< Yeremia 20 >

1 Ikawa kuhani Pashuri mwana wa Imeri, mkuu wa maafisa wa Hekalu la Bwana, alipomsikia Yeremia akitoa unabii juu ya mambo haya,
ထို သို့ယေရမိ ဟော ပြောကြောင်းကို၊ ဗိမာန် တော် မှူး ဖြစ်သော ယဇ်ပုရောဟိတ် ဣမေရ သား ပါရှုရ သည် ကြား သောအခါ ၊
2 akaamuru Yeremia nabii apigwe na kufungwa kwenye mkatale katika Lango la Juu la Benyamini huko Hekaluni la Bwana.
ပရောဖက် ယေရမိ ကို ရိုက်ပုတ် ၍ ၊ ဗိမာန် တော် နား မှာ ဗင်္ယာမိန် အထက် တံခါး ဝတွင် ထိတ်ခတ် ၍ ထား၏။
3 Siku ya pili Pashuri alipomwachia kutoka kwenye mkatale, Yeremia akamwambia, “Bwana hakukuita jina lako kuwa Pashuri bali Magor-Misabibu.
နက်ဖြန် နေ့၌ ပါရှုရ သည် ယေရမိ ကို ထိတ် မှ လွှတ် သောအခါ ၊ ယေရမိ က၊ ထာဝရဘုရား သည် သင့် ကို ပါရှုရ ဟူ၍ မှည့် တော်မ မူ။ မာဂေါ မိဿဘိတ် ဟူ၍မှည့် တော်မူ၏။
4 Kwa kuwa hili ndilo asemalo Bwana: ‘Nitakufanya kuwa hofu kuu kwako wewe mwenyewe na rafiki zako wote, na kwa macho yako mwenyewe utawaona wakianguka kwa upanga wa adui zao. Nitawatia Yuda wote mikononi mwa mfalme wa Babeli, ambaye atawachukua na kuwapeleka Babeli, ama awaue kwa upanga.
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင်နှင့် သင် ၏ အဆွေ ခင်ပွန်းတို့၌ ၊ သင့် ကို ကြောက်မက် ဘွယ်သော အရာဖြစ် စေမည်။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ထား ဖြင့် ဆုံး ကြလိမ့်မည်။ ယုဒ ပြည် တပြည်လုံး ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား ၍ ၊ ထား နှင့် သတ် လိမ့်မည်။
5 Nitatia utajiri wote wa mji huu kwa adui zao: yaani mazao yao yote, vitu vyao vyote vya thamani, na hazina zote za wafalme wa Yuda. Watavitwaa kwa nyara na kuvipeleka Babeli.
ဤ မြို့ ၏ အစွမ်း သတ္တိရှိ သမျှကို၎င်း ၊ လုပ်ဆောင်၍ ရသမျှ သော ဥစ္စာ ကို၎င်း ၊ ဆည်းဖူးသမျှ သောရတနာ ကို၎င်း ၊ ယုဒ ရှင်ဘုရင် ၏ ဘဏ္ဍာ တော် အလုံးစုံ တို့ကို၎င်း၊ ရန်သူ လက် သို့ ငါအပ် သဖြင့် ၊ ရန်သူတို့သည် လုယက် ၍ ဗာဗုလုန် မြို့သို့ သိမ်း သွားကြလိမ့်မည်။
6 Nawe Pashuri pamoja na wote waishio katika nyumba yako mtakwenda uhamishoni Babeli. Mtafia humo na kuzikwa, wewe na rafiki zako wote ambao umewatabiria uongo.’”
သင် ပါရှုရ နှင့် သင် ၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်း သွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက် ရလိမ့်မည်။ သင်ဟောပြော သော မုသာ စကားကို နားထောင်သော သင် ၏အဆွေ ခင်ပွန်းအပေါင်း တို့နှင် တကွ၊ သင် သည် ထို မြို့၌ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံ ရလိမ့်မည်ဟု ပါရှုရ အား ပြောဆို ၏။
7 Ee Bwana, umenidanganya, nami nikadanganyika; wewe una nguvu kuniliko, nawe umenishinda. Ninadharauliwa mchana kutwa, kila mmoja ananidhihaki.
အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို သွေးဆောင် တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ် ထက်အားကြီး ၍ နိုင် တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို နေ့ တိုင်း ခံရ ပါ၏။ လူတိုင်း ပြက်ပြယ် ခြင်းကို ပြုတတ်ကြပါ၏။
8 Kila ninenapo, ninapiga kelele nikitangaza ukatili na uharibifu. Kwa hiyo neno la Bwana limeniletea matukano na mashutumu mchana kutwa.
အကျွန်ုပ်သည် ဟော ပြောလေရာရာ၌ အနိုင် အထက် ပြုခြင်း၊ ညှဉ်းဆဲ ခြင်းအမှုကြောင့် အော်ဟစ် ၍ ကြွေးကြော် ရပါ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် အကျွန်ုပ် ၌ ကဲ့ရဲ့ ခြင်း၊ အစဉ် ပြက်ပြယ် ခြင်းကိုခံ စေရာအကြောင်း ဖြစ် ပါ၏။
9 Lakini kama nikisema, “Sitamtaja wala kusema tena kwa jina lake,” neno lake linawaka ndani ya moyo wangu kama moto, moto uliofungwa ndani ya mifupa yangu. Nimechoka sana kwa kulizuia ndani mwangu; kweli, siwezi kujizuia.
ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မ ကြား မပြော၊ နာမ တော်ကို အမှီပြု ၍ မ ဟော ဘဲနေမည်ဟု သဘော ထားသော်လည်း ၊ ငါ့ အရိုး တို့၌ ချုပ် ထား၍ ၊ လောင် သောမီး ကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့ နှလုံး ၌ ဖြစ် သောကြောင့်၊ အလွန်ငြီးငွေ့ သဖြင့် အောင့် ၍မ နေနိုင် ၊
10 Ninasikia minongʼono mingi, “Hofu iko pande zote! Mshtakini! Twendeni tumshtaki!” Rafiki zangu wote wananisubiri niteleze, wakisema, “Labda atadanganyika; kisha tutamshinda na kulipiza kisasi juu yake.”
၁၀လူများ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ကြား ရ၏။ ခပ်သိမ်း သော အရပ်တို့၌ ကြောက်မက် ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြား ပြော ကြလော့။ ငါတို့သည် တဆင့်ကြား ပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ ၏အနားမှာ အစဉ်နေ သောငါ ၏မိတ်ဆွေ အပေါင်း တို့က၊ ငါတို့သည် သူ့ ကို နိုင် ၍ အငြိုး ထားသောစိတ် ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင် ကောင်း သွေးဆောင် လိမ့်မည်ဟု ဆိုကြ၏။
11 Lakini Bwana yu pamoja nami kama shujaa mwenye nguvu; hivyo washtaki wangu watajikwaa na kamwe hawatashinda. Watashindwa, nao wataaibika kabisa; kukosa adabu kwao hakutasahauliwa.
၁၁သို့ သော်လည်း၊ ထာဝရဘုရား သည် အားကြီး သော သူရဲ ကဲ့သို့ ငါ့ ဘက် ၌ ရှိတော်မူ၏။ ထိုကြောင့် ၊ ငါ့ ကိုညှဉ်းဆဲ သောသူတို့ သည် မ နိုင် ဘဲ ထိမိ၍ လဲ ကြ လိမ့်မည်။ အကြံ မ မြောက်သောကြောင့် အလွန် ရှက် ကြ လိမ့်မည်။ မ ပြေ မပျောက်နိုင်သော ထာဝရ ရှက် ကြောက်ခြင်း ရှိကြလိမ့်မည်။
12 Ee Bwana Mwenye Nguvu Zote, wewe umjaribuye mwenye haki na kupima moyo na nia, hebu nione ukilipiza kisasi juu yao, kwa maana kwako nimeliweka shauri langu.
