< Yohana 4 >
1 Mafarisayo wakasikia kwamba Yesu alikuwa anapata na kubatiza wanafunzi wengi zaidi kuliko Yohana,
၁ယေရှု သည် ကိုယ်တိုင် ဗတ္တိဇံ ကို ပေးတော်မ မူ။
2 ingawa kwa kweli si Yesu mwenyewe aliyekuwa akibatiza, ila ni wanafunzi wake.
၂တပည့် တော်တို့သာလျှင် ပေးကြသော်လည်း ၊ ယေရှု သည် ယောဟန် ထက် သာ၍ များသော သူတို့ကို တပည့် တော်ဖြစ်စေ ၍ ၊ ဗတ္တိဇံ ကိုပေးကြောင်း ကို ဖာရိရှဲ တို့သည် ကြား ပြီဟု သခင် ဘုရားသိ တော်မူသောအခါ ၊
3 Bwana alipojua mambo haya, aliondoka Uyahudi akarudi tena Galilaya.
၃ယုဒ ပြည်မှ ထွက်သွား ၍ ဂါလိလဲ ပြည်သို့ တစ်ဖန် ကြွ တော်မူစဉ်တွင်၊
4 Wakati huo ilimlazimu apitie Samaria.
၄ရှမာရိ ပြည်အလယ်၌ ရှောက်သွား ရ၏။
5 Akafika kwenye mji mmoja wa Samaria uitwao Sikari, karibu na lile shamba ambalo Yakobo alimpa mwanawe Yosefu.
၅ယာကုပ် သည် မိမိ သား ယောသပ် အား ပေး သောမြေ အကွက်နှင့်အနီး ၊ ရှမာရိ နယ်၊ ရှုခါ အမည် ရှိသောမြို့ သို့ ရောက် တော်မူ၏။
6 Huko ndiko kulikokuwa na kile kisima cha Yakobo. Naye Yesu alikuwa amechoka kwa kuwa alikuwa ametoka safarini. Akaketi karibu na hicho kisima. Ilikuwa yapata saa sita mchana.
၆ထို အရပ်၌ယာကုပ် ၏ ရေတွင်း ရှိ ၏။ ယေရှု သည် ခရီးသွား ၍ ပင်ပန်း သောကြောင့် ရေတွင်း နား မှာ ထိုင် တော်မူ၏။ ထိုအချိန် သည် ခြောက် နာရီအချိန်ဖြစ် ၏။
7 Mwanamke mmoja Msamaria akaja kuteka maji, Yesu akamwambia, “Naomba maji ninywe.”
၇ရှမာရိ မိန်းမ တစ်ယောက်သည် ရေ ခပ် ခြင်းငှာလာ ၍၊ ယေရှု က၊ ငါ သောက် ဘို့ရေပေး ပါဟု ထိုမိန်းမ အားမိန့် တော်မူ၏။
8 (Wakati huo wanafunzi wake walikuwa wamekwenda mjini kununua chakula.)
၈အကြောင်းမူကား ၊ တပည့် တော်တို့သည် စားစရာ ကိုဝယ် ခြင်းငှာ မြို့ ထဲသို့ သွား ကြသည် အခိုက် ဖြစ်သတည်း။
9 Yule mwanamke Msamaria akamjibu, “Wewe ni Myahudi na mimi ni Msamaria. Yawezekanaje uniombe nikupe maji ya kunywa?” (Wayahudi walikuwa hawashirikiani kabisa na Wasamaria.)
၉ထို မိန်းမ ကလည်း၊ သင် သည်ယုဒ လူဖြစ် လျက်ပင်၊ ရှမာရိ မိန်းမ ဖြစ် သောအကျွန်ုပ် ကိုအဘယ်ကြောင့် သောက် ဘို့တောင်း သနည်းဟုဆို ၏။ ဆိုသည်အကြောင်း ကား၊ ယုဒ လူတို့သည် ရှမာရိ လူတို့နှင့်ပေါင်းဖေါ် ခြင်း မ ရှိ။
10 Yesu akajibu akamwambia, “Kama ungelijua karama ya Mungu, naye ni nani anayekuambia, Nipe maji ninywe, wewe ungelimwomba yeye, naye angelikupa maji yaliyo hai.”
