< Yeremia 28 >

1 Katika mwezi wa tano wa mwaka ule ule, yaani mwaka wa nne, mwanzoni mwa utawala wa Sedekia mfalme wa Yuda, nabii Hanania mwana wa Azuri, ambaye alitoka Gibeoni, akaniambia katika nyumba ya Bwana mbele ya makuhani na watu wote:
ထိုနှစ်တည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံစတုတ္ထ နှစ် ၊ ပဉ္စမ လ တွင် ၊ ဂိဗောင် မြို့နေ၊ အာဇုရ သား ဟာနနိ က၊
2 “Hili ndilo Bwana Mwenye Nguvu Zote, Mungu wa Israeli asemalo: ‘Nitaivunja nira ya mfalme wa Babeli.
ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်။
3 Katika muda wa miaka miwili nitavirudisha mahali hapa vyombo vyote vya nyumba ya Bwana ambavyo Nebukadneza mfalme wa Babeli aliviondoa kutoka hapa na kuvipeleka Babeli.
ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ အရပ် မှ ဗာဗုလုန် မြို့သို့ ယူသွားသောဗိမာန် တော် တန်ဆာ အလုံးစုံ တို့ကို နှစ် နှစ်အတွင်း တွင်၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။
4 Pia nitamrudisha mahali hapa Yekonia mwana wa Yehoyakimu mfalme wa Yuda, pamoja na wote waliohamishwa kutoka Yuda ambao walikwenda Babeli,’ asema Bwana, ‘kwa kuwa nitaivunja nira ya mfalme wa Babeli.’”
ဗာဗုလုန် မြို့သို့ သိမ်း သွားသော ယုဒ ပြည်သား အပေါင်း တို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ မင်းကိုလည်း ၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ ဗိမာန် တော်၌ ယဇ် ပုရောဟိတ်များ၊ လူ များအပေါင်း တို့ ရှေ့ မှာ ငါ့အား ပြောဆို၏။
5 Ndipo nabii Yeremia akamjibu nabii Hanania mbele ya makuhani na watu wote waliokuwa wamesimama ndani ya nyumba ya Bwana.
ထိုအခါ ပရောဖက် ယေရမိ သည် ဗိမာန် တော်၌ ရပ် နေသောယဇ် ပုရောဟိတ်များနှင့် လူ များအပေါင်း တို့ ရှေ့ မှာ၊ ပရောဖက် ဟာနနိ အား ပြန်ပြော သည်ကား၊
6 Akasema, “Amen! Bwana na afanye hivyo! Bwana na ayatimize maneno uliyotoa unabii kwa kuvirudisha mahali hapa kutoka Babeli vyombo vya nyumba ya Bwana pamoja na wote waliohamishwa.
အာမင် ၊ ထာဝရဘုရား ပြု တော်မူပါစေသော။ ဗိမာန် တော်တန်ဆာ များနှင့်တကွ ၊ ဤ အရပ် မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသော သူများအပေါင်း တို့ကို၊ ထာဝရဘုရား သည် တဖန်ဆောင် ခဲ့၍၊ သင်ဟောပြော သော စကား မှန် ကြောင်းကို ပြ တော်မူပါစေသော။
7 Hata hivyo, nisikilize nikuambie yale nitakayoyasema masikioni mwako na masikioni mwa watu hawa wote:
သို့ရာတွင် ၊ သင် နှင့် တကွလူ အပေါင်း တို့အား ငါ ယခု ဟောပြော သော စကား ကို နားထောင် လော့။
8 Tangu mwanzo, manabii waliokutangulia wewe na mimi walitabiri vita, maafa na tauni dhidi ya nchi nyingi na falme kubwa.
ငါ တို့မဖြစ်မှီ ရှေး ကာလ၌ ဖြစ်ဘူးသော ပရောဖက် တို့သည်၊ များပြား သော ပြည် ၊ အားကြီး သော တိုင်း နိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက် မည်အကြောင်း ၊ ဘေး ရောက်မည်အကြောင်း ၊ ကာလနာ ပေါ်မည်အကြောင်း တို့ကို ဟော ပြောတတ်ကြ၏။
