< Isaya 36 >
1 Katika mwaka wa kumi na nne wa utawala wa Mfalme Hezekia, Senakeribu mfalme wa Ashuru akaishambulia miji yote ya Yuda yenye ngome na kuiteka.
၁ယုဒဘုရင်ဟေဇကိနန်းစံတစ်ဆယ့်လေး နှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာ ခရိပ်သည် ယုဒပြည်ရှိခံတပ်မြို့များကို တိုက်ခိုက်သိမ်းယူလေသည်။-
2 Kisha mfalme wa Ashuru akamtuma jemadari wa jeshi pamoja na jeshi kubwa kutoka Lakishi hadi kwa Mfalme Hezekia huko Yerusalemu. Jemadari wa jeshi akasimama kwenye mfereji wa Bwawa la Juu, lililojengwa katika barabara iendayo kwenye Uwanja wa Dobi.
၂ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
3 Eliakimu mwana wa Hilkia aliyekuwa msimamizi wa jumba la kifalme, Shebna aliyekuwa katibu, na Yoa mwana wa Asafu mwandishi wakamwendea.
၃ထိုအခါယုဒပြည်သူသုံးဦးတို့သည်သူ နှင့်အတူလာရောက်တွေ့ဆုံကြ၏။ သူတို့ ကားဟိလခိ၏သားနန်းတော်အုပ်ဧလျာ ကိမ်၊ နန်းတော်အတွင်းဝန်ရှေဗနနှင့်၊ အာ သပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
4 Jemadari wa jeshi akawaambia, “Mwambieni Hezekia, “‘Hili ndilo asemalo mfalme mkuu, mfalme wa Ashuru: Ni wapi unapoweka hili tumaini lako?
၄အာရှုရိအရာရှိကသူတို့အား``ဟေဇကိ မင်းသည်အဘယ်ကြောင့် မိမိကိုယ်ကိုဤမျှ ယုံကြည်ကိုးစားလျက်နေကြောင်းဘုရင် ဧကရာဇ်သိရှိလိုပါသည်။-
5 Unasema mnayo mikakati na nguvu za kijeshi, lakini unasema maneno matupu tu. Je, wewe unamtegemea nani, hata ukaniasi mimi?
၅စစ်အင်အားစွမ်းရည်ကိုစကားလုံးဖြင့် အစားထိုးနိုင်လိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။ ငါ့ကိုပုန်ကန်ရန် သင်တို့အားအဘယ်သူကူညီလိမ့်မည် ဟုထင်မှတ်ကြပါသနည်း။-
6 Tazama sasa, unaitegemea Misri, fimbo ile ya mwanzi uliopasuka, ambayo huuchoma na kuujeruhi mkono wa mtu akiiegemea! Hivyo ndivyo alivyo Farao mfalme wa Misri, kwa wote wanaomtegemea.
၆သင်တို့သည်အီဂျစ်ပြည်၏အကူအညီကို စောင့်စားလျက်နေကြ၏။ သို့ရာတွင်ထိုပြည် ကိုအားကိုးခြင်းသည်ကျိုး၍လက်စူးတတ် သည့်ကူရိုးကိုတောင်ဝှေးအဖြစ်အသုံးပြု သည်နှင့်တူ၏။ အီဂျစ်ဘုရင်ကားမိမိတို့ မှီခိုအားကိုးသူရှိလာချိန်၌ကူရိုးနှင့် သာတူသတည်း'' ဟုပြော၏။
7 Nawe kama ukiniambia, “Tunamtumainia Bwana Mungu wetu”: je, siyo yeye ambaye Hezekia aliondoa mahali pake pa juu pa kuabudia miungu na madhabahu zake, akiwaambia Yuda na Yerusalemu, “Ni lazima mwabudu mbele ya madhabahu haya”?
၇ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-
8 “‘Njooni sasa, fanyeni mapatano na bwana wangu, mfalme wa Ashuru: Nitakupa farasi elfu mbili, kama unaweza kuwapandisha waendesha farasi juu yao!
