< Yeremia 49 >

1 Kuhusu Waamoni: Hili ndilo asemalo Bwana: “Je, Israeli hana wana? Je, hana warithi? Kwa nini basi Moleki amechukua milki ya Gadi? Kwa nini watu wake wanaishi katika miji yake?
အမ္မုန် အမျိုးသား တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ ၌ သား မ ရှိ သလော ။ အမွေခံ မ ရှိသလော။ မိလကုံ ဘုရားသည် ဂဒ် ပြည်ကို အဘယ်ကြောင့် သိမ်းယူ သနည်း။ သူ့ တပည့် တို့သည် ဂဒ်မြို့ တို့၌အဘယ်ကြောင့်နေ ကြသနည်း။
2 Lakini siku zinakuja,” asema Bwana, “nitakapopiga kelele ya vita dhidi ya Raba mji wa Waamoni; utakuwa kilima cha magofu, navyo vijiji vinavyouzunguka vitateketezwa kwa moto. Kisha Israeli atawafukuza wale waliomfukuza,” asema Bwana.
ထိုကြောင့် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အမ္မုန် အမျိုးသား တို့ နေရာရဗ္ဗာ မြို့၌ စစ်တိုက် ခြင်းအသံ ကို ငါကြား စေသောအချိန် ရောက် လိမ့်မည်။ ထိုမြို့သည် ပျက်စီး ရာပုံ ဖြစ် ၍၊ သူ ၏သမီး တို့သည်လည်း မီးရှို့ ခြင်းကိုခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူ သောသူတို့ ၏ နေရာကို၊ ဣသရေလ သည် တဖန်သိမ်းယူ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
3 “Lia kwa huzuni, ee Heshboni, kwa kuwa Ai umeangamizwa! Pigeni kelele, enyi wakazi wa Raba! Vaeni nguo za gunia na kuomboleza, kimbieni hapa na pale ndani ya kuta, kwa kuwa Moleki atakwenda uhamishoni, yeye pamoja na makuhani na maafisa wake.
အို ဟေရှဘုန် မြို့၊ ညည်းတွား မြည်တမ်းလော့။ အာဣ မြို့ပျက်စီး ပြီ။ အိုရဗ္ဗာ မြို့သမီး တို့၊ ငိုကြွေး ကြလော့။ လျှော်တေ အဝတ်ကိုဝတ် ၍ မြည်တမ်း လျက် ၊ ခြံ နား မှာ တောင်မြောက်ပြေး ကြလော့။ အကြောင်း မူကား၊ မိလကုံ ဘုရားသည်သူ ၏ယဇ် ပုရောဟိတ်၊ သူ ၏မင်း များနှင့်တကွ သိမ်းသွား ခြင်းကိုခံရ၏။
4 Kwa nini unajivunia mabonde yako, kujivunia mabonde yako yaliyozaa sana? Ee binti usiye mwaminifu, unayeutumainia utajiri wako na kusema, ‘Ni nani atakayenishambulia?’
ငါ့ ထံသို့ အဘယ် ရန်သူရောက် လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိ စည်းစိမ် ၌ ကိုးစား လျက် ဖောက်ပြန် သောသတို့သမီး ၊ သင်သည် ချိုင့် တို့၌ အဘယ်ကြောင့် ဝါကြွား သနည်း။ သင် ၏ချိုင့် သည် အသွေးစီး ရာ ဖြစ်လိမ့်မည် ။
5 Nitaleta hofu kuu juu yako kutoka kwa wale wote wanaokuzunguka,” asema Bwana, Bwana Mwenye Nguvu Zote. “Kila mmoja wenu ataondolewa, wala hakuna hata mmoja atakayekusanya wakimbizi.
ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် ပတ်လည် ၌နေသောသူအပေါင်း တို့ကြောင့် ကြောက်လန့် သော အကြောင်းကို သင် ၌ ငါ ဖြစ် စေမည်။ သင်တို့အသီးအသီး ရှိသမျှသည် နှင်ထုတ် ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေး စေသော သူလည်းမ ရှိရ။
6 “Lakini hatimaye, nitarudisha mateka wa Waamoni,” asema Bwana.
