< Yeremia 33 >

1 Wakati Yeremia alipokuwa angali amefungwa kwenye ua wa walinzi, neno la Bwana lilimjia mara ya pili kusema:
ယေရမိ သည် ထောင် ဝင်း ထဲမှာ အချုပ်ခံ လျက် နေရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ရောက် လာ၍ ၊
2 “Hili ndilo Bwana asemalo, yeye aliyeumba dunia, Bwana aliyeifanya na kuithibitisha, Bwana ndilo jina lake:
ဤအမှု ကို ပြု သောဘုရား၊ ဤအမှု ကို ဖန်ဆင်း စီရင် သော ဘုရား ၊ ယေဟောဝါ အမည် ရှိသောထာဝရဘုရား မိန့် တော်မူသည်ကား ၊
3 ‘Niite nami nitakuitika na kukuambia mambo makuu na yasiyochunguzika, usiyoyajua.’
ငါ့ ကို ခေါ် လော့။ ငါထူး မည်။ ကြီး သောအရာ၊ သင်မ သိ နိုင်အောင် နက်နဲ သော အရာတို့ကို ငါပြ မည်။
4 Kwa maana hili ndilo Bwana, Mungu wa Israeli, asemalo kuhusu nyumba katika mji huu na majumba ya kifalme ya Yuda yaliyobomolewa ili yatumiwe dhidi ya kule kuzungukwa na jeshi na upanga
ပြအိုး မြေရိုးဖြင့်၎င်း ၊ ထား ဖြင့်၎င်း ပြိုပျက် သော ဤ မြို့ ၏အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ ဘုံ ဗိမာန်များကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
5 katika kupigana na Wakaldayo: ‘Zitajazwa na maiti za watu nitakaowachinja katika hasira na ghadhabu yangu. Nitauficha uso wangu kwa sababu ya maovu yake yote.
ခါလဒဲ လူတို့သည် စစ်တိုက် ခြင်းငှါ လာ ကြ၏။ ငါ သည် ပြင်းစွာအမျက် ထွက်၍ ကွပ်မျက် သော သူ တို့ ၏ အသေ ကောင်များနှင့် ထို အိမ်များကို ပြည့် စေခြင်းငှါ လာကြ၏။ ထိုသူ တို့၏ ဒုစရိုက် များကြောင့် ၊ ဤ မြို့ မှ ငါ သည် မျက်နှာ ကိုလွှဲ ပြီ။
6 “‘Hata hivyo, nitauletea afya na uponyaji, nitawaponya watu wangu na kuwafanya wafurahie amani tele na salama.
သို့ရာတွင်၊ ငါ သည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက် စေမည်။ မြို့သားတို့သည် ကျန်းမာ မည် အကြောင်း ၊ မြဲ သောစည်းစိမ်ချမ်းသာ နှင့် ပြည့်စုံ မည် အကြောင်းကို ငါပြ မည်။
7 Nitawarudisha Yuda na Israeli kutoka nchi ya kutekwa kwao, na kuwajenga tena kama walivyokuwa hapo awali.
သိမ်းသွား ခြင်းကိုခံရသောယုဒ အမျိုးနှင့် ဣသရေလ အမျိုးသား တို့ကို တဖန်ငါဆောင် ခဲ့၍ အရင် ကဲ့သို့ တည်ဆောက် မည်။
8 Nitawatakasa dhambi zote walizofanya dhidi yangu, na nitawasamehe dhambi zote za uasi dhidi yangu.
သူတို့သည် ငါ့ ကို ပြစ်မှား သမျှ သော အပြစ် တို့ကို ငါဖြေရှင်း မည်။ ငါ့ ကို ပြစ်မှား ၍ ငါ၏တရားကို လွန်ကျူး သမျှ သောအပြစ် တို့ကို ငါလွှတ် မည်။
9 Kisha mji huu utaniletea utukufu, furaha, sifa na heshima mbele ya mataifa yote ya dunia yatakayosikia mambo yote mazuri ninayoufanyia. Nao watashangaa na kutetemeka kwa ajili ya wingi wa mafanikio na amani nitakayoupatia.’
ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်း သောလူမျိုး တို့တွင် ချီးမွမ်း စရာ အကြောင်း၊ ဂုဏ် အသရေတော်ကျော်စော စရာအကြောင်းဖြစ် လိမ့်မည်။ ဤမြို့သားတို့အား ငါ ပြု သမျှ သော ကျေးဇူး ကို လူအမျိုးမျိုးတို့သည် ကြား သိကြလိမ့်မည်။ ဤမြို့ ၌ ငါ ပြုစု သမျှသော စည်းစိမ် ချမ်းသာ ကိုထောက်၍ ကြောက်ရွံ တုန်လှုပ် ကြလိမ့်မည်။
10 “Hili ndilo asemalo Bwana: ‘Mnasema kuhusu mahali hapa kwamba, “Ni mahali palipoachwa ukiwa, pasipo na wanadamu wala wanyama.” Lakini katika miji ya Yuda na barabara za Yerusalemu ambazo zimeachwa, ambazo hazikaliwi na wanadamu wala wanyama, huko kutasikika kwa mara nyingine
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ မ ရှိ၊ တိရစ္ဆာန် မ ရှိ၊ ဆိတ်ညံ ပြီဟု သင် တို့ဆို တတ်သော ဤ အရပ် ၌ ၎င်း ၊ လူ မ ရှိ၊ တိရစ္ဆာန် မ ရှိ၊ နေ သောသူမ ရှိ၊ ဆိတ်ညံသောယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ၎င်း ၊
11 sauti za shangwe na furaha, sauti za bibi na bwana arusi, na sauti za wale waletao sadaka za shukrani katika nyumba ya Bwana, wakisema, “‘“Mshukuruni Bwana Mwenye Nguvu Zote, kwa maana Bwana ni mwema; upendo wake wadumu milele.” Kwa kuwa nitairudishia nchi baraka kama zilivyokuwa hapo awali,’ asema Bwana.
၁၁နောက်တဖန်ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သော အသံ ၊ မင်္ဂလာဆောင်သတို့သား အသံ ၊ မင်္ဂလာဆောင် သတို့သမီး အသံ ၊ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ချီးမွမ်း ကြလော့ဟုဆို သောသူတို့ ၏အသံ ၊ ချီးမွမ်း ရာ ပူဇော်သက္ကာကို ဗိမာန် တော်သို့ဆောင် ခဲ့သောသူတို့ ၏ အသံကို ကြား ရကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်း သွားခြင်းကို ခံရသောပြည် သားတို့ကို ငါဆောင် ခဲ့၍၊ အရင် ကဲ့သို့ နေစေမည်ဟု မိန့် တော်မူ၏။
12 “Hili ndilo asemalo Bwana Mwenye Nguvu Zote: ‘Mahali hapa, ambapo ni ukiwa, pasipo na wanadamu wala wanyama: katika miji yake, patakuwepo tena malisho kwa ajili ya wachungaji kupumzisha makundi yao ya kondoo.
၁၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ မ ရှိ၊ တိရစ္ဆာန် မရှိ၊ ဆိတ်ညံ သော ဤ အရပ် တွင် ၊ မြို့ ရွာရှိသမျှ တို့၌ သိုးစု ကို ထိန်းသော သိုးထိန်း နေရာ ရှိ လေဦး မည်။
13 Katika miji ya nchi ya vilima, ya vilima vya magharibi na ya Negebu, katika nchi ya Benyamini, katika vijiji vinavyoizunguka Yerusalemu na katika miji ya Yuda, makundi ya kondoo yatapita tena chini ya mkono wa yeye ayahesabuye,’ asema Bwana.
၁၃တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ ၊ ဗင်္ယာမိန် ပြည် ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်၊ ယုဒ မြို့ များတို့၌ ၊ သိုးစု ကိုရေတွက် သောသူ ၏ လက် အောက် မှာ၊ သိုးစုတို့သည် တဖန် ရှောက်သွား ကြလိမ့်မည် ဟု မိန့် တော်မူ၏။
14 “‘Siku zinakuja,’ asema Bwana, ‘wakati nitakapotimiza ahadi yangu ya rehema niliyoifanya kwa nyumba ya Israeli na kwa nyumba ya Yuda.
၁၄တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့၌ ငါထား သော ဂတိ အတိုင်း ကျေးဇူး ပြုရသော အချိန်ကာလသည် ရောက် လိမ့်မည်။
15 “‘Katika siku hizo na wakati huo nitalifanya Tawi la haki lichipuke kutoka ukoo wa Daudi, naye atafanya lile lililo haki na sawa katika nchi.
၁၅ထို ကာလ အခါ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါ ပေါက် စေ၍ ၊ သူသည် မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် လိမ့်မည်။
16 Katika siku hizo, Yuda ataokolewa na Yerusalemu ataishi salama. Hili ndilo jina atakaloitwa: Bwana Haki Yetu.’
၁၆ထို ကာလ ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ ရောက်၍ ၊ ယေရုရှလင် မြို့သည်လည်း ငြိမ်ဝပ် ခြင်း ရှိ လိမ့်မည်။ ထိုမြို့သည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိလိမ့်သတည်း။
17 Kwa maana hili ndilo asemalo Bwana: ‘Daudi kamwe hatakosa mtu wa kukalia kiti cha enzi cha nyumba ya Israeli,
၁၇ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ နန်းတော် ပေါ် မှာ ထိုင် ရသောဒါဝိဒ် မင်းရိုး မင်းစဉ်သည် အလျှင်း မပြတ် ရ။
18 wala hata makuhani, ambao ni Walawi, kamwe hawatakosa mtu wa kusimama mbele zangu daima ili kutoa sadaka za kuteketezwa, ili kuteketeza sadaka ya nafaka na kutoa dhabihu.’”
