< Mambo ya Walawi 20 >
၁ထာဝရဘုရားသည်မောရှေမှတစ်ဆင့်၊-
2 “Sema na wana wa Israeli: ‘Mwisraeli yeyote au mgeni anayeishi katika Israeli ambaye atamtoa yeyote miongoni mwa watoto wake kuwa sadaka kwa mungu Moleki, mtu huyo lazima auawe. Watu wa jumuiya hiyo watampiga kwa mawe.
၂ဣသရေလအမျိုးသားတို့အားအောက်ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲကဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သားသမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော်လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့်ပစ်သတ်ရမည်။-
3 Mimi nitauelekeza uso wangu dhidi ya mtu huyo, nami nitamkatilia mbali na watu wake. Kwa maana kwa kumtoa mmoja wa watoto wake kwa mungu Moleki, amenajisi madhabahu yangu na kulinajisi Jina langu takatifu.
၃မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
4 Ikiwa watu wa jumuiya watafumba macho wakati mtu huyo anapomtoa mmoja wa watoto wake kwa mungu Moleki, nao wakaacha kumuua,
၄အကယ်၍လူထုတစ်ရပ်လုံးက ထိုသူအားအရေးမယူသေဒဏ်မစီရင်လျှင်၊-
5 mimi nitauelekeza uso wangu dhidi ya mtu huyo pamoja na jamaa yake, nami nitawakatilia mbali yeye na watu wote waliofanya ukahaba na Moleki.
၅သူနှင့်သူ၏မိသားစုကိုလည်းကောင်း၊ ထိုသူနည်းတူငါ့အားသစ္စာဖောက်၍မောလုတ်ဘုရားအားကိုးကွယ်သူရှိသမျှကိုလည်းကောင်း ငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။
6 “‘Mimi nitauelekeza uso wangu dhidi ya mtu anayeenda kwa waaguzi na wenye pepo, na hivyo kujifanyia ukahaba kwa kuwafuata, nami nitamkatilia mbali na watu wake.
၆``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
7 “‘Jitakaseni basi, nanyi kuweni watakatifu, kwa sababu mimi ndimi Bwana Mungu wenu.
၇ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။-
8 Shikeni amri zangu na kuzifuata. Mimi ndimi Bwana, niwafanyaye ninyi watakatifu.
၈ငါ၏ပညတ်များကိုစောင့်ထိန်းကြလော့။ ငါသည်သင်တို့အားသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။''
9 “‘Ikiwa mtu yeyote atamlaani baba yake au mama yake, lazima auawe. Amemlaani baba yake au mama yake, nayo damu yake itakuwa juu ya kichwa chake mwenyewe.
၉ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။
10 “‘Ikiwa mtu atazini na mke wa mtu mwingine, yaani mke wa jirani yake, wazinzi hao wawili lazima wauawe.
၁၀တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။-
11 “‘Kama mtu atakutana kimwili na mke wa baba yake, hakumheshimu baba yake. Mwanaume huyo na mwanamke huyo wote wauawe; damu yao itakuwa juu ya vichwa vyao wenyewe.
၁၁ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
12 “‘Ikiwa mtu atakutana kimwili na mke wa mwanawe, lazima wote wawili wauawe. Walichokifanya ni upotovu; damu yao itakuwa juu ya vichwa vyao wenyewe.
၁၂တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်းဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။-
13 “‘Kama mwanaume akikutana kimwili na mwanaume mwenzake kama vile mwanaume afanyavyo na mwanamke, wanaume hao wawili wamefanya lililo chukizo sana. Lazima wauawe; nayo damu yao itakuwa juu ya vichwa vyao wenyewe.
၁၃ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
14 “‘Ikiwa mwanaume ataoa binti pamoja na mama yake, huo ni uovu. Wote watatu ni lazima wachomwe moto, ili kwamba pasiwepo na uovu katikati yenu.
၁၄တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။-
15 “‘Kama mwanaume akikutana kimwili na mnyama, ni lazima auawe, na pia ni lazima mnyama huyo auawe.
၁၅တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။-
16 “‘Kama mwanamke atamsogelea mnyama kukutana naye kimwili, muueni mwanamke huyo pamoja na mnyama pia. Lazima wauawe; damu yao itakuwa juu ya vichwa vyao wenyewe.
၁၆မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။
17 “‘Ikiwa mtu anamwoa dada yake, binti aliyezaliwa na baba yake au mama yake, nao wakakutana kimwili, ni aibu. Lazima wakatiliwe mbali machoni pa watu wao. Huyo mwanaume amemwaibisha dada yake, hivyo atawajibika kwa ajili ya uovu huo.
