< Mambo ya Walawi 25 >

1 Bwana akamwambia Mose katika Mlima Sinai,
တဖန် သိနာ တောင် ပေါ် မှာ၊ မောရှေ အား ထာဝရဘုရား က၊
2 “Sema na Waisraeli uwaambie: ‘Mtakapoingia katika nchi ninayowapa ninyi, nchi yenyewe ni lazima ishike Sabato kwa ajili ya Bwana.
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် သောအခါ ၊ ထိုပြည် သည် ထာဝရဘုရား အဘို့ ဥပုသ် စောင့် ရမည်။
3 Kwa miaka sita mtapanda mazao katika mashamba yenu, nanyi kwa miaka sita mtaikata mizabibu yenu matawi na kuvuna mazao yake.
ခြောက် နှစ် ပတ်လုံးလယ် လုပ်လျက်၊ စပျစ် ဥယျာဉ်ကို သုတ်သင် ၍ အသီး ကို သိမ်း လျက် နေရမည်။
4 Lakini mwaka wa saba nchi lazima iwe na Sabato ya mapumziko, Sabato kwa Bwana. Msipande mbegu katika mashamba yenu, wala msikate mizabibu yenu matawi.
သတ္တမ နှစ် သည်၊ ထာဝရဘုရား အဘို့ ဥပုသ် နှစ်၊ တပြည်လုံး ငြိမ်ဝပ် စွာနေ၍ ဥပုသ် စောင့်ရသောနှစ်ဖြစ်၏။ လယ် မ လုပ် ရ။ စပျစ် ဥယျာဉ်ကို မ သုတ်သင် ရ။
5 Msivune na kuweka akiba kinachoota chenyewe, wala kuvuna na kusindika zabibu ambayo hamkuhudumia mashamba yake. Nchi lazima iwe na mwaka wa mapumziko.
လယ်၌ အလိုလို ပေါက်သော အသီး အနှံကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ် အသီး ကိုမျှ မ ဆွတ် ရ။ တပြည်လုံး ငြိမ်ဝပ် စွာ နေရသော နှစ် ဖြစ် ၏။
6 Chochote nchi itoacho katika mwaka wa Sabato kitakuwa chakula chenu wenyewe, watumishi wenu wa kiume na wa kike, mfanyakazi aliyeajiriwa, na mkazi wa muda anayeishi miongoni mwenu,
ပြည် ဥပုသ် တည်းဟူသောအလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍သင် ၏ ကျွန် ၊ ကျွန် မ၊ သူငှါး ၊ ဧည့်သည် စားစရာ၊
7 vilevile malisho ya mifugo yenu na wanyama pori katika nchi yenu. Chochote nchi itakachozalisha kinaweza kuliwa.
သင် ၏ ပြည် ၌ ရှိသော သားယဉ် သားရဲ စားစရာဖြစ် ရမည်။
8 “‘Hesabu Sabato saba za miaka, yaani miaka saba mara saba, ili Sabato saba za miaka utakuwa muda wa miaka arobaini na tisa.
ဥပုသ် နှစ် ခုနစ် နှစ်ကို ရေတွက် ၍ ၊ ခုနှစ် နှစ် ခုနှစ် လီ တည်းဟူသောလေး ဆယ်ကိုး နှစ် စေ့ပြီးမှ၊
9 Ndipo tarumbeta itapigwa kila mahali katika siku ya kumi ya mwezi wa saba. Katika Siku ya Upatanisho, piga tarumbeta katika nchi yako yote.
သတ္တမ လ ဆယ် ရက်နေ့၊ အပြစ် ဖြေခြင်းပြုရာနေ့ ၌ ၊ ယုဘိလတံပိုး ကို တပြည်လုံး မှုတ် စေရမည်။
10 Mwaka wa hamsini mtauweka wakfu na kutangaza uhuru katika nchi kwa wakazi wake wote. Itakuwa ni yubile kwenu; kila mmoja wenu atairudia mali ya jamaa yake, na kila mmoja kurudi kwenye ukoo wake.
