< Isaya 1 >

1 Maono kuhusu Yuda na Yerusalemu ambayo Isaya mwana wa Amozi aliyaona wakati wa utawala wa Uzia, Yothamu, Ahazi na Hezekia, wafalme wa Yuda.
ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့ လက်ထက် ၌ ၊ အာမုတ် ၏သား ဟေရှာယ သည် ယေရုရှလင် မြို့မှစ၍ ၊ ယုဒ ပြည်နှင့်ဆိုင် သော ဗျာဒိတ် တော်ကိုခံရ သည်မှာ၊
2 Sikieni, enyi mbingu! Sikilizeni, enyi dunia! Kwa maana Bwana amesema: “Nimewalisha watoto na kuwalea, lakini wameniasi mimi.
ထာဝရဘုရား မိန့် တော်မူသည်ဖြစ်၍ ၊ အို ကောင်းကင် ၊ ကြား လော့။ အိုမြေကြီး ၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါ ကျွေးမွေးပြုစုသော သားသမီး တို့သည် ငါ့ ကို ပုန်ကန် ကြပြီ။
3 Ngʼombe anamjua bwana wake, naye punda anajua hori la mmiliki wake, lakini Israeli hajui, watu wangu hawaelewi.”
နွား သော်လည်းမိမိ အရှင် ကိုသိ ၏။ မြည်း သော်လည်း မိမိ သခင် ၏ မြည်းဇောင်း ကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမ သိ ကြ။ ငါ ၏လူမျိုး မူကား၊ မ ဆင်ခြင် တတ်ပါတကား။
4 Lo! Taifa lenye dhambi, watu waliolemewa na uovu, uzao wa watenda mabaya, watoto waliozoelea upotovu! Wamemwacha Bwana, Wamemkataa kwa dharau yeye Aliye Mtakatifu wa Israeli na kumgeuzia kisogo.
ဆိုးယုတ် သောအမျိုး ၊ ဒုစရိုက် ဝန်ကို ထမ်းရွက် သော လူစု ၊ မတရား သဖြင့်ပြုသောအနွှယ် ၊ ဖောက်ပြန် သော သားသမီး ပါတကား။ ထာဝရဘုရား ကို စွန့် ကြပြီ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို မရိုမသေပြု၍ ပယ် ကြပြီ။ ကျော ခိုင်း၍ ခွာသွား ကြပြီ။
5 Kwa nini mzidi kupigwa? Kwa nini kudumu katika uasi? Kichwa chako chote kimejeruhiwa, moyo wako wote ni mgonjwa.
သူတို့ကိုအဘယ်သို့ ဒဏ် ပေးရဦးမည်နည်း။ အဘယ်သို့ထပ်၍ဆုံးမရဦးမည်နည်း။ ဦးခေါင်း သည် အနာ သက်သက်ရှိ၏။ နှလုံး သည်လည်း ခွန်အား အလျှင်း မရှိ။
6 Kutoka wayo wako wa mguu hadi kwenye utosi wa kichwa chako hakuna uzima: ni majeraha matupu na makovu na vidonda vitokavyo damu, havikusafishwa au kufungwa wala kulainishwa kwa mafuta.
ခြေ ဘဝါး မှသည် ဦးခေါင်း တိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှ သောအနာ ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာ သက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မ နယ်ရ။ အဝတ်နှင့်မ စည်း ရ။ ဘယောင်းဆီ နှင့် မ ပြော့ စေရသေး။
7 Nchi yenu imekuwa ukiwa, miji yenu imeteketezwa kwa moto; nchi yenu imeachwa tupu na wageni mbele ya macho yenu, imeharibiwa kama vile imepinduliwa na wageni.
သင် တို့ပြည် သည် လူဆိတ်ညံ လျက်ရှိ၏။ သင် တို့မြို့ များကို မီးလောင် ပြီ။ သင် တို့မြေ ကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင် တို့မျက်မှောက် ၌ စား ကြ၏။ ရန်သူ ဖျက် ပြီးသကဲ့သို့ ၊ လူဆိတ်ညံ လျက်ရှိ၏။
8 Binti Sayuni ameachwa kama kipenu katika shamba la mizabibu, kama kibanda katika shamba la matikitimaji, kama mji uliohusuriwa.
