< Ayubu 18 >

1 Bildadi Mshuhi akajibu:
တဖန် ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊
2 “Je, ni lini utafika mwisho wa maneno haya? Uwe mwenye busara, nasi ndipo tutakapoweza kuongea.
ဤစကား သည် အဘယ် အခါမှ ပြတ် လိမ့်မည်နည်း။ သတိပြု ကြ။ သို့မှသာ ငါတို့သည် စကား ပြောကြ မည်။
3 Kwa nini sisi tunafikiriwa kama wanyama, na kuonekana wajinga machoni pako?
သင်သည်ငါတို့ကို တိရစ္ဆာန် ကဲ့သို့ အဘယ်ကြောင့် မှတ် သနည်း။ အဘယ်ကြောင့်မထီမဲ့မြင်ပြု သနည်း။
4 Wewe unayejirarua mwenyewe vipande vipande katika hasira yako, je, dunia iachwe kwa ajili yako wewe? Au ni lazima miamba iondolewe mahali pake?
အမျက် ထွက်၍ မိမိ ကိုယ်ကို ကိုက် ဖြတ်သောသူ၊ သင့် အတွက် မြေကြီး ကိုစွန့်ပစ် ရမည်လော။ ကျောက် သည် မိမိ နေရာ မှ ရွေ့ ရမည်လော။
5 “Taa ya mwovu imezimwa, nao mwali wa moto wake umezimika.
အကယ်စင်စစ်ဆိုး သောသူ၏ အလင်း သည် ကွယ် လိမ့်မည်။ သူ ၏မီး လျှံ မ တောက် ရ။
6 Mwanga hemani mwake umekuwa giza; taa iliyo karibu naye imezimika.
သူ ၏နေရာ အလင်း လည်း မှောင်မိုက် ဖြစ်လိမ့်မည်။ သူ ၏ဆီမီး လည်း သေ လိမ့်မည်။
7 Nguvu za hatua zake zimedhoofishwa; shauri lake baya litamwangusha.
ခိုင်ခံ့ စွာသွားသောအခါ ကျဉ်းမြောင်း ရာသို့ ရောက်လိမ့်မည်။ မိမိ အကြံ အစည်အားဖြင့်ရှုံး ရလိမ့်မည်။
8 Miguu yake imemsukumia kwenye wavu, naye anatangatanga kwenye matundu ya wavu.
ပိုက် ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်း ပေါ် မှာ နင်း တတ်၏။
9 Tanzi litamkamata kwenye kisigino; mtego utamshikilia kwa nguvu.
ဂိုင်းပြုတ်၍ ခြေ ကို မိ သဖြင့် ကျော့ကွင်း နှင့် မ ကျွတ်နိုင်ဘဲ နေရ၏။
10 Kitanzi kimefichwa ardhini kwa ajili yake; mtego uko kwenye njia yake.
၁၀မြေ ၌ ဂျမ်းကြိုး ကို သူ့အဘို့ ဝှက်ထား လျက်၊ သူသွားရာလမ်း ၌ ထောင်ချောက် ကို ပြင်လျက်ရှိ၏။
11 Vitisho vimemtia hofu kila upande, na adui zake humwandama kila hatua.
၁၁ကြောက်မက် ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း ၍ ကျပ်တည်းစွာ လိုက် နှင့်ကြလိမ့်မည်။
12 Janga linamwonea shauku; maafa yako tayari kwa ajili yake aangukapo.
၁၂သူသည် ငတ်မွတ် သောအားဖြင့် အားလျော့လျက်၊ ပျက်စီး ခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။
13 Nayo yatakula sehemu ya ngozi yake; mzaliwa wa kwanza wa mauti atakula maungo yake.
၁၃ထိုဘေးသည် သူ ၏အရိုးတို့ကို ကိုက် ခဲ၍၊ သေမင်း ၏သား ဦးသည် သူ ၏ခွန်အား ကို မျို လိမ့်မည်။
14 Atangʼolewa kutoka usalama wa hema lake, na kupelekwa kwa mfalme wa vitisho.
၁၄သူ ခိုလှုံ ရာအကြောင်းကို သူ ၏နေရာ မှ ပယ်ရှင်း ၍၊ သူ့ကိုယ်ကို ဘေးဒဏ် တို့၏ ရှင် ဘုရင်ထံသို့ ဆောင် သွား ရ၏။
15 Moto utakaa katika hema lake; moto wa kiberiti utamwagwa juu ya makao yake.
၁၅သူ ၏နေရာ ၌ အရှင်မ ရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ် မှာ ကန့် ဖြူးလျက်ရှိလိမ့်မည်။
16 Mizizi yake chini itakauka na matawi yake juu yatanyauka.
၁၆သူ ၏အမြစ် တို့သည် သွေ့ ခြောက်လျက် ၊ အခက် အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
17 Kumbukumbu lake litatoweka katika dunia, wala hatakuwa na jina katika nchi.
၁၇မြေ ပေါ် မှာသူ့ ကို အောက်မေ့ စရာအမှတ် ပျောက်ပျက် ၍၊ ပွဲသဘင်၌ သူ ၏နာမ ကို အဘယ်သူမျှမ ခေါ်မပြော။
18 Ameondolewa nuruni na kusukumiwa gizani, naye amefukuzwa mbali atoke duniani.
၁၈သူ့ ကိုအလင်း ထဲက မှောင်မိုက် ထဲသို့ မောင်း ၍ လူ့ ပြည်မှ နှင်ထုတ်ရ၏။
19 Hana mtoto wala mzao miongoni mwa watu wake, wala aliyenusurika mahali alipoishi.
၁၉သူ့ အမျိုး တွင် သူ့ သား မြေး မ ရှိ။ သူ၏အိမ်သူအိမ်သားတယောက်မျှ မ ကျန်ရစ် ရ။
20 Watu wa magharibi watashangaa yaliyompata; watu wa mashariki watapatwa na hofu.
၂၀သူ ၏လက်ထက် ၌ ရှိသောသူတို့ သည် ထိတ်လန့် သကဲ့သို့၊ သူ့နောက် ၌ဖြစ်သောသူတို့ သည် သူ၏အမှု ကြောင့် မိန်းမော တွေဝေကြလိမ့်မည်။
21 Hakika ndivyo yalivyo makao ya mtu mwovu; ndivyo palivyo mahali pake mtu asiyemjua Mungu.”
၂၁အကယ် စင်စစ်ဆိုး သောသူ ၏နေရာ သည် ထိုသို့ သော လက္ခဏာရှိ၏။ ဘုရား သခင်ကိုမ သိ သောသူသည် ထိုသို့ သော နေရာ သို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။

< Ayubu 18 >