< Yeremia 42 >

1 Ndipo maafisa wote wa jeshi, pamoja na Yohanani mwana wa Karea, na Yezania mwana wa Hoshaya, na watu wote kuanzia aliye mdogo kabisa hadi aliye mkuu sana wakamjia
ထိုအခါ ကာရာ သား ယောဟနန် ၊ ဟောရှဲ သား ယေဇနိ အစရှိသော တပ်မှူး ရှိသမျှ တို့နှင့် လူ အကြီး အငယ် အပေါင်း တို့သည် ပရောဖက် ယေရမိ ထံသို့ ချဉ်းကပ် ၍ ၊
2 Yeremia nabii na kumwambia, “Tafadhali sikia maombi yetu na umwombe Bwana Mungu wako kwa ajili ya watu hawa wote waliosalia. Kwa kuwa kama unavyoona sasa, ingawa wakati fulani tulikuwa wengi, sasa tumesalia wachache tu.
အကျွန်ုပ် တို့သည်အထက်ကများ သော်လည်း၊ ယခုကိုယ်တော် မြင် သည်အတိုင်း အနည်းငယ် သာကျန်ကြွင်း ပါသည်ဖြစ်၍ ၊ အကျွန်ုပ်တို့အသနား တော်ခံသောစကားကိုမ ပယ်ပါနှင့်။
3 Omba ili Bwana Mungu wako atuambie twende wapi na tufanye nini.”
အကျွန်ုပ်တို့သွား ရသော လမ်း နှင့် ပြု ရသော အမှု ကို ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် တို့အား ပြ တော်မူမည်အကြောင်း ၊ ကျန်ကြွင်း သမျှ သောသူ၊ အကျွန်ုပ် တို့အဘို့ ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်၌ ဆုတောင်း ပါလော့ဟု တောင်းပန်ကြ၏။
4 Nabii Yeremia akajibu, “Nimewasikia. Kwa hakika nitamwomba Bwana Mungu wenu kama mlivyoomba. Nitawaambia kila kitu asemacho Bwana, wala sitawaficha chochote.”
ပရောဖက် ယေရမိ ကလည်း ၊ ငါကြား ၏။ သင် တို့ပြော သည်အတိုင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း မည်။ ထာဝရဘုရား သည် သင် တို့အား မိန့် တော်မူသမျှ တို့ကို ပြန်ပြော မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်ဟု ပြောဆို ၏။
5 Kisha wakamwambia Yeremia, “Bwana na awe shahidi wa kweli na mwaminifu kati yetu kama hatutafanya sawasawa na kila kitu Bwana Mungu wako atakachokutuma utuambie.
သူ တို့ကလည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်အားဖြင့်အကျွန်ုပ် တို့ကို မှာ ထားတော်မူသမျှ အတိုင်း ၊ အကျွန်ုပ်တို့သည် ပြု ပါမည်ဟု၊ ထာဝရဘုရား သည်အကျွန်ုပ် တို့၌ မှန်ကန် ၍ သစ္စာစောင့် သော သက်သေ ဖြစ် တော်မူစေသတည်း။
6 Likiwa jema au likiwa baya, tutamtii Bwana Mungu wetu, ambaye tunakutuma kwake, ili mambo yote yawe mema kwetu, kwa maana tutamtii Bwana Mungu wetu.”
အကျွန်ုပ် တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် သောအခါ ချမ်းသာ ရပါမည်အကြောင်း ၊ အကျွန်ုပ်တို့သည်။ ကိုယ်တော် ကိုစေလွှတ် ရာ အကျွန်ုပ်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်သည်ကောင်း သည်ဖြစ်စေ ၊ မကောင်း သည်ဖြစ်စေ ၊ နားထောင် ပါမည်ဟု ယေရမိ အား ပြောဆို ကြ၏။
7 Baada ya siku kumi, neno la Bwana likamjia Yeremia.
ထိုနောက် ဆယ် ရက် ကြာ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လျှင် ၊
8 Kwa hiyo akawaita pamoja Yohanani mwana wa Karea, na maafisa wote wa jeshi waliokuwa pamoja naye na watu wote kuanzia mdogo kabisa hadi aliye mkuu sana.
