< Isaya 11 >

1 Chipukizi litatokea kutoka shina la Yese, kutoka mizizi yake Tawi litazaa tunda.
ယေရှဲ အမျိုးအငုတ် ၌ အတက် ပေါက် လိမ့်မည်။ သူ ၏အမြစ် တို့တွင် အညွန့် သည် အသီးသီး လိမ့်မည်။
2 Roho wa Bwana atakaa juu yake, Roho wa hekima na wa ufahamu, Roho wa shauri na wa uweza, Roho wa maarifa na wa kumcha Bwana
ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။
3 naye atafurahia kumcha Bwana. Hatahukumu kwa yale ayaonayo kwa macho yake, wala kuamua kwa yale ayasikiayo kwa masikio yake,
ထိုသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း၌ မွေ့လျော် သည်ဖြစ်၍ ၊ မိမိ မျက်စိ မြင် သည်အတိုင်း တရား မ စီရင်၊ မိမိ နား ကြား သည်အတိုင်း မ ဆုံးဖြတ် ဘဲ၊
4 bali kwa uadilifu atahukumu wahitaji, kwa haki ataamua wanyenyekevu wa dunia. Ataipiga dunia kwa fimbo ya kinywa chake, kwa pumzi ya midomo yake atawaua waovu.
ဆင်းရဲ သားတို့၏ အမှုကိုတရား တော် အတိုင်း စီရင် ၍ ၊ နှိမ့်ချ သော မြေကြီး သားတို့ဘက် ၌ နေလျက်၊ ဖြောင့်မတ် စွာ ဆုံးဖြတ် လိမ့်မည်။ မြေကြီး ကိုနှုတ်ကပတ် တော်လှံတံ နှင့် ဒဏ်ခတ် ၍ ၊ ဆိုး သောသူကို နှုတ်ခမ်း ထွက်သက် နှင့် ကွပ်မျက် လိမ့်မည်။
5 Haki itakuwa mkanda wake na uaminifu utakuwa mshipi kiunoni mwake.
တရား နှင့် သစ္စာ သည် သူ ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။
6 Mbwa mwitu ataishi pamoja na mwana-kondoo, naye chui atalala pamoja na mbuzi, ndama, mwana simba na ngʼombe wa mwaka mmoja watakaa pamoja, naye mtoto mdogo atawaongoza.
တောခွေး သည် သိုးသငယ် နှင့်အတူ နေ လိမ့်မည်။ ကျားသစ် သည် ဆိတ်သငယ် နှင့်အတူ အိပ် လိမ့်မည်။ နွားသငယ် ၊ ခြင်္သေ့ သငယ်၊ ဆူ အောင်ကျွေးသော အကောင်တို့သည် အတူ သွားလာကြ၍ ၊ လူသူငယ် သည် သူ တို့ကို ပို့ဆောင် လိမ့်မည်။
7 Ngʼombe na dubu watalisha pamoja, watoto wao watalala pamoja, na simba atakula majani makavu kama maksai.
နွားမ နှင့် ဝံ မသည် အတူကျက်စား ၍၊ သူ တို့ သား ငယ်များသည် အတူ အိပ် ကြလိမ့်မည်။ ခြင်္သေ့ သည် လည်း နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။
8 Mtoto mchanga atacheza karibu na shimo la nyoka, naye mtoto mdogo ataweka mkono wake kwenye kiota cha fira.
နို့စို့ သူငယ်သည်လည်း မြွေဆိုး တွင်း ပေါ် မှာ ကစား လိမ့်မည်။ နို့ကွာသော သူငယ် သည်လည်း ၊ မြွေ ဟောက်တွင်း ဝ၌ မိမိ လက် ကိုသွင်း လိမ့်မည်။
9 Hawatadhuru wala kuharibu juu ya mlima wangu mtakatifu wote, kwa kuwa dunia itajawa na kumjua Bwana kama maji yajazavyo bahari.
ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
10 Katika siku hiyo, Shina la Yese atasimama kama bendera kwa ajili ya mataifa. Mataifa yatakusanyika kwake, na mahali pake pa kupumzikia patakuwa utukufu.
၁၀ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။
11 Katika siku hiyo Bwana atanyoosha mkono wake mara ya pili kurudisha mabaki ya watu wake waliosalia kutoka Ashuru, Misri, Pathrosi, Kushi, Elamu, Babeli, Hamathi na kutoka visiwa vya baharini.
၁၁ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။
12 Atainua bendera kwa mataifa na kuwakusanya Waisraeli walioko uhamishoni; atawakusanya watu wa Yuda waliotawanyika kutoka pembe nne za dunia.
၁၂တပါးအမျိုးသား တို့အဘို့ အလံ ကိုထူ တော်မူသဖြင့် ၊ နှင်ထုတ် သောဣသရေလ အမျိုးသားနှင့် ၊ အရပ်ရပ် ကွဲပြား သောယုဒ အမျိုးသားတို့ကို မြေကြီး လေး မျက်နှာ တို့မှ ခေါ်၍ စုဝေး စေတော်မူလိမ့်မည်။
13 Wivu wa Efraimu utatoweka, na adui wa Yuda watakatiliwa mbali; Efraimu hatamwonea Yuda wivu, wala Yuda hatakuwa na uadui na Efraimu.
၁၃ဧဖရိမ် အမျိုးသည် ငြူစူ သောစိတ်ငြိမ်း လိမ့်မည်။ ရန်ပြု တတ်သော ယုဒ အမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည်။ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးကို မ ငြူစူ ရ။ ယုဒ အမျိုးလည်း ဧဖရိမ် အမျိုးကို ရန် မ ပြုရ။
14 Watawashukia katika miteremko ya Wafilisti hadi upande wa magharibi, kwa pamoja watawateka watu nyara hadi upande wa mashariki. Watawapiga Edomu na Moabu, na Waamoni watatawaliwa nao.
၁၄သူတို့သည် အနောက် ဘက်၌ ဖိလိတ္တိ လူများကို လိုက် ၍ တိုက်ကြလိမ့်မည်။ အရှေ့ ပြည်သား တို့၏ ဥစ္စာကို အတူ လုယူ ကြလိမ့်မည်။ ဧဒုံ အမျိုးနှင့် မောဘ အမျိုး ကိုလည်း လုပ်ကြံ ကြလိမ့်မည်။ အမ္မုန် အမျိုးသား တို့ သည်သူ တို့၏အုပ်စိုးခြင်းကိုခံ ရကြလိမ့်မည်။
15 Bwana atakausha ghuba ya bahari ya Misri; kwa upepo mkavu ataupeleka mkono wake juu ya Mto Frati. Ataugawanya katika vijito saba ili watu waweze kuuvuka wakiwa wamevaa viatu.
၁၅ထာဝရဘုရား သည်လည်း ၊ အဲဂုတ္တု ပင်လယ် ၏ လျှာ ကိုဖျောက်ဖျက် တော်မူမည်။ ပြင်း စွာသောလေ တော် နှင့်တကွ လက် တော်ကိုမြစ် ပေါ် မှာလှုပ် ၍ ၊ ချောင်း ခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ် တော်မူသဖြင့် ၊ လူတို့သည် ခြေနင်း စီးလျက် ကျော် သွားကြလိမ့်မည်။
16 Itakuwepo njia kuu kwa mabaki ya watu wake wale waliosalia kutoka Ashuru, kama ilivyokuwa kwa Israeli walipopanda kutoka Misri.
၁၆ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် သွားသောအခါ၌ ဖြစ်သကဲ့သို့ ၊ အာရှုရိ ပြည်မှ ကျန် ကြွင်းသော ကိုယ်တော် ၏လူ တို့သွားရာလမ်း ကြီးဖြစ် ရလိမ့်မည်။

< Isaya 11 >