၈ငါသည်ဘုရင်ဧကရာဇ်၏နာမတော်ကို တိုင်တည်၍ သင်တို့နှင့်အလောင်းအစားပြု မည်။ သင်တို့သည်မြင်းစီးသူရဲနှစ်ထောင်ရ ရှိအောင်ရှာနိုင်မည်ဆိုလျှင် သင်တို့အား မြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။-
9 Utawezaje kumzuia hata afisa mmoja aliye mdogo kati ya maafisa wa bwana wangu, ijapo unategemea Misri kwa magari ya vita na wapanda farasi?
၉သင်တို့သည်ရာထူးအနိမ့်ဆုံးအာရှုရိတပ် မှူးကလေးကိုပင်လျှင်ယှဉ်ပြိုင်နိုင်စွမ်းမရှိ ကြ။ သို့ပါလျက်အီဂျစ်အမျိုးသားတို့ထံ မှစစ်ရထားနှင့်မြင်းစီးသူရဲအကူအညီ များကိုစောင့်မျှော်ကြပါသည်တကား။-
10 Zaidi ya hayo, je, nimekuja kushambulia na kuangamiza nchi hii bila Bwana? Bwana mwenyewe ndiye aliniambia niishambulie nchi hii na kuiangamiza.’”
၁၀ငါသည်ထာဝရဘုရား၏အကူအညီ မပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟုသင်တို့ထင်မှတ်ကြပါ သလော။ သင်တို့ပြည်ကိုတိုက်ခိုက်ဖျက်ဆီး ရန်ထာဝရဘုရားကိုယ်တော်တိုင်ပင်ငါ့ အားစေခိုင်းတော်မူပါ၏'' ဟုဆို၏။
11 Ndipo Eliakimu, Shebna na Yoa wakamwambia yule jemadari wa jeshi, “Tafadhali zungumza na watumishi wako kwa lugha ya Kiaramu, kwa kuwa tunaifahamu. Usiseme nasi kwa Kiebrania watu walioko juu ya ukuta wakiwa wanasikia.”
၁၁ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည်ထိုအရာရှိအား``အရှင်၊ အာရမိ ဘာသာစကားဖြင့်အကျွန်ုပ်တို့အားအမိန့် ရှိပါ၊ ထိုစကားကိုအကျွန်ုပ်တို့နားလည် ပါသည်။ ဟေဗြဲဘာသာစကားကိုမပြော ပါနှင့်။ မြို့ရိုးပေါ်ရှိလူအပေါင်းတို့နား ထောင်လျက်နေကြပါသည်'' ဟုပြော၏။
12 Lakini yule jemadari wa jeshi akajibu, “Je, bwana wangu amenituma kutoa ujumbe huu kwa bwana wenu na kwenu tu? Je, hakunituma pia kwa watu walioketi ukutani, ambao, kama ninyi, itawabidi kula mavi yao na kunywa mikojo yao wenyewe?”
၁၂ထိုသူကဘုရင်ဧကရာဇ်သည်သင်တို့ဘုရင် အားသာလျှင် ဤစကားများကိုပြောကြား ရန် ငါ့အားစေလွှတ်တော်မူထိုက်သည်ဟုထင် မှတ်ကြပါသလော။ ငါသည်မြို့ရိုးပေါ်တွင် ထိုင်နေကြသူတို့အားလည်းပြောကြားပါ ၏။ သူတို့သည်လည်းသင်တို့နည်းတူမိမိ တို့၏မစင်ကိုပြန်၍စားပြီးလျှင် မိမိ တို့ကျင်ငယ်ရေကိုပြန်၍သောက်ရကြ လိမ့်မည်'' ဟုပြန်ပြော၏။
13 Kisha yule jemadari wa jeshi akasimama na kuita kwa lugha ya Kiebrania, akasema: “Sikieni maneno ya mfalme mkuu, mfalme wa Ashuru!
၁၃ထိုနောက်သူသည်ထ၍ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။-
14 Hili ndilo asemalo mfalme: Msikubali Hezekia awadanganye. Hawezi kuwaokoa!
၁၄ထိုအရှင်ကသင်တို့သည်ဟေဇကိ၏လှည့်စား မှုကိုမခံကြစေရန် သတိပေးတော်မူလိုက် ပါ၏။ ဟေဇကိသည်သင်တို့အားမကယ်နိုင်။-
15 Msikubali Hezekia awashawishi kumtumaini Bwana kwa kuwaambia, ‘Hakika Bwana atatuokoa. Mji huu hautaangukia mikononi mwa mfalme wa Ashuru.’
