< Mwanzo 45 >

1 Hapo Yosefu hakuweza kujizuia zaidi mbele ya wote waliokuwa wamesimama karibu naye, akapaza sauti, akasema, “Mwondoeni kila mtu mbele yangu!” Kwa hiyo hapakuwepo mtu yeyote pamoja na Yosefu alipojitambulisha kwa ndugu zake.
ထိုအခါ ယောသပ် သည် မိမိ ထံ ၌ရှိ သောသူအပေါင်း တို့ရှေ့ တွင်၊ ဣန္ဒြေကို မ ချုပ်တည်း နိုင် သောကြောင့် ၊ လူ အပေါင်း တို့ငါ့ ထံ မှ ထွက် သွားကြဟု ဟစ် ၍ မိမိဇာတိ အဖြစ်ကို အစ်ကို တို့အား ပြသောအခါ ၊ အခြား သော သူတယောက်မျှ မ ရှိရ။
2 Naye akalia kwa sauti kubwa kiasi kwamba Wamisri walimsikia, hata watu wa nyumbani mwa Farao wakapata hizo habari.
သူ သည်လည်း ကျယ် သောအသံ နှင့် ငိုကြွေး ၏။ အဲဂုတ္တု လူတို့သည် နန်းတော် တိုင်အောင်ကြား ကြ၏။
3 Yosefu akawaambia ndugu zake, “Mimi ni Yosefu! Je, baba yangu angali hai bado?” Lakini ndugu zake hawakuweza kumjibu, kwa sababu walipatwa na hofu kuu mbele yake.
အစ်ကို တို့အား လည်း ၊ ကျွန်ုပ် ယောသပ် ဖြစ်၏။ ကျွန်ုပ် အဘ သည် အသက် ရှင်သေး သလောဟုဆို ၏။ အစ်ကို တို့သည် စကားတုံ့ပြန်၍ မ ပြော နိုင် အောင် သူ့ ရှေ့ မှာ မိန်းမော တွေဝေလျက် နေကြ၏။
4 Ndipo Yosefu akawaambia ndugu zake, “Sogeeni karibu nami.” Waliposogea, akasema, “Mimi ni ndugu yenu Yosefu, yule ambaye mlimuuza Misri!
ယောသပ် ကလည်း ၊ ကျွန်ုပ် အနီးအပါးသို့ လာ ကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါး သို့ ချဉ်း လာကြ၏။ သူ ကလည်း ကျွန်ုပ် သည် အဲဂုတ္တု ပြည် သို့ ရောင်း လိုက်သော သင် တို့ညီ ဖြစ်ပါ၏။
5 Sasa, msihuzunike wala msijichukie wenyewe kwa kuniuza huku, kwa sababu ilikuwa ni ili kuokoa maisha ya watu ndiyo sababu Mungu alinituma niwatangulie ninyi.
သို့ရာတွင် သင် တို့သည် ကျွန်ုပ် ကို ဤ အရပ်သို့ ရောင်း လိုက်မိသောကြောင့် စိတ် မ ညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက် မ ထွက်ကြနှင့်။ အကြောင်း မူကား၊ ဘုရားသခင် သည် လူတို့အသက် ကို စောင့်မစေခြင်းငှါ သင် တို့ရှေ့ မှာ ကျွန်ုပ် ကိုစေလွှတ် တော်မူပြီ။
6 Kwa miaka miwili sasa imekuwepo njaa katika nchi, pia kwa miaka mitano ijayo hapatakuwepo kulima wala kuvuna.
မြေ ပေါ် မှာ နှစ် နှစ်အစာခေါင်းပါး ခဲ့ပြီ။ လယ်လုပ် ခြင်း၊ စပါး ရိတ်ခြင်းကို မ ပြုရသောနှစ် ငါး နှစ် ရှိ သေး၏။
7 Lakini Mungu alinitanguliza mbele yenu ili kuhifadhi mabaki kwa ajili yenu katika nchi, na kuokoa maisha yenu kwa wokovu mkuu.
