< Isaya 40 >

1 Wafarijini, wafarijini watu wangu, asema Mungu wenu.
သင် တို့၏ ဘုရား သခင်မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့ကို နှစ်သိမ့် စေကြလော့။ နှစ်သိမ့် စေကြလော့။
2 Sema na Yerusalemu kwa upole, umtangazie kwamba kazi yake ngumu imekamilika, kwamba dhambi yake imefanyiwa fidia, kwamba amepokea kutoka mkononi mwa Bwana maradufu kwa ajili ya dhambi zake zote.
စစ်မှု ကို ထမ်းရသောအချိန်စေ့ ပြီ။ သင်၏ အပြစ် လည်း ပြေရှင်း ပြီဟု ယေရုရှလင် မြို့အား နှစ်သိမ့်စေသော စကားကို ပြော ၍ ကြွေးကြော် ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ လက် တော်၌ မိမိ အပြစ်အတွက် နှစ်ဆ ခံ ရပြီ။
3 Sauti ya mtu aliaye: “Itengenezeni jangwani njia ya Bwana, nyoosheni njia kuu nyikani kwa ajili ya Mungu wetu.
တော ၌ ဟစ်ကြော် သောသူ ၏အသံ မှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်း ကို ပြင် ကြလော့။ ငါ တို့ ဘုရား သခင် ၏ လမ်း ခရီးတော်ကို လွင်ပြင် ၌ ဖြောင့် စေ ကြလော့။
4 Kila bonde litainuliwa, kila mlima na kilima kitashushwa; penye mabonde patanyooshwa, napo palipoparuza patasawazishwa.
ချိုင့်ဝှမ်း ရာ ရှိသမျှ တို့ကို ဖို့ ရမည်။ တောင် ကြီး တောင် ငယ်ရှိသမျှတို့ကို ဖြို ရမည်။ ကောက် သော လမ်း များကို ဖြောင့် စေရမည်။ ကြမ်းတမ်း သော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
5 Utukufu wa Bwana utafunuliwa, nao wanadamu wote watauona pamoja. Kwa maana kinywa cha Bwana kimenena.”
ထာဝရဘုရား ၏ ဘုန်း တော်ပေါ်ထွန်း ၍ ၊ လူ အပေါင်းတို့သည် အတူ မြင် ရကြလတံ့ဟု ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
6 Sauti husema, “Piga kelele.” Nami nikasema, “Nipige kelele gani?” “Wanadamu wote ni kama majani, nao utukufu wao wote ni kama maua ya kondeni.
တဖန် ထိုအသံ က၊ ဟစ်ကြော် လော့ဟု ဆို လျှင် ငါက၊ အဘယ် အရာကို ဟစ်ကြော် ရမည်နည်းဟုမေး သော်၊ လူမျိုး ရှိသမျှ သည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်း ရှိသမျှ သည်လည်း တော အပွင့် ကဲ့သို့ ဖြစ်၏။
7 Majani hunyauka na maua huanguka, kwa sababu pumzi ya Bwana huyapuliza. Hakika wanadamu ni majani.
ထာဝရဘုရား ၏ လေ တိုက် သောအခါ ၊ မြက်ပင် သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ အကယ် စင်စစ်လူ တို့သည် မြက်ပင် ဖြစ်ကြ၏။
8 Majani hunyauka na maua huanguka, lakini neno la Mungu wetu ladumu milele.”
မြက်ပင် သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တရားမူကား ၊ ကာလစဉ်အမြဲ တည် ၏ဟု ဆိုသတည်း။
9 Wewe uletaye habari njema Sayuni, panda juu ya mlima mrefu. Wewe uletaye habari njema Yerusalemu, inua sauti yako kwa kupiga kelele, inua sauti, usiogope; iambie miji ya Yuda, “Yuko hapa Mungu wenu!”