၁၀ယေရှု ကလည်း၊ ဘုရားသခင် ကျေးဇူး တော်ကို၎င်း ၊ ငါ သောက် ဘို့ရေပေး ပါဟုဆို သောသူ ကား အဘယ်သူ ဖြစ် သည်ကို၎င်း သင်သည်သိ လျှင် ထို သူကိုတောင်း လိမ့်မည်။ ထိုသူသည်လည်း အသက် ရေ ကို ပေး လိမ့်မည် ဟုပြန် ၍ မိန့် တော်မူသော်၊
11 Yule mwanamke akamjibu, “Bwana, wewe huna chombo cha kutekea maji na kisima hiki ni kirefu. Hayo maji ya uzima utayapata wapi?
၁၁မိန်းမ က၊ သခင် ၌ရေ ခပ်စရာမ ရှိ ရေတွင်း လည်း နက် သည် ဖြစ်၍၊ အသက် ရေ ကို အဘယ်သို့ ရ ပါ မည်နည်း။
12 Kwani wewe ni mkuu kuliko baba yetu Yakobo ambaye alitupatia kisima hiki, ambacho yeye pamoja na watoto wake na mifugo yake walikitumia?”
၁၂ဤရေတွင်း ကို ငါ တို့အဘ ယာကုပ် သည် ငါ တို့အား ပေး ၏။ သူ့ ကိုယ်တိုင်မှစ၍ ၊ သားသမီး ၊ တိရိစ္ဆာန် များတို့သည် ဤ တွင်းရေကိုသောက် ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ် သလောဟုဆို ၏။
13 Yesu akamjibu, “Kila mtu anayekunywa maji ya kisima hiki ataona kiu tena.
၁၃ယေရှု ကလည်း ၊ ဤ ရေ ကိုသောက် သောသူ သည် နောက် တဖန်ရေငတ် ဦးမည်။
14 Lakini yeyote anywaye maji nitakayompa hataona kiu kamwe. Maji nitakayompa yatakuwa ndani yake chemchemi ya maji, yakibubujika uzima wa milele.” (aiōn , aiōnios )
၁၄ငါ ပေး သောရေ ကိုသောက် သောသူ မူကား ၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေး သော ရေ သည် ထိုသူ ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။ (aiōn , aiōnios )
15 Yule mwanamke akamwambia, “Bwana, tafadhali nipe maji hayo ili nisipate kiu tena na wala nisije tena hapa kuteka maji!”
၁၅မိန်းမ ကလည်း၊ သခင် ၊ ကျွန်ုပ် သည်ရေငတ် ခြင်းနှင့်၎င်း ၊ သည် ကိုလာ ၍ရေ ခပ်ခြင်းနှင့်၎င်း ကင်းလွတ် မည်အကြောင်း ထို ရေ ကိုပေး ပါဟု တောင်း လျှင်၊
16 Yesu akamjibu, “Nenda ukamwite mumeo, uje naye hapa.”
၁၆ယေရှုက၊ သွား လော့။ သင် ၏လင် ကိုခေါ် ၍ သည် ကိုလာ ဦးလော့ ဟု မိန့် တော်မူ၏။
17 Yule mwanamke akajibu, “Sina mume.” Yesu akamwambia, “Umesema kweli kuwa huna mume.
၁၇မိန်းမ ကလည်း။ အကျွန်ုပ်၌လင် မ ရှိ ဟုဆို လျှင်၊ ယေရှု က၊ လင် မ ရှိ ဟူသော စကား သည်မှန် ၏။
18 Kwa maana umeshakuwa na wanaume watano na mwanaume unayeishi naye sasa si mume wako! Umesema ukweli.”
၁၈အကြောင်းမူကား ၊ သင်၌လင် ငါး ယောက်ရှိ ဘူးပြီ။ ယခု သင်နှင့်နေ သောသူ သည်သင် ၏လင် မ ဟုတ် ။ ဤ အရာ၌ သင်သည်မှန် သောစကားကိုပြော ပြီ ဟု မိန့် တော်မူ၏။