သို့သော်လည်း ၊ သိမ်းသွား ခြင်းကိုခံရသောအမ္မုန် အမျိုးသား တို့ကို နောက် တဖန်ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
7 Kuhusu Edomu: Hili ndilo asemalo Bwana Mwenye Nguvu Zote: “Je, hakuna tena hekima katika Temani? Je, shauri limewapotea wenye busara? Je, hekima yao imechakaa?
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ တေမန် ပြည်၌ ပညာ ကုန် သလော။ ပညာ သတိရှိသောသူတို့သည် အကြံ မပေးနိုင်သလော။ သူ တို့ဉာဏ် သည် ဆုံး သလော။
8 Geuka na ukimbie, jifiche katika mapango marefu kabisa, wewe uishiye Dedani, kwa kuwa nitaleta maafa juu ya Esau wakati nitakapomwadhibu.
အိုဒေဒန် မြို့သူ မြို့သားတို့၊ ဆုတ် ၍ ပြေးသွား ကြလော့ ။ နက်နဲ သောအရပ်၌ နေ ကြလော့။ ဧသော တွေ့ရသော ဘေး ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ကို ငါရောက် စေမည်။
9 Je, kama wachuma zabibu wangekuja kwako, wasingebakiza zabibu chache? Kama wezi wangekujia usiku, je, si wangeiba tu kiasi ambacho wangehitaji?
စပျစ်သီးကိုဆွတ် သောသူတို့သည် သင် ရှိရာသို့ လာ လျှင် ၊ သူတပါးလိုက်၍ ဆွတ် စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။ ညဉ့် အခါ သူခိုး လာလျှင် ၊ စိတ်ပြေလောက်အောင်သာ လုယူ ကြလိမ့်မည်မဟုတ်လော။
10 Lakini nitamvua Esau nguo abaki uchi, nitayafunua maficho yake, ili asiweze kujificha. Watoto wake, jamaa na majirani wataangamia, naye hatakuwepo tena.
၁၀ဧသော ၏အဝတ်ကို ငါ ချွတ် မည်။ သူသည် ပုန်း ၍မ နေနိုင် အောင် သူ ကွယ် သောနေရာအရပ်တို့ကို ငါလှန် မည်။ သူ ၏အမျိုးအနွယ် ၊ ညီအစ်ကို ၊ အိမ်နီးချင်း တို့သည် ပျက်စီး ၍၊ သူ့ ကိုယ်တိုင်လည်း ပျောက် ရလိမ့်မည်။
11 Waache yatima wako; nitayalinda maisha yao. Wajane wako pia wanaweza kunitumaini mimi.”
၁၁သင် ၌မိဘ မရှိသောသူငယ်တို့ကို ထား ခဲ့လော့။ ငါ စောင့်မ မည်။ သင် ၏ မုတ်ဆိုးမ တို့သည် ငါ့ ကိုခိုလှုံ ကြစေ။
12 Hili ndilo asemalo Bwana: “Kama wale wasiostahili kukinywea kikombe ni lazima wakinywe, kwa nini wewe usiadhibiwe? Hutakwepa kuadhibiwa, ni lazima ukinywe.
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ ခွက် ဖလား ကို မ သောက် ထိုက် သောသူ တို့ သည် အကယ်၍သောက် ကြသည် မှန်လျှင်၊ သင်သည်အပြစ် ကို မခံဘဲ ရှင်းရှင်းလွတ် ရမည်လော။ မ လွတ် ဘဲမနေရ။ စင်စစ် သောက် ရမည်။
13 Ninaapa kwa nafsi yangu,” asema Bwana, “kwamba Bosra utakuwa magofu na kitu cha kutisha, cha aibu na cha kulaania; miji yake yote itakuwa magofu milele.”
၁၃ဗောဇရ ပြည်သည်အံ့ဩ ရာ၊ ကဲ့ရဲ့ ရာ၊ လူဆိတ်ညံ ရာ၊ ကျိန်ဆဲ ရာဖြစ် ရလိမ့်မည်။ သူ ၏ မြို့ အလုံးစုံ တို့သည်လည်း၊ အစဉ် သုတ်သင် ပယ်ရှင်းရာဖြစ် ရကြ လိမ့်မည်ဟု၊ ငါသည်ကိုယ် ကို တိုင်တည်၍ကျိန်ဆို ပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
14 Nimesikia ujumbe kutoka kwa Bwana: Mjumbe alitumwa kwa mataifa kusema, “Jikusanyeni ili kuushambulia! Inukeni kwa ajili ya vita!”