၁၅ထာဝရဘုရားအား၊ အားကိုးရန်သူသွေး ဆောင်တိုက်တွန်းသော်လည်း သင်တို့ခွင့်မပြု ကြနှင့်။ ထာဝရဘုရားသည်သင်တို့အား ကယ်တော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ ငါတို့အာရှုရိတပ်မတော်အား သင်တို့ ၏မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည် မဟုတ်ဟူ၍လည်းကောင်း မထင်မှတ်ကြနှင့်။-
16 “Msimsikilize Hezekia. Hili ndilo mfalme wa Ashuru asemalo: Fanyeni amani nami na mje kwangu. Kisha kila mmoja wenu atakula kutoka kwa mzabibu wake na mtini wake mwenyewe, na kunywa maji kutoka kisima chake mwenyewe,
၁၆ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။-
17 mpaka nije nikawapeleke katika nchi iliyo kama nchi yenu wenyewe, nchi ya nafaka na divai mpya, nchi ya mkate na ya mashamba ya mizabibu.
၁၇
18 “Msikubali Hezekia awapotoshe asemapo, ‘Bwana atatuokoa.’ Je, yuko mungu wa taifa lolote aliyewahi kuokoa nchi yake kutoka mkononi mwa mfalme wa Ashuru?
၁၈ထာဝရဘုရားသည်ငါတို့ကိုကယ်ဆယ် တော်မူနိုင်သည်ဟု သင်တို့ထင်မှတ်ကြစေ ရန် ဟေဇကိလှည့်စားသည်ကိုနားမထောင် ကြနှင့်။ အခြားအမျိုးသားတို့၏ဘုရား များသည် သူတို့၏ပြည်ကိုအာရှုရိဧကရာဇ် ဘုရင်၏လက်မှကယ်ဆယ်ခဲ့ကြပါသလော။-
19 Iko wapi miungu ya Hamathi na ya Arpadi? Iko wapi miungu ya Sefarvaimu? Je, imeokoa Samaria kutoka mkononi mwangu?
၁၉ဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည်ယခု အဘယ်မှာရှိပါသနည်း။ အဘယ်ဘုရား ကရှမာရိပြည်ကိုကယ်ဆယ်ခဲ့ကြပါ သနည်း။-
20 Ni yupi miongoni mwa miungu yote ya nchi hizi ameweza kuokoa nchi yake mkononi mwangu? Inawezekanaje basi Bwana aiokoe Yerusalemu mkononi mwangu?”
၂၀ထိုတိုင်းပြည်အပေါင်းတို့၏ဘုရားများ အနက်မှအဘယ်မည်သောဘုရားသည် မိမိ ၏ပြည်သို့ငါတို့ဘုရင်ဧကရာဇ်၏လက် မှအဘယ်အခါမှကယ်ခဲ့ဖူးပါသနည်း။ ယင်းသို့ဖြစ်ပါမူထာဝရဘုရားသည် လည်း ယေရုရှလင်မြို့ကိုကယ်တော်မူနိုင် သည်ဟုသင်တို့အဘယ်ကြောင့်ထင်မှတ် ကြပါသနည်း'' ဟုဆို၏။
21 Lakini wale watu wakakaa kimya, wala hawakujibu lolote, kwa kuwa mfalme alikuwa amewaamuru, “Msimjibu lolote.”
၂၁ထိုအခါလူတို့သည်ဟေဇကိမှာကြား လိုက်သည်အတိုင်းဆိတ်ဆိတ်နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍မပြောကြ။-
22 Kisha Eliakimu mwana wa Hilkia msimamizi wa jumba la kifalme, Shebna katibu, na Yoa mwana wa Asafu, mwandishi wakamwendea Hezekia, nguo zao zikiwa zimeraruliwa, na kumwambia yale jemadari wa jeshi aliyoyasema.
၂၂ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည် ဝမ်းနည်းပူဆွေးလျက်မိမိတို့အဝတ် များကိုဆုတ်ဖြဲကာ အာရှုရိအရာရှိ၏ စကားများကိုမင်းကြီးထံသွားရောက် လျှောက်ထားကြ၏။