< Yoshua 20 >
1 Ndipo Bwana akamwambia Yoshua,
၁ထိုနောက်ထာဝရဘုရားသည်ယောရှုမှ တစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
2 “Waambie Waisraeli, watenge miji mikubwa ya kukimbilia, kama nilivyokuagiza kupitia Mose,
၂``ငါသည်မောရှေအားဖြင့်မိန့်မှာသည့် အတိုင်းခိုလှုံရာမြို့များကိုရွေးချယ် လော့။-
3 ili mtu yeyote atakayemuua mtu kwa bahati mbaya na pasipo kukusudia aweze kukimbilia huko na kujiepusha na mlipiza kisasi wa damu.
၃တစ်စုံတစ်ယောက်အားမတော်တဆသတ်မိ သောသူသည် လက်စားချေမည့်သူ၏လက်မှ လွတ်မြောက်ရန် ထိုမြို့များသို့ထွက်ပြေး ခိုလှုံနိုင်စေရမည်။-
4 “Anapokimbilia mojawapo ya hii miji mikubwa atasimama kwenye maingilio ya lango la mji mkuu na kueleza wazee wa mji kuhusu shauri lake. Kisha watampokea katika mji wao na kumpa mahali pa kuishi nao.
၄သူသည်ထိုမြို့များအနက်တစ်မြို့မြို့သို့ ထွက်ပြေး၍ မြို့တံခါးဝတွင်ရှိသောတရား စီရင်ရာဌာနသို့သွားပြီးလျှင် မြို့၏အကြီး အကဲတို့အားဖြစ်ပျက်ခဲ့သမျှကိုရှင်းပြ ရမည်။ ထိုနောက်အကြီးအကဲတို့က ထိုသူ အားမြို့တွင်းသို့ဝင်ခွင့်ပြု၍သူနေထိုင် ရန်နေရာချပေးရမည်။-
5 Kama mlipiza kisasi wa damu akimfuatilia, wasimkabidhi yule mshtakiwa, kwa sababu alimuua jirani yake bila kukusudia, na bila kuwa na nia ya kudhuru.
၅လက်စားချေရန်လိုက်လာသူသည်ထိုအရပ် သို့ရောက်ရှိလာလျှင်မြို့သူမြို့သားတို့က ထွက်ပြေးခိုလှုံသူအား ထိုသူ၏လက်သို့ မအပ်ရ။ သူသည်မိမိအမျိုးသားချင်းကို ရန်ငြိုးမရှိဘဲမတော်တဆသတ်မိသည် ဖြစ်သောကြောင့်သူ့အားအသက်ဘေးမှ ကာကွယ်ပေးရမည်။-
6 Huyu aliyeua atakaa kwenye mji mkubwa huo mpaka awe amesimama kukabili mashtaka yake mbele ya kusanyiko na mpaka kuhani mkuu anayehudumu kwa wakati huo atakapokufa. Ndipo atakapoweza kurudi nyumbani kwake katika mji ambao aliukimbia.”
၆သူသည်လူအပေါင်းတို့ရှေ့တွင်တရားစီရင် ခြင်းကိုခံပြီးသည်အထိထိုမြို့တွင်နေရ မည်။ အချင်းဖြစ်ပွားစဉ်အချိန်ကယဇ်ပုရော ဟိတ်မင်းဖြစ်သူအနိစ္စရောက်ပြီးနောက်မှသူ သည်ထွက်ပြေးခဲ့သောမိမိနေရင်းမြို့သို့ပြန် နိုင်သည်'' ဟုမိန့်တော်မူ၏။
7 Basi wakatenga Kedeshi katika Galilaya kwenye nchi ya vilima ya Naftali, Shekemu katika nchi ya vilima ya Efraimu, na Kiriath-Arba (yaani Hebroni) kwenye nchi ya vilima ya Yuda.
၇ထို့ကြောင့်သူတို့သည်ယော်ဒန်မြစ်အနောက် ဘက်တွင်နဿလိတောင်ကုန်းဒေသ၊ ဂါလိလဲ နယ်ရှိကေဒေရှမြို့၊ ဧဖရိမ်တောင်ကုန်းဒေသ ရှိရှေခင်မြို့၊ ယုဒတောင်ကုန်းဒေသရှိဟေဗြုန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေးချယ် သတ်မှတ်ကြသည်။-
8 Katika upande wa mashariki mwa Yordani ya Yeriko wakatenga Bezeri katika jangwa katika uwanda wa juu katika kabila la Reubeni, Ramothi katika Gileadi katika kabila la Gadi, na Golani huko Bashani katika kabila la Manase.
၈ယော်ဒန်မြစ်အရှေ့ဘက်၊ ယေရိခေါမြို့အရှေ့ ရုဗင်နယ်မြေကုန်းပြင်မြင့်တောကန္တာရရှိ ဗေဇာမြို့၊ ဂဒ်နယ်မြေဂိလဒ်နယ်ရှိရာမုတ် မြို့၊ မနာရှေနယ်မြေ၊ ဗာရှန်နယ်ရှိဂေါလန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေး ချယ်သတ်မှတ်ကြသည်။-
9 Mwisraeli yeyote au mgeni yeyote aishiye miongoni mwao aliyemuua mtu kwa bahati mbaya, angeweza kukimbilia katika miji mikubwa hiyo iliyotengwa na asiuawe na mlipiza kisasi wa damu kabla hajasimama kukabili mashtaka mbele ya kusanyiko.
၉ဣသရေလအမျိုးသားဖြစ်စေ၊ သူနှင့်အတူ နေထိုင်သောလူမျိုးခြားဖြစ်စေ၊ မတော်တဆ လူတစ်ဦးတစ်ယောက်ကိုသတ်မိသူသည်လက် စားချေမည့်သူ၏လက်မှလွတ်မြောက်ရန်နှင့် သူ့ အားလူပရိသတ်ရှေ့တွင်တရားမစီရင်ရ သေးမီသေစားမသေစေရန် ဤမြို့များကို ခိုလှုံရာမြို့များအဖြစ်ရွေးချယ်ကြ သတည်း။