၁၄ထာဝရဘုရား ကြွေးကြော် တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး ၍၊ ဧဒုံပြည်ကို တိုက် ခြင်းငှါစစ်ချီ ၍လာ ကြလော့ဟု တပါးအမျိုးသား တို့ထံသို့ သံတမန် ကို စေလွှတ် တော်မူပြီ။
15 “Sasa nitakufanya uwe mdogo miongoni mwa mataifa, aliyedharauliwa miongoni mwa watu.
၁၅တပါးအမျိုးသား တို့တွင် သင် သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူ တို့တွင် အသရေ ရှုတ်ချခြင်းကိုခံရမည်အကြောင်းငါပြု မည်။
16 Vitisho vyako na kiburi cha moyo wako vimekudanganya, wewe unayeishi katika majabali ya miamba, wewe unayedumu katika miinuko ya kilima. Ujapojenga kiota chako juu sana kama cha tai, nitakushusha chini kutoka huko,” asema Bwana.
၁၆ကျောက် ကြား တို့၌ နေ ၍တောင် ထိပ် ကို ခိုလှုံ သောသူဖြစ် သောကြောင့်၊ သင် ၏ကြောက်မက် ဘွယ်သော အခြင်းအရာ၊ သင် ၏မာန သည် သင့် ကိုလှည့်စား ပြီ။ သင်သည် ရွှေလင်းတ ကဲ့သို့ မြင့် သောအရပ်၌ အသိုက် ကို လုပ်သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
17 “Edomu atakuwa kitu cha kuogofya; wote wapitao karibu watashangaa na kuzomea kwa sababu ya majeraha yake yote.
၁၇ဧဒုံ ပြည်သည် အံ့ဩ ရာဖြစ် ၍၊ ရှောက်သွား သော သူတိုင်း အံ့ဩ ကြလိမ့်မည်။ သူ ခံရသောဘေးဥပဒ် အပေါင်း တို့ကြောင့် ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။
18 Kama vile Sodoma na Gomora zilivyoangamizwa, pamoja na miji iliyokuwa jirani nayo,” asema Bwana, “vivyo hivyo hakuna mtu yeyote atakayeishi humo. Naam, hakuna mtu yeyote atakayekaa humo.
၁၈သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သောမြို့ တို့၏ ပျက်စီး ခြင်းကဲ့သို့ ဖြစ်၍၊ ဧဒုံပြည်၌ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက်မျှ နေရာ မ ကျရဟု ထာဝရဘုရား မိန့် တော်မူ၏။
19 “Kama simba anayepanda kutoka vichaka vya Yordani kuja kwenye nchi ya malisho mengi, ndivyo nitamfukuza Edomu kutoka nchi yake ghafula. Ni nani aliye mteule nitakayemweka kwa ajili ya jambo hili? Ni nani aliye kama mimi, na ni nani awezaye kunipinga? Tena ni mchungaji yupi awezaye kusimama kinyume nami?”
၁၉ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြုမည်။ ရွေးချယ် သော သူကိုလည်း၊ ဧဒုံပြည်အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ်မည် သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
20 Kwa hiyo, sikia kile Bwana alichokipanga dhidi ya Edomu, kile alichokusudia dhidi ya wale waishio Temani: Aliye mchanga katika kundi ataburutwa mbali; yeye ataharibu kabisa malisho yao kwa sababu yao.
၂၀သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဧဒုံ ပြည်တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ တေမန် ပြည်သား တို့ တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့။ အကယ် စင်စစ်ရန်သူသည်၊ အား မရှိ သောထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူ တို့ရှိရာသို့လာ၍၊ ကျက်စား ရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။
21 Kwa sauti ya anguko lao, dunia itatetemeka. Kilio chao kitasikika hadi Bahari ya Shamu.
၂၁သူ တို့ပြိုလဲ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ သူတို့အော်ဟစ် သော အသံ ကို ဧဒုံ ပင်လယ် တိုင်အောင် ကြား ရ၏။
22 Tazama! Tai atapaa juu angani na kuruka chini kwa ghafula, akitandaza mabawa yake juu ya Bosra. Katika siku hiyo, mioyo ya mashujaa wa Edomu itakuwa kama moyo wa mwanamke katika utungu wa kuzaa.
