< Yeremia 40 >
1 Neno likamjia Yeremia kutoka kwa Bwana baada ya Nebuzaradani kiongozi wa walinzi wa mfalme kumfungua huko Rama. Alikuwa amemkuta Yeremia akiwa amefungwa kwa minyororo miongoni mwa mateka wote kutoka Yerusalemu na Yuda waliokuwa wakipelekwa uhamishoni Babeli.
၁တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။
2 Kiongozi wa walinzi alipomwona Yeremia, akamwambia, “Bwana Mungu wako aliamuru maafa haya kwa mahali hapa.
၂တပ်မှူးသည်ငါ့အားနှစ်ဦးချင်းတွေ့ဆုံရန် ခေါ်ယူပြီးလျှင်``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်ဤပြည်ကိုဖျက်ဆီးရန်ခြိမ်းခြောက် တော်မူခဲ့သည့်အတိုင်း၊-
3 Sasa Bwana ameyaleta haya, amefanya sawasawa na vile alivyosema angefanya. Yote haya yametokea kwa sababu ninyi mlifanya dhambi dhidi ya Bwana na hamkumtii.
၃ယခုပြုတော်မူလေပြီ။ ဤသို့ဖြစ်ပျက်ရ ခြင်းမှာသင်၏အမျိုးသားတို့သည်ထာဝရ ဘုရားအားပြစ်မှားကာ ကိုယ်တော်၏စကား ကိုနားမထောင်ကြသောကြောင့်ဖြစ်၏။-
4 Lakini leo ninakufungua minyororo iliyo kwenye viwiko vya mikono yako. Twende pamoja mpaka Babeli ikiwa unataka, nami nitakutunza. Lakini kama hutaki, basi usije. Tazama, nchi yote iko mbele yako, nenda kokote unakotaka.”
၄ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။
5 Lakini kabla Yeremia hajageuka kuondoka, Nebuzaradani akaongeza kusema, “Rudi kwa Gedalia mwana wa Ahikamu mwana wa Shafani, ambaye mfalme wa Babeli amemchagua awe juu ya miji ya Yuda, ukaishi naye miongoni mwa watu, au uende popote panapokupendeza.” Kisha huyo kiongozi akampa posho yake na zawadi, akamwacha aende zake.
၅ငါပြန်လည်မဖြေကြားသောအခါနေဗုဇာ ရဒန်သည် ဆက်လက်၍``ယုဒမြို့များအတွက် ဘုရင်ခံအဖြစ်ဗာဗုလုန်ဘုရင်ခန့်ထားခဲ့ သူရှာဖန်၏မြေး၊ အဟိရံ၏သားဂေဒလိထံ သို့ပြန်၍သူနှင့်အတူပြည်သူတို့အထဲတွင် နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်းမိမိ သွားသင့်သည်ဟုထင်သည့်အရပ်သို့သွား ပါလော့'' ဟုဆို၏။ ထိုနောက်သူသည်လက် ဆောင်နှင့်ရိက္ခာအချို့ကိုယူဆောင်သွားရန် ပေးအပ်ပြီးလျှင်ငါ့အားခရီးပြုစေ၏။-
6 Kwa hiyo Yeremia akaenda kwa Gedalia mwana wa Ahikamu huko Mispa, na kuishi naye miongoni mwa watu walioachwa katika nchi.
၆ငါသည်လည်းဂေဒလိထံသို့သွား၍မိဇပါ မြို့တွင်ကြွင်းကျန်လျက်ရှိသည့်ပြည်သူပြည် သားတို့နှင့်အတူနေထိုင်လေသည်။
7 Maafisa wote wa jeshi na watu wao waliokuwa bado wapo kwenye eneo la wazi waliposikia kwamba mfalme wa Babeli amemteua Gedalia mwana wa Ahikamu kuwa mtawala wa nchi, na amemweka kuwa kiongozi wa wanaume, wanawake na watoto waliokuwa maskini zaidi katika nchi ambao hawakuchukuliwa kwenda uhamishoni Babeli,
၇ယုဒတပ်မတော်အရာရှိအချို့နှင့်စစ်သူရဲ အချို့တို့သည်လက်နက်မချခဲ့ကြချေ။ သူ တို့သည်အဟိကံ၏သားဂေဒလိကိုဗာဗု လုန်ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် မြို့သို့သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းမခံရကြ သူတို့အားအုပ်စိုးစေတော်မူကြောင်းကြားသိ ကြ၏။ ဤသူတို့ကားတိုင်းပြည်တွင်အဆင်းရဲ ဆုံးသောသူများဖြစ်သတည်း။-
8 wakamjia Gedalia huko Mispa. Hawa walikuwa Ishmaeli mwana wa Nethania, Yohanani na Yonathani wana wa Karea, Seraya mwana wa Tanhumethi, wana wa Efai Mnetofathi, na Yezania mwana wa Mmaaka, pamoja na watu wao.
၈သို့ဖြစ်၍နာသနိ၏သားဣရှမေလ၊ ကာရာ ၏သားယောဟနန်နှင့်ယောနသန်၊ တာနုမက်၏ သားစရာယ၊ နေတောဖတ်မြို့သားဧဖဲ၏သား များ၊ မာခသိမြို့သားယေဇနိတို့သည် မိမိ တို့လူများနှင့်အတူဂေဒလိရှိရာမိဇပါ မြို့သို့လာရောက်ကြ၏။-
9 Gedalia mwana wa Ahikamu mwana wa Shafani akaapa ili kuwatia moyo wao na watu wao. Akasema: “Msiogope kuwatumikia Wakaldayo. Kaeni katika nchi na kumtumikia mfalme wa Babeli, na itakuwa vyema kwenu.
