< Habakuki 2 >
1 Nitasimama katika zamu yangu, na kujiweka mwenyewe juu ya maboma; nitatazama nione atakaloniambia, na ni jibu gani nitakalotoa kuhusu lalamiko hili.
၁ငါသည်လင့်စင်ပေါ်သို့တက်၍မြေကတုတ်ပေါ်မှစောင့်လျက် ထာဝရဘုရားငါပြောရမည့်စကားများကိုအဘယ်သို့မိန့်တော်မူ မည်၊ ငါ၏တိုင်တန်းချက်ကိုအဘယ်သို့ဖြေကြားတော်မူမည်ကိုစောင့်ဆိုင်း၍နေမည်။
2 Kisha Bwana akajibu: “Andika ufunuo huu, na ukaufanye wazi juu ya vibao, ili mpiga mbiu akimbie nao.
၂ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
3 Kwa kuwa ufunuo huu unasubiri wakati uliokubalika; unazungumzia mambo ya mwisho, na kamwe hautakosea. Iwapo utakawia, wewe usubiri; kwa hakika utakuja na hautachelewa.
၃ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
4 “Tazama, amejaa majivuno; anavyovitamani si vya unyofu: lakini mwenye haki ataishi kwa imani yake:
၄ဗျာဒိတ်တော်ကား`သူယုတ်မာတို့သည်အသက်မရှင်နိုင်ကြ။ သူတော်ကောင်းတို့မူကားဘုရားသခင်ကိုသစ္စာစောင့်သောကြောင့်အသက်ရှင်ရကြလိမ့်မည်' ဟူ၍လာသတည်း။''
5 hakika mvinyo humsaliti; ni mwenye kiburi na hana amani. Kwa sababu ni mlafi kama kuzimu na kama kifo kamwe hatosheki; anajikusanyia mataifa yote na kuchukua watu wote mateka. (Sheol )
၅ကြွယ်ဝချမ်းသာခြင်းသည်လှည့်စားတတ်၏။ လောဘရမက်ကြီးသူတို့သည် မာန်မာန ထောင်လွှားလျက်စိတ်တည်ငြိမ်မှုမရှိ။ သူတို့ သည်သေမင်းကဲ့သို့အဘယ်အခါ၌မျှ ကျေနပ်ရောင့်ရဲမှုမရှိ။ ထို့ကြောင့်သူတို့ သည်တစ်နိုင်ငံပြီးတစ်နိုင်ငံတိုက်ခိုက် သိမ်းယူတတ်လေသည်။- (Sheol )
6 “Je, watu wote hawatamsuta kwa dhihaka na kumbeza, wakisema, “‘Ole wake yeye akusanyaye bidhaa zilizoibwa na kujifanyia utajiri kwa kutoza kwa nguvu! Ataendelea hivi kwa muda gani?’
၆စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ မခံသာပြောဆိုလျက်မထီလေးစားပြုကြ လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။
7 Je, wadai wako hawatainuka ghafula? Je, hawataamka na kukufanya utetemeke? Kisha utakuwa mhanga kwao.
၇အကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော သင်တို့သည်အကြွေးတင်နေလျက်အတိုး ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန် လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက် ခိုက်လုယက်ကြလိမ့်မည်။-
8 Kwa kuwa umeteka nyara mataifa mengi, watu waliobaki watakuteka nyara wewe. Kwa kuwa umemwaga damu ya mtu; umeharibu nchi na miji, na kila mmoja ndani yake.
၈သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့ ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက် မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့ ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့ အားတိုက်ခိုက်လုယက်ကြလိမ့်မည်။
9 “Ole wake yeye ajengaye milki yake kwa mapato ya udhalimu, awekaye kiota chake juu, ili kukimbia makucha ya uharibifu!
