< Isaya 22 >
1 Neno kuhusu Bonde la Maono: Nini kinachokutaabisha sasa, kwamba ninyi nyote mmepanda juu ya mapaa?
၁ဤဗျာဒိတ်တော်သည်ဗျာဒိတ်ရူပါရုံချိုင့် ဝှမ်းနှင့် သက်ဆိုင်သည့်ဗျာဒိတ်တော်ဖြစ်၏။ မြို့သူမြို့သားအပေါင်းတို့သည်အဘယ်ကြောင့် မိမိတို့အိမ်ခေါင်မိုးများအပေါ်တွင်ပွဲလမ်း သဘင်ဆင်ယင်ကျင်းပနေကြပါသနည်း။ အဘယ်အမှုအရာဖြစ်ပျက်လျက်ရှိပါ သနည်း။-
2 Ewe mji uliojaa ghasia, ewe mji wa makelele na sherehe! Watu wenu waliokufa hawakuuawa kwa upanga, wala hawakufa vitani.
၂တစ်မြို့လုံးပင်အုတ်အုတ်ကျက်ကျက်ဖြစ် လျက် လူတို့စိတ်လှုပ်ရှားအော်ဟစ်သံများ နှင့်ပြည့်နှက်၍နေ၏။ သင်၏လူတို့သည်ဤစစ်ပွဲတွင်တိုက်ခိုက် ရင်းကျဆုံးရကြသည်မဟုတ်။-
3 Viongozi wako wote wamekimbia pamoja, wamekamatwa bila kutumia upinde. Ninyi nyote mliokamatwa mlichukuliwa wafungwa pamoja, mlikimbia wakati adui alipokuwa bado mbali.
၃မြားတစ်စင်းကိုမျှမပစ်မလွှတ်ရမီ သင် ၏ခေါင်းဆောင်အပေါင်းသည်ထွက်ပြေးသဖြင့် သုံ့ပန်းအဖြစ်အဖမ်းခံရကြ၏။-
4 Kwa hiyo nilisema, “Geukia mbali nami, niache nilie kwa uchungu. Usijaribu kunifariji juu ya maangamizi ya watu wangu.”
၄ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
5 Bwana, Bwana Mwenye Nguvu Zote, anayo siku ya ghasia, ya kukanyaga, na ya kuogofya katika Bonde la Maono, siku ya kuangusha kuta na ya kupiga kelele mpaka milimani.
၅ဤအချိန်သည်ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်း တွင်ကြောက်လန့်မှု၊ အရေးရှုံးနိမ့်မှုနှင့်ကစင့် ကလျားဖြစ်ပွားမှုများပေါ်ပေါက်ရာကာလ ပင်ဖြစ်၏။ အနန္တတန်ခိုးရှင်ထာဝရဘုရား ကလည်း ငါတို့အားထိုကာလနှင့်ကြုံတွေ့ စေတော်မူလေပြီ။ ငါတို့၏မြို့ရိုးများသည် အဖြိုခံရကြလေပြီ။ ကယ်မရန်လူတို့ အော်ဟစ်ကြသည့်အသံများသည်လည်း တောင်ကုန်းများတွင်ပဲ့တင်ထပ်လျက်နေ လေပြီ။
6 Elamu analichukua podo, pamoja na waendesha magari ya vita na farasi. Kiri anaifungua ngao.
၆ဧလံပြည်မှမြင်းစီးသူရဲတို့သည် လေးမြား များကိုကိုင်ဆောင်လာကြ၏။ ကိရပြည်မှ စစ်သူရဲတို့ကလည်း ဒိုင်းလွှားများကို အသင့်ကိုင်ဆောင်ထားကြ၏။-
7 Mabonde yako yaliyo mazuri sana yamejaa magari ya vita, nao wapanda farasi wamewekwa kwenye malango ya mji;
၇မြေသြဇာထက်သန်သည့်ယုဒချိုင့်ဝှမ်းများ သည် စစ်မြင်းရထားများနှင့်ပြည့်နှက်လျက် ရှိပြီးလျှင် မြင်းစီးသူရဲတို့သည်ယေရု ရှလင်မြို့တံခါးတွင်ရပ်လျက်နေကြ၏။-
8 ulinzi wa Yuda umeondolewa. Nawe ulitazama siku ile silaha katika Jumba la Kifalme la Mwituni,
၈ယုဒပြည်၏ခံတပ်ရှိသမျှတို့သည်ကား ပြိုပျက်၍သွားလေပြီ။ ထိုအခါသင်၏လူတို့သည်လက်နက်တိုက် မှလက်နက်များကိုထုတ်ယူကြ၏။-
9 mkaona kuwa Mji wa Daudi una matundu mengi katika ulinzi wake, mkaweka akiba ya maji kwenye Bwawa la Chini.
