< Yohana 12 >
1 Siku sita kabla ya Pasaka, Yesu alikwenda Bethania mahali ambako Lazaro aliyekuwa amefufuliwa na Yesu alikuwa anaishi.
၁ပသခါ ပွဲခံချိန်ခြောက် ရက် လိုသောအခါ ၊ အထက်ကသေလွန်၍ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု နေရာအရပ် ၊ ဗေသနိ ရွာသို့ ယေရှု သည်ရောက် တော်မူ၏။
2 Wakaandaa karamu kwa heshima ya Yesu. Martha akawahudumia wakati Lazaro alikuwa miongoni mwa waliokaa mezani pamoja na Yesu.
၂ထိုကြောင့် ထိုသူတို့သည်ပွဲ လုပ် ကြသဖြင့် မာသ သည်လုပ်ကျွေးမှု ကိုဆောင်၍၊ လာဇရု သည် ကိုယ်တော် နှင့်အတူ လျောင်း သောသူ တို့ အဝင် ဖြစ် ၏။
3 Kisha Maria akachukua chupa ya painti moja yenye manukato ya nardo safi ya thamani kubwa, akayamimina miguuni mwa Yesu na kuifuta kwa nywele zake. Nyumba nzima ikajaa harufu nzuri ya manukato.
၃ထိုအခါ မာရိ သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် အကျပ် သုံးဆယ်ကိုယူ ၍၊ ယေရှု ၏ခြေ တော် ကို လိမ်း ပြီးလျှင်မိမိ ဆံပင် နှင့်သုတ် သဖြင့် ၊ ထိုဆီ ၏ အမွှေး သည် တစ်အိမ် လုံးကိုနှံ့ပြား ၏။
4 Ndipo Yuda Iskariote mwana wa Simoni, mmoja wa wale wanafunzi ambaye ndiye angemsaliti Yesu, akasema,
၄တပည့် တော်တို့ အဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည့်သူ ၊ ရှိမုန်၏သား ယုဒ ရှကာရုတ် က၊
5 “Kwa nini manukato haya hayakuuzwa kwa dinari 300 na fedha hizo wakapewa maskini?”
၅ထို ဆီမွှေး ကို ဒေနာရိ အပြားသုံးရာ အဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အားအဘယ်ကြောင့် မ ပေး သနည်းဟုဆို ၏။
6 Yuda alisema hivi si kwa kuwa aliwajali maskini, bali kwa kuwa alikuwa mwizi, kwani ndiye alikuwa akitunza mfuko wa fedha akawa anaiba kile kilichowekwa humo.
၆ထိုသို့ဆိုသော်၊ ဆင်းရဲ သောသူတို့အကျိုး ကို ထောက် ၍ဆိုသည်မ ဟုတ်။ မိမိ သည် သူခိုး ဖြစ် လျက်၊ တပည့်တော်များသုံးရန်ငွေအိတ် ကိုဆောင် ၍ နှိုက် ယူ တတ်သောကြောင့် သာ ဆို သတည်း။
7 Yesu akasema, “Mwacheni. Aliyanunua manukato hayo ili ayaweke kwa ajili ya siku ya maziko yangu.
၇ယေရှု သည်လည်း၊ ထိုမိန်းမကိုရှိ စေတော့။ ငါ ၏အလောင်းကိုသင်္ဂြိုဟ် ခြင်းငှာ ပြင်ဆင်သောနေ့ တိုင်အောင် သူ သည်ဤ ဆီမွှေးကို သိုထား ပြီး။
8 Maskini mtakuwa nao siku zote, lakini mimi hamtakuwa nami siku zote.”
၈ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။
9 Umati mkubwa wa Wayahudi walipojua kwamba Yesu alikuwa huko Bethania, walikuja si tu kwa ajili ya Yesu, lakini pia kumwona Lazaro ambaye Yesu alikuwa amemfufua.
၉ထို အရပ်၌ ယေရှုရှိ တော်မူသည်ကို ယုဒ လူ များအပေါင်း တို့သည်သိ လျှင် ၊ ကိုယ်တော် ကြောင့် သာ လာ သည်မ ဟုတ်။ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု ကိုမြင် ခြင်းငှာ လာကြ၏။
10 Kwa hiyo viongozi wa makuhani wakafanya mpango wa kumuua Lazaro pia,
၁၀ထိုသို့ ယုဒ လူများ တို့သည် လာဇရု ကိုအကြောင်း ပြုသဖြင့် ထွက်သွား ၍၊
11 kwa kuwa kutokana na habari za kufufuliwa kwake Wayahudi wengi walikuwa wanamwendea Yesu na kumwamini.