19 Yule mwanamke akasema, “Bwana, naona bila shaka wewe ni nabii.
၁၉ထိုမိန်းမ ကလည်း၊ သခင် ၊ ကိုယ်တော် သည် ပရောဖက် ဖြစ် သည်ကို အကျွန်ုပ်ရိပ်မိ ပါ၏။
20 Baba zetu waliabudu kwenye mlima huu, lakini ninyi Wayahudi mnasema ni lazima tukaabudu huko Yerusalemu.”
၂၀အကျွန်ုပ် တို့ဘိုးဘေး များသည် ဤ တောင် ပေါ်၌ ကိုးကွယ် လေ့ရှိကြ၏။ ယေရုရှလင် မြို့၌ သာ ကိုးကွယ် ရ မည်ဟု သင် တို့သည်ဆို တတ်ကြ၏ဟု လျှောက် လျှင်၊
21 Yesu akamjibu, “Mwanamke, niamini, wakati unakuja ambapo hamtamwabudu Baba katika mlima huu, wala huko Yerusalemu.
၂၁ယေရှု က၊ အချင်းမိန်းမ ၊ ငါ့ စကားကိုယုံ လော့။ ဤ တောင် သို့ မ လာ၊ ယေရုရှလင် မြို့သို့ မ သွားဘဲ ခမည်းတော် ကိုကိုးကွယ် ရမည် အချိန် ကာလရောက် ဆဲရှိ၏။
22 Ninyi Wasamaria mnaabudu msichokijua. Sisi Wayahudi tunamwabudu Mungu tunayemjua kwa sababu wokovu unatoka kwa Wayahudi.
၂၂သင် တို့သည်ကိုယ်မ သိ သောအရာ ကို ကိုးကွယ် ကြ၏။ ငါ တို့သည်ကိုယ်သိ သောအရာ ကို ကိုးကွယ် ကြ ၏။ အကြောင်းမူကား ၊ ယုဒ လူတို့၌ ကယ်တင် ခြင်းအကြောင်းရှိ ၏။
23 Lakini saa yaja, tena ipo, ambapo wale waabuduo halisi, watamwabudu Baba katika roho na kweli. Watu wanaoabudu namna hii, ndio Baba anawatafuta.
၂၃ကိုးကွယ် သောသူမှန် သမျှတို့သည် ခမည်းတော် ကို နံ ဝိညာဉ်နှင့် ၎င်း၊ သစ္စာ တရားနှင့် ၎င်း၊ ကိုးကွယ် ရမည့်အချိန် ကာလသည်လာ ၍ ယခုပင် ရောက်လျက်ရှိ ၏။ အကြောင်းမူကား ၊ ထိုသို့ ကိုးကွယ် သောသူ တို့ကို ခမည်းတော် သည် အလိုရှိ တော်မူ၏။
24 Mungu ni Roho na wote wanaomwabudu imewapasa kumwabudu katika roho na kweli.”
၂၄ဘုရားသခင် သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင် ကို ကိုးကွယ် သောသူ တို့သည်၊ နံဝိညာဉ် နှင့် ၎င်း ၊ သစ္စာ နှင့်၎င်း ကိုးကွယ် ရမည် ဟု မိန့် တော်မူ၏။
25 Yule mwanamke akamwambia, “Ninafahamu kwamba Masiya (aitwaye Kristo) anakuja. Yeye akija, atatueleza mambo yote.”
၂၅မိန်းမ ကလည်း၊ မေရှိ ကြွလာ တော်မူသည်ဟု အကျွန်ုပ်သိ ပါ၏။ ရောက် တော်မူသောအခါ အကျွန်ုပ် တို့ အား အလုံးစုံ တို့ကိုဖော်ပြ တော်မူမည်ဟု လျှောက် ပြန်၏။ မေရှိအနက် ကား၊ ခရစ်တော် ဟု ဆိုလိုသတည်း။
26 Yesu akamwambia, “Mimi ninayezungumza nawe, ndiye.”
၂၆ယေရှု ကလည်း၊ သင် နှင့်စကားပြော သော ငါ သည် မေရှိပင်ဖြစ် သည် ဟု မိန့် တော်မူ၏။
27 Wakati huo wanafunzi wake wakarudi, wakashangaa sana kumwona akizungumza na mwanamke. Lakini hakuna aliyemuuliza, “Unataka nini kwake?” Au “Kwa nini unazungumza naye?”
