< Mwanzo 41 >

1 Baada ya miaka miwili kamili kupita, Farao aliota ndoto: Tazama alikuwa amesimama kando ya Mto Naili,
ထိုနောက် နှစ် နှစ်လွန် သောအခါ ၊ ဖါရော မင်း သည် အိပ်မက် ကို မြင်မက်သည်ကား၊ မိမိသည် မြစ် နား ၌ ရပ် နေ၏။
2 wakati ngʼombe saba, wazuri na wanono, walitokea mtoni wakajilisha kwenye matete.
အဆင်း လှ ၍ ဝ သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင် ကို စား လျက် နေကြ၏။
3 Baada yao ngʼombe wengine saba, wabaya na waliokonda, wakatokea mtoni Naili wakasimama kando ya wale wanono ukingoni mwa mto.
ထိုနွားတို့နောက်မှ အဆင်း မ လှ၊ ပိန်သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ အရင်နွား တို့ အနား ၌ ကမ်း ပေါ် မှာ ရပ် နေကြ၏။
4 Wale ngʼombe wabaya na waliokonda wakawala wale saba wazuri na wanono. Kisha Farao akaamka.
အဆင်း မ လှ ပိန် သောနွား တို့သည်၊ အဆင်း လှ ၍ ဝ သောနွား ခုနစ် ကောင်တို့ကို ကိုက်စား ကြ၏။ ဖါရော မင်းလည်း နိုး လေ၏။
5 Farao akaingia usingizini tena akaota ndoto ya pili: Akaona masuke saba ya nafaka, yenye afya na mazuri, yanakua katika bua moja.
တဖန် အိပ် ပြန်၍ အိပ်မက် ကို မြင်မက်ပြန်သည် ကား၊ အလုံး ကြီး ၍ ကောင်း သော စပါးခုနစ် နှံတို့သည် စပါး တပင် တည်း၌ ဖြစ်ကြ၏။
6 Baadaye, masuke mengine saba yakachipua, yakiwa membamba yaliyonyaushwa na upepo wa mashariki.
ထိုနောက်မှ အလုံး သေး၍ အရှေ့ လေဖြင့် ပျက် သော စပါး ခုနစ် နှံတို့သည် ပေါက် ကြ၏။
7 Masuke yale membamba yakameza yale masuke saba yenye afya na yaliyojaa. Basi Farao akaamka kutoka usingizini, kumbe ilikuwa ndoto.
အလုံး သေးသော စပါး ခုနစ် နှံတို့သည် အလုံး ကြီး၍ ကောင်း သော စပါး ခုနစ်နှံတို့ကို စား ကြ၏။ ဖါရော မင်းလည်း နိုး ၍ အိပ်မက် ဖြစ်သည်ကို သိ လေ၏။
8 Asubuhi yake, alifadhaika akilini, hivyo akawaita waaguzi wote pamoja na watu wenye busara wa Misri. Walipokuja, Farao akawaeleza ndoto zake, lakini hakuna hata mmoja aliyeweza kumfasiria.
နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။
9 Ndipo mnyweshaji mkuu alipomwambia Farao, “Leo nimekumbushwa kuhusu kosa langu.
ထိုအခါ ဖလား တော်ဝန်က ၊ ကျွန်တော် သည် ကိုယ် အပြစ် ကို ယနေ့ အောက်မေ့ ပါ၏။
10 Wakati fulani Farao aliwakasirikia watumishi wake, akanifunga mimi na mwokaji mkuu katika nyumba ya mkuu wa ulinzi.
၁၀ဖါရော ဘုရင်သည် ကျွန်တော် နှင့် စား တော်ဝန် ကို အမျက်ထွက် ၍ ကိုယ်ရံတော် မှူးအိမ် ၌ ချုပ် ထားတော်မူ သောအခါ၊
11 Kila mmoja wetu aliota ndoto katika usiku mmoja na kila ndoto ilikuwa na maana yake tofauti.
၁၁ကျွန်တော် တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် မြင် မက်ကြပါ၏။
12 Basi kijana wa Kiebrania aliyekuwa pamoja nasi huko, alikuwa mtumishi wa mkuu wa kikosi cha ulinzi. Tulimweleza ndoto zetu, naye akatufasiria, akitupa kila mtu tafsiri ya ndoto yake.