၉မြို့ရိုးတို့တွင်ပျက်စီးနေသည်နေရာများ ကိုပြင်ဆင်ရန်ကြည့်ရှုကြ၏။
10 Mlihesabu majengo katika Yerusalemu nanyi mkabomoa nyumba ili kuimarisha ukuta.
၁၀မြို့ထဲရှိအိမ်များကိုရေတွက်ကာမြို့ရိုးများ ပြင်ဆင်ရန်ကျောက်တုံးများရရှိရေးအတွက် အိမ်အချို့ကိုဖြိုချကြ၏။-
11 Mlijenga bwawa la maji katikati ya kuta mbili kwa ajili ya maji ya Bwawa la Zamani, lakini hamkumtazama Yule aliyelitengeneza, au kuwa na heshima kwa Yule aliyeubuni tangu zamani za kale.
၁၁ရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။
12 Bwana, Bwana Mwenye Nguvu Zote, aliwaita siku ile ili kulia na kuomboleza, kungʼoa nywele zenu na kuvaa nguo ya gunia.
၁၂ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
13 Lakini tazama, kuna furaha na sherehe, kuchinja ngʼombe na kuchinja kondoo, kula nyama na kunywa mvinyo! Mnasema, “Tuleni na kunywa, kwa kuwa kesho tutakufa!”
၁၃သင်သည်ယင်းသို့ပြုမည့်အစားရယ်မော လျက် ပွဲလမ်းသဘင်ကျင်းပကာနေခဲ့၏။ သိုးနွားများကိုသတ်၍စားကာစပျစ်ရည် ကိုသောက်ခဲ့၏။ ``နက်ဖြန်သေရကြမည် ဖြစ်၍ယခုငါတို့စားကြသောက်ကြ ကုန်အံ့'' ဟုသင်ဆိုခဲ့၏။
14 Bwana Mwenye Nguvu Zote amelifunua hili nikiwa ninasikia: Bwana, Bwana Mwenye Nguvu Zote, asema: “Mpaka siku ya kufa kwenu, dhambi hii haitafanyiwa upatanisho.”
၁၄အနန္တတန်ခိုးရှင်ထာဝရဘုရားကိုယ်တော် တိုင်ပင်ငါ့အား``ထိုသူတို့သည်ဤမကောင်း မှုအတွက်မိမိအသက်ရှင်သမျှကာလ ပတ်လုံး အဘယ်အခါ၌မျှအပြစ်ဖြေလွှတ် ရကြလိမ့်မည်မဟုတ်။ ဤကားအနန္တတန်ခိုး ရှင်ငါထာဝရဘုရားမြွက်ဟသည့်စကား ပင်ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
15 Hili ndilo Bwana, Bwana Mwenye Nguvu Zote, asemalo: “Nenda ukamwambie huyu wakili Shebna, ambaye ni msimamizi wa jumba la kifalme:
၁၅အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့ကို နန်းတော်အုပ်ချုပ်ရေးမှူးရှေဗန၏အိမ်သို့ သွား၍သူ့အား၊-
16 Unafanya nini hapa, na ni nani aliyekupa ruhusa kujikatia kaburi lako mwenyewe, ukichonga kaburi lako mahali palipo juu, na kutoboa kwa patasi mahali pako pa kupumzikia katika mwamba?
၁၆``သင်သည်မိမိကိုယ်ကိုအဘယ်သူဟုထင် မှတ်ပါသနည်း။ ကျောက်တောင်နံရံတွင် မိမိ တို့အတွက်သင်္ချိုင်းဂူကိုထွင်းထုလုပ်ပိုင်ခွင့် သင့်မှာရှိပါသလော။-
17 “Jihadhari, Bwana yu karibu kukukamata thabiti, na kukutupa mbali, ewe mtu mwenye nguvu.
၁၇သင်သည်အရေးပါအရာရောက်သူတစ်ဦး ဖြစ်ကောင်းဖြစ်ပေမည်။ သို့ရာတွင်ထာဝရ ဘုရားသည် သင့်အားဆွဲကိုင်၍ပစ်ထုတ် တော်မူလိမ့်မည်။-
18 Atakuvingirisha uwe kama mpira na kukutupa katika nchi kubwa. Huko ndiko utakakofia, na huko ndiko magari yako ya vita ya fahari yatabakia, wewe unayeifedhehesha nyumba ya bwana wako!