၁၁ယေရှု ကို ယုံကြည် သောကြောင့် ၊ ယဇ်ပုရောဟိတ် အကြီးတို့သည် လာဇရု ကိုလည်း သတ် ခြင်းငှာ တိုင်ပင် စီရင်ကြ၏။
12 Siku iliyofuata umati mkubwa uliokuwa umekuja kwenye Sikukuu walisikia kwamba Yesu angekuja Yerusalemu.
၁၂နက်ဖြန် နေ့၌ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲ သို့ လာ သော လူအစုအဝေး အပေါင်း တို့သည် ကြား ရလျှင်၊
13 Basi wakachukua matawi ya mitende, wakatoka kwenda kumlaki, huku wakipaza sauti wakisema, “Hosana!” “Amebarikiwa yeye ajaye kwa Jina la Bwana!” “Amebarikiwa Mfalme wa Israeli!”
၁၃စွန်ပလွံ ခက် များကိုကိုင် လျက်၊ ကိုယ်တော် ကို ခရီးဦးကြိုပြု အံ့သောငှာ ထွက်သွား ကြ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသော ဣသရေလ ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်းဟု ကြွေးကြော် ကြ၏။
14 Yesu akamkuta mwana-punda akampanda, kama ilivyoandikwa,
၁၄ကျမ်းစာ၌လာသည်ကား၊
15 “Usiogope, Ewe binti Sayuni; tazama, Mfalme wako anakuja, amepanda mwana-punda!”
၁၅အိုဇိအုန် သတို့သမီး ၊ မ စိုးရိမ် နှင့်။ သင် ၏အရှင် မင်းကြီးသည် မြည်းကလေး ကိုစီး ၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှု လော့ဟု ရေး ထားသည်နှင့်အညီ၊ ယေရှု သည်မြည်းကလေး ကိုတွေ့ ၍ စီး တော်မူ၏။
16 Wanafunzi wake Yesu mwanzoni hawakuelewa mambo haya, lakini Yesu alipotukuzwa, ndipo walipokumbuka kuwa mambo haya yalikuwa yameandikwa kwa ajili yake na alitendewa yeye.
၁၆ထိုအကြောင်းအရာကိုတပည့် တော်တို့သည် အစဦး ၌နား မ လည်သော်လည်း၊ ကိုယ်တော် ကိုရည်မှတ် ၍ ထိုသို့ ရေး ထားသည်ကို၎င်း ၊ ကိုယ်တော် အား ထိုသို့ ပြု ကြသည်ကို၎င်း၊ ဘုန်းပွင့် တော်မူသည်နောက် သတိရ ၍ မှတ်မိကြ၏။
17 Wale waliokuwepo wakati Yesu alipomwita Lazaro kutoka kaburini na kumfufua kutoka kwa wafu, waliendelea kushuhudia.
၁၇နောက်တော်သို့လိုက်သော လူ အစုအဝေးတို့သည်ကား၊ လာဇရု ကိုသင်္ချိုင်း တွင်းမှ ခေါ် ၍ သေ ခြင်းမှ ထမြောက် စေတော်မူသည်အကြောင်းကို သက်သေခံ ကြ၏။
18 Ni kwa sababu pia walikuwa wamesikia kwamba alikuwa ametenda muujiza huu ndiyo maana umati wa watu ukaenda kumlaki.
၁၈ထို နိမိတ် လက္ခဏာကိုပြ တော်မူသည်ဟု လူ များတို့သည်သိတင်းကြား သောကြောင့် ၊ ခရီးဦးကြိုပြု အံ့သောငှာထွက်သွားကြ၏။
19 Hivyo Mafarisayo walipoona hayo wakaambiana, “Mnaona, hamwezi kufanya lolote. Angalieni, ulimwengu wote unamfuata yeye!”
၁၉ဖာရိရှဲ အချင်းချင်း တို့လည်း၊ သင်တို့သည်အလျှင်း မ တတ်နိုင် ။ ဤလောက သည် ထိုသူ နောက် သို့ လိုက် သွား ပါပြီတကားဟု ပြောဆို ကြ၏။
20 Basi palikuwa Wayunani fulani miongoni mwa wale waliokuwa wamekwenda kuabudu wakati wa Sikukuu.
၂၀ကိုးကွယ် ခြင်းအမှုနှင့် ထို ပွဲ သို့ ရောက်လာ သောသူ တို့တွင် ဟေလသ လူအချို့ ပါ ၏။
21 Hawa wakamjia Filipo, ambaye alikuwa mwenyeji wa Bethsaida huko Galilaya, wakiwa na ombi. Wakamwambia, “Tungependa kumwona Yesu.”