၁၈ငါ့ ရှေ့ မှာ မီးရှို့ ရာ ယဇ်ကိုပူဇော် လျက် ၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ လျက် ၊ ယဇ် ပူဇော်ရာဝတ်ကို အစဉ် ပြု ရသော လေဝိ သားယဇ် ပုရောဟိတ်ရိုးလည်း အလျှင်း မပြတ် ရဟု မိန့်တော်မူ၏။
19 Neno la Bwana likamjia Yeremia kusema:
၁၉တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊
20 “Hili ndilo asemalo Bwana: ‘Ikiwa mtaweza kuvunja agano langu kuhusu usiku na mchana, ili usiku na mchana visiwepo kwa nyakati zake,
၂၀ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါထား သောနေ့ ပဋိညာဉ် နှင့် ညဉ့် ပဋိညာဉ် တရားကို သင်တို့သည် ဖျက် ၍၊ နေ့ ညဉ့် အပိုင်း အခြား မ ရှိ စေခြင်းငှါ တတ်နိုင် လျှင်၊
21 basi agano langu na Daudi mtumishi wangu, na agano langu na Walawi ambao ni makuhani wanaohudumu mbele zangu, linaweza kuvunjwa, na Daudi hatakuwa tena na mzao wa kutawala katika kiti chake cha enzi.
၂၁ငါ ၏ကျွန် ဒါဝိဒ် ၌ ငါ ထားသော ပဋိညာဉ် ပျက် ၍၊ ဒါဝိဒ် ၏ ရာဇပလ္လင် ပေါ် မှာစိုးစံ ရသောဒါဝိဒ် မင်းရိုး သည် ပြတ်လိမ့်မည်။ ငါ ၏အမှုထမ်း လေဝိ သား ယဇ် ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
22 Nitawafanya wazao wa Daudi mtumishi wangu na Walawi wanaohudumu mbele zangu wengi, wasioweza kuhesabika kama nyota za angani, tena wasiopimika kama mchanga wa ufuoni mwa bahari.’”
၂၂မိုဃ်းကောင်းကင် တန်ဆာ တို့ကို မ ရေတွက် နိုင်၊ သမုဒ္ဒရာ သဲ လုံးတို့ကို တောင်းတင်းနှင့် မ ခြင် နိုင်အောင် များပြားသကဲ့သို့၊ ငါ့ ကျွန် ဒါဝိဒ် ၏အမျိုး ကို၎င်း ၊ ငါ ၏အမှုထမ်း လေဝိ သားတို့ကို၎င်းငါများ ပြားစေမည်ဟု မိန့် တော်မူ ၏။
23 Neno la Bwana likamjia Yeremia kusema:
၂၃တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊
24 “Je, hujasikia kwamba watu hawa wanasema, ‘Bwana amezikataa zile falme mbili alizozichagua?’ Kwa hiyo wamewadharau watu wangu, na hawawaoni tena kama taifa.
၂၄ထာဝရဘုရား ရွေးကောက် သော လူမျိုး နှစ် မျိုး ကို တဖန် ပယ် တော်မူပြီဟု ဤ လူ တို့ပြော တတ်သော စကား ကို သင်သည်ဆင်ခြင် ပြီလော။ ထိုသို့သူတို့သည် ငါ ၏လူမျိုး ကို လူမျိုး ကဲ့သို့မ မှတ် ၊ မထီမဲ့မြင် ပြုကြပြီ။
25 Hili ndilo asemalo Bwana: ‘Kama sijathibitisha agano langu na usiku na mchana, na kuziweka wakfu sheria za mbingu na nchi,
၂၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နေ့ နှင့် ညဉ့် အဘို့ငါ ၏ပဋိညာဉ် မရှိ လျှင် ၎င်း ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး တရား တို့ကို ငါမ စီရင် လျှင်၎င်း ၊
26 basi nitawakataa wazao wa Yakobo na Daudi mtumishi wangu, na sitachagua mmoja wa wanawe kutawala juu ya wazao wa Abrahamu, Isaki na Yakobo. Kwa maana nitawarudisha kutoka nchi ya kutekwa kwao na kuwaonea huruma.’”
၂၆အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် အမျိုး ကို အုပ်စိုး ရသောမင်းအရာ၌၊ ယာကုပ် အမျိုးနှင့် ငါ့ ကျွန် ဒါဝိဒ် ၏ အမျိုးသား စဉ် မြေးဆက်ထဲက ငါရွေး ၍ မခန့်ထားဘဲ စွန့်ပစ် မည်။ သို့မဟုတ်သိမ်း သွားခြင်းကိုခံရသောထိုသူ တို့ ကို တဖန်ငါဆောင် ခဲ့၍ ကယ်မ သနားမည်ဟု မိန့်တော်မူ ၏။

< Yeremia 33 >