ဇိအုန် သတို့သမီး သည်လည်း ၊ စပျစ် ဥယျာဉ်၌ တဲ ကဲ့သို့ ၎င်း၊ သခွါး တောင်ယာ၌ လင့်စင် ကဲ့သို့ ၎င်း၊ ရန်သူဝိုင်း သောမြို့ ကဲ့သို့ ၎င်း ကျန်ရစ် လေ၏။
9 Kama Bwana Mungu Mwenye Nguvu Zote asingelituachia walionusurika, tungelikuwa kama Sodoma, tungelifanana na Gomora.
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် ငါ တို့ ၌ အနည်းငယ် မျှ ကြွင်း စေတော်မ မူလျှင်၊ ငါတို့သည် သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ဂေါမောရ မြို့နှင့် တူ ကြပြီ။
10 Sikieni neno la Bwana, ninyi watawala wa Sodoma; sikilizeni sheria ya Mungu wetu, enyi watu wa Gomora!
၁၀သောဒုံ မြို့ကို အစိုးရသောမင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြား ကြလော့။ ဂေါမောရ မြို့သား တို့၊ ငါ တို့ဘုရား သခင်၏ တရား တော်ကို နားထောင် ကြလော့။
11 Bwana anasema, “Wingi wa sadaka zenu, ni kitu gani kwangu? Ninazo sadaka za kuteketezwa nyingi kupita kiasi, za kondoo dume na mafuta ya wanyama walionona. Sipendezwi na damu za mafahali wala za wana-kondoo na mbuzi.
၁၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
12 Mnapokuja kujihudhurisha mbele zangu, ni nani aliyewataka ninyi mfanye hivyo, huku kuzikanyaga nyua zangu?
၁၂သင်တို့သည် ငါ ရှေ့ မှာ မျက်နှာပြ ခြင်းငှါ လာ ကြ သောအခါ ၊ ငါ့ တန်တိုင်း တော်ကို ကျော်နင်း သောသင် တို့၌ ထိုသို့ သော ဝတ်ကို အဘယ်သူ တောင်း သနည်း။
13 Acheni kuniletea sadaka zisizokuwa na maana! Uvumba wenu ni chukizo kwangu. Miandamo ya Mwezi, Sabato na makusanyiko ya ibada: siwezi kuvumilia makusanyiko yenu maovu.
၁၃အချည်းနှီး သော ပူဇော် သက္ကာကို နောက်တဖန် မ ဆောင် ခဲ့ကြနှင့်။ သင်တို့မီးရှို့သောနံ့သာ ပေါင်းကို ငါ ရွံရှာ ၏။ လဆန်း နေ့၊ ဥပုသ် နေ့၊ ပရိသတ်စည်းဝေး သောနေ့ ကိုလည်း ရွံရှာ၏။ အဓမ္မ အမှုနှင့်ရောနှောသော ဓမ္မစည်းဝေး ခြင်းတို့ကို သည်းမ ခံ နိုင်။
14 Sikukuu zenu za Miandamo ya Mwezi, na sikukuu zenu zilizoamriwa: moyo wangu unazichukia. Zimekuwa mzigo kwangu, nimechoka kuzivumilia.