၂၂ရန်သူသည် တက် ၍ ရွေလင်းတ ကဲ့သို့ ပျံ လျက် ၊ ဗောဇရ မြို့ကို အတောင် တို့နှင့် ဖြန့်မိုး လိမ့်မည်။ ထို နေ့ ၌ ဧဒုံ ပြည်သားသူရဲ တို့၏ စိတ် နှလုံးသည်၊ သားဘွားခြင်း ဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် လိမ့်မည်။
23 Kuhusu Dameski: “Hamathi na Arpadi imetahayarika, kwa kuwa wamesikia habari mbaya. Wamevunjika moyo na wametaabika kama bahari iliyochafuka.
၂၃ဒမာသက် မြို့ကို ရည်မှတ် သော စကားဟူမူကား ၊ ဟာမတ် မြို့နှင့် အာပဒ် မြို့တို့သည် မကောင်း သော သိတင်း ကိုကြား သောကြောင့် ၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ် တိုင်အောင်စိုးရိမ် စရာရှိသောကြောင့် ၊ ငြိမ်ဝပ် ခြင်းသို့မ ရောက်နိုင် ။
24 Dameski amedhoofika, amegeuka na kukimbia, hofu ya ghafula imemkamata sana; amepatwa na uchungu na maumivu, maumivu kama ya mwanamke katika utungu wa kuzaa.
၂၄ဒမာသက် မြို့သည် အားလျော့ ပြီ။ ပြေး အံ့သောငှါ ကိုယ်ကိုလှည့် ပြီ။ တုန်လှုပ် လျက်နေ၏။ ဒုက္ခ ဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ၊ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ ၏။
25 Kwa nini mji ambao unajulikana haujaachwa, mji ambao ninaupenda?
၂၅အသရေ ရှိသောမြို့ ၊ ငါ ဝမ်းမြောက် စရာမြို့ သည် အဘယ်ကြောင့် မ ကျန်ကြွင်း ရသနည်း။
26 Hakika, vijana wake wanaume wataanguka barabarani; askari wake wote watanyamazishwa siku hiyo,” asema Bwana Mwenye Nguvu Zote.
၂၆သို့ဖြစ်၍ ၊ ထိုမြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်။
27 “Nitatia moto kuta za Dameski; utaangamiza ngome za Ben-Hadadi.”
၂၇ငါသည်လည်း၊ ဒမာသက် မြို့ရိုး ကို မီး ရှို့ ၍ ၊ ဗင်္ဟာဒဒ် ၏ နန်းတော် တို့ကို လောင် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
28 Kuhusu Kedari na falme za Hazori, ambazo Nebukadneza mfalme wa Babeli alizishambulia: Hili ndilo asemalo Bwana: “Inuka, ushambulie Kedari na kuwaangamiza watu wa mashariki.
၂၈ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော ကေဒါ ပြည်နှင့် ဟာဇော် နိုင်ငံ တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ကေဒါ ပြည်သို့ သွား ၍၊ အရှေ့ မျက်နှာအရပ်သား တို့ကို လုယူ ကြလော့။
29 Hema zao na makundi yao ya kondoo yatachukuliwa; vibanda vyao vitatwaliwa pamoja na mali zao zote na ngamia zao. Watu watawapigia kelele, ‘Hofu kuu iko kila upande!’
၂၉သူ တို့တဲ များနှင့် သိုးစု များကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင် များ၊ ကုလားအုပ် များကို၎င်းသိမ်း ၍ ယူသွား ရကြမည်။ သူတို့ပတ်လည် ၌ ကြောက်လန့် စရာ အကြောင်းကို ကြွေးကြော် ရကြမည်။
30 “Kimbieni haraka! Kaeni kwenye mapango marefu sana, ninyi mkaao Hazori,” asema Bwana. “Nebukadneza, mfalme wa Babeli amepanga shauri baya dhidi yenu; amebuni hila dhidi yenu.
၃၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာဇော် ပြည်သား တို့၊ ဝေးစွာ ပြေးသွား ကြလော့။ နက်နဲ သော အရပ်တို့၌ နေ ကြလော့။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သင် တို့ကိုရည်ဆောင်၍ စီရင် မည်ဟု သင် တို့တဘက် ၌ ကြံစည် သောအကြံအစည် ရှိ၏။
31 “Inuka na ulishambulie taifa lililo starehe, linaloishi kwa kujiamini,” asema Bwana, “taifa lisilo na malango wala makomeo; watu wake huishi peke yao.
