< Yoshua 23 >

1 Baada ya muda mrefu kupita, naye Bwana akawa amewapa Israeli pumziko mbele ya adui zao wote waliowazunguka, Yoshua, wakati huo akiwa mzee na umri ukiwa umeendelea sana,
ထာဝရဘုရား သည် ပတ်ဝန်းကျင် နေသောရန်သူ အပေါင်း တို့လက်မှ ဣသရေလ အမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက် ခြင်းအခွင့်ကို ကြာမြင့် စွာသော ကာလ ပတ်လုံးပေးတော်မူပြီးမှ ၊ ယောရှု သည် အသက် ကြီး၍ အိုမင်းသောအခါ၊
2 akawaita Israeli wote, wazee wao, viongozi, waamuzi na maafisa Yoshua akawaambia: “Mimi ni mzee na umri wangu umeendelea sana.
ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူများနှင့်တကွ အမျိုးသားအပေါင်း တို့ကို ခေါ် ပြီးလျှင် ၊ ငါ သည် အသက် ကြီးရင့်၍ အိုမင်း ပြီ။
3 Ninyi wenyewe mmeona kila kitu Bwana Mungu wenu, alichowatendea mataifa haya yote kwa ajili yenu. Ilikuwa ni Bwana Mungu wenu aliyewapigania.
သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အတွက် ဤ လူမျိုး အပေါင်း တို့၌ ပြု တော်မူသမျှ ကို သင် တို့သည် သိ မြင်ကြပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ဘက် ၌ စစ်တိုက် တော်မူပြီ။
4 Kumbukeni jinsi nilivyowagawia kama urithi kwa makabila yenu yote nchi ya mataifa yaliyobaki, yaani mataifa niliyowashinda, kati ya Mto Yordani na Bahari kuu upande wa magharibi.
ယော်ဒန် မြစ်မှစ၍အနောက် ပင်လယ်ကြီး တိုင်အောင်၊ ငါပယ်ရှင်း သမျှ သော လူမျိုး တို့နှင့်တကွ ကြွင်း သေးသော ဤ လူမျိုး နေသောပြည်ကို သင် တို့အမျိုး များ အမွေ ခံစရာဘို့ စာရေးတံ ချ၍ ငါဝေဖန် ပြီ။
5 Bwana Mungu wenu mwenyewe atawaondoa watoke mbele yenu. Atawafukuza mbele yenu, nanyi mtamiliki nchi yao, kama vile Bwana Mungu wenu alivyowaahidi.
သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ဤလူမျိုးတို့ကို နှင်ထုတ် ၍ သင် တို့မမြင်ရအောင် သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူ တို့၏ မြေ ကို သင်တို့သည် အပိုင် ရကြလိမ့်မည်။
6 “Kuweni hodari sana, kuweni waangalifu kutii yote yaliyoandikwa katika kitabu cha Sheria ya Mose, pasipo kugeuka upande wa kuume au kushoto.
သို့ဖြစ်၍ သင်တို့သည် မောရှေ ၏ပညတ္တိ ကျမ်းစာ လမ်းမှ လက်ျာ ဘက် လက်ဝဲ ဘက်သို့ မ လွှဲ ဘဲ၊ ပါသမျှအတိုင်း ကျင့် စောင့်ခြင်းငှါ ၎င်း၊
7 Msishirikiane na mataifa yaliyobakia katikati yenu, wala msiombe kwa majina ya miungu yao au kuapa kwayo. Msiitumikie wala kuisujudia.
သင် တို့တွင် ကြွင်း သေးသော ဤ လူမျိုး နှင့် မ ပေါင်းဘော် ၊ သူ တို့ဘုရား ၏နာမ ကို မြွက် ၍ မ ကျိန် ဆို၊ ဝတ် မ ပြု ဦး မ ညွှတ်ဘဲ၊
8 Bali mtashikamana kwa uthabiti na Bwana, Mungu wenu, kama vile ambavyo mmefanya mpaka sasa.
ယနေ့ တိုင်အောင် ကျင့် သကဲ့သို့ ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား ၌ ဆည်းကပ် မှီဝဲခြင်းငှါ၎င်း၊ အလွန် ရဲရင့် သောစိတ် ရှိကြလော့။
9 “Bwana amewafukuza mbele yenu mataifa makubwa na yenye nguvu, mpaka siku ya leo hakuna yeyote aliyeweza kusimama mbele yenu.