ဘုရားသခင် သည် သင် တို့ကို မြေကြီး ပေါ် မှာ ကျန်ကြွင်း စေခြင်းငှါ ၎င်း၊ ကြီး စွာသော ကယ်တင် ခြင်း အားဖြင့် သင် တို့အသက် ကို ချမ်းသာစေခြင်းငှါ ၎င်း၊ သင် တို့ရှေ့ မှာ ကျွန်ုပ် ကို စေလွှတ် တော်မူပြီ။
8 “Kwa hiyo basi, si ninyi mlionileta huku, bali ni Mungu. Alinifanya kuwa baba kwa Farao, bwana wa watu wa nyumbani mwake wote, na mtawala wa Misri yote.
သို့ဖြစ်၍ သင် တို့သည် ကျွန်ုပ် ကိုဤ အရပ်သို့ စေလွှတ် သည်မ ဟုတ်၊ ဘုရားသခင် စေလွှတ်တော်မူသတည်း။ ကျွန်ုပ် ကို ဖါရော ဘုရင်၏ အဘ အရာ၌ ၎င်း၊ နန်းတော် အုပ် အရာ၌ ၎င်း၊ အဲဂုတ္တု ပြည် လုံး ကို အုပ်စိုး သောသခင် အရာ၌၎င်း ခန့် ထားတော်မူပြီ။
9 Sasa rudini haraka kwa baba yangu na mwambieni, ‘Hili ndilo mwanao Yosefu asemalo: Mungu amenifanya mimi kuwa bwana wa Misri yote. Shuka uje kwangu, wala usikawie.
အလျင်အမြန် ထ၍ အဘ ထံ သို့ သွား ကြလော့။ အဘ အား လည်း ၊ သား ယောသပ် က၊ ဘုရားသခင် သည် ကျွန်ုပ် ကို အဲဂုတ္တု ပြည်လုံး သခင် ဖြစ် စေတော်မူပြီ။ ကျွန်ုပ် ထံ သို့လာ ပါ၊ မ ဆိုင်း ပါနှင့်။
10 Nawe utaishi katika nchi ya Gosheni na kuwa karibu nami, wewe, watoto wako na wajukuu wako, makundi yako ya kondoo, mbuzi na ngʼombe, pamoja na vyote ulivyo navyo.
၁၀အဘသည် ဂေါရှင် အရပ် ၌ နေ ရမည်။ ကျွန်ုပ် အနား မှာ ရှိ ရမည်။ အဘ မှစ၍ သား မြေး ၊ သိုး ၊ နွား နှင့်တကွ ရှိသမျှ ပါရမည်။
11 Nitawatunza huko, kwa sababu bado iko miaka mingine mitano inayokuja ya njaa. La sivyo, wewe na nyumba yako na wote ulio nao mtakuwa fukara.’
၁၁ထို အရပ်၌ ကျွန်ုပ်ကျွေးမွေး ပါမည်။ သို့မဟုတ်အဘ မှစ၍ အိမ်သူ အိမ်သားနှင့်တကွ ရှိသမျှ တို့ သည် ဆင်းရဲခြင်း သို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါး သောနှစ် ငါး နှစ်ရှိ သေးသည်ဟု ပြောကြလော့။
12 “Mnaweza kujionea wenyewe, hata ndugu yangu Benyamini, kwamba hakika ni mimi ninayezungumza nanyi.
၁၂ကျွန်ုပ် သည် ကိုယ်တိုင်သင် တို့နှင့် နှုတ်ဆက် သည်ကို ၊ သင် တို့မျက်စိ ၊ ကျွန်ုပ် ညီ ဗင်ယာမိန် မျက်စိ အမြင် သားဖြစ်၏။
13 Mwambieni baba yangu juu ya heshima yote niliyopewa huku Misri, na kuhusu kila kitu mlichokiona. Mleteni baba yangu huku haraka.”