၃၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ငြိမ်ဝပ် စွာနေ ၍ စိုးရိမ် စရာမရှိသောလူမျိုး ၊ မြို့တံခါး နှင့်ကန့်လန့်ကျင် ကို မ သုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီ နေ တတ်သောလူမျိုးနေရာသို့ သွား ကြလော့။
32 Ngamia wao watakuwa nyara, nayo makundi yao makubwa ya ngʼombe yatatekwa. Wale walio maeneo ya mbali nitawatawanya pande zote, nami nitaleta maafa juu yao kutoka kila upande,” asema Bwana.
၃၂သူ တို့ကုလားအုပ် အစရှိသော တိရစ္ဆာန် အပေါင်း တို့သည် လုယူ ရာဖြစ် ကြလိမ့်မည်။ ပါးမုန်း ကိုရိတ် တတ် သော လူမျိုးကိုအရပ်ရပ် သို့ ငါကွဲပြား စေမည်။ အရပ်ရပ် တို့မှ သူ တို့၌ ဘေးဥပဒ် ကိုငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
33 “Hazori itakuwa makao ya mbweha, mahali pa ukiwa milele. Hakuna yeyote atakayeishi humo; hakuna mtu atakayekaa ndani yake.”
၃၃ဟာဇော် ပြည်သည် မြေခွေး နေရာ ၊ လူဆိတ်ညံ ရာ အစဉ် ဖြစ် ၍ ၊ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက် မျှနေရာ မ ကျရ။
34 Hili ndilo neno la Bwana lililomjia nabii Yeremia kuhusu Elamu, mapema katika utawala wa Sedekia mfalme wa Yuda:
၃၄ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနန်းစံ စ က၊ ဧလံ ပြည် ကို ရည်မှတ် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ပရောဖက် ယေရမိ သို့ ရောက်လာ ၍၊
35 Hili ndilo Bwana Mwenye Nguvu Zote asemalo: “Tazama, nitavunja upinde wa Elamu, ulio tegemeo la nguvu zao.
၃၅ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧလံ ၏လေး တည်းဟူသောသူ ၏ အစွမ်း သတ္တိအထွဋ် အမြတ်ကို ငါ ချိုး မည်။
36 Nitaleta pepo nne dhidi ya Elamu toka pande nne za mbingu, nitawatawanya katika hizo pande nne, wala hapatakuwa na taifa ambalo watu wa Elamu waliofukuzwa hawatakwenda.
၃၆အရပ်လေး မျက်နှာတို့က လေ လေး မျိုးကို ဧလံ ပြည်သို့ ငါဆောင်ခဲ့ မည်။ ထို လေ တို့ရှေ့မှာ ပြည်သားများကို ငါလွှင့် မည်။ ထိုသို့နှင်ထုတ် သော ဧလံ ပြည်သားမ ရောက် သော တိုင်း နိုင်ငံတခုမျှမ ရှိ ရ။
37 Nitamfadhaisha Elamu mbele ya adui zao, mbele yao wale wanaotafuta uhai wao; nitaleta maafa juu yao, naam, hasira yangu kali,” asema Bwana. “Nitawafuatia kwa upanga mpaka nitakapowamaliza.
၃၇ဧလံ ပြည်သားတို့ကို ရန်သူ တို့ရှေ့ မှာ၎င်း ၊ သူ တို့ အသက် ကိုရှာ သော လူတို့ရှေ့ မှာ၎င်း ၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာ သော ငါ ၏အမျက် တည်းဟူသောဘေးဥပဒ် ကိုသူ တို့အပေါ် သို့ ရောက် စေမည်။ သူ တို့ကို မ ဖျက်ဆီး မှီတိုင်အောင်သူ တို့နောက် သို့ ထား ကို လွှတ်လိုက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
38 Nitaweka kiti changu cha enzi huko Elamu na kumwangamiza mfalme wake na maafisa wake,” asema Bwana.
၃၈ဧလံ ပြည်၌ ငါ ၏ပလ္လင် ကို တည် ထား၍ ၊ ရှင်ဘုရင် နှင့် မင်းသား တို့ကို သုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
39 “Lakini nitarudisha mateka wa Elamu katika siku zijazo,” asema Bwana.
၃၉သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောဧလံ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင်ခဲ့ ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< Yeremia 49 >