< Mambo ya Walawi 21 >

1 Bwana akamwambia Mose, “Sema na makuhani, wana wa Aroni, uwaambie: ‘Kamwe kuhani asijitie unajisi kwa utaratibu wa kiibada kwa ajili ya mtu wake yeyote anayekufa,
တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် အာရုန် ၏သား ၊ ယဇ်ပုရောဟိတ် တို့အား ဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှညစ်ညူး ခြင်းမ ရှိရ။
2 isipokuwa jamaa wake wa karibu, kama vile mama yake au baba yake, mwanawe au binti yake, ndugu yake,
သို့ရာတွင်ပေါက်ဘော် ရင်းတည်းဟူသောမိဘ ၊ သား သမီး ၊ ညီအစ်ကို၊
3 au dada yake asiyeolewa ambaye anamtegemea kwa kuwa hana mume, kwa ajili ya hao aweza kujitia unajisi.
လင် မနေသောကညာနှမ ရင်းအတွက် ညစ်ညူး ခြင်းကို ခံရသောအခွင့်ရှိ ၏။
4 Kamwe asijitie unajisi mwenyewe kutokana na wale watu ambao anahusiana nao kwa kuoana, na hivyo kujitia unajisi.
အမျိုးသား ချင်း သူကြီး အတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ ၍ ညစ်ညူး ခြင်းမ ရှိရ။
5 “‘Kamwe makuhani wasinyoe nywele za vichwa vyao wala wasinyoe pembeni mwa ndevu zao, au kuweka chale kwenye miili yao.
ယဇ်ပုရောဟိတ်သည် ဆံပင်ကို မ ရိတ် ရ။ ပါးမုန်း ကို မ ရိတ် ရ။ အသား ၌ ခုတ်ရှ ခြင်းကို မ ပြုရ။
6 Lazima wawe watakatifu kwa Mungu wao, na kamwe wasilinajisi jina la Mungu wao. Kwa sababu ndio wanaotoa sadaka za kuteketezwa kwa moto kwa Bwana, chakula cha Mungu wao, hivyo lazima wawe watakatifu.
သူသည် မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ရမည်။ မိမိ ဘုရား သခင်၏ နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိ ဘုရား သခင်၏ အစာအာဟာရကို ပူဇော် သောကြောင့် သန့်ရှင်း ခြင်းရှိ ရမည်။
7 “‘Kamwe wasioe wanawake waliojinajisi kwa ukahaba, au waliopewa talaka na waume wao, kwa sababu makuhani ni watakatifu kwa Mungu wao.
သူသည် ပြည်တန်ဆာ မိန်းမ ၊ သီလပျက်သောမိန်းမ၊ လင် နှင့် ကွာ သောမိန်းမ နှင့် မ စုံဘက် ရ။ မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ၏။
8 Waoneni kuwa watakatifu, kwa sababu ndio wanaotoa chakula cha Mungu wenu. Kumbukeni kuwa ni watakatifu, kwa sababu Mimi Bwana ni mtakatifu, Mimi niwafanyaye ninyi kuwa watakatifu.
သင် ၏ ဘုရား သခင်ပွဲတော် ကို ဆက် သောကြောင့် ၊ သူ့ ကို သန့်ရှင်း စေ၍ ၊ သူသည် သင့် အဘို့ သန့်ရှင်း ရမည်။ သင် တို့ကို သန့်ရှင်း စေသော ငါ ထာဝရဘုရား သန့်ရှင်း ၏။
9 “‘Ikiwa binti wa kuhani anajitia unajisi kwa kufanya ukahaba, anamwaibisha baba yake; lazima achomwe kwa moto.
ယဇ်ပုရောဟိတ် သမီး သည်၊ ပြည်တန်ဆာ လုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချ လျှင် ၊ မိမိ အဘ ကို ရှုတ်ချ ရာ ရောက်၏။ ထိုသူကို မီး ရှို့ ရမည်။
10 “‘Kuhani mkuu, yule miongoni mwa ndugu zake ambaye amekwisha kutiwa mafuta kwa kumiminiwa juu ya kichwa chake, na ambaye amewekwa wakfu kuvaa mavazi ya ukuhani, kamwe asiache nywele zake bila kufunikwa, wala asirarue nguo zake.
၁၀မိမိ အမျိုးသား ချင်းတို့တွင် ၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိ ခေါင်း ပေါ် မှာ ဆီ လောင်း ခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ် မင်း သည်၊ မိမိ ခေါင်း ၌ တန်ဆာ ကို မ ချွတ် ရ။ မိမိ အဝတ် ကို မ ဆုတ် ရ။
11 Kamwe asiingie mahali palipo maiti ndani. Kamwe asijitie unajisi, hata kwa ajili ya baba yake au mama yake,
၁၁အသေ ကောင်ကို မ ချဉ်း ရ။ မိဘ အတွက် ညစ်ညူး ခြင်းကို မ ခံရ။
12 wala asiondoke mahali patakatifu pa Mungu wake au kupanajisi, kwa sababu amewekwa wakfu kwa mafuta ya Mungu wake. Mimi ndimi Bwana.