၁၃အဲဂုတ္တု ပြည်၌ ကျွန်ုပ် ရသောဘုန်း စည်းစိမ်းမှစ၍ သင်မြင် သမျှ တို့ကို အဘ အား ပြော ရမည်။ အလျင်အမြန် ပြု၍ အဘ ကို ဤ ပြည်သို့ ဆောင် ခဲ့ရမည်ဟု ဆိုပြီးလျှင်၊
14 Ndipo akamkumbatia Benyamini ndugu yake na kulia, naye Benyamini akamkumbatia akilia.
၁၄ညီ ဗင်္ယာမိန် လည်ပင်း ကို ဘက် ၍ ငို လေ၏။ ဗင်္ယာမိန် သည်လည်း သူ ၏လည်ပင်း ၌ ငို လေ၏။
15 Pia akawabusu ndugu zake wote, huku akilia. Baada ya hayo ndugu zake wakazungumza naye.
၁၅တဖန် အစ်ကို ရှိသမျှ တို့ကို နမ်း ၍ သူ တို့နှင့် ငို သော နောက် အချင်းချင်း နှုတ်ဆက် ကြ၏။
16 Habari zilipofika kwenye jumba la Farao kwamba ndugu zake Yosefu wamefika, Farao na maafisa wake wote wakafurahi.
၁၆ယောသပ် အစ်ကို တို့သည် ရောက် လာကြပြီဟု နန်းတော် ၌ သိတင်း ကြား ၍ ၊ ဖာရော ဘုရင် အစ ရှိသော ကျွန် တော်မျိုးတို့သည် နှစ်သက် ကြ၏။
17 Farao akamwambia Yosefu, “Waambie ndugu zako, ‘Fanyeni hivi: Pakieni wanyama wenu mrudi mpaka nchi ya Kanaani,
၁၇ဖါရော ဘုရင်သည်လည်း ယောသပ် ကိုခေါ် ၍၊ သင် ၏အစ်ကို တို့အား အဘယ်သို့ပြော ရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ ပြု ကြလော့။ မြည်း တို့ကို ဝန် တင်၍ ခါနာန် ပြည် သို့ ပြန် သွား သဖြင့်၊
18 mkamlete baba yenu na jamaa zenu kwangu. Nitawapa sehemu nzuri sana ya nchi ya Misri nanyi mtafurahia unono wa nchi.’
၁၈သင် တို့အဘ နှင့် အိမ်သူ အိမ်သားတို့ကိုယူ ၍ ကျွန်ုပ် ထံ သို့လာ ကြလော့။ အဲဂုတ္တု ပြည် ၏စည်းစိမ်း ကို ငါပေး ၍ ၊ သင် တို့သည် မြေဩဇာ ကိုသာ စား ရကြ လိမ့်မည်။
19 “Mnaagizwa pia kuwaambia, ‘Fanyeni hivi: Chukueni magari ya kukokotwa kutoka Misri, kwa ajili ya watoto wenu na wake zenu, mkamchukue baba yenu mje.
၁၉အမိန့် တော်ရှိသည်ဖြစ်၍ ဤသို့ ပြု ကြလော့။ သင် တို့မိန်းမ များ၊ သူငယ် များဘို့ ၊ အဲဂုတ္တု ပြည် ထဲ က လှည်း တို့ကို ယူ ပြီးလျှင် အဘ ကိုဆောင် ၍ လာ ခဲ့ကြလော့။
20 Msijali kamwe kuhusu mali zenu, kwa sababu mema yote ya Misri yatakuwa yenu.’”
၂၀သင် တို့ဥစ္စာများကို မ နှမြော ကြနှင့်။ အဲဂုတ္တု ပြည် ၏ စည်းစိမ် ရှိသမျှ သည် သင် တို့ဥစ္စာ ဖြစ်၏ဟု အမိန့် တော်ရှိသည်အတိုင်း၊
21 Hivyo wana wa Israeli wakafanya hivyo. Yosefu akawapa magari ya kukokotwa, kama Farao alivyoagiza, pia akawapa mahitaji kwa ajili ya safari yao.
