< Ayubu 30 >

1 “Lakini sasa watu wadogo kwa umri kuniliko wananidhihaki, watu ambao baba zao ningekataa kwa dharau kuwaweka pamoja na mbwa wangu wa kulinda kondoo.
ယခု မူကား ၊ ငါ့ ထက် အသက် ငယ် သောသူတို့ သည် ငါ့ ကို ကဲ့ရဲ့ တတ်ကြ၏။ သူ တို့အဘ များကို ငါသည် ရွံ့ရှာ ၍၊ ငါ့ သိုးစု ကိုစောင့်သော ခွေး တို့တွင် မျှနေရာမပေး။
2 Nguvu za mikono yao zingekuwa na faida gani kwangu, kwa kuwa nguvu zao zilikuwa zimewaishia?
သူ တို့သည် အစွမ်း သတ္တိကုန်ပြီးမှ၊ ငါ့ အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
3 Wakiwa wamekonda kutokana na kupungukiwa na kwa njaa, walizurura usiku katika nchi kame iliyo ukiwa.
ဆင်းရဲ ငတ်မွတ် သောကြောင့်၊ သူတပါးများနှင့် မ ပေါင်းဘော်။ နက်နဲသောတော အရပ်နှင့် လူ ဆိတ်ညံရာအရပ် သို့ ပြေး ကြ၏။
4 Katika vichaka walikusanya mimea ya chumvi, nacho chakula chao kilikuwa mizizi ya mti wa mfagio.
စားစရာ ဘို့ ချုံဖုတ် နား မှာ မလွှမြက်ကိုရိတ်၍၊ ရသမ် မြစ် ကိုလည်း တူးကြ၏။
5 Walifukuzwa mbali na watu wao, wakipigiwa kelele kama wevi.
လူနေရာမှ နှင်ထုတ် ခြင်းကို ခံရ၍၊ သူခိုး ကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ် ကြ၏။
6 Walilazimika kuishi katika mikondo ya vijito vilivyokauka, kwenye majabali na mahandaki.
ကြောက်မက်ဘွယ်သော တောင်ကြား ၊ မြေ တွင်း ၊ ကျောက် ခေါင်း၌ နေ ကြ၏။
7 Kwenye vichaka walilia kama punda, na walijisongasonga pamoja kwenye vichaka.
ချုံဖုတ် အောက်မှာ မြည်တမ်း လျက်၊ ဆူးပင် အောက် မှာ စုဝေး လျက် နေကြ၏။
8 Wao ni watoto wa wapumbavu wenye asili ya ubaya, waliofukuzwa watoke katika nchi.
လူမိုက် သား ၊ လူယုတ်သား ဖြစ်၍၊ အရပ် ရပ်နှင်ထုတ် ခြင်းကိုခံရကြ၏။
9 “Nao sasa wana wao wananidhihaki katika nyimbo; nimekuwa kitu cha dhihaka kwao.
ယခု မူကား ၊ ငါသည်သူ တို့သီချင်း ဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ် ပါသည်တကား။
10 Wananichukia sana na kujitenga nami, wala hawasiti kunitemea mate usoni.
၁၀ငါ့ ကို ရွံရှာ ၍ ဝေး စွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာ ကို တံတွေး နှင့် မ ထွေးဘဲ မနေကြ။
11 Sasa kwa kuwa Mungu ameilegeza kamba ya upinde wangu na kunitesa, wamekuwa huru kunitendea waonavyo.
၁၁ဘုရားသခင်သည် ငါ့ ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့် ၊ သူတို့သည် ငါ့ ရှေ့ မှာ ဇက်ကြိုး ကို လွှတ် တတ်ကြ၏။
12 Kuume kwangu kundi linashambulia; wao huitegea miguu yangu tanzi, na kunizingira.
၁၂သူငယ်တို့သည်ငါ့လက်ျာ ဘက်၌ ထ ၍၊ ငါ့ ခြေ ကို တွန်း ကြ၏။ ငါ့ ကို ဖျက်ဆီး ခြင်းငှါလမ်း ဖို့ ကြ၏။
13 Huizuia njia yangu, nao hufanikiwa katika kuniletea maafa, nami sina yeyote wa kunisaidia.
၁၃ငါ့ လမ်း ကို ဖျက် ၍ ငါ့ ကိုဖျက်ဆီး ခြင်းငှါကြိုးစားကြ၏။ သူတို့တွင် သတိပေး သောသူမ ရှိ။
14 Wananijia kama watu wapitao katika ufa mpana; katikati ya magofu huja na kunishambulia.
၁၄ကျယ် သော တွင်းပေါက် ၌ ဝင်သကဲ့သို့ ၊ ငါ့ကို တိုက်၍ ဖြိုဖျက် ရာကို ခိုလှုံလျက်၊ ငါ့ထံသို့တဟုန်တည်း ပြေးလာကြ၏။
15 Vitisho vimenifunika; heshima yangu imetoweshwa kama kwa upepo, salama yangu imetoweka kama wingu.
၁၅ကြောက်မက် ဘွယ်သော အရာတို့သည် ငါ့ အပေါ် သို့ရောက် ၍၊ လေ တိုက်သကဲ့သို့ ငါ့ ဘုန်း ကို လိုက် သဖြင့် ၊ ငါ့ စည်းစိမ် သည် မိုဃ်းတိမ် ကဲ့သို့ လွင့် ကုန်ပြီ။
16 “Sasa maisha yangu yamefikia mwisho; siku za mateso zimenikamata.