၁၇တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-
18 “‘Ikiwa mwanaume atalala na mwanamke aliye katika hedhi yake na kukutana naye kimwili, amefunua mtiririko wa hedhi yake, naye huyo mwanamke amejifunua uchi wake. Wote wawili lazima wakatiliwe mbali na watu wao.
၁၈တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။-
19 “‘Usikutane kimwili na dada wa mama yako wala wa baba yako, kwa maana hilo litamwaibisha jamaa wa karibu; ninyi wawili mtawajibika kwa ajili ya uovu huo.
၁၉တစ်စုံတစ်ယောက်သည်မိမိအဒေါ်နှင့်ကာမစပ်ယှက်လျှင် သွေးနီးစပ်သူချင်းဖောက်ပြန်သဖြင့်နှစ်ဦးစလုံးအပြစ်ခံရမည်။-
20 “‘Ikiwa mwanaume atakutana kimwili na shangazi yake, amemwaibisha mjomba wake. Nao watawajibika kwa ajili ya uovu huo; watakufa bila kuzaa mtoto.
၂၀တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူသည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက်သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံရမည်။ နှစ်ဦးစလုံးသားသမီးများမရဘဲနေလိမ့်မည်။-
21 “‘Ikiwa mwanaume ataoa mke wa ndugu yake, hili ni tendo chafu; amemwaibisha ndugu yake. Nao hawatazaa mtoto.
၂၁တစ်စုံတစ်ယောက်သည်မိမိညီအစ်ကို၏မယားနှင့်ထိမ်းမြားလျှင် သူတို့သည်သားသမီးမထွန်းကားဘဲရှိကြလိမ့်မည်။ သူသည်ဘာသာတရားထုံးနည်းအရမသန့်ရှင်းသောအမှုကိုပြု၍မိမိညီအစ်ကို၏အသရေကိုဖျက်၏။
22 “‘Zishikeni amri na sheria zangu zote na kuzifuata, ili nchi ninayowaleta kuishi isiwatapike.
၂၂တစ်ဖန်ထာဝရဘုရားက``ငါပို့ဆောင်၍သင်တို့ရောက်ရှိမည့်ခါနာန်ပြည်မှသင်တို့နှင်ထုတ်ခြင်းမခံရစေရန် ငါ၏ပညတ်အားလုံးတို့ကိုစောင့်ထိန်းရမည်။-
23 Kamwe msiishi kwa kufuata desturi za mataifa nitakayoyafukuza mbele yenu. Kwa sababu walifanya mambo haya yote, nami nikachukizwa sana nao.
၂၃ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
24 Lakini niliwaambia ninyi, “Mtaimiliki nchi yao; nitawapa ninyi kuwa urithi, nchi inayotiririka maziwa na asali.” Mimi ndimi Bwana Mungu wenu, ambaye amewatenga kutoka mataifa.
၂၄အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက်သန်သောထိုပြည်ကို သင်တို့ပိုင်ဆိုင်ရန်ငါပေးမည်ဟုကတိထားသည့်အတိုင်းငါပြုမည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၍ သင်တို့သည်အခြားလူမျိုးများနှင့်မတူငါသီးသန့်ရွေးချယ်ထားသောလူမျိုးဖြစ်၏။-
25 “‘Kwa hiyo, ninyi lazima mweze kutofautisha kati ya wanyama walio safi na wasio safi, pia kati ya ndege wasio safi na walio safi. Msijitie unajisi kutokana na mnyama yeyote, au ndege, wala kitu chochote kitambaacho juu ya ardhi, vile ambavyo nimevitenga kuwa najisi kwa ajili yenu.
၂၅သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
26 Mtakuwa watakatifu kwangu, kwa sababu Mimi, Bwana, ni mtakatifu, nami nimewatenga kutoka mataifa kuwa wangu mwenyewe.
၂၆ငါသည်ထာဝရဘုရားဖြစ်၍သန့်ရှင်းသောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။ သင်တို့အားငါရွေးချယ်သဖြင့်ငါပိုင်၏။ ငါသာလျှင်သင်တို့ကိုပိုင်ရန်အတွက် သင်တို့အားလူမျိုးတကာမှငါသီးသန့်ရွေးချယ်တော်မူပြီ။
27 “‘Mwanaume au mwanamke ambaye ni mchawi, mwaguzi au mwenye kupunga pepo miongoni mwenu lazima auawe. Mtawapiga kwa mawe; nayo damu yao itakuwa juu ya vichwa vyao wenyewe.’”
၂၇``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။