၁၂ကျွန်တော် တို့၌ ကိုယ်ရံတော် မှူး၏ကျွန် ဟေဗြဲ လုလင် တယောက်ရှိ၏။ ထိုသူ အား ကျွန်တော်တို့သည် ကြားပြော ၍ သူ သည် အိပ်မက် ၏အနက် ကို ဘတ်ပါ၏။ တ ယောက်စီမြင် မက်သည်အတိုင်း ဘတ် ပါ၏။
13 Nayo mambo yakawa sawa kabisa na jinsi alivyotufasiria ndoto zetu: Mimi nilirudishwa kazini mwangu na huyo mtu mwingine akaangikwa.”
၁၃ဘတ် သည်အတိုင်း လည်း မှန် ပါ၏။ ကျွန်တော် သည်အရင်အရာ ကိုရ ပြန်၍၊ စား တော်ဝန်မူကား ၊ ဆွဲ ထား ခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။
14 Basi, Farao akatuma Yosefu aitwe, naye akatolewa kifungoni haraka. Baada ya kunyoa na kubadilisha nguo zake akaenda mbele ya Farao.
၁၄ထိုအခါ ဖါရော မင်းသည် လူကိုစေလွှတ် ၍ ယောသပ် ကို ခေါ် တော်မူ၏။ ယောသပ်သည် ထောင် ထဲ က အလျင် အမြန်ထွက်ရ၍ ၊ မုတ်ဆိတ် ညှပ်ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီး မှ အထံ တော်သို့ ဝင် ရ၏။
15 Farao akamwambia Yosefu, “Nimeota ndoto, wala hakuna mtu hata mmoja anayeweza kuifasiri. Lakini nimesikia ikisemwa kwa habari yako kwamba unapoelezwa ndoto waweza kuifasiri.”
၁၅ဖါရော မင်းကလည်း ၊ ငါသည်အိပ်မက် ကို မြင် မက်ပြီ။ အနက်ကို အဘယ် သူမျှမဘတ် နိုင်။ သင် သည် အိပ်မက် ကို နားလည် သော ဉာဏ်နှင့် အနက် ဘတ်နိုင် သည်ကို ငါကြား ရပြီဟုဆို ၏။
16 Yosefu akamjibu Farao, “Siwezi kuifasiri, lakini Mungu atampa Farao jibu analolihitaji.”
၁၆ယောသပ် ကလည်း ၊ ကျွန်တော် သည် အလို အလျောက်မ တတ်နိုင်ပါ။ ဘုရားသခင် သည် မင်္ဂလာ အဖြေ စကားကို ဖါရော ဘုရင်အား ပေး တော်မူပါစေသော ဟု လျှောက် လေ၏။
17 Kisha Farao akamwambia Yosefu, “Katika ndoto yangu nilikuwa nimesimama ukingoni mwa Mto Naili,
၁၇ဖါရော မင်းကလည်း ၊ ငါ မြင် မက်သည်မှာ ၊ မြစ် နား ၌ ငါ ရပ် နေ၏။
18 nikawaona ngʼombe saba, wazuri na wanono, wakijitokeza kutoka mtoni wakaja kujilisha kwenye matete.
၁၈အဆင်း လှ ၍ ဝ သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ ၊ မြစ်နားမှာပေါက်သော မြက်ပင် ကို စား လျက် နေကြ၏။
19 Baada ya hao, ngʼombe wengine saba wadhaifu wakatokea, wabaya sana na waliokonda. Kamwe sikuwahi kuona ngʼombe wabaya jinsi hiyo katika nchi yote ya Misri.