9 Lakini nabii atakayetabiri amani atatambuliwa kuwa kweli ametumwa na Bwana ikiwa unabii wake utatimia.”
ငြိမ်ဝပ် မည်အကြောင်း ကို ဟောပြော သော ပရောဖက် ရှိလျှင်၊ သူ ၏ စကား ပြည့်စုံ သောအခါ စင်စစ်ထာဝရဘုရား စေလွှတ် တော်မူသော ပရောဖက် ဖြစ် ကြောင်း ထင်ရှား လိမ့်မည်ဟု ပြောဆို၏။
10 Kisha nabii Hanania akaiondoa nira iliyokuwa shingoni mwa Yeremia na kuivunja,
၁၀ထိုအခါ ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ လည်ပင်း မှ ထမ်းဘိုး ကို ယူ ၍ ချိုး လျက် ၊
11 naye akasema mbele ya watu wote, “Hili ndilo asemalo Bwana: ‘Vivi hivi ndivyo nitakavyoivunja nira ya Nebukadneza mfalme wa Babeli kutoka kwenye shingo za mataifa katika muda huu wa miaka miwili.’” Alipofanya hivi, nabii Yeremia akaondoka zake.
၁၁ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ လူ အမျိုးမျိုး တို့၏ လည်ပင်း ပေါ် မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ် နှစ်အတွင်းတွင် ငါချိုး ပယ်မည်ဟု မိန့် တော်မူကြောင်းကို၊ လူ အပေါင်း တို့ရှေ့ မှာ ပြောဆို ၏။ ထို အခါ ပရောဖက် ယေရမိ သည် ထွက် သွားလေ၏။
12 Kitambo kidogo baada ya nabii Hanania kuivunja nira kutoka shingo ya nabii Yeremia, neno la Bwana likamjia Yeremia:
၁၂ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ ၏ လည်ပင်း မှ ထမ်းဘိုး ကို ချိုး ပယ်သောနောက် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊
13 “Nenda ukamwambie Hanania, ‘Hili ndilo asemalo Bwana: Umevunja nira ya mti, lakini badala yake utapata nira ya chuma.
၁၃သင်သွား ၍ ထာဝရဘုရား ၏ အမိန့် တော်ကို ဟာနနိ အား ဆင့်ဆို ရမည်မှာ၊ သင်ချိုး သော သစ်သား ထမ်းဘိုး အစား ၊ သံ ထမ်းဘိုး ကို လုပ် ရမည်။
14 Hili ndilo asemalo Bwana Mwenye Nguvu Zote, Mungu wa Israeli: Nitaweka nira ya chuma kwenye shingo za mataifa haya yote ili kufanya yamtumikie Nebukadneza mfalme wa Babeli, nao watamtumikia. Nitampa kutawala hata wanyama wa mwituni.’”
၁၄ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး ရှိသမျှ တို့သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုခံစေခြင်းငှါ ၊ သူတို့လည်ပင်း ပေါ် မှာ သံ ထမ်းဘိုး ကို ငါတင် ပြီ။ ထိုသူတို့သည် ထိုမင်း ၏ အစေ ကိုခံ ရကြမည်။ တော တိရစ္ဆာန် များကိုလည်း ၊ သူ ၌ ငါအပ်ပေး ပြီဟု မိန့်တော်မူ၏။
15 Kisha nabii Yeremia akamwambia nabii Hanania, “Sikiliza Hanania! Bwana hajakutuma, lakini wewe umelishawishi taifa hili kuamini uongo.
၁၅ပရောဖက်ယေရမိ ကလည်း ၊ ဟာနနိ၊ နားထောင် လော့။ ထာဝရဘုရား သည် သင့် ကို စေလွှတ် တော်မ မူ။ ဤ လူမျိုး သည် မုသာ ၌ ခိုလှုံမည်အကြောင်းကို သင် ပြု တတ်၏။
16 Kwa hiyo, hili ndilo asemalo Bwana: ‘Hivi karibuni nitakuondoa kutoka juu ya uso wa dunia. Mwaka huu utakufa, kwa sababu umetangaza uasi dhidi ya Bwana.’”
၁၆ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ထာဝရဘုရား ကို ပုန်ကန် စေခြင်းငှါ သွန်သင် သောကြောင့် ၊ သင့် ကို မြေပြင် မှ ငါ ပယ်ရှင်း မည်။ ယခုနှစ် တွင် သင် သည် သေ ရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို ၏။
17 Katika mwezi wa saba wa mwaka ule ule, nabii Hanania akafa.
၁၇ထိုသို့ နှင့်အညီပရောဖက် ဟာနနိ သည် ထို နှစ် တွင် ၊ သတ္တမ လ ၌ သေ လေ၏။

< Yeremia 28 >