
45 Lakini kwa ajili yao nitalikumbuka agano langu na baba zao, ambao niliwatoa Misri mbele ya mataifa ili niwe Mungu wao. Mimi ndimi Bwana.’”
၄၅ငါသည် သူ တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ သာသနာပ လူတို့ မျက်မှောက် ၌ ၊ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော သူ တို့ ဘိုးဘေး နှင့် ငါပြုသော ပဋိညာဉ် ကို သူ တို့အတွက် ငါအောက်မေ့ မည်၊ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
46 Hizi ndizo amri, sheria na pia masharti ambazo Bwana alifanya kati yake mwenyewe na Waisraeli katika Mlima Sinai kupitia kwa Mose.
၄၆ဤ ရွေ့ကား ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ ဣသရေလ အမျိုးသား တို့အဘို့ မောရှေ လက် တွင် ထား တော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရား ဖြစ်သတည်း။

< Mambo ya Walawi 26 >