< Hosea 12 >

1 Efraimu anajilisha upepo; hufukuzia upepo wa mashariki kutwa nzima na kuzidisha uongo na jeuri. Anafanya mkataba na Ashuru na kutuma mafuta ya zeituni Misri.
ဧဖရိမ် သည် လေ ကို ကျက်စား တတ်၏။ အရှေ့ လေကို လိုက် တတ်၏။ နေ့ တိုင်း မုသာ စကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြား စေတတ်၏။ အာရှုရိ လူတို့ နှင့် မိဿဟာယ ဖွဲ့လျက် နှင့်ပင်၊ အဲဂုတ္တု ပြည်သို့ ဆီ ကို ယူ သွားတတ်၏။
2 Bwana analo shtaka dhidi ya Yuda, atamwadhibu Yakobo kwa kadiri ya njia zake na kumlipa kwa kadiri ya matendo yake.
ထာဝရဘုရား သည် ယုဒ အမျိုးနှင့် လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ် ၏အကျင့် တို့ကို စစ်ကြော ၍ သူ ပြုမူ သည်နှင့်အညီ အပြစ် ပေးတော်မူမည်။
3 Yakobo akiwa tumboni alishika kisigino cha kaka yake; kama mwanadamu, alishindana na Mungu.
ယာကုပ်သည် အမိဝမ်း ၌ အစ်ကို ၏ ဖနှောင့် ကို ကိုင်၏။ ခွန်အား ကြီး၍ ဘုရား သခင်နှင့် ပြိုင် လေ၏။
4 Alishindana na malaika na kumshinda; alilia na kuomba upendeleo wake. Alimkuta huko Betheli na kuzungumza naye huko:
ကောင်းကင် တမန်နှင့် ပြိုင် ၍ နိုင် လေ၏။ ငို ၍ တောင်းပန် နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ကို ဗေသလ မြို့မှာ ဖူးတွေ့ ၍ ၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကိုခံ လေ၏။
5 Bwana Mungu Mwenye Nguvu Zote, Bwana ndilo jina lake!
ထာဝရဘုရား တည်းဟူသောနာမ သည်ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။
6 Lakini ni lazima urudi kwa Mungu wako; dumisha upendo na haki, nawe umngojee Mungu wako siku zote.
သို့ဖြစ်၍ ၊ သင် ၏ဘုရား သခင့်ထံ တော်သို့ ပြန်လာ လော့။ ကရုဏာ တရား၊ ဖြောင့်မတ်ခြင်းတရား ကို စောင့်ရှောက် ၍ ၊ သင် ၏ဘုရား သခင်ကို အစဉ် မပြတ်မြော်လင့် လော့။
7 Mfanyabiashara hutumia vipimo vya udanganyifu; hupenda kupunja.
သူသည် ကုန်သည် ဖြစ်၏။ စဉ်းလဲ သော ချိန်ခွင် ကို ကိုင် တတ်၏။ သူတပါးကို ညှဉ်းဆဲ ခြင်းငှါ အလိုရှိ ၏။
8 Efraimu hujisifu akisema, “Mimi ni tajiri sana; nimetajirika. Pamoja na utajiri wangu wote hawatakuta ndani yangu uovu wowote au dhambi.”
သို့ရာတွင် ၊ ဧဖရိမ် က၊ ငါသည် ရတတ် ၏။ ဘဏ္ဍာ ကို သိုထား ပြီ။ ကြိုးစား သမျှတို့၌ အပြစ် ပါသော လွန်ကျူး ခြင်းကို ရှာ၍ မ တွေ့ ရာဟု ဆို လိမ့်မည်။
9 “Mimi ndimi Bwana Mungu wenu niliyewaleta kutoka Misri; nitawafanya mkae tena kwenye mahema, kama vile katika siku za sikukuu zenu zilizoamriwa.
ငါ ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ဓမ္မပွဲ ခံစဉ်တွင် နေတတ်သကဲ့သို့ တဖန် တဲ တို့၌ နေ စေမည်။
10 Niliongea na manabii, nikawapa maono mengi na kusema mifano kupitia wao.”
၁၀ငါသည် ပရောဖက် တို့၌ ဗျာဒိတ် ပေးပြီ။ များစွာ သော ရူပါရုံ တို့ကို ပြပြီ။ ပရောဖက် များအားဖြင့် ပုံပမာ တို့ကို ထားပြီ။
11 Je, Gileadi si mwovu? Watu wake hawafai kitu! Je, hawatoi dhabihu za mafahali huko Gilgali? Madhabahu zao zitakuwa kama malundo ya mawe katika shamba lililolimwa.
၁၁ဂိလဒ် ပြည်၌ အပြစ် ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်း ရှိ ကြပြီ။ ဂိလဂါလ မြို့၌ နွား တို့ကို ယဇ် ပူဇော်၍ ၊ ယဇ် ပလ္လင်တို့သည် ထွန်ကြောင်း တွင် မြေ အပုံပုံ ရှိသကဲ့သို့ များကြ၏။
12 Yakobo alikimbilia katika nchi ya Aramu; Israeli alitumika ili apate mke, ili aweze kulipa kwa ajili yake alichunga kondoo.
၁၂ယာကုပ် သည် ရှုရိ ပြည် သို့ ပြေး ၏။ ဣသရေလ သည် မယား ကိုရခြင်းငှါ အစေ ကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။
13 Bwana alimtumia nabii kumpandisha Israeli kutoka Misri, kwa njia ya nabii alimtunza.
၁၃ထာဝရဘုရား သည် ပရောဖက် အားဖြင့် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ ကယ်နှုတ် ၍ ၊ ပရောဖက် အားဖြင့် လည်း စောင့်မ တော်မူ၏။
14 Lakini Efraimu amemchochea sana hasira; Bwana wake ataleta juu yake hatia yake ya kumwaga damu naye atamlipiza kwa ajili ya dharau yake.
၁၄ဧဖရိမ် သည် အမျက် တော်ကို အလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကိုသတ် သော အပြစ် သည် သူ ၌ ရောက် လိမ့်မည်။ သူ ကဲ့ရဲ့ ခြင်း အပြစ်ကို သူ ၏သခင် သည် ပြန် ပေးလိမ့်မည်။

< Hosea 12 >