၉ထိုအခါဂေဒလိက``သင်တို့သည်ဗာဗုလုန် အမျိုးသားတို့အား လက်နက်ချရန်ကြောက်လန့် နေစရာမလိုကြောင်းသင်တို့အားငါကတိ ပေးပါ၏။ ဤပြည်တွင်အတည်တကျနေထိုင် ၍ဗာဗုလုန်ဘုရင်၏အမှုတော်ကိုထမ်းဆောင် ကြလော့။ သင်တို့အဖို့အစစအရာရာအဆင် ပြေပါလိမ့်မည်။-
10 Mimi mwenyewe nitakaa Mispa ili kuwawakilisha mbele ya Wakaldayo wanaotujia, lakini ninyi mtavuna divai, matunda ya kiangazi na mafuta, nanyi mtaweka katika vyombo vyenu vya kuhifadhia, na kuishi katika miji mliyojitwalia.”
၁၀ငါသည်မိဇပါမြို့တွင်နေ၍ဗာဗုလုန် အမျိုးသားတို့လာရောက်ချိန်၌ သင်တို့ ကိုယ်စားပြုပါမည်။ သင်တို့မူကားစပျစ် ရည်၊ သစ်သီးနှင့်သံလွင်ဆီတို့ကိုစုသိမ်း သိုလှောင်ကာ မိမိတို့ရွာများတွင်နေထိုင် ကြလော့'' ဟုဆို၏။-
11 Wayahudi wote waliokuwa Moabu, Amoni, Edomu na nchi nyingine zote waliposikia kwamba mfalme wa Babeli ameacha mabaki ya watu katika Yuda na amemweka Gedalia mwana wa Ahikamu mwana wa Shafani kuwa mtawala wao,
၁၁ဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။-
12 wakarudi wote katika nchi ya Yuda kwa Gedalia huko Mispa, kutoka nchi zote ambazo walikuwa wametawanywa. Nao wakavuna divai na matunda tele wakati wa kiangazi.
၁၂သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့ကွဲလွင့်လျက်ရှိရာအရပ် တကာမှယုဒပြည်သို့ပြန်လာကြ၏။ သူ တို့သည်ဂေဒလိရှိရာမိဇပါမြို့သို့လာ ရောက်ကြပြီးလျှင် စပျစ်ရည်နှင့်သစ်သီး အမြောက်အမြားကိုသိမ်းယူကြလေသည်။
13 Yohanani mwana wa Karea pamoja na maafisa wote wa jeshi waliokuwa bado wapo kwenye eneo la wazi wakamjia Gedalia huko Mispa
၁၃ထိုနောက်ကာရာ၏သားယောဟနန်နှင့်လက် နက်မချခဲ့သည့်စစ်သူရဲတို့၏ခေါင်းဆောင် များသည် ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊-
14 na kumwambia, “Je, hujui kwamba Baalisi mfalme wa Waamoni amemtuma Ishmaeli mwana wa Nethania akuue?” Lakini Gedalia mwana wa Ahikamu hakuwaamini.
၁၄ဂေဒလိအား``အမ္မုန်ဘုရင်ဗာလိတ်သည်အရှင့် အားလုပ်ကြံရန်အတွက် နာသနိ၏သားဣရှ မေလကိုစေလွှတ်လိုက်ကြောင်းကိုအရှင်မ သိပါသလော'' ဟုမေး၏။ သို့ရာတွင်ဂေ ဒလိသည်ထိုစကားကိုမယုံကြည်ချေ။-
15 Kisha Yohanani mwana wa Karea akamwambia Gedalia kwa siri huko Mispa, “Acha niende nikamuue Ishmaeli mwana wa Nethania, wala hakuna atakayejua. Kwa nini akuue na kusababisha Wayahudi wote waliokuzunguka watawanyike, na mabaki wa Yuda waangamie?”
၁၅ထိုအခါယောဟနန်က``အကျွန်ုပ်အား၊ ဣရှ မေလကိုသွား၍သတ်ခွင့်ပြုပါ။ သတ်သော သူကိုမည်သူမျှသိလိမ့်မည်မဟုတ်ပါ။ သူ့ အားအဘယ်ကြောင့်အရှင့်ကိုသတ်ခွင့်ပေး ရပါမည်နည်း။ ဤသို့ပြုပါမူအရှင့်ထံ သို့လာရောက်စုဝေးနေကြသည့်ယုဒ အမျိုးသားတို့သည် ကွဲလွင့်၍သွားကာ ယုဒပြည်တွင်ကျန်ရစ်သူအပေါင်းတို့ သည် ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရကြ ပါလိမ့်မည်'' ဟုတိတ်တဆိတ်လျှောက် ထား၏။
16 Lakini Gedalia mwana wa Ahikamu akamwambia Yohanani mwana wa Karea, “Usifanye jambo kama hilo! Unalosema kuhusu Ishmaeli si kweli.”
၁၆သို့ရာတွင်ဂေဒလိက``ထိုသို့မပြုပါနှင့်။ ဣရှမေလအကြောင်းသင်ပြောသောစကား များသည်မဟုတ်မမှန်ပါ'' ဟုပြန်ပြောလေ သည်။