၁၄ငါ့ ဝိညာဉ် သည် သင် တို့လဆန်း နေ့များနှင့် ၊ သင် တို့ပွဲ များကို မုန်း ၏။ ငါ့ ကို နှောက်ရှက် စရာဖြစ် ၏။ သည်းခံ ခြင်းအားဖြင့်ငါပင်ပန်း ၏။
15 Mnaponyoosha mikono yenu katika maombi, nitaficha macho yangu nisiwaone; hata mkiomba maombi mengi sitasikiliza. Mikono yenu imejaa damu;
၁၅သင် တို့သည်လက်ဝါး တို့ကို ဖြန့် ကြသောအခါ ၊ ငါသည်မျက်စိ ကိုလွှဲ မည်။ များ စွာသော ပဌနာ ကို ပြုကြသောအခါ ၊ ငါ သည်နား မ ထောင်။ သင် တို့လက် တို့ သည် အသွေး နှင့် ပြည့် ကြ၏။
16 jiosheni na mkajitakase. Yaondoeni matendo yenu maovu mbele zangu! Acheni kutenda mabaya,
၁၆ကိုယ်ကိုကိုယ်ဆေးကြော ကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ် စေကြလော့။ သင် တို့ဒုစရိုက် များကို ငါ့ မျက်မှောက် မှ ပယ်ရှား ကြလော့။ မကောင်း သောအကျင့် ကို ဖြတ် ကြလော့။
17 jifunzeni kutenda mema! Tafuteni haki, watieni moyo walioonewa. Teteeni shauri la yatima, wateteeni wajane.
၁၇ကောင်း သောအကျင့်ကို ကျင့်အံ့သောငှါသင် ကြလော့။ တရား သဖြင့် ပြုခြင်းငှါ ရှာကြံ ကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘ မရှိသောသူတို့ အဘို့ တရား သဖြင့် စီရင်ကြလော့။ မုဆိုးမ တို့၏အမှုကို စောင့် ကြလော့။
18 “Njooni basi tuhojiane,” asema Bwana. “Ingawa dhambi zenu ni kama rangi nyekundu, zitakuwa nyeupe kama theluji; ingawa ni nyekundu sana kama damu, zitakuwa nyeupe kama sufu.
၁၈ထာဝရဘုရား မိန့် တော်မူသည်ကား၊ လာ ကြ။ တရားစီရင် ကြကုန်အံ့။ သင် တို့အပြစ် သည် နီ သော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့် ကဲ့သို့ ဖြူ လိမ့်မည်။ ကတ္တီပါ နီနှင့်အမျှ နီ သော်လည်း ၊ သိုးမွေး ကဲ့သို့ ဖြစ် လိမ့်မည်။
19 Kama mkikubali na kutii, mtakula mema ya nchi,
၁၉သင်တို့သည် ကြည်ညို နားထောင် လျှင် ၊ မြေ အသီးအနှံ ကို စားရ ကြလိမ့်မည်။
20 lakini kama mkikataa na kuasi, mtaangamizwa kwa upanga.” Kwa kuwa kinywa cha Bwana kimenena.
၂၀သို့မဟုတ် ၊ ငြင်းဆန် ပုန်ကန် လျှင် ထား လက်နက်ဖြင့် ဆုံး ရကြလိမ့်မည်ဟု၊ ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
21 Tazama jinsi mji uliokuwa mwaminifu umekuwa kahaba! Mwanzoni ulikuwa umejaa unyofu, haki ilikuwa inakaa ndani yake, lakini sasa ni wauaji!
၂၁သစ္စာ ရှိသောမြို့ သည် အဘယ်သို့ မျောက်မထား ပြန်သနည်း။ အထက်က ဖြောင့်မတ် စွာ စီရင်ခြင်းနှင့်ပြည့် ၏။ တရား သည် သူ ၏အထဲ မှာ နေရာ ကျ၏။ ယခု မူကား ၊ လူအသက်ကိုသတ် သောသူတို့သည် နေရာ ကျကြ၏။
22 Fedha yenu imekuwa takataka, divai yenu nzuri imechanganywa na maji.
၂၂သင် ၏ ငွေ သည်လည်းချော် ဖြစ် လေပြီ။ သင် ၏ စပျစ်ရည် သည် ရေ နှင့် ရော လျက်ရှိ၏။
23 Watawala wenu ni waasi, rafiki wa wevi, wote wanapenda rushwa na kukimbilia hongo. Hawatetei yatima, shauri la mjane haliletwi mbele yao lisikilizwe.