၁၀ငါး ဆယ်မြောက်သောနှစ် ကို သန့်ရှင်း စေသဖြင့် ၊ တပြည်လုံး ၌ ပြည်သား အပေါင်း တို့အား ၊ လွတ် ရာ အခွင့်ကို ကြွေးကြော် ရမည်။ ယုဘိလ နှစ်ဖြစ်၍၊ လူတိုင်း မိမိ ပိုင် သောမြေ၊ မိမိ အဆွေ အမျိုးထံ သို့ပြန် ရမည်။
11 Mwaka wa hamsini utakuwa yubile kwenu, msipande wala msivune kile kiotacho chenyewe, au kuvuna zabibu zisizohudumiwa.
၁၁ငါး ဆယ်မြောက်သောနှစ် သည် ယုဘိလ နှစ် ဖြစ် သောကြောင့် လယ် မ လုပ်ရ။ အလိုလို ပေါက်သော အပင်ကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မ ဆွတ် ရ။
12 Kwa kuwa ni yubile, nayo itakuwa takatifu kwenu; mtakula tu kile kilichotoka moja kwa moja mashambani.
၁၂ယုဘိလ နှစ်သည် သန့်ရှင်း သော နှစ်ဖြစ်သောကြောင့် ၊ လယ် ၌ ရသောအသီး အနှံကိုသာ စား ရမည်။
13 “‘Katika huu Mwaka wa Yubile, kila mmoja atarudi kwenye mali yake mwenyewe.
၁၃ယုဘိလ နှစ် တွင် လူ တိုင်း မိမိ ပိုင် သော မြေသို့ ပြန် ရမည်။
14 “‘Ikiwa utauza ardhi kwa mmoja wa wazawa wa nchi yako, au ukinunua ardhi kutoka kwake, mmoja asimpunje mwingine.
၁၄သင်တို့သည် အချင်းချင်း ရောင်း ဝယ် မှုကို ပြုလျှင် ၊ တယောက် ကို တယောက်မ ညှဉ်းဆဲ ရ။
15 Utanunua ardhi kwa mzawa wa nchi yako kwa misingi ya hesabu ya miaka baada ya Yubile. Naye ataiuza kwako kwa misingi ya hesabu ya miaka iliyobaki kwa kuvuna mavuno.
၁၅ယုဘိလ နှစ်လွန် ၍ လိုသေးသော နှစ် ပေါင်း၊ အသီး အနှံသီးလတံ့သော နှစ် ပေါင်းကို ရေတွက်၍ ရောင်း ဝယ်မှုကို ပြုရမည်။
16 Miaka inapokuwa mingi, utaongeza bei, nayo miaka ikiwa michache, utapunguza bei, kwa sababu kile anachokuuzia kwa hakika ni hesabu ya mazao.
၁၆ထိုသို့ အသီးသီးရသောနှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုး လျော့ လျက်၊ တိုး လျက် ရောင်း ဝယ်ရမည်။
17 Mmoja asimpunje mwingine, bali utamcha Mungu wako. Mimi ndimi Bwana Mungu wako.
၁၇သင်တို့သည် တယောက် ကိုတယောက်မ ညှဉ်းဆဲ ရ။ သင် တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
18 “‘Fuateni amri zangu, mwe waangalifu kutii amri zangu, nanyi mtaishi salama katika nchi.
၁၈သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် စောင့်လျှင်၊ ထိုပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
19 Kisha nchi itazaa matunda yake, nanyi mtakula na kushiba na kuishi humo kwa salama.
၁၉မြေ သည်လည်း မိမိ အသီး အနှံကိုပေး သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ဘေး လွတ်လျက် နေ ရကြ လိမ့်မည်။
