< Yoshua 7 >

1 Lakini Waisraeli hawakuwa waaminifu kuhusu vile vitu vilivyowekwa wakfu; Akani mwana wa Karmi, mwana wa Zabdi, mwana wa Zera, wa kabila la Yuda, alivichukua baadhi ya hivyo vitu. Hasira ya Bwana ikawaka dhidi ya Israeli.
သို့ရာတွင် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် သည်၊ ကျိန် အပ်သောအရာကို သိမ်းယူ ၍ ထိုအရာအားဖြင့်ဣသရေလ အမျိုးသားတို့ သည် ပြစ်မှား သောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူ တို့၌ အမျက်ထွက် တော်မူ၏။
2 Basi Yoshua akatuma watu kutoka Yeriko waende Ai, karibu na Beth-Aveni mashariki ya Betheli, akawaambia, “Pandeni mkaipeleleze nchi.” Basi wale watu wakapanda wakaipeleleza Ai.
ယောရှု သည်လည်း ၊ ယေရိခေါ မြို့မှ လူ တို့ကို စေလွှတ် ၍၊ သင်တို့သည် ဗေသလ မြို့အရှေ့ ၊ ဗေသဝင် မြို့ အနား မှာရှိသော အာဣ မြို့သို့ သွား ၍ ထိုပြည် ကို ကြည့်ရှု ကြလော့ဟု မှာ ထားသည်အတိုင်း သူတို့သည် သွား ၍ ၊ အာဣ မြို့ကို ကြည့်ရှု ပြီးလျှင်၊
3 Waliporudi kwa Yoshua, wakasema, “Si lazima watu wote waende kupigana na Ai. Watume watu elfu mbili au tatu wakauteke huo mji. Usiwachoshe watu wote, kwa sababu huko kuna watu wachache tu.”
ယောရှု ထံ သို့ ပြန် လာ၍ ၊ ဤလူ တို့ကို အကုန်အစင် မ သွား ပါစေနှင့်။ လူ နှစ် ထောင်သုံး ထောင် လောက် သွား ၍ အာဣ မြို့ကို လုပ်ကြံ ပါစေ။ ထို မြို့သို့ သွားရာတွင် ဤလူ အပေါင်း တို့ကို မ ပင်ပန်း ပါစေနှင့်။ မြို့ သားတို့သည် မများ ပါဟု လျှောက် သည်နှင့်အညီ၊
4 Basi wakapanda kama watu elfu tatu tu, lakini wakashambuliwa na watu wa Ai,
လူ သုံး ထောင် ခန့် မျှ ချီ သွား၍ အာဣ မြို့သား တို့ ရှေ့ မှာ ပြေး ရကြ၏။
5 ambao waliwaua watu kama thelathini na sita miongoni mwao. Wakawafukuza Waisraeli kutoka lango la mji hadi Shebarimu, nao wakawauwa huko kwenye materemko. Kutokana na hili mioyo ya watu ikayeyuka ikawa kama maji.
အာဣ မြို့သား တို့သည် လူ သုံးဆယ် ခြောက် ယောက်တို့ကိုသတ် ကြ၏။ မြို့တံခါး မှ သည် ရှေဗရိမ် အရပ် တိုင်အောင် လိုက် ၍ ၊ ထိုအရပ်၌ ဆင်း ရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူ များတို့၏ စိတ်နှလုံး သည် အရည်ကျို ၍ ရေ ကဲ့သို့ ဖြစ် လေ၏။
6 Ndipo Yoshua akayararua mavazi yake, akaanguka kifudifudi mbele ya Sanduku la Bwana, na akabakia hapo mpaka jioni. Wazee wa Israeli nao wakafanya vivyo hivyo wakatia mavumbi vichwani mwao.