၂၃သင် ၏မင်း တို့သည် ပုန်ကန် ကြပြီ။ သူခိုး လက်ခံ ဖြစ်ကြပြီ။ ထိုမင်းအပေါင်း တို့သည် လက်ဆောင် ကို အလို ရှိကြ၏။ တံစိုး ကိုစား ကြ၏။ မိဘ မရှိသောသူတို့ အဘို့ တရားမ စီရင် ကြ။ မုတ်ဆိုးမ အမှု ကို နား မ ထောင်ကြ။
24 Kwa hiyo Bwana, Bwana Mwenye Nguvu Zote, Mwenye Nguvu wa Israeli, asema hivi: “Lo, nitapata faraja kutoka kwa adui zangu na kujilipizia kisasi juu ya watesi wangu.
၂၄ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲ ၊ ငါ့ တဘက် ၌ နေသောသူတို့ ကို ပယ်ရှားပြီးမှငါချင်ရဲ ပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ ရန်သူ တို့ကို အပြစ်နှင့် အလျောက်စီရင် မည်။
25 Nitauelekeza mkono wangu dhidi yenu, nitawasafisha takataka zenu zote na kuwaondolea unajisi wenu wote.
၂၅သင့် ကို လည်း ငါ ကိုင် ယူပြီးလျှင် ၊ ချော် နှင့် ရှင်းရှင်းကင်းစင် စေ၍ သင် ၏ကြေး ဖြူရှိသမျှ ကိုလည်း ပယ်ရှား မည်။
26 Nitawarudishia waamuzi wenu kama ilivyokuwa siku za zamani, nao washauri wenu kama ilivyokuwa mwanzoni. Baadaye utaitwa, Mji wa Haki, Mji Mwaminifu.”
၂၆သင် ၏ တရားသူကြီး တို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦး စွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည်။ ထို နောက်မှ၊ သင် ၏နာမကို တရား သောမြို့ ၊ သစ္စာ စောင့်သောမြို့ ဟု သမုတ် ကြလိမ့်မည်။
27 Sayuni itakombolewa kwa haki, wale waliomo ndani yake waliotubu kwa uaminifu.
၂၇ဇိအုန် မြို့သည် တရား အားဖြင့် ၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ် သောအားဖြင့် ၎င်း၊ ရွေးနှုတ် ခြင်း ကိုခံ ရကြလိမ့်မည်။
28 Lakini waasi na wenye dhambi wote wataangamizwa, nao wanaomwacha Bwana wataangamia.
၂၈လွန်ကျူး သောသူနှင့် ပြစ်မှား သောသူတို့သည် ပျက်စီး ခြင်းသို့ အတူ ရောက်၍ ၊ ထာဝရဘုရား ကို စွန့် သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။
29 “Mtaaibika kwa sababu ya hiyo mialoni ambayo mlifurahia, mtafadhaika kwa sababu ya bustani mlizozichagua.
၂၉သင်တို့သည် တပ်မက် ဘူးသော သပိတ် ပင်တို့ ကြောင့် ရှက် ကြလိမ့်မည်။ သင်တို့သည် ရွေး ယူဘူးသော ဥယျာဉ် တို့ကြောင့် မျက်နှာပျက် ကြလိမ့်မည်။
30 Mtakuwa kama mwaloni wenye majani yanayonyauka, kama bustani isiyokuwa na maji.
၃၀အကြောင်း မူကား၊ အရွက် နွမ်း သော သပိတ် ပင် ကဲ့သို့ ၎င်း၊ ရေ မရှိ သော ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
31 Mtu mwenye nguvu atatoweka kama majani makavu yawakayo moto, na kazi yake kama cheche ya moto; vyote vitaungua pamoja, wala hakuna wa kuuzima huo moto.”
၃၁ခွန်အားကြီး သောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ ၏အမှု သည် မီးပွား ဖြစ်လျက်၊ ထို နှစ် ပါးသည် အတူ လောင် ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မ သတ် ရ။

< Isaya 1 >