၂၁ထိုသူ တို့သည် ဂါလိလဲ ပြည်ဗက်ဇဲဒ မြို့သားဖြစ်သော ဖိလိပ္ပု ထံသို့သွား ၍ အကျွန်ုပ် တို့သည် ယေရှု ကို မြင် ချင်ပါသည်၊ ခင်ဗျား ဟု တောင်းပန် ကြ၏။
22 Filipo akaenda akamweleza Andrea, nao wote wawili wakamwambia Yesu.
၂၂ဖိလိပ္ပု သည်သွား ၍ အန္ဒြေ ကို ကြားပြော ပြီးမှ၊ ထို သူနှစ်ယောက်တို့သည် ယေရှု ကိုလျှောက် ၏။
23 Yesu akawajibu, “Saa imewadia ya Mwana wa Adamu kutukuzwa.
၂၃ယေရှု ကလည်း၊ လူ သား သည် ဘုန်းပွင့် ရသောအချိန် ရောက် ပြီ။
24 Amin, amin nawaambia, mbegu ya ngano isipoanguka ardhini na kufa, hubakia kama mbegu peke yake. Lakini ikifa huzaa mbegu nyingi.
၂၄ငါအမှန်အကန် ဆို သည်ကား၊ မြေ ၌ ကျ သောစပါး စေ့ သည် မ ပျက် လျှင် တစ်ခု တည်းနေ ၏။ ပျက် လျှင် မူကား များစွာ သောအသီး ကို သီး တတ်၏။
25 Mtu yeyote anayependa maisha yake atayapoteza, naye ayachukiaye maisha yake katika ulimwengu huu atayaokoa hata kwa uzima wa milele. (aiōnios )
၂၅မိမိ အသက် ကို နှမြော သောသူ သည် အသက် ဆုံး လိမ့်မည်။ ဤ လောက ၌ မိမိ အသက် ကိုမုန်း သော သူ မူကား၊ ထာဝရ အသက် ကို စောင့်ရှောက် လျက်နေ၏။ (aiōnios )
26 Mtu yeyote akinitumikia lazima anifuate, nami mahali nilipo ndipo mtumishi wangu atakapokuwa. Mtu akinitumikia, Baba yangu atamheshimu.
၂၆ငါ ၏အမှု ကို ဆောင်ရွက်သောသူ ဖြစ်လျှင်ငါ့ နောက်သို့လိုက် ရမည်။ ငါ ၏အမှုဆောင် သည်လည်း ငါ ရှိ ရာအရပ် ၌ ရှိ ရလိမ့်မည်။ ငါ ၏အမှုကိုဆောင်ရွက် သောသူ ဖြစ်လျှင် ထိုသူ ကိုခမည်းတော် သည် ချီးမြောက် တော်မူလတံ့။
27 “Sasa roho yangu imefadhaika sana. Niseme nini? ‘Baba, niokoe katika saa hii.’ Lakini ni kwa kusudi hili nimeufikia wakati huu.
၂၇ငါ သည် ယခု စိတ် နှလုံးပူပန် ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက် ရမည်နည်း။ ထို အချိန် မှစ၍ အကျွန်ုပ် ကို ကယ်တင် တော်မူပါ၊ အဘ ဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထို အချိန် သို့ ရောက်လာ ပြီ။
28 Baba, litukuze jina lako.” Ndipo ikaja sauti kutoka mbinguni, “Nimelitukuza, nami nitalitukuza tena.”
၂၈အိုအဘ ၊ ကိုယ်တော် ၏နာမ တော်ကို ချီးမြှောက် တော်မူပါ ဟု မိန့်မြွတ် တော်မူ၏။ ထိုအခါကောင်းကင် မှ စကား သံကား၊ ငါချီးမြှောက် ခဲ့ပြီ၊ တဖန် ချီးမြှောက် ဦး မည်ဟုလာ ၏။
29 Ule umati wa watu uliokuwa mahali pale uliisikia nao ukasema, “Hiyo ni sauti ya radi,” wengine wakasema, “Malaika ameongea naye.”
