< Isaya 12 >

1 Katika siku ile utasema: “Nitakusifu wewe, Ee Bwana. Ingawa ulinikasirikia, hasira yako imegeukia mbali nawe umenifariji.
ထို ကာလ ၌ သင် မြွက်ဆို ရမည်ကား၊ အိုထာဝရ ဘုရား ၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ကို အမျက်ထွက် တော်မူသော်လည်း ၊ တဖန် အမျက် တော်ငြိမ်း ၍ ၊ အကျွန်ုပ် ကို နှစ်သိမ့် စေတော်မူ၏။
2 Hakika Mungu ni wokovu wangu; nitamtumaini wala sitaogopa. Bwana, Bwana, ni nguvu zangu na wimbo wangu; amekuwa wokovu wangu.”
ဘုရား သခင်သည် ငါ့ ကို ကယ်တင် သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့် သောစိတ် မ ရှိဘဲ ရဲရင့် မည်။ ထာဝရဘုရား သည် ငါ ချီးမွမ်း ရာ၊ ငါသီချင်း ဆိုရာ၊ ငါ့ ကို ကယ်တင် တော်မူသောအရှင်ဖြစ် တော်မူ၏။
3 Kwa furaha mtachota maji kutoka visima vya wokovu.
သင် တို့သည် ဝမ်းမြောက် သောစိတ် နှင့် ကယ်တင် ခြင်းစမ်းရေတွင်း တို့၌ ရေ ခပ် ရကြလိမ့်မည်။
4 Katika siku hiyo mtasema: “Mshukuruni Bwana, mliitie jina lake; julisheni miongoni mwa mataifa yale aliyoyafanya, tangazeni kuwa jina lake limetukuka.
ထို ကာလ ၌ လည်း ထာဝရဘုရား ၏ ဂုဏ်တော် ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့တွင် ဘော်ပြ လော့။ နာမ တော်သည် မြင့်မြတ် သောကြောင့် ချီးမွမ်း ကြလော့။
5 Mwimbieni Bwana, kwa kuwa ametenda mambo makuu, hili na lijulikane duniani kote.
ထာဝရဘုရား ကိုထောမနာသီချင်းဆို ကြလော့။ထူးဆန်း သောအမှုကိုပြု တော်မူပြီ။အမှု တော်သည်မြေ တပြင် လုံး၌ ထင်ရှား ပါစေ။
6 Pazeni sauti mwimbe kwa furaha, watu wa Sayuni, kwa maana mkuu ni yeye Aliye Mtakatifu wa Israeli miongoni mwenu.”
အိုဇိအုန် သတို့သမီး၊ ကြွေးကြော် လော့။ဝမ်းမြောက်သဖြင့်အော်ဟစ် လော့။ အကြောင်း မူကား၊ဣသရေလ အမျိုး၏သန့်ရှင်း သောဘုရားသည်သင် ၏အလယ် ၌ ဘုန်းကြီး တော်မူ၏ဟုမြွက် ဆိုရလိမ့်မည်။

< Isaya 12 >