၂၇ထိုအခါ တပည့် တော်တို့သည် ရောက်လာ ၍ ၊ ထို မိန်းမ နှင့် စကား ပြောတော်မူသည်ကို အံ့ဩ ခြင်းရှိကြ၏၊ သို့သော်လည်း ၊ အဘယ် အလို တော်ရှိသနည်း၊ ထိုမိန်းမ နှင့် အဘယ်ကြောင့် စကား ပြောတော်မူသနည်းဟု အဘယ်သူ မျှမလျှောက် ကြ။
28 Yule mwanamke akaacha mtungi wake, akarudi mjini akawaambia watu,
၂၈ထို မိန်းမ သည်လည်းရေ အိုးကိုထား ခဲ့၍ မြို့ ထဲသို့ သွား ပြီးလျှင်၊
29 “Njooni mkamwone mtu aliyeniambia kila kitu nilichotenda! Je, yawezekana huyu ndiye Kristo?”
၂၉အကျွန်ုပ်ပြု ဘူးသမျှ သော အမူအရာတို့ကို ထုတ်ဘော်သောသူ ကိုလာ ၍ကြည့် ကြပါ။ ထိုသူ သည် ခရစ်တော် မှန် လိမ့်မည်လောဟု လူ များတို့အား ပြောဆို သော်၊
30 Basi wakamiminika watu kutoka mjini wakamwendea Yesu.
၃၀သူတို့သည် မြို့ ထဲမှ ထွက် ၍ အထံ တော်သို့ သွား ကြ၏။
31 Wakati huo wanafunzi wake walikuwa wakimsihi, “Rabi, kula angalau chochote.”
၃၁မရောက်မှီတွင်တပည့် တော်တို့က၊ အရှင် ဘုရား၊ အစာကိုသုံးဆောင် တော်မူပါဟုတောင်းပန် ကြလျှင်၊
32 Lakini yeye akawajibu, “Mimi ninacho chakula ambacho ninyi hamkifahamu.”
၃၂သင် တို့မ သိ သောစားစရာ သည်ငါ့ ၌ရှိ သည် ဟု မိန့် တော်မူ၏။
33 Basi wanafunzi wakaanza kuulizana, “Kuna mtu ambaye amemletea chakula?”
၃၃ထိုကြောင့် တပည့် တော်တို့က၊ တစ်စုံတစ်ယောက်သောသူသည် စားစရာကို ပို့ ပြီလော ဟု အချင်းချင်း မေးမြန်း ကြလျှင်၊
34 Lakini Yesu akawajibu, “Chakula changu ni kufanya mapenzi ya Mungu ambaye amenituma na kuikamilisha kazi yake.
၃၄ယေရှု က၊ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ အလို တော်ကိုဆောင် ခြင်း၊ သူ ၏အမှု တော်ကို ပြီးစီး ခြင်းအမှုသည် ငါ့ စားစရာ ဖြစ် ၏။
35 Je, ninyi hamsemi, ‘Bado miezi minne tuvune?’ Inueni macho yenu myaangalie mashamba jinsi mazao yalivyo tayari kuvunwa!
၃၅ယခု မှစ၍လေး လလွန်လျှင်၊ စပါး ရိတ်ရာကာလဖြစ် လိမ့်မည်ဟု သင် တို့ဆို တတ်သည်မ ဟုတ်လော။ ငါဆို သည်ကား၊ စပါး ရိတ်ခြင်း အလိုငှာ လယ်ပြင် တို့သည် ယခုပင် ဝင်းဝင်း ရှိ သည်ကို မျှော် ၍ ကြည့် ကြလော့။
36 Mvunaji tayari anapokea mshahara wake, naye anakusanya mazao kwa ajili ya uzima wa milele. Ili yeye apandaye na yeye avunaye wafurahi pamoja. (aiōnios )
၃၆စပါးရိတ် သောသူ သည် အခ ကိုခံရ ၍ ထာဝရ အသက် ရှင်ခြင်းအလိုငှာ အသီးအနှံ ကိုစုသိမ်း ၏။ သို့ဖြစ်လျှင် ပျိုးကြဲ သောသူ နှင့် စပါးရိတ် သောသူ တို့သည် အတူ ဝမ်းမြောက် ကြလိမ့်မည်။ (aiōnios )