ယေရမိသည် ကာရာ သား ယောဟနန် မှစ၍ ၊ သူ ၌ ပါသမျှ သော တပ်မှူး တို့နှင့် လူ အကြီး ၊ အငယ် အပေါင်း တို့ကို ခေါ် ၍ ၊
9 Akawaambia, “Hili ndilo asemalo Bwana, Mungu wa Israeli, ambaye mlinituma kuwasilisha maombi yenu:
သင်တို့သည် ငါ့ ကို စေလွှတ် ၍ အသနား တော် ခံသော ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
10 ‘Kama mkikaa katika nchi hii, nitawajenga wala sitawabomoa, nitawapanda wala sitawangʼoa, kwani ninahuzunishwa na maafa niliyowapiga nayo.
၁၀အကယ်စင်စစ်သင်တို့သည် ဤ ပြည် ၌ နေ လျှင် ၊ ငါသည်သင် တို့ကို မ ဖြို မဖျက်၊ တည်ဆောက် မည်။ သင် တို့ ကိုမ နှုတ် ၊ စိုက်ပျိုး မည်။ ငါသည် သင် တို့၌ ရောက် စေ သော ဘေးဒဏ် ကြောင့် နောင်တ ရ၏။
11 Msimwogope mfalme wa Babeli, ambaye sasa mnamwogopa. Msimwogope, asema Bwana, kwa kuwa niko pamoja nanyi, nami nitawaokoa na kuwaponya kutoka mikononi mwake.
၁၁သင် တို့ကြောက် တတ်သော ဗာဗုလုန် ရှင်ဘုရင် ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုရှင် ဘုရင်ကို မ ကြောက် ကြနှင့်။ ငါ သည် သင် တို့ကို ကယ်တင် ၍၊ ထိုမင်း လက် မှ နှုတ်ယူ ခြင်းငှါ သင် တို့ဘက် ၌ ရှိ၏။
12 Nitawaonea huruma ili naye awe na huruma nanyi na kuwarudisha katika nchi yenu.’
၁၂သင် တို့ကို ငါကယ်မ သနားသောအားဖြင့် ၊ ထိုရှင်ဘုရင်သည် သင် တို့ကို သနား ၍ ၊ နေရင်းပြည် သို့ ပြန် စေရလိမ့်မည်။
13 “Hata hivyo, kama mkisema, ‘Hatutakaa katika nchi hii,’ hivyo mkaacha kumtii Bwana Mungu wenu,
၁၃သို့မဟုတ် ၊ သင် တို့က၊ ငါတို့သည်ဤ ပြည် ၌ မ နေ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်ဘဲ၊
14 nanyi kama mkisema, ‘Hapana, tutakwenda kuishi Misri, mahali ambapo hatutaona vita au kusikia sauti ya tarumbeta au kuwa na njaa ya chakula,’
၁၄စစ်မှု ကိုမ တွေ့ မမြင်၊ တံပိုး မှုတ်သံ ကို မ ကြား ၊ မ ငတ် မမွတ်ရာ အရပ်၊ အဲဂုတ္တု ပြည် သို့သွား ၍ နေ မည်ဟု ဆို လျှင်၊
15 basi sikieni neno la Bwana, enyi mabaki ya Yuda. Hili ndilo Bwana Mwenye Nguvu Zote, Mungu wa Israeli, asemalo: ‘Ikiwa mmekusudia kwenda Misri na kufanya makazi huko,
၁၅ကျန် ကြွင်းသော ယုဒ အမျိုးသားတို့၊ ထာဝရဘုရား ၏အမိန့် တော်ကို ကြား ကြလော့။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အဲဂုတ္တု ပြည်သို့ သွား ခြင်းငှါ ကျပ်ကျပ်မျက်နှာ ပြု လျက် ၊ ထို ပြည်သို့ အမှန်သွား ၍ တည်းခို လျှင် ၊
16 basi ule upanga mnaouogopa utawapata huko, na njaa mnayoihofia itawafuata huko Misri, nanyi mtafia huko.