၂၉ဝန်းရံ လျက်ရှိသောလူ အစုအဝေးတို့သည်ကြား လျှင် မိုဃ်းချုန်း သည်ဟုဆို ကြ၏။ အချို့ ကလည်းကိုယ်တော် အား ကောင်းကင်တမန် မြွက် သည်ဟု ဆို ကြ၏။
30 Yesu akawaambia, “Sauti hii imesikika kwa faida yenu, wala si kwa faida yangu.
၃၀ယေရှု က၊ ထို စကား သံသည် ငါ အဘို့ အလိုငှာလာသည်မ ဟုတ်၊ သင် တို့အဘို့ အလို့ငှာလာ ၏။
31 Sasa ni saa ya hukumu kwa ajili ya ulimwengu huu, sasa mkuu wa ulimwengu huu atatupwa nje.
၃၁ယခု တွင်ဤ လောက သည်တရား စီရင်ခြင်းကိုခံရ ၏။ ယခု တွင် ဤ လောက ကို အစိုးရ သောမင်းသည် ပြင် သို့ နှင်ထုတ် ခြင်းကိုခံရလိမ့်မည်။
32 Lakini mimi, nikiinuliwa kutoka nchi, nitawavuta watu wote waje kwangu.”
၃၂ငါ သည်လည်းမြေကြီး နှင့်ခွာ၍ မြှောက် ထားခြင်းကို ခံရလျှင် ။ လူအပေါင်း တို့ကို ငါ့ ထံသို့ ငါဆွဲ မည် ဟု မိန့် တော်မူ၏။
33 Yesu aliyasema haya akionyesha ni kifo gani atakachokufa.
၃၃ထိုသို့ မိန့် တော်မူသော်၊ မိမိ သည်အဘယ်သို့ သေ ရမည်အရိပ် ကို ပေးတော်မူ၏။
34 Ule umati wa watu ukapiga kelele ukasema, “Tumesikia kutoka Sheria kwamba ‘Kristo adumu milele,’ wewe wawezaje kusema, ‘Mwana wa Adamu hana budi kuinuliwa juu’? Huyu ‘Mwana wa Adamu’ ni nani?” (aiōn )
၃၄လူ များတို့ကလည်း၊ ခရစ်တော် သည် အစဉ်အမြဲ တည် သည်ဟု ပညတ္တိ ကျမ်း၌ လာကြောင်း ကို အကျွန်ုပ် တို့ ကြားသိ ရပြီ။ သို့ဖြစ်လျှင် လူ သား သည်မြှောက် ထားခြင်းကိုခံရမည်ဟု သင် သည် အဘယ်သို့ ဆို သနည်း။ ထို လူ သား သည် အဘယ်သို့ သောသူနည်းဟု ဆို ကြ၏။ (aiōn )
35 Ndipo Yesu akawaambia, “Bado kitambo kidogo nuru ingalipo pamoja nanyi. Enendeni maadamu mna nuru, msije mkakumbwa na giza. Mtu anayetembea gizani hajui anakokwenda.
၃၅ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။
36 Wekeni tumaini lenu katika nuru hiyo ili mpate kuwa wana wa nuru.” Baada ya kusema haya, Yesu aliondoka, akajificha wasimwone.
၃၆အလင်း ရှိ စဉ်အခါအလင်း ၏ သား ဖြစ် အံ့သောငှာ အလင်း ကိုယုံကြည် ကြလော့ ဟု မိန့် တော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှယေရှု သည်ထွက်ကြွ ၍ ထိုသူ တို့ကို တိမ်းရှောင် လျက်နေတော်မူ၏။37
37 Hata baada ya Yesu kufanya miujiza hii yote mbele yao, bado hawakumwamini.
၃၇ထိုမျှလောက်ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို သူ တို့မျက်မှောက် ၌ ပြ တော်မူသော်လည်း သူတို့သည် ယုံကြည် ခြင်းသို့ မ ရောက်ကြ။
38 Hili lilikuwa ili kutimiza lile neno la nabii Isaya lililosema: “Bwana, ni nani aliyeamini ujumbe wetu, na mkono wa Bwana umefunuliwa kwa nani?”
၃၈ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါသနည်း။ ထာဝရ ဘုရား၏ လက် တော်သည်အဘယ်သူ အား ထင်ရှား တော်မူသနည်း ဟူသောစကား သည် ပြည့်စုံ ခြင်းသို့ရောက်သတည်း။
39 Kwa hivyo hawakuamini, kwa sababu Isaya anasema mahali pengine:
၃၉တစ်ဖန် ပရောဖက်ဟေရှာယ ဟော ပြန်သည်ကား၊
40 “Amewafanya vipofu, na kuifanya mioyo yao kuwa migumu, ili wasiweze kuona kwa macho yao, wala kuelewa kwa mioyo yao, wasije wakageuka nami nikawaponya.”