ထိုအခါ ယောရှု သည် မိမိ အဝတ် ကို ဆုတ် ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်တကွ ၊ မိမိ တို့ခေါင်း ပေါ် ၌ မြေမှုန့် ကိုတင် ၍ ထာဝရဘုရား ၏ သေတ္တာ တော် ရှေ့ မှာ ည ဦးတိုင်အောင် ဝပ် လျက်နေကြ၏။
7 Yoshua akasema, “Ee Bwana Mwenyezi, kwa nini umewavusha watu hawa ngʼambo ya Yordani ili kututia mikononi mwa Waamori watuangamize? Laiti tungeliridhika kukaa ngʼambo ile nyingine ya Yordani!
ယောရှု ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူ အပေါင်းတို့ကို အာမောရိ လူတို့လက် သို့ အပ် ၍ ဖျက်ဆီး စေခြင်းငှါ ယော်ဒန် မြစ်တဘက် သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ ကြပါစေသော။
8 Ee Bwana, niseme nini sasa, ikiwa sasa Israeli ameshafukuzwa na adui zake?
အို ဘုရား ရှင်၊ ဣသရေလ အမျိုးသားတို့သည် ရန်သူ တို့ရှေ့ မှာ ကျော ကိုလှည့် ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြော ရပါမည်နည်း။
9 Wakanaani na watu wengine wa nchi watasikia habari hii, nao watatuzunguka na kutufutilia jina letu duniani. Utafanya nini basi kwa ajili ya jina lako mwenyewe lililo kuu?”
ခါနနိ လူ အစရှိသော ဤပြည်သူပြည်သား အပေါင်း တို့သည် ထိုသိတင်းကို ကြား လျှင်၊ အကျွန်ုပ် တို့ကို ဝိုင်း ၍ အကျွန်ုပ် တို့၏နာမည် ကို မြေကြီး မှ ပယ်ရှင်း ကြပါ လိမ့်မည်။ ကိုယ်တော် သည် ကြီးမြတ် သောနာမ တော်အဘို့ အလိုငှါ အဘယ်သို့ ပြု တော်မူမည်နည်းဟု လျှောက်ဆို ၏။
10 Bwana akamwambia Yoshua, “Simama! Unafanya nini hapo chini kifudifudi?
၁၀ထာဝရဘုရား ကလည်း ၊ ထ လော့။ အဘယ်ကြောင့် ဝပ် ၍နေသနည်း။
11 Israeli ametenda dhambi. Wamekiuka agano langu nililowaamuru kulishika. Wamechukua baadhi ya vitu vilivyowekwa wakfu, wameiba, wamesema uongo, wameviweka pamoja na mali zao.
၁၁ဣသရေလ အမျိုးသည် ပြစ်မှား ပြီ။ ငါမှာ ထား သော ပဋိညာဉ် တရားကို ဖျက် လေပြီ။ ကျိန် အပ်သောအရာကို ခိုး ယူ၍ ပရိယာယ် ပြုသဖြင့် မိမိ ဥစ္စာ ထဲ မှာ ထား လေပြီ။
12 Ndiyo sababu Waisraeli hawawezi kusimama dhidi ya adui zao. Wanawapa visogo na kukimbia kwa kuwa wanastahili maangamizi. Sitakuwa pamoja nanyi tena mpaka mwangamize kila kitu miongoni mwenu kilichotengwa kwa maangamizi.
၁၂ထိုသို့ ဣသရေလ အမျိုးသားတို့သည် ကျိန် အပ် သောသူဖြစ် သောကြောင့် ၊ ရန်သူ တို့ရှေ့ မှာ မခံ မ ရပ်နိုင် ၊ ကျော ကို လှည့် ရကြ၏။ ကျိန် အပ်သောသူကို သင် တို့အထဲ က မ ပယ် မရှင်းလျှင် သင် တို့နှင့်အတူ ငါမ နေ။
13 “Nenda, ukawatakase watu. Waambie, ‘Jitakaseni mjiandae kwa kesho; kwa sababu hili ndilo asemalo Bwana, Mungu wa Israeli: Kitu kilichowekwa wakfu kipo katikati yenu, ee Israeli. Hamwezi kusimama dhidi ya adui zenu mpaka mtakapokiondoa.