၂၁ဣသရေလ ၏ သား တို့သည်ပြု ၍ ၊ ယောသပ် သည် လှည်း တို့ကို၎င်း၊ လမ်း ခရီး၌ စားစရိတ် များကို၎င်း ပေး ၏။
22 Kila mmoja mavazi mapya, lakini Benyamini akampa shekeli 300 za fedha, na jozi tano za nguo.
၂၂အစ်ကို ရှိသမျှ တို့အား လည်း အဝတ် လဲ စရာဘို့ ပေး ၏။ ဗင်္ယာမိန် အား လည်း ၊ ငွေ အကျပ်သုံး ရာ နှင့် အဝတ် လဲစရာဘို့ အဝတ် ငါး စုံ ကို ထပ်၍ပေး ၏။
23 Hivi ndivyo vitu alivyotuma kwa baba yake: punda kumi waliochukua vitu vizuri vya Misri, punda wake kumi waliobeba nafaka, mikate na mahitaji mengine ya safari.
၂၃အဘ အား လည်း အဲဂုတ္တု ပြည်၏ ကောင်း သောအရာတို့ကို ဆောင် သော မြည်း တဆယ် ၊ လမ်း ခရီး၌ အဘ စားစရာ ဘို့ စပါး ၊ မုန့် ၊ ခဲဘွယ်စားဘွယ်များကို ဆောင် သောမြည်း တဆယ် ကိုပေး လိုက်၏။
24 Akaagana na ndugu zake walipokuwa wakiondoka, akawaambia, “Msigombane njiani!”
၂၄သင်တို့သည် လမ်း ၌ ရန် မ တွေ့ကြနှင့်ဟု မှာ ထားလျက် အစ်ကို တို့ကို လွှတ် လိုက်၍ သူတို့သည် သွား ကြ၏။
25 Basi wakatoka Misri na kufika kwa baba yao Yakobo katika nchi ya Kanaani.
၂၅ထိုသို့ အဲဂုတ္တု ပြည်မှ ထွက်သွား ၍ ၊ ခါနာန် ပြည် အဘ ယာကုပ် ထံ သို့ရောက် ကြလျှင်၊
26 Wakamwambia baba yao, “Yosefu angali hai! Ukweli ni kwamba yeye ndiye mtawala wa Misri yote.” Yakobo akapigwa na bumbuazi; hakuwasadiki.
၂၆ယောသပ် သည် အသက် ရှင်သေး ၏။ အဲဂုတ္တု ပြည် လုံး ကို အုပ်စိုး ရ၏ဟု ကြား ပြောကြသည်ရှိသော် ၊ ယာကုပ် သည် စိတ် နှလုံးလျော့ ၏။ သူ တို့စကားကို မ ယုံ နိုင်။
27 Lakini walipokwisha kumweleza kila kitu ambacho Yosefu alikuwa amewaambia, na alipoona magari ya kukokotwa Yosefu aliyokuwa amempelekea ya kumchukua aende Misri, roho ya baba yao Yakobo ikahuishwa.
၂၇သူ တို့သည်လည်း ယောသပ် ပြော သမျှ သော စကား တို့ကို ပြန် ပြောကြ၏။ အဘ ယာကုပ် သည် မိမိ စီး စရာဘို့ ယောသပ် ပေး လိုက်သော လှည်း တို့ကို မြင် သောအခါ စိတ် နှလုံးအားဖြည့် ပြန်၏။
28 Ndipo Israeli akasema, “Nimesadiki! Mwanangu Yosefu bado yu hai. Nitakwenda nikamwone kabla sijafa.”
၂၈ဣသရေလ ကလည်း ၊ တန် တော့။ ငါ့ သား ယောသပ် အသက် ရှင်သေး ၏။ ငါမ သေ မှီ သူ့ ကိုသွား ၍ ကြည့် မည်ဟုဆို ၏။

< Mwanzo 45 >