ဇိအုန် တောင်သို့ ဝမ်းမြောက်စရာ သိတင်း ကို ဆောင်ခဲ့သောသူ၊ မြင့် သောတောင် ပေါ် သို့တက် လော့။ ယေရုရှလင် မြို့သို့ ဝမ်းမြောက် စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံ ကို လွှင့် လော့။ မ စိုးရိမ် ဘဲ အသံကို လွှင့် လော့။ သင် တို့၏ ဘုရား သခင်ကို ကြည့်ရှု ကြဟု ယုဒ မြို့ ရွာတို့အား ပြော လော့။
10 Tazameni, Bwana Mwenyezi anakuja na nguvu, nao mkono wake ndio utawalao kwa ajili yake. Tazameni, ujira wake u pamoja naye, nayo malipo yake yanafuatana naye.
၁၀ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည်၊ ကြီး သော တန်ခိုး နှင့် ကြွလာ ၍ ၊ လက်ရုံး တော်အားဖြင့်အစိုးရ တော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက်၊ ဆုလပ် တော်သည် ရှေ့ တော်၌ ရှိ၏။
11 Huchunga kundi lake kama mchungaji wa mifugo: Hukusanya wana-kondoo katika mikono yake na kuwachukua karibu na moyo wake, huwaongoza taratibu wale wanyonyeshao.
၁၁မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
12 Ni nani aliyepima maji ya bahari kwenye konzi ya mkono wake, au kuzipima mbingu kwa shibiri yake? Ni nani aliyeyashika mavumbi ya dunia katika kikapu, au kupima milima kwenye kipimio na vilima kwenye mizani?
၁၂ရေ များကို လက် ဆွန်းဖြင့် ခြင် သောသူ၊ မိုဃ်း ကောင်းကင် ကို မိမိလက်ဖြင့် ထွာ သောသူ၊ မြေ မှုန့်ကို တင်းတောင်း ဖြင့် ချင့် တွက်သောသူ၊ တောင် ကြီးကို ချိန်ခွင် ဖြင့် ၎င်း၊ တောင် ငယ်ကို ကပ်ပယ် ဖြင့်၎င်း ချိန် သောသူကား အဘယ်သူ နည်း။
13 Ni nani aliyeyafahamu mawazo ya Bwana, au kumfundisha akiwa kama mshauri wake?
၁၃ထာဝရဘုရား ၏ ဝိညာဉ် ကို အဘယ်သူ စစ်ကြော သနည်း။ ထိုဘုရား နှင့် တိုင်ပင် ၍၊ အဘယ်သူသည် အကြံပေး သနည်း။
14 Ni nani ambaye Bwana ametaka shauri kwake ili kumwelimisha, naye ni nani aliyemfundisha njia iliyo sawa? Ni nani aliyemfundisha maarifa au kumwonyesha mapito ya ufahamu?
၁၄အဘယ်သူ နှင့် တိုင်ပင် တော်မူသနည်း။ ထိုဘုရား ကို အဘယ်သူသွန်သင် သနည်း။ ထိုဘုရားအား တရား လမ်း ကို ပြ သောသူ၊ ပညာ နည်း ကိုပေး သောသူ၊ ဉာဏ် လမ်း ကို ညွှန် သောသူကား အဘယ်သူနည်း။
15 Hakika mataifa ni kama tone ndani ya ndoo, ni kama vumbi jembamba juu ya mizani, huvipima visiwa kana kwamba vilikuwa vumbi laini.
၁၅လူ အမျိုးမျိုးတို့သည် ရေပုံး မှ ကျသော ရေစက် ကဲ့သို့ ဖြစ်၍ ၊ ချိန်ခွင် ၌ မြူမှုန် ကဲ့သို့ ထင်မှတ် စရာ ရှိ၏။ ကျွန်း တို့သည်လည်း၊ လွင့် တတ်သော အဏုမြူ ကဲ့သို့ ဖြစ်ကြ၏။