၁၉ထိုနွားတို့နောက်မှ၊ အဆင်း မ လှ ပိန် ကြုံသော နွား ခုနစ် ကောင်တို့သည် ထွက် လာကြ၏။ ထိုမျှလောက် အရုပ် ဆိုးသော နွားတို့ကို အဲဂုတ္တု ပြည် တရှောက်လုံး တွင် တခါမျှ မမြင် ရစဖူး။
20 Hao ngʼombe waliokonda na wabaya sana wakawala wale ngʼombe saba walionona waliojitokeza kwanza.
၂၀အဆင်းမ လှ ပိန် သောနွား တို့သည်၊ ဝ သော အရင် နွား ခုနစ် ကောင်တို့ကို ကိုက်စား ကြ၏။
21 Lakini hata baada ya kuwala, hakuna mtu ambaye angeweza kusema kwamba wamekula, bado walionekana wabaya kama mwanzoni. Kisha nikaamka kutoka usingizini.
၂၁စားပြီးသောနောက်၊ စား မှန်းကို အဘယ်သူမျှမ သိ ရ။ အရင် ကဲ့သို့ အရုပ် ဆိုး သေး၏။ ငါလည်း နိုး ၏။
22 “Pia katika ndoto zangu niliona masuke saba ya nafaka, yamejaa na mazuri, yanakua katika bua moja.
၂၂တဖန် ငါ မြင် မက် ပြန်သည် ကား၊ အလုံး ကြီး၍ ကောင်း သော စပါး ခုနစ် နှံတို့သည် စပါးတပင် တည်း၌ ဖြစ် ကြ၏။
23 Baada ya hayo masuke mengine saba yakachipua, yaliyonyauka, membamba na yamekaushwa na upepo wa mashariki.
၂၃ထိုနောက်မှ ညှိုးနွမ်း လျက် အလုံး သေး၍ အရှေ့ လေဖြင့် ပျက် သော စပါး ခုနစ် နှံတို့သည် ပေါက် ကြ၏။
24 Yale masuke membamba ya nafaka yakayameza yale masuke saba mazuri yaliyojaa nafaka. Nimewaeleza waaguzi, wala hakuna yeyote aliyeweza kunifasiria.”
၂၄အလုံး သေးသော စပါး နှံတို့သည် ကောင်း သော စပါး ခုနစ် နှံတို့ကို စား ကြ၏။ ထိုအိပ်မက်ကို ဗေဒင် တတ် တို့အား ငါကြား ပြော၍ အနက်ကို အဘယ်သူ မျှမဘတ် နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
25 Ndipo Yosefu akamwambia Farao, “Ndoto za Farao ni ndoto iyo hiyo moja. Mungu amemfunulia Farao jambo analokusudia kufanya karibuni.
၂၅ယောသပ် ကလည်း၊ ဖါရော ဘုရင် မြင်မက်တော်မူ သောအိပ်မက် ကား တပါးတည်း ဖြစ်ပါ၏။ ဘုရားသခင် ပြု လတံ့သောအမှု ကို ဖါရော ဘုရင်အား ပြ တော်မူပြီ။
26 Ngʼombe saba wazuri ni miaka saba, nayo masuke saba mazuri yaliyojaa nafaka ni miaka saba, ni ndoto iyo hiyo moja.
၂၆ကောင်း သော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ၏။ ကောင်း သောစပါး ခုနစ် နှံတို့သည်လည်း ခုနစ် နှစ် ဖြစ်ပါ၏။ အိပ်မက် တော်ကား တပါး တည်း ဖြစ်ပါ၏။
27 Ngʼombe saba waliokonda na wabaya wale waliojitokeza baadaye ni miaka saba, vivyo hivyo masuke saba ya ngano yaliyodhoofika na kukaushwa na upepo wa mashariki, ni miaka saba ya njaa.