၁၂ဖြောင့်မတ် သောသူတို့ ကို စုံစမ်း ၍၊ နှလုံး ကျောက်ကပ်သဘော ကို သိ မြင်တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏အမှု ကို ရှေ့တော်၌ ဖွင့်ပြ ပါသည်ဖြစ်၍ ၊ သူ တို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင် ရပါလိမ့်မည်။
13 Mwimbieni Bwana! Mpeni Bwana sifa! Yeye huokoa uhai wa mhitaji kutoka mikononi mwa waovu.
၁၃ထာဝရဘုရား အား သီချင်း ဆိုကြလော့။ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ အကြောင်း မူကား၊ မတရား သဖြင့် ပြုသောသူတို့ လက် မှ ၊ ဆင်းရဲ သောသူ ကို ကယ်နှုတ် တော်မူသတည်း။
14 Ilaaniwe siku niliyozaliwa! Nayo isibarikiwe ile siku mama yangu aliyonizaa!
၁၄ငါဘွား သော နေ့ ရက်သည် အမင်္ဂလာ ရှိပါစေသော။ ငါ့ ကို ငါ့ အမိ ဘွား သော နေ့ ရက်သည် ကောင်းကြီး မင်္ဂလာကို မ ခံ ပါစေနှင့်။
15 Alaaniwe mtu yule aliyemletea baba yangu habari, yule aliyemfanya afurahi sana, akisema, “Mtoto amezaliwa kwako, tena mtoto wa kiume!”
၁၅ငါ့ အဘ ထံသို့သွား၍၊ ကိုယ်တော် သည် သား ယောက်ျားကို ရ ပါပြီဟု သိတင်းပြော လျက်၊ ငါ့အဘ ကို အလွန်ဝမ်းမြောက် စေသောသူသည် အမင်္ဂလာ ရှိပါ စေသော။
16 Mtu huyo na awe kama miji ile ambayo Bwana Mungu aliiangamiza bila huruma. Yeye na asikie maombolezo asubuhi na kilio cha vita adhuhuri.
၁၆ထာဝရဘုရား သည် နောင်တ မ ရ၊ ဖျက်ဆီး တော်မူ သော မြို့ တို့ကဲ့သို့ ၊ ထို သူ သည်ဖြစ် ပါစေသော။ နံနက် အချိန်၌ ကြွေးကြော် သံကို၎င်း ၊ မွန်းတည့် အချိန် ၌ အော်ဟစ် သံကို၎င်းကြား ပါစေသော။
17 Kwa sababu hakuniua nikiwa tumboni, hivyo mama yangu angekuwa kaburi langu, nalo tumbo lake la uzazi lingebaki kuwa kubwa daima.
၁၇အကြောင်း မူကား၊ သူသည် ငါ့ ကိုဘွား စကပင် မ သတ် ဘဲ၊ ငါ့ အမိ ၏ ဝမ်း သည်ငါ ၏ သင်္ချိုင်း ဖြစ် ၍၊ ငါ့ ကို အစဉ် ကိုယ်ဝန် ဆောင်မည် အကြောင်း မပြုဘဲ နေပါ သည်တကား။
18 Kwa nini basi nilitoka tumboni ili kuona taabu na huzuni, na kuzimaliza siku zangu katika aibu?
၁၈ငါသည် ပူပန် ခြင်း၊ ဝမ်းနည်း ခြင်းကိုခံရ မည် အကြောင်းနှင့်၊ ရှက် ကြောက်ခြင်းအားဖြင့် ကိုယ် အသက် ကို လွန် စေရမည်အကြောင်း ၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင် ရပါသနည်း။

< Yeremia 20 >