၁၈ကိုယ်တော်သည်သင့်အားလောက်စာသဖွယ် လုံး၍ ပိုမိုကျယ်ဝန်းသောပြည်သို့ပစ်ထုတ် တော်မူလိမ့်မည်။ သင်သည်ထိုပြည်တွင် မိမိ ဂုဏ်ယူဝါကြွားသည့်စစ်ရထားများအနီး တွင်သေရလိမ့်မည်။ သင်သည်မိမိအရှင်၏ နန်းတော်ကို အသရေယုတ်စေလိမ့်မည်။-
19 Nitakuondoa kutoka kazi yako, nawe utaondoshwa kutoka nafasi yako.
၁၉ထာဝရဘုရားသည်သင့်ကိုအလုပ်မှ ထုတ်ပယ်တော်မူ၍ ကြီးမြင့်သည့်ရာထူး မှဖြုတ်ချတော်မူလိမ့်မည်'' ဟုပြော ကြားစေတော်မူပါ၏။
20 “Katika siku ile, nitamwita mtumishi wangu, Eliakimu mwana wa Hilkia.
၂၀ထာဝရဘုရားကရှေဗနအား``ငါသည် မိမိ၏အစေခံ၊ ဟိလခိ၏သားဧလျာ ကိမ်ကိုခေါ်ယူကာ၊-
21 Nitamvika joho lako, nami nitamfunga mshipi wako kiunoni mwake, na kumkabidhi mamlaka yako. Yeye atakuwa baba kwa wale wanaoishi Yerusalemu na kwa nyumba ya Yuda.
၂၁သင်ရာထူးအလျောက်ဝတ်ဆင်ရသည့်ဝတ် လုံကိုသူ့အားဝတ်ဆင်စေ၍ သင်၏ခါးစည်း ကိုစည်းစေလော့။ သင်ရရှိခဲ့သောအခွင့် အာဏာရှိသမျှကိုအပ်နှင်းမည်။ ထိုသူ သည်ယေရုရှလင်မြို့သူမြို့သားများနှင့် ယုဒပြည်သူတို့အတွက် ဖခင်သဖွယ် ဖြစ်လိမ့်မည်။-
22 Nitaweka mabegani mwake ufunguo wa nyumba ya Daudi. Kile afunguacho hakuna awezaye kufunga, na kile afungacho hakuna awezaye kufungua.
၂၂ငါသည်သူ့အားဒါဝိဒ်၏သားမြေးဖြစ်သူ ပြည်ရှင်မင်း၏အမှုတော်ကိုထမ်းဆောင်ရန် အာဏာအပြည့်အဝအပ်နှင်းပေးမည်။ သူ သည်အလုပ်ဝတ္တရားများဆောင်ရွက်ရာတွင် သော့ချက်သဖွယ်ဖြစ်၍သူပြုသည့်အမှု တို့ကိုအဘယ်သူမျှပြင်ဆင်ပြောင်းလဲ နိုင်လိမ့်မည်မဟုတ်။-
23 Nitamgongomea kama kigingi kilicho mahali palipo imara, naye atakuwa kiti cha enzi cha heshima kwa ajili ya nyumba ya baba yake.
၂၃ငါသည်ခိုင်မြဲစွာရိုက်ထားသည့်ငုတ်ကဲ့သို့ သူ့အားမြဲမြံစွာထားရှိမည်။ သူသည်လည်း မိမိအိမ်ထောင်စုတစ်စုလုံး၏ဂုဏ်အသ ရေကိုဆောင်လိမ့်မည်။
24 Utukufu wote wa jamaa yake utakuwa juu yake: Watoto wa jamaa hiyo na machipukizi yake, vyombo vyake vyote vidogo, tangu bakuli hadi magudulia yote.”
၂၄``သို့ရာတွင်ဆွေမျိုးညာတိများနှင့်မှီခို သူတို့သည် သူ၏အတွက်ဝန်ထုပ်ဝန်ပိုးဖြစ် ၍နေလိမ့်မည်။ ငုတ်တွင်ဆွဲချိပ်ထားသည့်အိုး ခွက်များကဲ့သို့ သူတို့သည်သူ့ကိုတွယ်ကပ် နေကြလိမ့်မည်။-
25 Bwana Mwenye Nguvu Zote asema, “Katika siku ile, kigingi kilichogongomewa mahali imara kitaachia njia. Kitakatwa, nacho kitaanguka na mzigo ulioningʼinia juu yake utaanguka chini.” Bwana amesema.
၂၅ဤသို့ဖြစ်ပျက်လာသောအခါခိုင်မြဲစွာ ရိုက်သွင်းထားသည့်ငုတ်သည် ချောင်၍လာ ကာလဲကျသွားလိမ့်မည်။ ယင်းတွင်ဆွဲချိပ် ထားသမျှသောအရာတို့သည်လည်း ပျက် စီးသွားကြလိမ့်မည်'' ဟုထာဝရဘုရား မိန့်တော်မူ၏။