၂၇ထိုနွားတို့နောက် ထွက် လာသောနွား၊ ပိန် ၍ အရုပ် ဆိုးသော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ ၏။ အရှေ့ လေဖြင့်ပျက် သော စပါး ဖျင်း ခုနစ် နှံတို့သည် လည်း၊ အစာခေါင်းပါး သော ခုနစ် နှစ် ဖြစ် ပါ၏။
28 “Ni kama vile nilivyomwambia Farao: Mungu amemwonyesha Farao jambo analokusudia kufanya karibuni.
၂၈ဖါရော ဘုရင်အား ကျွန်တော်လျှောက် လိုသော အရာ ဟူမူကား ၊ ဘုရားသခင် ပြု လတံ့သော အမှုကိုဖါရော ဘုရင်အား ပြ တော်မူ၏။
29 Miaka saba ya neema inakuja katika nchi yote ya Misri,
၂၉အဲဂုတ္တု ပြည် တရှောက်လုံး တွင် ဝ ပြောသောနှစ် ခုနစ် နှစ် ရှိ လိမ့်မည်။
30 lakini itafuata miaka saba ya njaa. Ndipo neema yote ya Misri itasahaulika na njaa itaikumba nchi.
၃၀ထိုနောက်မှ အစာခေါင်းပါး သောနှစ် ခုနစ် နှစ် ပေါ် လာ၍ ၊ အဲဂုတ္တု ပြည် ၌ အလုံးစုံ သော ဝ ပြောခြင်းသည် တိမ်မြုပ် လျက် အစာခေါင်းပါး ခြင်းအားဖြင့်တပြည် လုံးပျက်စီး လိမ့်မည်။
31 “Neema iliyokuwa katika nchi haitakumbukwa, kwa sababu njaa itakayofuata itakuwa kali mno.
၃၁အစာခေါင်းပါး ခြင်းသည် အလွန် အားကြီး သောကြောင့် ၊ အရင် ဝပြောခြင်း၏ လက္ခဏာမ ထင် ရ။
32 Sababu ya ndoto kumjia Farao kwa namna mbili ni kwamba jambo hilo Mungu ameshaamua kwa hakika, naye Mungu atalifanya karibuni.
၃၂ဖါရော ဘုရင်သည် ထပ်၍ အိပ်မက် မြင်ရသည် အရာမှာ၊ ထိုအမှု ကို ဘုရားသခင် မြဲမြံ ခိုင်ခံ့စေ၍ အလျင်အမြန် စီရင် တော်မူလိမ့်မည်။
33 “Basi sasa Farao na atafute mtu mwenye akili na hekima ili amweke kuwa msimamizi wa nchi ya Misri.
၃၃သို့ဖြစ်၍ ဖါရော ဘုရင်သည် ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ ကို ရွေးချယ် ၍ အဲဂုတ္တု ပြည် ကို အုပ်စိုး စေတော်မူပါ။
34 Farao na aweke wenye amri nchini kote wakusanye sehemu ya tano ya mavuno ya Misri katika miaka hii saba ya neema.
၃၄ခန့်ထားတော်မူသောသူသည်လည်း တပြည် လုံး၌ အကြီး အကြပ်တို့ကို ခန့် ထား၍ ၊ ဝပြော သောနှစ် ခုနစ် နှစ် ပတ်လုံး တပြည် လုံးတွင် ငါး ဘို့တဘို့ကောက်ယူကြ ပါစေ။
35 Wakusanye chakula chote katika miaka hii saba ya neema inayokuja na kuhifadhi nafaka chini ya mamlaka ya Farao, iwe akiba ya chakula katika miji.
၃၅ထို သူတို့သည်ဖြစ် လတံ့သော မင်္ဂလာ နှစ် တို့တွင် ရိက္ခါ ရှိသမျှ ကို စုရုံး ၍ ဖါရော ဘုရင်ထံ တော်၌ စပါး များ ကို ဆည်းဘူး ကြပါစေ။ မြို့ များ၌ လည်း ရိက္ခါ ကို သို ထား ကြပါစေ။
36 Chakula hiki kitakuwa akiba ya tahadhari kwa ajili ya nchi, ili kitumike katika ile miaka saba ya njaa itakayokuja Misri, ili nchi isiharibiwe na njaa.”