၁၂သန့်ရှင်း ရာဌာနတော်ထဲက မ ထွက် ရ။ မိမိ ဘုရား သခင်၏ သန့်ရှင်း ရာဌာနတော်ကို မ ရှုတ် မချရ။ အကြောင်း မူကား၊ မိမိ ဘုရား သခင်၏ ဘိသိက် ဆီ နှင့်ဆိုင်သော သင်းကျစ် ကို ဆောင်းရသောသူဖြစ် ၏။ ငါ သည် ထာဝရဘုရား ဖြစ်၏။
13 “‘Mwanamke kuhani atakayemwoa lazima awe bikira.
၁၃ယဇ် ပုရောဟိတ်မင်းသည်၊ အပျို ကညာနှင့် သာစုံဘက် ရမည်။
14 Kamwe asimwoe mjane, au mwanamke aliyepewa talaka, wala mwanamke aliyejinajisi kwa ukahaba, bali atamwoa tu bikira kutoka miongoni mwa watu wake,
၁၄မုတ်ဆိုးမ ၊ လင်နှင့်ကွာ သောမိန်းမ၊ သီလ ပျက်သောမိန်းမ၊ ပြည်တန်ဆာ မိန်းမနှင့် မ စုံဘက် ရ။ မိမိ အမျိုးသား ချင်း အပျို ကညာနှင့် သာ စုံဘက် ရမည်။
15 na hivyo hatawatia unajisi watoto wake miongoni mwa watu wake. Mimi ndimi Bwana, nimfanyaye mtakatifu.’”
၁၅မိမိ သား ကို၊ အမျိုးသား ချင်းတို့တွင် မ ရှုတ် မချရ။ ငါ ထာဝရဘုရား သည်၊ ယဇ် ပုရောဟိတ်မင်းကို သန့်ရှင်း စေသည်ဟု မိန့် တော်မူ၏။
16 Bwana akamwambia Mose,
၁၆တဖန် မောရှေ အား ထာဝရဘုရား က၊
17 “Mwambie Aroni: ‘Kwa vizazi vijavyo, hakuna mzao wako mwenye dosari atakayekaribia kutoa chakula cha Mungu wake.
၁၇သင်သည် အာရုန် အား ဆင့်ဆို ရမည်မှာ၊ သင် ၏ အမျိုး အစဉ် အဆက်တွင် ကိုယ် ၌ အပြစ် ရှိ သော သူသည်၊ မိမိ ဘုရား သခင်၏ ပွဲတော် ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။
18 Hakuna mtu mwenye dosari yoyote awezaye kukaribia: hakuna mtu aliye kipofu au kiwete, au aliyeharibika uso au asiye na viungo kamili,
၁၈မျက်စိ ကန်းသောသူ ၊ ခြေဆွံ့ သောသူ၊ နှာခေါင်း ပိသောသူ၊ အင်္ဂါ ပိုလွန်သောသူ၊
19 hakuna mtu mwenye mguu au mkono uliolemaa,
၁၉လက် ကျိုး သောသူ၊ ခြေ ကျိုး သောသူ၊
20 au mwenye kibiongo au aliyedumaa, au aliye na tatizo la macho, au aliye na uvimbe wenye usaha au majipu, au aliyehasiwa.
၂၀ကျော ကုန်းသောသူ၊ ပု သောသူ၊ မျက်စိ နာ သောသူ၊ ဝဲ စွဲသောသူ၊ ယားနာ စွဲသောသူ၊ ဝှေးစေ့ ပျက် သောသူသည် မ ချဉ်း မကပ်ရ။
21 Hakuna mzao wa kuhani Aroni mwenye kilema chochote atakayekaribia kutoa sadaka kwa Bwana ya kuteketezwa kwa moto. Kama ana kilema, kamwe asikaribie kutoa chakula cha Mungu wake.
၂၁ယဇ်ပုရောဟိတ် အာရုန် အမျိုး တွင် ၊ ကိုယ် ၌ အပြစ် ပါသော သူ တစုံ တယောက်မျှ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။ ကိုယ် ၌ အပြစ် ပါသောကြောင့်၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။
22 Anaweza kula chakula kitakatifu sana cha Mungu wake, pia hata chakula kitakatifu.
၂၂သန့်ရှင်း သော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်း သော မုန့်ဖြစ်စေ၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို စား ရမည်။
23 Lakini kwa sababu ya kilema chake, kamwe asikaribie karibu na pazia wala kukaribia madhabahu, asije akanajisi mahali patakatifu pangu. Mimi ndimi Bwana, niwafanyaye watakatifu.’”
၂၃ကိုယ် ၌ အပြစ် ပါသောကြောင့် ၊ ငါ့ သန့်ရှင်း ရာ ဌာနအရပ်တို့ကို ရှုတ်ချ မည်ကို စိုးရိမ်၍ ၊ ကုလားကာ အတွင်း သို့ မ ဝင် ရ။ ယဇ် ပလ္လင်သို့ မ ချဉ်း မကပ်ရ။ ငါ ထာဝရဘုရား သည် ထိုအရပ်တို့ကို သန့်ရှင်း စေ သည်ဟု မိန့် တော်မူ၏။
24 Basi Mose akamwambia Aroni jambo hili na wanawe, pamoja na Waisraeli wote.
၂၄မောရှေ သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို လေ၏။

< Mambo ya Walawi 21 >