၄၀သူတို့မျက်စိ မ မြင် ၊ စိတ် နှလုံးနား မလည်၊ အကျင့်မပြောင်းလဲ ၊ သူ တို့အနာ ရောဂါကို ငါမငြိမ်းစေသည် တိုင်အောင်သူ တို့မျက်စိ ကိုကွယ် စေတော်မူ၏။ သူ တို့ စိတ်နှလုံး ကိုမိုက် စေတော်မူ၏ဟူသောစကားကြောင့် ထိုသူတို့သည်ယုံကြည် ခြင်းသို့ မ ရောက်နိုင် ကြ။
41 Isaya alisema haya alipoona utukufu wa Yesu na kunena habari zake.
၄၁ဟေရှာယ သည် ဘုန်း အာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန် စဉ်တွင် ထိုစကား ကို ဟောပြော သတည်း။
42 Lakini wengi miongoni mwa viongozi wa Wayahudi walimwamini, lakini kwa sababu ya Mafarisayo hawakukiri waziwazi kwa maana waliogopa kufukuzwa katika masinagogi.
၄၂သို့သော်လည်း အရာရှိ အများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။ တရားစရပ် မှဖာရိရှဲ တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှား စွာဝန် မ ခံကြ။
43 Wao walipenda sifa za wanadamu kuliko sifa zitokazo kwa Mungu.
၄၃အကြောင်းမူကား ၊ ဘုရားသခင် ပေးတော်မူသော ဘုန်း အသရေထက် လူ တို့ပေးသော ဘုန်း အသရေကို သာ၍ နှစ်သက် ကြ၏။
44 Yesu akapaza sauti akasema, “Yeyote aniaminiye, haniamini mimi peke yangu, bali yeye aliyenituma.
၄၄ယေရှု ကလည်း၊ ငါ့ ကိုယုံကြည် သောသူ သည် ငါ့ ကိုသာယုံကြည် သည်မ ဟုတ်၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ကိုယုံကြည်၏။
45 Yeyote anionaye mimi, amemwona yeye aliyenituma.
၄၅ငါ့ ကို ကြည့် မြင်သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကိုကြည့် မြင်၏။
46 Mimi nimekuja kama nuru ulimwenguni, ili kwamba kila mtu aniaminiye asibaki gizani.
၄၆ငါ့ ကို ယုံကြည် သမျှသောသူတို့သည် မှောင်မိုက် ၌ မ နေ စေခြင်းငှာ ငါ သည်အလင်း ဖြစ်လျက် ဤလောက သို့ ကြွလာ ပြီ။
47 “Mimi simhukumu mtu yeyote anayesikia maneno yangu na asiyatii, kwa maana sikuja kuuhukumu ulimwengu, bali kuuokoa.
၄၇ငါ့ စကား ကိုကြား သောသူ သည် မ ယုံကြည် ဘဲနေလျှင် ထိုသူ ကို ငါ သည်အပြစ် မ စီရင်။ လောကီသား တို့ကို အပြစ် စီရင်အံ့သောငှာ ငါလာ သည်မ ဟုတ်၊ လောကီသား တို့ကို ကယ်တင် အံ့သောငှာ ငါလာ၏။
48 Yuko amhukumuye yeye anikataaye mimi na kutokuyapokea maneno yangu, yaani, yale maneno niliyosema yenyewe yatamhukumu siku ya mwisho.
၄၈ငါ့ ကိုပယ် ၍ ငါ့ စကား ကို နာ မ ခံသောသူ အားအပြစ် စီရင်သောသူ ရှိ သေး၏။ ငါဟောပြော သော စကား ပင် နောက်ဆုံး သောနေ့ ၌ ထိုသူ အားအပြစ် စီရင်လိမ့်မည်။
49 Kwa maana sisemi kwa ajili yangu mwenyewe, bali Baba aliyenituma aliniamuru ni nini cha kusema na jinsi ya kukisema.
၄၉အကြောင်းမူကား ၊ ငါ သည် ကိုယ် အလိုအလျောက်ဟောပြော သည်မ ဟုတ်၊ ငါ့ ကို စေလွှတ် သော ခမည်းတော် သည် အဘယ်သို့ ငါ ဆုံးမဟောပြော ရမည်ကို ပညတ် ပေး တော်မူပြီ။ ခမည်းတော် ၏ပညတ် တော် သည် ထာဝရ အသက် ဖြစ် သည်ကို ငါသိ ၏။
50 Nami ninajua amri zake huongoza hadi kwenye uzima wa milele. Hivyo lolote nisemalo, ndilo lile Baba aliloniambia niseme.” (aiōnios )
၅၀ထိုကြောင့် ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်းငါ ဟောပြောသည် ဟု ကြွေးကြော် ၍ မိန့် တော်မူ၏။ (aiōnios )