၃၆သို့ဖြစ်၍ အဲဂုတ္တု ပြည် ၌ အစာခေါင်းပါး သောနှစ် ခုနစ် နှစ်ရောက် သောအခါ ၊ ပြည် သူပြည်သားစားစရာ ဘို့ သို ထားလျက် ရှိ နှင့်၍ အစာခေါင်းပါး သော ကာလတွင် ပြည် တော်မ ပျက် ရဟု ဖါရောမင်းအား လျှောက်လေ၏။
37 Mpango huu ulionekana mzuri kwa Farao na kwa maafisa wake wote.
၃၇ထိုသို့ ယောသပ်လျှောက်သောစကား ကို ဖါရော မင်းအစရှိသော ကျွန် တော်မျိုးအပေါင်း တို့သည် နှစ်သက် ကြ၍၊
38 Hivyo Farao akawauliza, “Je tunaweza kumpata yeyote kama mtu huyu, ambaye Roho wa Mungu yumo ndani yake?”
၃၈ဖါရော မင်းက ၊ ဘုရားသခင် ၏ ဝိညာဉ် တော်ကို ရ၍ ဤ ကဲ့သို့ သောသူ ကို အဘယ်မှာ ရှာ ၍ တွေ့မည်နည်း ဟု ကျွန် တော်မျိုးတို့အား မိန့် တော်မူ၏။
39 Ndipo Farao akamwambia Yosefu, “Maadamu Mungu amekufunulia yote haya, hakuna mwingine yeyote mwenye akili na hekima kama wewe.
၃၉ယောသပ် အား လည်း ၊ ဘုရားသခင် သည် ဤအမှု အလုံးစုံ တို့ကို သင့် အား ပြု တော်မူသည်ဖြစ်၍သင် ကဲ့သို့ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ မရှိ။
40 Wewe utakuwa msimamizi wa jumba langu la kifalme, na watu wangu wote watatii amri zako. Ni kuhusu kiti cha ufalme tu nitakuwa mkuu kuliko wewe.”
၄၀သင် သည် နန်းတော် အုပ် ဖြစ် ရမည်။ သင် ၏ စကား အတိုင်း ငါ ၏ပြည်သား အပေါင်း တို့ကို ငါစီရင် စေမည်။ ရာဇ ပလ္လင်အားဖြင့်သာ ငါသည် သင့် ထက် ကြီးမြတ် မည်ဟု မိန့်တော်မူ၏။
41 Kwa hiyo Farao akamwambia Yosefu, “Sasa nakuweka uwe msimamizi wa nchi yote ya Misri.”
၄၁တဖန် ကြည့် ပါ၊ အဲဂုတ္တု ပြည် တပြည်လုံး ကို သင် အုပ်စိုး စေခြင်းငှါ ငါခန့် ထားပြီဟု ယောသပ် အား မိန့် တော်မူလျက်၊
42 Ndipo Farao akaivua pete yake ya muhuri kutoka kidoleni mwake na kuivalisha katika kidole cha Yosefu. Akamvika majoho mazuri ya kitani safi na mkufu wa dhahabu shingoni mwake.
၄၂လက်စွပ် တော်ကိုချွတ် ၍ ယောသပ် လက် ၌ စွပ် စေတော်မူ၏။ ပိတ်ချော အဝတ် ကိုလည်း ဝတ် စေ၍ ၊ လည်ပင်း ၌ ရွှေ စလွယ် ကိုဆွဲ ပြီးလျှင်၊
43 Akampandisha katika gari lake la farasi kama msaidizi wake, watu wakatangulia wakishangilia, wakisema, “Fungueni njia!” Ndivyo Farao alivyomweka Yosefu kuwa msimamizi wa nchi yote ya Misri.