16 Lebanoni hautoshi kwa moto wa madhabahuni, wala wanyama wake hawatoshi kwa sadaka za kuteketezwa.
၁၆လေဗနုန် တောသည် မီး မွေးဘို့မ လောက်။ ထိုတော ၌ရှိသောတိရစ္ဆာန် တို့သည်လည်း၊ မီးရှို့ ရာ ယဇ် ဘို့မ လောက်။
17 Mbele yake mataifa yote ni kama si kitu, yanaonekana yasio na thamani na zaidi ya bure kabisa.
၁၇ခပ်သိမ်း သော လူ အမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့ တော်၌ ဖြစ်ကြ၏။ အဘယ် မျှမဟုတ် သော အရာထက်သာ၍ငယ် သကဲ့သို့၎င်း၊ အနတ္တ ကဲ့သို့၎င်း မှတ် တော်မူ၏။
18 Basi, utamlinganisha Mungu na nani? Utamlinganisha na kitu gani?
၁၈သို့ ဖြစ်၍၊ ဘုရား သခင်ကို အဘယ်သို့ ပုံ ပြရအံ့ နည်း။ ဘုရား သခင်နှင့် အဘယ် မည်သော ပုံ သဏ္ဍာန် တူသည်ဟု ဆိုရအံ့နည်း။
19 Kwa habari ya sanamu, fundi huisubu, naye mfua dhahabu huifunika kwa dhahabu na kuitengenezea mikufu ya fedha.
၁၉ပန်းတဉ်း သမားသည် ရုပ်တု ကို သွန်း ပြီးမှ ၊ ပန်းထိမ် သမားသည် ရွှေ နှင့် မွမ်းမံ ၍ ၊ ငွေ ကြိုးကိုလည်း လုပ် တတ်၏။
20 Mtu aliye maskini sana asiyeweza kuleta sadaka kama hii huuchagua mti usiooza. Humtafuta fundi stadi wa kusimamisha sanamu ambayo haitatikisika.
၂၀အဘိုးထိုက်သော အလှူ ကို မလှူနိုင်သောသူသည်၊ မ ဆွေးမြေ့ တတ်သော သစ်သား ကို ရွေးကောက် ပြီးမှ၊ မြဲမြံ သော ရုပ်တု ကို လုပ် စေခြင်းငှါ ၊ လိမ္မာ သော လက်သမား ကို ရှာ တတ်၏။
21 Je, hujui? Je, hujasikia? Je, hujaambiwa tangu mwanzo? Je, hujafahamu tangu kuumbwa kwa dunia?
၂၁သင်တို့သည် မ သိ ကြသလော။ မ ကြား ကြသလော။ ရှေ့ဦး စွာမှစ၍ သင်တို့ အား မ ဘော် မပြသလော။ မြေကြီး တည် သည်အကြောင်းကို နား မ လည်ကြသလော။
22 Anakaa kwenye kiti cha enzi juu ya duara ya dunia, nao watu wakaao ndani yake ni kama panzi. Huzitandaza mbingu kama chandarua, na kuzitandaza kama hema la kuishi.
၂၂မြေကြီး စက် အပေါ် မှာ ထိုင် ၍ ၊ မြေကြီး သား တို့ကို နှံကောင် ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် ၍ ၊ နေ စရာ တဲ ကဲ့သို့ ဖြန့် တော်မူထသော၊
23 Huwafanya wakuu kuwa si kitu, na kuwashusha watawala wa dunia hii kuwa kitu bure.
၂၃မင်း တို့ကို ရှုတ်ချ ၍၊ မြေကြီး တရားသူကြီး တို့ကို အနတ္တ ကဲ့သို့ ဖြစ် စေတော်မူသောသူ ပေတည်း။
24 Mara baada ya kupandwa, mara baada ya kutiwa ardhini, mara baada ya kutoa mizizi yao ardhini, ndipo huwapulizia nao wakanyauka, nao upepo wa kisulisuli huwapeperusha kama makapi.