၁၆သင် တို့ကြောက် သော ထား ဘေးသည် အဲဂုတ္တု ပြည် ၌ သင် တို့ကို မှီ လိမ့်မည်။ သင် တို့ကြောက် သော မွတ်သိပ် ခြင်းဘေးသည်လည်း ၊ အဲဂုတ္တု ပြည်၌ သင် တို့ကို ကျပ်ကျပ်လိုက် ၍ ၊ ထို ပြည်၌သင်တို့သည် သေ ကြလိမ့်မည်။
17 Naam, wote waliokusudia kwenda kuishi Misri watakufa kwa upanga, njaa na tauni; hakuna hata mmoja wao atakayenusurika au kuokoka maafa nitakayoyaleta juu yao.’
၁၇အဲဂုတ္တု ပြည်သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော သူ အပေါင်း တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်။ သူ တို့ အပေါ် သို့ငါ ရောက် စေသော ဘေးဒဏ် နှင့် တယောက်မျှ မလွတ် ရ။ ကျန်ကြွင်း သောသူ တယောက်မျှမ ရှိ ရ။
18 Hili ndilo Bwana Mwenye Nguvu Zote, Mungu wa Israeli, asemalo: ‘Kama vile hasira yangu na ghadhabu yangu ilivyomwagwa juu ya wale walioishi Yerusalemu, ndivyo ghadhabu yangu itakavyomwagwa juu yenu mtakapokwenda Misri. Mtakuwa kitu cha kulaania na cha kutisha, cha kulaumia na cha kushutumia, nanyi kamwe hamtaona mahali hapa tena.’
၁၈ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့သား တို့အပေါ် သို့ ငါ့ အမျက် အရှိန်ကို ငါ သွန်းလောင်း သည်နည်းတူ ၊ သင်တို့သည် အဲဂုတ္တု ပြည်သို့ ဝင် သောအခါ ၊ သင် တို့အပေါ် သို့ သွန်းလောင်း သဖြင့် ၊ သင်တို့သည် ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။ ဤ အရပ် ကို နောက် တဖန်မ မြင် ရ။
19 “Enyi mabaki ya Yuda, Bwana amewaambia, ‘Msiende Misri.’ Hakikisheni jambo hili: Ninawaonya leo
၁၉ကျန်ကြွင်း သောယုဒ အမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မ သွား ကြနှင့်ဟု သင် တို့အား ထာဝရဘုရား အမိန့် တော်ရှိ၏။ ငါသည်သင် တို့ကို ယနေ့ သက်သေခံ ကြောင်း ကို သိမှတ် ကြလော့။
20 kwamba mmefanya kosa kubwa mioyoni mwenu mliponituma kwa Bwana Mungu wenu na kusema, ‘Mwombe Bwana Mungu wetu kwa ajili yetu, nawe utuambie kila kitu atakachosema, nasi tutafanya.’
၂၀အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား အား အကျွန်ုပ် တို့အဘို့ ဆုတောင်း ပါလော့။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို ကြား ပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင် ပါမည် ဟုဆို ၍၊ ငါ့ ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံတော်သို့ စေလွှတ် သောအခါ ၊ ကိုယ် စိတ် ကို ကိုယ် လှည့်စား ကြပြီ။
21 Nimewaambieni leo, lakini bado ninyi hamtaki kumtii Bwana Mungu wenu katika yote aliyonituma niwaambie.
၂၁ငါသည်သင် တို့အား ယနေ့ ကြား ပြော၏။ သင်တို့မူကား ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော် ကို ၎င်း ၊ ငါ့ အားဖြင့်မှာ လိုက်တော်မူသမျှ တို့ကို ၎င်း နား မထောင်ဘဲနေကြ၏။
22 Basi sasa, hakikisheni jambo hili: Mtakufa kwa upanga, njaa na tauni mahali ambapo mnataka kwenda kuishi.”
၂၂ထိုကြောင့် သင်တို့သည် သွား ၍ တည်းခို ချင် သော အရပ် ၌ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်အကြောင်း ကို အမှန်သိ မှတ် ကြလော့ဟု ယေရမိသည် ပြန်ပြော လေ၏။

< Yeremia 42 >