20 Mwaweza kuuliza, “Tutakula nini katika mwaka wa saba ikiwa hatutapanda wala kuvuna mazao yetu?”
၂၀သင်တို့ကလည်း၊ သတ္တမ နှစ် တွင် ငါတို့သည် အဘယ် သို့စား ရမည်နည်း။ လယ် မ လုပ်ရ။ အသီး အနှံကို မ သိမ်း ရပါတကားဟု ဆို လျှင်၊
21 Nitawapelekeeni baraka ya pekee katika mwaka wa sita, kwamba nchi itazalisha mazao ya kutosha kwa miaka mitatu.
၂၁ဆဌမ နှစ် တွင် သင် တို့ကို ငါ ကောင်းကြီး ပေး၍ ၊ ထိုနှစ်တွင် သုံး နှစ် အဘို့ အသီး အနှံကို ဖြစ် စေမည်။
22 Mnapopanda mwaka wa nane, mtakula mavuno ya miaka iliyopita. Pia mtaendelea kuyala mazao hayo hadi mvune mavuno ya mwaka wa tisa.
၂၂သင်တို့သည် အဋ္ဌမ နှစ် တွင် လယ် လုပ်၍ နဝမ နှစ် တွင် အသီး အနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်း သော အသီး အနှံကို စား ရကြမည်။
23 “‘Kamwe ardhi isiuzwe kwa mkataba wa kudumu, kwa sababu nchi ni mali yangu, nanyi ni wageni na wapangaji wangu.
၂၃မြေ ကို သူတပါး အစဉ် ပိုင်စေခြင်းငှါမ ရောင်း ရ။ မြေ သည် ငါ့ ဥစ္စာဖြစ်၏။ သင် တို့သည် ငါ ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။
24 Katika nchi yote mtakayoshika kuwa milki yenu, ni lazima mtoe ukombozi wa ardhi.
၂၄သင် တို့သည် မြေ ကို ပိုင် လေရာရာ ၌ ရွေးနှုတ် ရသောအခွင့်ကိုပေး ရကြမည်။
25 “‘Ikiwa mmoja wa wazawa wa nchi yako amekuwa maskini na akauza baadhi ya mali yake, ndugu yake wa karibu atakuja na kukomboa kile ndugu yako alichokiuza.
၂၅သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍၊ မိမိ ပိုင် သောမြေကို ရောင်း လျှင် ၎င်း ၊ သူ ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာ လျှင် ၎င်း၊ မိမိ ပေါက်ဘော် ရောင်း သောဥစ္စာကို ရွေးနှုတ် ရသောအခွင့်ရှိရမည်။
26 Iwapo mtu huyo hana jamaa wa karibu wa kukomboa mali hiyo kwa ajili yake, lakini yeye mwenyewe akafanikiwa na kupata mali itoshayo kuikomboa,
၂၆ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊
27 ataamua tena thamani yake kwa miaka tangu alipoiuza, na kurudisha kiasi kilichobaki cha thamani kwa mtu ambaye alikuwa amemuuzia mali hiyo, naye ataweza kuirudia mali yake.
၂၇မိမိ မြေ သို့ ပြန် အံ့သောငှါ ၊ ရောင်း ၍လွန်သော နှစ် ပေါင်းကို ရေတွက် ပြီးမှ ၊ လိုသေးသော အဘိုးကို အထက်က ရောင်း ခဲ့သော သူ အား ပြန် ပေးရမည်။
28 Lakini kama hatapata njia ya kumlipa mnunuzi, ile mali aliyouza itabaki kumilikiwa na mnunuzi mpaka Mwaka wa Yubile. Mali hiyo itarudishwa mwaka wa Yubile, naye ataweza kuirudia mali yake.
၂၈ပြန်၍မ ပေး နိုင်လျှင် ရောင်း ခဲ့သောဥစ္စာကို ယုဘိလ နှစ် တိုင်အောင် ဝယ် သောသူလက် ၌ ရှိ စေရမည်။ ယုဘိလ နှစ်တွင် လက်လွှတ် ၍ အရှင်ဟောင်းလက်သို့ ရောက် စေရမည်။
29 “‘Ikiwa mtu atauza nyumba iliyo ndani ya mji uliozungukwa kwa ukuta, yeye anayo haki ya kuikomboa mwaka mzima baada ya mauzo ya hiyo nyumba. Wakati huo anaweza kuikomboa.