37 Hivyo kule kusema, ‘Mmoja hupanda na mwingine huvuna,’ ni kweli kabisa.
၃၇တစ်ဦး ကား ပျိုးကြဲ ၏။ တစ်ဦး ကားစပါးရိတ် ၏ဟူသော စကား သည် ဤ အရာ၌ အမှန် ကျသတည်း။
38 Niliwatuma mkavune mazao ambayo hamkupanda, wengine walifanya kazi ngumu, nanyi mmevuna faida ya taabu yao.”
၃၈သင် တို့သည် လယ်မ လုပ် သောအရပ်၌ စပါးရိတ် စေခြင်းငှာသင် တို့ကိုငါ စေလွှတ် ၏။ အခြား သော သူတို့သည် လယ်လုပ် ကြ၍ ၊ သင် တို့သည် ထိုသူ တို့၏ အလုပ် ထဲသို့ ဝင် ရကြ၏ ဟု မိန့် တော်မူ၏။
39 Wasamaria wengi katika mji ule wakamwamini Yesu kwa sababu ya ushuhuda wa yule mwanamke alipowaambia kwamba, “Ameniambia kila kitu nilichotenda.”
၃၉ရှမာရိမိန်းမ က၊ အကျွန်ုပ်ပြု ဘူးသမျှ သော အမှုအရာတို့ကို သူသည်ထုတ်ဖေါ် ပြီဟု သက်သေခံ သော စကား ကြောင့် ၊ ထို မြို့ ၌နေသော ရှမာရိ လူအများ တို့သည် ယေရှု ကိုယုံကြည် ကြ၏။
40 Hivyo wale Wasamaria walipomjia, wakamsihi akae kwao. Naye akakaa huko siku mbili.
၄၀ထိုကြောင့် ၊ ရှမာရိ လူတို့သည် အထံ တော်သို့ရောက် လျှင် ၊ မိမိ တို့အရပ်၌ နေ တော်မူမည်ကြောင်း တောင်းပန် ၏။ ထို အရပ်၌ နှစ် ရက် နေ တော်မူ၏။
41 Kwa sababu ya neno lake, watu wengi wakaamini.
၄၁အခြားသောသူအများ တို့သည် နှုတ်ကပတ် စကားတော်ကြောင့် ယုံကြည် ၍၊
42 Wakamwambia yule mwanamke, “Sasa tunaamini, wala si kwa sababu ya maneno yako tu, bali kwa kuwa tumemsikia sisi wenyewe. Tumejua hakika kweli ya kwamba huyu ndiye Kristo, Mwokozi wa ulimwengu.”
၄၂ထို မိန်းမ အား၊ ယခုဖြစ်လျှင် ငါတို့သည် သင် ၏စကား ကြောင့် သာ ယုံကြည် သည်မ ဟုတ်။ စကားတော် ကို ကိုယ်တိုင် ကြားနာ ရ၍၊ ဤသူ သည်လောကီသား တို့ကို ကယ်တင် တော်မူသောသခင်တည်းဟူသောခရစ်တော်အမှန်စင်စစ် ဖြစ် တော်မူကြောင်း ကို သိ သည်ဟု ဆို ကြ၏။
43 Baada ya zile siku mbili, Yesu aliondoka kwenda Galilaya.
၄၃နှစ် ရက် လွန် ပြီးလျှင် ၊ ထို အရပ်မှထွက် ၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲ ပြည်သို့ ကြွတော်မူ၏။
44 (Basi Yesu mwenyewe alikuwa amesema kwamba nabii hapati heshima katika nchi yake mwenyewe.)
၄၄အကြောင်းမူကား ၊ ပရောဖက် သည် မိမိ နေရင်းပြည် ၌ အသရေ မ ရှိ ဟု ယေရှု သည် ကိုယ်တိုင် သက်သေခံ တော်မူ၏။
45 Alipofika Galilaya, Wagalilaya walimkaribisha, kwani walikuwa wameona yale aliyoyatenda huko Yerusalemu wakati wa Sikukuu ya Pasaka. Kwa maana wao pia walikuwa wamehudhuria hiyo Sikukuu.
၄၅ဂါလိလဲ ပြည်သို့ ရောက် တော်မူသောအခါ ၊ ဂါလိလဲ လူတို့သည် ကိုယ်တော် ကိုလက်ခံ ကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ယေရုရှလင် မြို့၌ ခံသောပွဲ သို့ သွား တတ်သဖြင့် ၊ ထိုပွဲ အတွင်း တွင် ပြု တော်မူသမျှ တို့ကို မြင် ခဲ့ကြ၏။
46 Hivyo Yesu akaja tena mpaka Kana ya Galilaya, kule alikokuwa amebadili maji kuwa divai. Huko kulikuwepo na afisa mmoja wa mfalme, ambaye mwanawe alikuwa mgonjwa huko Kapernaumu.