၁၆ယခု မူကား ၊ ငါ့ နှလုံး ကြေကွဲ ပြီ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုမှီ ပြီ။
17 Usiku mifupa yangu inachoma; maumivu yanayonitafuna hayatulii kamwe.
၁၇ညဉ့် အခါ ငါ့ အရိုး တို့သည် အလွန်ကိုက်ခဲ ၍၊ ငါ့ အကြော တို့သည် သက်သာ ခြင်းမ ရှိရကြ။
18 Kwa uwezo wake mkuu Mungu huwa kwangu kama nguo; hushikamana nami kama ukosi wa vazi langu.
၁၈ငါ့အနာသည် ပြင်းထန် သဖြင့် ၊ အဝတ် နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီ လည်စွပ် ကဲ့သို့ ငါ့ ကိုစည်း လျက်နေ၏။
19 Yeye amenitupa kwenye matope, nami nimekuwa kama mavumbi na majivu.
၁၉ငါ့ ကိုရွှံ့ ထဲသို့ တွန်းချ တော်မူသဖြင့် ၊ ငါသည် မြေမှုန့် နှင့် မီးဖိုပြာ ကဲ့သို့ ဖြစ် လေပြီ။
20 “Ee Bwana, ninakulilia wewe lakini hunijibu; ninasimama, nawe unanitazama tu.
၂၀ကိုယ်တော် အား အကျွန်ုပ်အော်ဟစ် သော်လည်း ကြား တော်မ မူ။ အကျွန်ုပ်သည် မတ်တတ် နေသော်လည်း မှတ် တော်မမူ။
21 Wewe unanigeukia bila huruma; unanishambulia kwa nguvu za mkono wako.
၂၁အကျွန်ုပ် ကို ကြမ်းတမ်း စွာပြု၍၊ အားကြီး သော လက် တော်နှင့် ညှဉ်းဆဲ တော်မူ၏။
22 Unaninyakua na kunipeperusha kwa upepo; umenirusha huku na huko kwenye dhoruba kali.
၂၂အကျွန်ုပ် ကို ချီသွား ၍ ၊ လေ ကိုစီး စေသဖြင့်၊ အကျွန်ုပ် ၏ ကိုယ် ခန္ဓါကို ဖြုတ် လွှင့်တော်မူ၏။
23 Ninajua utanileta mpaka kifoni, mahali ambapo wenye uhai wote wamewekewa.
၂၃သေ ခြင်းသို့၎င်း ၊ အသက် ရှင်သောသူခပ်သိမ်း တို့ အဘို့ စီရင် သော နေရာ သို့၎င်း၊ အကျွန်ုပ် ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိ ပါ၏။
24 “Hakika hakuna yeyote amshambuliaye mhitaji, anapoomba msaada katika shida yake.
၂၄ဘုရားသခင်သည် လက် ဆန့် တော်မူသောအခါ ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီး တော်မူ သောအခါ ၊ အော်ဟစ် သော်လည်းကျေးဇူးမရှိ။
25 Je, sikulia kwa ajili ya wale waliokuwa katika taabu? Je, nafsi yangu haikusononeka kwa ajili ya maskini?
၂၅အမှု ရောက်သော သူအတွက် ငါငိုကြွေး ဘူးပြီ မ ဟုတ်လော။ ဆင်းရဲ သောသူအတွက် ငါ စိတ် နာကြဉ်းဘူး ပြီမဟုတ်လော။
26 Lakini nilipotazamia mema, mabaya yalinijia; nilipotafuta nuru, ndipo giza lilipokuja.
၂၆သို့သော်လည်း ၊ ငါသည် ကောင်းကျိုး ကိုမြော်လင့် သောအခါ ဘေး ရောက် လာ၏။ အလင်း ကို တောင့်တ သောအခါ မှောင်မိုက် ဖြစ် ၏။
27 Kusukwasukwa ndani yangu kamwe hakutulii; siku za mateso zinanikabili.
၂၇ငါ့ အသည်း သည် ပူလောင် ၍ ငြိမ်း ခြင်းမ ရှိ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုတွေ့ မိပြီ။
28 Ninazunguka nikiwa nimeungua, lakini si kwa jua; ninasimama katika kusanyiko nikiomba msaada.
၂၈နေ ရောင်ကွယ်၍ မှောင်မိုက် ၌ လှည့်လည် ရ၏။ ပရိသတ် အလယ် ၌ မတ်တတ် နေ၍ ကြွေးကြော် ရ၏။
29 Nimekuwa ndugu wa mbweha, rafiki wa mabundi.
၂၉မြေခွေး တို့နှင့်ညီအစ်ကို တော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော် ရ၏။
30 Ngozi yangu imekuwa nyeusi nayo inachunika; mifupa yangu inaungua kwa homa.
၃၀
31 Kinubi changu kimegeuka kuwa maombolezo, nayo filimbi yangu imekuwa sauti ya kilio.
၃၁အဆင်းမည်း လျက် အရိုး ပူလောင် လျက်ရှိ၏။ ငါ့ စောင်း သည် ညည်းတွား သောအသံ၊ ငါ့ ပုလွေ သည် ငိုကြွေး သောအသံ ကို သာပေးတတ်၏။

< Ayubu 30 >