၂၉မြို့ ထဲ၌ရှိသောအိမ် ကို အိမ်ရှင်ရောင်း လျှင် ၊ တနှစ် အတွင်းတွင် ရွေးနှုတ် သော အခွင့်ရှိ စေရမည်။
30 Ikiwa haikukombolewa kabla ya mwaka mmoja kamili kupita, nyumba iliyo ndani ya mji uliozungukwa kwa ukuta itakuwa mali ya kudumu ya mnunuzi na wazao wake. Haitarudishwa mwaka wa Yubile.
၃၀တနှစ် အတွင်းတွင် မ ရွေးနှုတ် လျှင် ၊ ထို အိမ် ကို ဝယ် သောသူမှစ၍သားစဉ် မြေးဆက်တို့သည် အမြဲ ပိုင်ရကြမည်။ ယုဘိလ နှစ်ရောက်သော်လည်းလက်မ လွှတ် ရ။
31 Lakini nyumba zilizo vijijini bila ya kuwa na kuta zilizozizunguka zitahesabiwa kama mashamba. Zinaweza kukombolewa, nazo zirudishwe katika mwaka wa Yubile.
၃၁မြို့ရိုး မ ရှိ၊ ရွာ ၌ရှိသောအိမ် ကို လယ်ယာ ကဲ့သို့မှတ် ၍ ရွေးနှုတ် ရသောအခွင့်ရှိ ၏။ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။
32 “‘Walawi siku zote wana haki ya kukomboa nyumba zao katika miji ya Walawi wanayoimiliki.
၃၂သို့ရာတွင် လေဝိ သားပိုင်သော မြို့ နှင့်မြို့ အိမ် တို့ကို၊ အဘယ် ကာလအချိန်မဆိုဘဲ ရွေးနှုတ် ရသောအခွင့်ရှိ ၏။
33 Kwa hiyo mali ya Mlawi inaweza kukombolewa, yaani nyumba iliyouzwa katika mji wowote wanaoushikilia itarudishwa mwaka wa Yubile, kwa sababu nyumba zilizo katika miji ya Walawi ni mali yao miongoni mwa Waisraeli.
၃၃လေဝိ သားပိုင် သော မြို့ ကို၎င်း၊ အိမ် ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။ အကြောင်း မူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိ သားတို့သည်၊ ကိုယ် နေရာ မြို့ အိမ် မှတပါး အခြားသော ဥစ္စာမရှိ။
34 Lakini nchi ya malisho iliyo mali ya miji yao kamwe isiuzwe, ni milki yao ya kudumu.
၃၄သို့ ဆိုသော်လည်း၊ လေဝိ သားမြို့ နယ် ၌ရှိသောလယ်ယာ တို့ကို မ ရောင်း ရ။ အစဉ် အမြဲပိုင် ရမည်။
35 “‘Ikiwa mmoja wa wazawa wa nchi yako amekuwa maskini, naye akashindwa kujitegemeza mwenyewe katikati yako, msaidie kama vile ambavyo ungelimsaidia mgeni au kama mkazi wa muda, ili aweze kuendelea kuishi katikati yako.
၃၅သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ လက် အားလျော့ သဖြင့် တပါး အမျိုးသားဧည့်သည် အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့် ထံ မှာနေ စေခြင်းငှါ သူ့ ကို မစ ရမည်။
36 Usichukue riba wala faida yoyote kutoka kwake, bali utamwogopa Mungu wako, ili mzawa wa nchi yako aweze kuendelea kuishi katikati yako.