၄၆ရေ ကိုစပျစ်ရည် ဖြစ် စေသောအရပ် ၊ ဂါလိလဲ ပြည်ကာန မြို့သို့ တစ်ဖန် ကြွ တော်မူ၏။ ကပေရနောင် မြို့၌ အမတ် တစ် ယောက်၏သား သည် အနာ ရောဂါစွဲလျက်ရှိ ၏။
47 Huyo mtu aliposikia kwamba Yesu alikuwa amewasili Galilaya kutoka Uyahudi, alimwendea na kumwomba ili aje kumponya mwanawe, aliyekuwa mgonjwa karibu ya kufa.
၄၇ယေရှု သည်ယုဒ ပြည်မှ ဂါလိလဲ ပြည်သို့ ရောက် တော်မူသည်ကို ထို အမတ်သည်ကြား လျှင်၊ အထံ တော်သို့ သွား ၍ သေ ခါနီး ဖြစ်သော မိမိ သား ဆီသို့ကြွ ၍ အနာ ရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။
48 Yesu akamwambia, “Ninyi watu msipoona ishara na miujiza kamwe hamtaamini.”
၄၈ယေရှု ကလည်း၊ သင်တို့သည်နိမိတ် လက္ခဏာနှင့် အံ့ဖွယ် သောအမှုတို့ကို မ မြင် ရလျှင် ယုံ ခြင်းမ ရှိကြဟု မိန့် တော်မူသော်၊
49 Yule afisa wa mfalme akamwambia, “Bwana, tafadhali shuka kabla mwanangu hajafa.”
၄၉သခင် ၊ အကျွန်ုပ် သား မ သေ မှီကြွ တော်မူပါဟုအမတ် လျှောက်ပြန်၏။
50 Yesu akamjibu, “Enenda zako, mwanao yu hai.” Yule afisa akaamini yale maneno Yesu aliyomwambia, akaondoka akaenda zake.
၅၀ယေရှု ကလည်း၊ သွား လော့။ သင် ၏သား သည် အသက် ချမ်းသာရပြီ ဟု မိန့် တော်မူ၏။ ထို အမတ် သည် ယေရှု မိန့် တော်မူသော စကား ကို ယုံ ၍သွား လေ၏။
51 Alipokuwa bado yuko njiani, akakutana na watumishi wake wakamwambia kwamba mwanawe yu mzima.
၅၁လမ်း၌သွား စဉ်တွင် မိမိ ငယ်သား တို့သည် ခရီးဦးကြို လာ၍၊ ကိုယ်တော် ၏သား တော်သည် အသက် ချမ်းသာရပါပြီဟုကြားလျှောက် ကြ၏။
52 Akawauliza saa ambayo alianza kupata nafuu. Wakamwambia, “Jana yapata saa saba, homa ilimwacha.”
၅၂အဘယ် အချိန် ၌ သက်သာ ခြင်းသို့ ရောက် သနည်းဟုမေး လျှင်၊ မနေ့ ခုနစ် နာရီ အချိန်၌ ဖျားနာ ပျောက် ပါသည်ဟု လျှောက် ကြ၏။
53 Ndipo baba wa huyo mtoto akakumbuka kuwa huo ndio wakati ambapo Yesu alikuwa amemwambia, “Mwanao yu hai.” Kwa hiyo yeye pamoja na wote wa nyumbani mwake wakamwamini Yesu.
၅၃ထိုအချိန်ကား၊ သင် ၏သား သည် အသက် ချမ်းသာရပြီ ဟု ယေရှု မိန့် တော်မူသောအချိန် ဖြစ် သည်ကို အဘ သိ ၍၊ ကိုယ်တိုင် မှစသော မိမိ ၏အိမ်သူ အိမ်သားအပေါင်း တို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
54 Hii ilikuwa ishara ya pili ambayo Yesu alifanya aliporudi Galilaya kutoka Uyahudi.
၅၄ဤ နိမိတ်လက္ခဏာတော်ကား၊ ယေရှု သည် ယုဒ ပြည်မှဂါလိလဲ ပြည်သို့ကြွ သည်နောက် ၊ ပြ တော်မူသော ဒုတိယ နိမိတ် လက္ခဏာဖြစ်သတည်း။