၄၃ဒုတိယ ရထား တော်ကို စီး စေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ ရှေ့ မှာ ဟစ် ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည် တပြည်လုံး ကို အုပ်စိုး စေတော်မူ၏။
44 Kisha Farao akamwambia Yosefu, “Mimi ni Farao, lakini pasipo neno lako, hakuna mtu mwenye ruhusa kuinua mkono au mguu katika nchi yote ya Misri.”
၄၄ဖါရော မင်းကလည်း၊ ငါ သည် ဖါရော ဘုရင် မှန်၏။ သို့ဖြစ်၍ သင် ၏အခွင့် မရှိလျှင် အဲဂုတ္တု ပြည် တရှောက်လုံး တွင် အဘယ်သူမျှမိမိ လက် ခြေ ကိုမ ကြွ ရဟု မိန့် တော်မူ၏။
45 Farao akamwita Yosefu Safenath-Panea, pia akampa Asenathi binti Potifera, kuhani wa mji wa Oni, kuwa mke wake. Ndipo Yosefu akaitembelea nchi yote ya Misri.
၄၅ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏ တည်း ဟူသောဘွဲ့ နာမနှင့်ယောသပ် ကို ချီးမြှောက် ၍ ဩန မြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏သမီး အာသနတ် နှင့် စုံဘက် စေတော်မူ၏။ ထိုသို့ယောသပ် သည် အဲဂုတ္တု နိုင်ငံ အုပ်အရာနှင့် အထံ တော်ကထွက် လေ၏။
46 Yosefu alikuwa na miaka thelathini alipoingia katika utumishi wa Farao mfalme wa Misri. Naye Yosefu akatoka mbele ya Farao akasafiri katika nchi yote ya Misri.
၄၆ယောသပ် သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်း ထံ ၌ အခွင့် ရသောအခါ ၊ အသက် အနှစ်သုံးဆယ် ရှိသတည်း။ အထံတော်ကထွက် ၍ အဲဂုတ္တု ပြည် တရှောက်လုံး သို့ သွား လေ၏။
47 Katika ile miaka saba ya neema nchi ilizaa mazao kwa wingi sana.
၄၇ဝပြော နှစ် ခုနစ် နှစ်ပတ်လုံးမြေ အသီးအနှံတို့ သည် အလွန် များပြားကြ၏။
48 Yosefu akakusanya chakula chote kilichozalishwa katika ile miaka saba ya neema nchini Misri, akakihifadhi katika ghala za miji. Katika kila mji kulihifadhiwa chakula kilichozalishwa katika mashamba yaliyouzunguka mji huo.
၄၈ခုနစ်နှစ်ပတ်လုံးအဲဂုတ္တု ပြည် တွင် ရှိသမျှ သော ရိက္ခါ ကိုစုရုံး ၍ မြို့ တို့၌ သို ထားလေ၏။ မြို့ ပတ်ဝန်းကျင် လယ်တို့၌ရသောရိက္ခါကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။
49 Yosefu alihifadhi nafaka nyingi, mfano wa mchanga wa bahari, ilikuwa nyingi mno kiasi kwamba walishindwa kuweka kumbukumbu kwa sababu akiba ilizidi sana kupita kipimo.
၄၉စပါး ကိုကား သမုဒ္ဒရာ သဲ လုံးနှင့်အမျှ အလွန် များ စွာစု ထား၍ မ ရေတွက် နိုင်အောင် များသောကြောင့် မ ရေတွက် ဘဲနေသတည်း။
50 Kabla ya miaka ya njaa kuanza, Asenathi binti Potifera, kuhani wa mji wa Oni, alikuwa amemzalia Yosefu wana wawili wa kiume.
၅၀အစာခေါင်းပါး သောနှစ် မ ရောက် မှီ၊ ယောသပ် သည် ဩန မြို့၏ယဇ် ပုရောဟိတ်ပေါတိဖေရ ၏သမီး အာသနတ် တွင် သား နှစ် ယောက်တို့ကို မြင် ရ၏။
51 Yosefu akamwita mzaliwa wake wa kwanza Manase, akisema, “Ni kwa sababu Mungu amenifanya nisahau taabu zangu zote pamoja na jamaa yote ya nyumba ya baba yangu.”