၉သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည် မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့ အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင် ပြုခဲ့ကြပြီ။-
10 Umefanya shauri la maangamizi ya watu wengi, ukiaibisha nyumba yako mwenyewe, na kupotewa na maisha yako.
၁၀သို့ရာတွင်သင်တို့၏စီမံကိန်းများကပင် လျှင် သင်တို့လူမျိုးကိုအရှက်ရစေလေပြီ။ သင်တို့သည်လူမျိုးတကာတို့ကိုသုတ်သင် ဖျက်ဆီးခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်ယို ယွင်းပျက်စီးရလေပြီ။-
11 Mawe ya kuta yatapiga kelele, na mihimili ya kazi ya mbao itarudisha mwangwi wake.
၁၁အိမ်နံရံကျောက်များကပင်လျှင်သင်တို့ကို အော်ဟစ်စွပ်စွဲလျက် ခေါင်ရှိဒိုင်းများကပဲ့ တင်သံပေးကြလေကုန်ပြီ။
12 “Ole wake yeye ajengaye mji kwa kumwaga damu na kuusimamisha mji kwa uhalifu!
၁၂သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ရာဇဝတ်မှုအပေါ်တွင် အုတ်မြစ်ချ၍လူ သတ်မှုဖြင့်မြို့ကိုတည်ထောင်ခဲ့ကြ၏။-
13 Je, Bwana Mwenye Nguvu Zote hakuonyesha kwamba kazi ya wanadamu ni mafuta tu kwa ajili ya moto, na kwamba mataifa yanajichosha bure?
၁၃သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည် အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့ သမျှသောအဆောက်အဦတို့သည်မီးလောင် ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။-
14 Kwa kuwa dunia itajazwa na maarifa ya utukufu wa Bwana, kama maji yaifunikavyo bahari.
၁၄ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့ သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏ ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့် လျက်နေလိမ့်မည်။
15 “Ole wake yeye awapaye jirani zake kileo, akiimimina kutoka kwenye kiriba cha mvinyo mpaka wamelewa, ili apate kutazama miili yao iliyo uchi.
၁၅သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမျက်ထွက်သဖြင့် မိမိတို့အိမ်နီးချင်းတိုင်း ပြည်များကိုရှုတ်ချ၍အသရေဖျက်ခဲ့၏။ သူတို့အားသေသောက်ကြူးများသဖွယ်ယိမ်း ထိုး၍နေစေခဲ့၏။-
16 Utajazwa na aibu badala ya utukufu. Sasa ni zamu yako! Kunywa na ujifunue! Kikombe kutoka kwenye mkono wa kuume wa Bwana kinakujia, na aibu itafunika utukufu wako.
၁၆သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက် ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ် ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-
17 Ukatili ulioifanyia Lebanoni utakufunika, na uharibifu uliowafanyia wanyama utakutisha. Kwa sababu umemwaga damu ya mtu; umeharibu nchi na miji na kila mmoja aliyeko ndani yake.
၁၇သင်တို့သည်လေဗနုန်သစ်တောများကိုခုတ် လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင် ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင် တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ် ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ ပေါ်ရှိလူများမြို့များကိုအကြမ်းဖက် ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု အရာများဖြစ်ပျက်လာလိမ့်မည်။
18 “Sanamu ina thamani gani, kwani mwanadamu ndiye alichonga? Ama kinyago kinachofundisha uongo? Kwa kuwa yeye aliyekitengeneza hutegemea kazi ya mikono yake mwenyewe; hutengeneza sanamu zisizoweza kuzungumza.
၁၈ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင် ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့် အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား ရမည်နည်း။ ယင်းသည်စကားမပြောနိုင် သည့်ဘုရားဖြစ်ပါသည်တကား၊-
19 Ole wake yeye auambiaye mti, ‘Uwe hai!’ Ama asemaye na jiwe lisilo na uhai, ‘Amka!’ Je, linaweza kuongoza? Limefunikwa kwa dhahabu na fedha; hakuna pumzi ndani yake.
၁၉သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း မံထားကောင်းထားမည်ဖြစ်သော်လည်း ထိုရုပ်တုတွင်အသက်ကားမရှိ။
20 Lakini Bwana yuko katika Hekalu lake takatifu; dunia yote na inyamaze mbele yake.”
၂၀ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သည့်ဗိမာန်တော်တွင်ရှိတော်မူ၏။ ကမ္ဘာ မြေပေါ်ရှိလူအပေါင်းတို့သည်ရှေ့တော်၌ ငြိမ်သက်စွာနေကြစေ။