၁၃ထ ၍ လူ များတို့ကို သန့်ရှင်း စေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စေကြဟု ဆင့်ဆို လော့။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ အိုဣသရေလ အမျိုး၊ ကျိန် အပ်သောအရာ သည် သင် တို့အထဲ ၌ ရှိ၏။ ထိုအရာကို သင် တို့အထဲ က မပယ် မရှင်းမှီတိုင်အောင် ရန်သူ တို့ရှေ့ မှာ မ ခံ မရပ်နိုင် ကြ။
14 “‘Asubuhi, mjihudhurishe kabila kwa kabila. Itakuwa kabila lile atakalolitwaa Bwana litakuja mbele ukoo kwa ukoo, ukoo ule atakaoutwaa Bwana utakuja mbele jamaa kwa jamaa, nayo jamaa ile atakayoitwaa Bwana itakuja mbele mtu kwa mtu.
၁၄နက်ဖြန်နံနက် ၌ သင် တို့သည် အမျိုးအနွယ် အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသော အမျိုး သည်၊ အဆွေအမျိုး အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအမျိုး သည်၊ အိမ်ထောင် စုံနှင့် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအိမ်ထောင် သည် လူ အသီးသီးချဉ်းကပ် ရကြမည်။
15 Yule atakayekutwa na vitu vilivyowekwa wakfu, atateketezwa kwa moto, pamoja na vitu vyote alivyo navyo. Kwa kuwa amelivunja agano la Bwana na kufanya kitu cha aibu katika Israeli!’”
၁၅ကျိန် အပ်သော အရာပါ လျက် မှတ် တော်မူသောသူမှစ၍၊ သူ ၌ ရှိသမျှ တို့ကို မီး ရှို့ရကြမည်။ အကြောင်းမူကား ၊ သူသည် ထာဝရဘုရား ၏ ပဋိညာဉ် တရားကို ဖျက် ၍ ဣသရေလ အမျိုး၌ အဓမ္မ အမှုကို ပြု လေပြီဟု ယောရှု အား မိန့် တော်မူ၏။
16 Kesho yake asubuhi na mapema Yoshua akawaamuru Israeli kuja mbele kabila kwa kabila; na Yuda akatwaliwa.
၁၆နံနက် စောစောယောရှု သည် ထ ၍ ဣသရေလ လူတို့ကို အမျိုးအနွယ် အလိုက် ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ကို မှတ် တော်မူ၏။
17 Koo za Yuda zikaja mbele, naye akawatwaa Wazera. Akaamuru ukoo wa Wazera kuja mbele jamaa kwa jamaa, nayo jamaa ya Zabdi ikatwaliwa.
၁၇ယုဒ အမျိုး ကို ဆောင် ခဲ့သဖြင့် ၊ ဇေရိ အဆွေအမျိုး ကို မှတ် တော်မူ၏။ ဇေရိ အဆွေအမျိုး အိမ်ထောင် စုံ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ဇာဗဒိ အိမ်ထောင်ကို မှတ် တော်မူ၏။
18 Yoshua akaamuru watu wa jamaa ya Zabdi kuja mbele mtu kwa mtu, naye Akani mwana wa Karmi, mwana wa Zabdi, mwana wa Zera, wa kabila la Yuda, akatwaliwa.
၁၈ထိုအိမ်ထောင် လူ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် ကို မှတ် တော်မူ၏။
19 Ndipo Yoshua akamwambia Akani, “Mwanangu, mtukuze Bwana, Mungu wa Israeli, nawe ukiri kwake. Niambie ni nini ulichotenda; usinifiche.”
၁၉ယောရှု ကလည်း၊ ငါ့ သား ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမွမ်း ၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြု မိသောအမှု ကိုငါ့ အား ပြော ပါလော့။ ဝှက် ၍မ ထား ပါနှင့်ဟု အာခန် အား ဆို လျှင်၊
20 Akani akamjibu Yoshua, “Ni kweli! Nimetenda dhambi dhidi ya Bwana, Mungu wa Israeli. Hili ndilo nililofanya:
၂၀အာခန် က၊ ဟုတ် ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ကျွန်တော် ပြစ်မှား ပါပြီ။ ကျွန်တော်ပြု မိသောအမှု ဟူမူကား၊
21 Nilipoona katika nyara joho zuri la kutoka Babeli, shekeli mia mbili za fedha, na kabari ya dhahabu ya uzito wa shekeli hamsini, nikavitamani na nikavichukua. Tazama, vimefichwa ardhini ndani ya hema langu, pamoja na hiyo fedha chini yake.”