၃၆သူ၌ အတိုး အပွားကို မ ယူ ရ။ သင် ၏ အမျိုးသား ချင်းသည် သင့် ထံ မှာနေ စေခြင်းငှါ ၊ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ လော့။
37 Usimkopeshe fedha ili alipe na riba, wala usimuuzie chakula kwa faida.
၃၇အတိုး အပွါး ကို မြော်လင့်၍ ငွေ ကို၎င်း၊ စားစရာ ကို၎င်း၊ သူ ၌ မ ချေး မငှါးရ။
38 Mimi ndimi Bwana Mungu wako, niliyekuleta kutoka nchi ya Misri nikupe nchi ya Kanaani, nami niwe Mungu wako.
၃၈ငါသည် ခါနာန် ပြည် ကို သင် တို့အား ပေး ၍ ၊ သင် တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
39 “‘Ikiwa mmoja wa wazawa wa nchi yako amekuwa maskini katikati yako, naye akajiuza kwako, usimfanye atumike kama mtumwa.
၃၉သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ သင် ၌ အရောင်း ခံလျှင် ၊ အစေခံ ကျွန်ကိုပြု သကဲ့သို့သူ့ ကို အနိုင်မ ပြု ရ။
40 Atatendewa kama mfanyakazi aliyeajiriwa, au kama mkazi wa muda katikati yako, naye atatumika mpaka Mwaka wa Yubile.
၄၀သူသည် သူငှါး ကဲ့သို့ ၎င်း၊ ဧည့်သည် ကဲ့သို့ ၎င်း၊ သင့် ထံ မှာနေ ၍ ယုဘိလ နှစ် တိုင်အောင် အစေခံ ရမည်။
41 Ndipo yeye na watoto wake wataachiwa, naye atarudi kwa watu wa ukoo wake, na kwenye mali ya baba zake.
၄၁ထိုအခါ သူ သည် သား သမီးနှင့်တကွ ထွက် ၍ ၊ မိမိ အဆွေ အမျိုး၊ မိမိ ဘိုး ဘပိုင် သောမြေသို့ ပြန် ရမည်။
42 Kwa sababu Waisraeli ni watumishi wangu niliowaleta kutoka nchi ya Misri, kamwe wasiuzwe kama watumwa.
၄၂အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော ငါ ၏ အမှုထမ်း ဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မ ရောင်း ရ။
43 Usiwatawale kwa ukatili, lakini utamcha Mungu wako.
၄၃သူ့ ကို ကြမ်းတမ်း စွာ မ စီရင် ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။
44 “‘Watumwa wako wa kiume na wa kike watatoka katika mataifa yanayokuzunguka; kutoka kwao waweza kununua watumwa.
၄၄သင် သည် စေခိုင်းသောကျွန် ၊ ကျွန် မတို့ကို၊ သင့် ပတ်လည် ဝန်းကျင်တို့၌ နေသော သာသနာပ လူတို့ တွင် ဝယ် ရမည်။
45 Pia waweza kununua baadhi ya wakazi wa muda wanaoishi katikati yako, na jamaa ya koo zao waliozaliwa katika nchi yako, nao watakuwa mali yako.
၄၅ထိုမှတပါး၊ သင် တို့တွင် တည်း နေသောတကျွန်း တနိုင်ငံသားတို့ကို၎င်း၊ သင် တို့ပြည် ၌ သူတို့ရ သော သား သမီးများကို ၎င်းဝယ် ၍ ပိုင် ရမည်။
46 Hao waweza kuwarithisha watoto wako kuwa urithi wao, na wanaweza kuwafanya watumwa maisha yao yote, lakini usiwatawale ndugu zako Waisraeli kwa ukatili.