၅၁သား ဦးကိုကား မနာရှေ အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ငါ ခံရသမျှ သော ပင်ပန်း ခြင်းနှင့် ငါ့ အဘ ၏ အိမ်သား အပေါင်း တို့ကို ငါ မေ့ စေခြင်းငှါ ဘုရားသခင် ပြုတော်မူပြီဟု ဆိုသတည်း။
52 Mwana wa pili akamwita Efraimu, akisema, “Ni kwa sababu Mungu amenistawisha katika nchi ya mateso yangu.”
၅၂နောက် ရသောသားကိုကား၊ ဧဖရိမ် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ဘုရားသခင် သည် ငါ ဆင်းရဲ ခံရသောပြည် ၌ ငါ့ ကိုပွါး များ စေတော်မူပြီဟု ဆိုသတည်း။
53 Ile miaka saba ya neema huko Misri ikaisha,
၅၃ထိုနောက် အဲဂုတ္တု ပြည် ၌ ဝပြော သောနှစ် ခုနစ် နှစ် ကုန် လေ၏။
54 nayo miaka ile saba ya njaa ikaanza, sawasawa na alivyosema Yosefu. Kulikuwa na njaa katika nchi nyingine zote, bali katika nchi yote ya Misri kulikuwa na chakula.
၅၄ယောသပ် ပြော သည်အတိုင်း အစာခေါင်းပါး သော နှစ် တို့သည် ရောက် စ ရှိ၏။ ထိုအခါ ခပ်သိမ်း သော ပြည် တို့၌ အစာခေါင်းပါး ခြင်းရှိ သော်လည်း အဲဂုတ္တု ပြည် ၌ ဆန် စပါးရှိ သေး၏။
55 Wakati nchi yote ya Misri ilipopatwa na njaa, watu wakamlilia Farao ili awape chakula. Ndipo Farao alipowaagiza Wamisri wote, akisema, “Nendeni kwa Yosefu, nanyi mfanye anachowaambia.”
၅၅နောက်တဖန် အဲဂုတ္တု ပြည် သူပြည်သားအပေါင်း တို့သည် မွတ်သိပ် သောအခါ စား စရာကိုရပါ မည်အကြောင်း ဖါရော မင်းထံ ၌ ကြွေးကြော် ကြ၏။ ဖါရော မင်းကလည်း ၊ ယောသပ် ထံ သို့သွား ကြ၊ သူစီရင် သည်အတိုင်း ပြု ကြဟု အဲဂုတ္တု ပြည်သူ ပြည်သားအပေါင်း တို့ကို မိန့် တော်မူ၏။
56 Wakati njaa ilipokuwa imeenea katika nchi yote, Yosefu akafungua ghala za vyakula na kuwauzia Wamisri nafaka, kwa sababu njaa ilikuwa kali mno katika nchi yote ya Misri.
၅၆မြေပြင် တရှောက်လုံး ၌ အစာခေါင်းပါး သောအခါ ၊ ယောသပ် သည် စပါးကျီရှိသမျှ တို့ကို ဖွင့် ၍ အဲဂုတ္တု လူတို့အား ရောင်း လေ၏။ ထိုအခါ အဲဂုတ္တု ပြည် ၌ အစဉ်အတိုင်း အစာခေါင်းပါး သတည်း။
57 Pia nchi nyingine zote zilikuja Misri kununua nafaka kutoka kwa Yosefu, kwa sababu njaa ilikuwa kali mno duniani kote.
၅၇ခပ်သိမ်းသော ပြည် တို့၌ လည်း အလွန်အစာ ခေါင်းပါး သောကြောင့် ၊ အသီးသီး သောပြည် သားတို့သည် စပါးကိုဝယ် ခြင်းငှါ အဲဂုတ္တု ပြည် ယောသပ် ထံ သို့လာ ရောက်ကြ၏။

< Mwanzo 41 >