အကြောင်းမူကား၊ ကြီးမား ၍ ခွန်အား နှင့်ပြည့်စုံသော လူမျိုး တို့ကို ထာဝရဘုရား သည် သင် တို့ရှေ့ မှ နှင်ထုတ် တော်မူသဖြင့် ၊ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ အဘယ်သူ မျှမ ရပ် နိုင်။
10 Mtu mmoja miongoni mwenu anafukuza watu elfu, kwa kuwa Bwana Mungu wenu anawapigania, kama alivyoahidi.
၁၀သင် တို့တယောက် သော်လည်းအခြားသောသူ တထောင် ကို ပြေး စေလိမ့်မည်။ အကြောင်း မူကား၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဂတိ တော်ရှိသည်အတိုင်း သင် တို့ဘက် ၌ စစ်တိုက် တော်မူ၏။
11 Kwa hiyo kuweni waangalifu sana kumpenda Bwana Mungu wenu.
၁၁သို့ဖြစ်၍ သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ချစ် ခြင်းငှါ ကိုယ် စိတ် နှလုံးကို သတိ ပြုကြလော့။
12 “Lakini ikiwa mtageuka na kushikamana na mabaki ya mataifa haya yaliyosalia katikati yenu na kama mtaoana na kushirikiana nao,
၁၂သို့မဟုတ် သင်တို့သည် ရွေ့ လျော့၍ ၊ သင် တို့တွင် ကျန် ကြွင်းသေးသော ဤ လူမျိုး တို့၌ မှီဝဲ လျက် ၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော် ဆက်ဆံခြင်းရှိလျှင်၊
13 basi mwe na hakika kuwa Bwana Mungu wenu hatawafukuza tena mataifa hayo mbele yenu. Badala yake, watakuwa tanzi na mitego kwenu, mijeledi migongoni mwenu, na miiba machoni mwenu, mpaka mwangamie kutoka nchi hii nzuri, ambayo Bwana Mungu wenu amewapa.
၁၃သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် နောက်တဖန် ဤ လူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မ မူ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား ပေး တော်မူ၍ ကောင်းမွန် သော ဤပြည် ၌ သင် တို့သည် မပျောက် မပျက်မှီတိုင်အောင် သူတို့သည် သင် တို့၌ ကျော့ကွင်း ၊ ထောင်ချောက် ၊ သင်တို့နံစောင် ၌ နှင်တံ ၊ သင် တို့မျက်စိ ၌ ဆူး ဖြစ် ကြလိမ့်မည်အကြောင်း ကို ဧကန် အမှန် သိမှတ် ကြလော့။
14 “Sasa mimi ninakaribia kwenda katika njia ya watu wote wa dunia. Mnajua kwa mioyo yenu na roho zenu kwamba hakuna ahadi zozote njema Bwana Mungu wenu alizowaahidia, ambazo hazikutimia. Kila ahadi imetimizwa, hakuna hata moja ambayo haikutimia.
၁၄ငါ သော်ကား၊ မြေ သားအပေါင်း တို့သွားရာလမ်း သို့ ယနေ့ သွား လုပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံတပါးမျှ မ ယုတ်မလျော့ ၊ အကုန်အစင်ပြည့်စုံကြောင်းကို သင် တို့သည် စိတ် နှလုံးထဲ မှာ သိ ကြ၏။
15 Lakini kama vile kila ahadi njema ya Bwana Mungu wenu imekuwa kweli, vivyo hivyo Bwana ataleta maovu yote kama alivyo onya, mpaka awe amewaangamiza kutoka nchi hii nzuri aliyowapa.
၁၅သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ကောင်းကျိုး အပေါင်း တို့သည် သင် တို့အပေါ် ၌ ရောက် သကဲ့သို့ ၊ ထိုအတူ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော ဤ ကောင်းမွန် သောပြည် မှ သင် တို့ကို သုတ်သင် ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရား သည် သင် တို့အပေါ် ၌ ဘေး ဥပဒ် အပေါင်း တို့ကို ရောက် စေတော်မူမည်။
16 Kama mkilivunja agano la Bwana Mungu wenu, ambalo aliwaamuru ninyi, mkaenda na kuitumikia miungu mingine na kuisujudia, hasira ya Bwana itawaka dhidi yenu, nanyi mtaangamia kutoka nchi nzuri aliyowapa ninyi.”
၁၆သင် တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပဋိညာဉ် တရားကို ပြစ်မှားလျက်၊ အခြား တပါးသော ဘုရား တို့ထံသို့သွား ၍ ဦးညွှတ် ဝတ်ပြု လျှင် ၊ ထာဝရဘုရား သည် အမျက် ထွက် ၍ ၊ အရင်ပေး တော်မူသော ဤကောင်းမွန် သောပြည် ၌ သင်တို့သည် အလျင် အမြန်ပျောက် ပျက်ကြလိမ့်မည်ဟု ဟောပြော၏။

< Yoshua 23 >