၂၄အကယ် စင်စစ်သူတို့ကို မ စိုက် မပျိုးရ။ အကယ် စင်စစ်သူတို့၏မျိုးစေ့ကို မ ကြဲ ရ။ အကယ် စင်စစ်သူ တို့ အပင် သည် မြေ ၌ အမြစ်မ စွဲ ရ။ သူ တို့အပေါ် မှာ မှုတ် တော်မူသဖြင့် ၊ သူတို့သည် ညှိုးနွမ်း သွေ့ခြောက်၍ ၊ လေ ဘွေသည် သူ တို့ကို ဖွဲ ကဲ့သို့ တိုက် လွှင့်လိမ့်မည်။
25 “Utanilinganisha mimi na nani? Au ni nani anayelingana nami?” asema yeye Aliye Mtakatifu.
၂၅သို့ဖြစ်၍၊ ငါ့ ကို အဘယ်သို့ ပုံ ပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူ ရအံ့နည်းဟု သန့်ရှင်း သော ဘုရားမေး တော်မူ၏။
26 Inueni macho yenu mtazame mbinguni: Ni nani aliyeumba hivi vyote? Ni yeye aletaye nje jeshi la nyota moja baada ya nyingine na kuziita kila moja kwa jina lake. Kwa sababu ya uweza wake mkuu na nguvu zake kuu, hakuna hata mojawapo inayokosekana.
၂၆အထက်သို့ မျှော် ကြည့် ကြလော့။ ထို အရာတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ထိုသူသည် သူ တို့အလုံး အရင်းကို အရေအတွက် အားဖြင့် ထုတ် ဆောင်တော်မူ၏။ အလုံးစုံ တို့ကို နာမည် ဖြင့် ခေါ် တော်မူ၏။ ခွန်အား ကြီး ၍ တန်ခိုး နှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခု မျှ မ ပေါ် ဘဲမနေရ။
27 Kwa nini unasema, ee Yakobo, nanyi ee Israeli, kulalamika, “Njia yangu imefichwa Bwana asiione, Mungu wangu hajali shauri langu?”
၂၇အိုယာကုပ် အမျိုး၊ သင် သွားသော လမ်း ကို ထာဝရဘုရား သိ တော်မမူဟု အဘယ်ကြောင့်ပြော သနည်း။ အိုဣသရေလ အမျိုး၊ သင့် အမှု ကို သင် ၏ဘုရား သခင် မှတ် တော်မမူဟု၊ အဘယ်ကြောင့် ဆို ရသနည်း။
28 Je wewe, hufahamu? Je wewe, hujasikia? Bwana ni Mungu wa milele, Muumba wa miisho ya dunia. Hatachoka wala kulegea, wala hakuna hata mmoja awezaye kuupima ufahamu wake.
၂၈ထာဝရဘုရား သည် အစဉ် အမြဲတည် တော်မူသော ဘုရား သခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီး စွန်း တိုင်အောင် ဖန်ဆင်း တော်မူသောအရှင်ဖြစ်ကြောင်းကို၎င်း၊ မော တော်မူခြင်း၊ ပင်ပန်း တော်မူခြင်းမ ရှိ၊ စစ် ၍ မ ကုန်နိုင် သော ဉာဏ် နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိ မကြားဘူးသလော။
29 Huwapa nguvu waliolegea na huongeza nguvu za wadhaifu.
၂၉ထိုဘုရားသည် မော သောသူတို့အား ၊ ခွန်အား ကိုပေး တော်မူ၏။ နွမ်းနယ် သောသူတို့ အား ၊ အစွမ်း သတ္တိ နှင့် ပြည့်စုံ သော အခွင့်ကိုပေး တော်မူ၏။
30 Hata vijana huchoka na kulegea, nao vijana wanaume hujikwaa na kuanguka,
၃၀လူပျို တို့သည် မော ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင် တို့သည်လည်း ထိမိ ၍ လဲ ကြလိမ့်မည်။
31 bali wale wamtumainio Bwana atafanya upya nguvu zao. Watapaa juu kwa mbawa kama tai; watapiga mbio wala hawatachoka, watatembea kwa miguu wala hawatazimia.
၃၁ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ အား ပြည့် ကြလိမ့်မည်။ ရွှေလင်းတ ကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေး သော်လည်း မ ပင်ပန်း ၊ ခရီးသွား သောအခါ မ မော ရကြ။

< Isaya 40 >