၄၆သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင် တို့နှင့် သင် တို့သား သမီးတို့သည် အမွေ ခံ၍ ပိုင် ရမည်။ ကိုယ် အမျိုးသား ချင်းတည်းဟူသောဣသရေလ အမျိုးသား ဖြစ်လျှင်၊ တယောက် ကိုတယောက်ကြမ်းတမ်း စွာ မ စီရင် ရ။
47 “‘Ikiwa mgeni au mkazi wa muda katikati yako atakuwa tajiri, na mmoja wa wazawa wa nchi yako akawa maskini, naye akajiuza kwa yule mgeni anayeishi katikati yako, au kwa mmoja wa jamaa wa koo za wageni,
၄၇သင့် အနား မှာတည်းနေသောတကျွန်း တနိုင်ငံသားသည် ငွေရတတ် ၍ သူ ၏အနား မှာနေသောသင် ၏ အမျိုးသားချင်း ဆင်းရဲ သဖြင့် ၊ သင့် အနား မှာ တည်းနေသောတကျွန်း တနိုင်ငံသား၌ ၎င်း၊ သူ၏ သား မြေး၌ ၎င်း၊ ကိုယ်ကိုရောင်းချ လျှင်၊
48 anayo haki ya kukombolewa baada ya kujiuza. Mmoja wa jamaa zake aweza kumkomboa:
၄၈ရောင်း ပြီးမှ ရွေးနှုတ် သော အခွင့်ရှိ စေရမည်။ မိမိ အမျိုးသား တစုံ တယောက်သည် ရွေးနှုတ် ရမည်။
49 Mjomba wake, au binamu yake, au yeyote aliye ndugu wa damu katika ukoo wake aweza kumkomboa. Au ikiwa atafanikiwa, anaweza kujikomboa mwenyewe.
၄၉ဘကြီး ၊ ဘထွေး၊ ညီအစ်ကို တော်မှစ၍အဆွေ အမျိုးပေါက်ဘော် ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင် လျှင်လည်း ကိုယ်ကိုရွေးနှုတ် ရမည်။
50 Yeye na huyo aliyemnunua watahesabu muda kuanzia mwaka aliojiuza hadi Mwaka wa Yubile. Mahali pa kuanzia bei ya kuachiwa kwake itakadiriwa kwa ujira unaolipwa mfanyakazi aliyeajiriwa kwa idadi ya hiyo miaka.
၅၀သခင်နှင့် ကျွန်တို့သည်၊ ရောင်း ဝယ်သော နှစ် မှစ၍ ယုဘိလ နှစ် တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင် ၊ နှစ်ပေါင်းအနည်းအများကိုထောက်၍၎င်း၊ သူငှါး လုပ် ရသည် ကာလ ကို ထောက်၍၎င်း၊ ကိုယ် အဘိုး ကို စီရင် ရမည်။
51 Ikiwa imebaki miaka mingi, ni lazima atalipia ukombozi wake fungu kubwa la bei iliyolipwa kumnunua yeye.
၅၁ယုဘိလ နှစ် မ ရောက်မှီ၊ အစေခံရသောနှစ် ပေါင်း အနည်း အများကို ရေတွက် ၍၊
52 Ikiwa miaka iliyobaki ni michache kufikia Mwaka wa Yubile, atafanya hesabu yake, naye atalipa malipo yanayostahili kwa ajili ya ukombozi wake.
၅၂လိုသေးသော နှစ် ပေါင်း အနည်းအများ အလိုက် ရွေးရန်အဘိုးကို၊ ဝယ် ရင်းငွေ ထဲက နှုတ် ၍ ပြန် ပေး ရမည်။
53 Atatendewa kama mtu wa kuajiriwa mwaka hadi mwaka; lazima uone kwamba yule aliyemnunua hamtawali kwa ukatili.
၅၃ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါး ကဲ့သို့ နေ ရမည်။ သင့် မျက်မှောက် ၌ ညှဉ်းဆဲ ခြင်းကို မ ခံရ။
54 “‘Hata ikiwa hakukombolewa kwa njia mojawapo ya hizi, yeye na watoto wake wataachiwa katika Mwaka wa Yubile,
၅၄ထိုသို့သောနည်းဖြင့် မ ရွေး မနှုတ်လျှင် ၊ ယုဘိလ နှစ် ရောက်သောအခါ ၊ သူ့ ကို သား မယားနှင့်တကွ သခင်လက်မှ လွှတ် ရမည်။
55 kwa maana Waisraeli ni mali yangu kama watumishi. Wao ni watumishi wangu, niliowatoa kutoka nchi ya Misri. Mimi ndimi Bwana Mungu wako.
၅၅အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည်၊ ငါ ၏ အမှုထမ်း ဖြစ်ကြ၏။ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

< Mambo ya Walawi 25 >