၂၁လုယူ သော ဥစ္စာတို့တွင် မြတ် သောဗာဗုလုန် ဝတ်လုံ ၊ ငွေ နှစ် ပိဿာ၊ ရွှေ တုံးအကျပ် ငါးဆယ် ကို ကျွန်တော် မြင် သဖြင့် ၊ တပ်မက် ၍ သိမ်းယူ မိပါပြီ။ ကျွန်တော် တဲ အတွင်း မြေ ၌ မြှုပ် လျက် ငွေ သည် အောက် ဆုံးရှိပါ သည်ဟု ယောရှု အား ပြန် လျှောက်လေ၏။
22 Kwa hiyo Yoshua akatuma wajumbe, nao wakapiga mbio mpaka hemani, tazama, vile vitu vilikuwa vimefichwa hemani mwake, pamoja na ile fedha chini yake.
၂၂ထိုအခါ ယောရှု စေလွှတ် သောသူ တို့သည် တဲ သို့ ပြေး ၍ ထိုဥစ္စာသည် တဲ အတွင်း မြေ၌မြှုပ် လျက်၊ ငွေ သည် အောက် ဆုံးရှိသည်ကို တွေ့ သော်၊
23 Wakavichukua vile vitu toka mle hemani, wakamletea Yoshua pamoja na Waisraeli wote, na wakavitandaza mbele za Bwana.
၂၃တဲ ထဲ က ထုတ် ၍ ယောရှု ထံ ဣသရေလ အမျိုးသားများရှေ့ သို့ ဆောင် သွားသဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ထား ကြ၏။
24 Basi Yoshua, pamoja na Israeli yote, wakamchukua Akani mwana wa Zera, pamoja na ile fedha, lile joho, ile kabari ya dhahabu, wanawe na binti zake, ngʼombe, punda na kondoo wake, hema yake pamoja na vitu vyote alivyokuwa navyo, wakavileta katika Bonde la Akori.
၂၄ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည်၊ ဇေရ သား အာခန် မှစ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေ တုံး၊ သားသမီး ၊ သိုး နွား မြည်း ၊ တဲ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို အာခေါ် ချိုင့် သို့ ဆောင် သွားပြီးမှ၊
25 Yoshua akasema, “Kwa nini umeleta taabu hii juu yetu? Bwana ataleta taabu juu yako leo hii.” Ndipo Israeli yote ikampiga Akani kwa mawe, na baada ya kuwapiga jamaa yake yote kwa mawe, wakawateketeza kwa moto.
၂၅ယောရှု က၊ ငါ တို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရား သည် သင့် ကို နှောင့်ရှက် တော်မူမည်ဟု ဆို သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြ၏။ ကျောက်ခဲ နှင့် ပစ်ကြ ပြီးမှ ၊ မီး ရှို့ကြ၏။
26 Wakakusanya lundo la mawe juu ya Akani, ambalo lipo mpaka leo. Naye Bwana akageuka kutoka hasira yake kali. Kwa hiyo mahali pale pakaitwa Bonde la Akori tangu siku hiyo.
၂၆သူ့ အပေါ် ၌ များစွာ သော ကျောက် တို့ကို ပုံ ထား ကြ၍ ယနေ့ တိုင်အောင် ရှိ၏။ ထာဝရဘုရား သည်လည်း အမျက် တော်အရှိန် ကို ငြိမ်း စေတော်မူ၏။ ထို အမှုကို အစွဲပြု ၍ ထို ချိုင့် ကို ယနေ့ တိုင်အောင် အာခေါ် ချိုင့် ဟု ခေါ်ဝေါ် ကြသတည်း။

< Yoshua 7 >