< Mwanzo 40 >

1 Baada ya muda, mnyweshaji na mwokaji wa mfalme wa Misri, wakamkosea bwana wao, mfalme wa Misri.
ထို နောက်မှအဲဂုတ္တု ရှင်ဘုရင် ထံ ဖလား တော် ဝန်နှင့် စား တော်ဝန်တို့သည် မိမိ တို့အရှင် အဲဂုတ္တု ရှင်ဘုရင် ကို ပြစ်မှား ကြ၏။
2 Farao akawakasirikia hawa maafisa wake wawili, mnyweshaji mkuu na mwokaji mkuu,
ဖါရော ဘုရင်သည် ထို အမတ် နှစ် ယောက်တည်းဟူသောဖလား တော်ဝန်နှင့် စား တော်ဝန်တို့ကို အမျက်ထွက် ၍၊
3 akawaweka chini ya ulinzi katika nyumba ya mkuu wa kikosi cha ulinzi katika gereza lile lile alimofungwa Yosefu.
ယောသပ် အချုပ် ခံရာ ထောင် တည်းဟူသော ကိုယ်ရံတော် မှူး၏အိမ် ၌ ချုပ် ထားတော်မူ၏။
4 Mkuu wa kikosi cha ulinzi akawakabidhi kwa Yosefu, naye akawahudumia. Walipokuwa wamekaa chini ya ulinzi kwa muda,
ကိုယ်ရံတော် မှူးသည် သူ တို့ကို ယောသပ် ၌ အပ်၍၊ ယောသပ်သည် ပြု စုရ၏။ သူတို့လည်း အင်တန် ကာလ အချုပ် ခံလျက် နေ ရကြ၏။
5 kila mmoja wa hao wawili waliokuwa wamewekwa gerezani, yaani mnyweshaji na mwokaji wa mfalme wa Misri, waliota ndoto usiku mmoja, na kila ndoto ilikuwa na maana yake tofauti.
ထိုသို့ထောင် ထဲ မှာ အချုပ် ခံလျက်နေရသော အဲဂုတ္တု ရှင် ဘုရင်၏ ဖလား တော်ဝန်နှင့် စား တော်ဝန် နှစ် ယောက်တို့သည်၊ အသီးအသီး မိမိ တို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် တယောက်တနည်းစီ မြင် မက်ကြ၏။
6 Yosefu alipowajia asubuhi yake, akawaona kwamba walikuwa na huzuni.
နံနက် အချိန်ရောက် မှ ယောသပ် သည် သူ တို့ ထံ သို့ဝင် ၍ ကြည့်ရှု သောအခါ ၊ သူ တို့မျက်နှာ ညှိုးငယ်လျက် ရှိသည်ကိုမြင် လျှင်၊
7 Ndipo Yosefu akawauliza maafisa hao wa Farao waliokuwa chini ya ulinzi pamoja naye nyumbani mwa bwana wake, akasema, “Mbona nyuso zenu zimejaa huzuni leo?”
သင် တို့သည် ယနေ့ အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်းဟု မိမိ သခင် အိမ် ၌ မိမိ နှင့်အတူ အချုပ် ခံ နေရသော ဖါရော မင်း၏ အမတ် တို့အား မေး ၏။
8 Wakamjibu, “Sisi sote tuliota ndoto, lakini hapakuwa na mtu yeyote wa kuzifasiri.” Ndipo Yosefu akawaambia, “Je, kufasiri ndoto si kazi ya Mungu? Niambieni ndoto zenu.”
သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင် ဆိုင်တော်မူသည် မ ဟုတ်လော။ သို့ဖြစ်၍သင်တို့အိပ်မက်ကို ကျွန်ုပ် အား ကြား ပြောကြပါဟုဆို ၏။
9 Basi mkuu wa wanyweshaji akamweleza Yosefu ndoto yake. Akamwambia, “Katika ndoto yangu niliona mzabibu mbele yangu,
ထိုအခါ ဖလား တော်ဝန်သည် မိမိ အိပ်မက် ကို ယောသပ် အား ကြား ပြောသည်ကား၊ ငါ မြင်မက်သော အိပ်မက် တွင် ၊ ငါ့ ရှေ့ မှာ စပျစ် နွယ်ပင် ရှိ၏။
10 nao mzabibu ulikuwa na matawi matatu. Mara tu ulipoanza kuchipua, maua yalichanua na vishada vyake vikawa zabibu zilizoiva.
၁၀ထိုစပျစ် နွယ်ပင်၌ အလက် သုံး လက်ရှိ၏။ ထိုအလက်တို့၌ ပန်း ငုံကဲ့သို့ရှိ၏။ အပွင့် လည်း ပွင့်၏။ အသီး ပြွတ် တို့လည်း မှည့် သောစပျစ် သီး ဖြစ်လေ၏။
11 Kikombe cha Farao kilikuwa mkononi mwangu, nikazitwaa zabibu, nikazikamua katika kikombe cha Farao, na nikaweka kikombe mkononi mwake.”
၁၁ဖါရော မင်း၏ ဖလား တော်ကို ငါ ကိုင် လျက် ၊ ထိုစပျစ် သီးကိုယူ ၍ ဖလား တော်၌ ညှစ် ပြီးမှ လက် တော် တွင် ဆက်သည်ဟုပြောဆို၏။
12 Yosefu akamwambia, “Hii ndiyo maana yake: Matawi matatu ni siku tatu.
၁၂ယောသပ် ကလည်း သင် ၏အိပ်မက် အနက် ဟူမူကား ၊ စပျစ်နွယ်သုံး လက် တို့သည် သုံး ရက် ဖြစ်၏။
13 Katika siku hizi tatu, Farao atakutoa gerezani na kukuweka tena kwenye nafasi yako, nawe utaweka kikombe cha Farao mikononi mwake, kama vile ulivyokuwa unafanya ulipokuwa mnyweshaji wake.
၁၃သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ချီးမြှောက် ၍ သင် ၏အရာ ကို ပြန် ပေးတော်မူသဖြင့် ၊ သင်သည်အထက် က ဖလား တော်ဝန်ဖြစ် ၍ပြုဘူးသည် နည်းတူ ၊ တဖန်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက်မြဲ ဆက် ရလိမ့်မည်။
14 Lakini wakati mambo yatakapokuwia mazuri, unikumbuke, unifanyie wema, useme mema juu yangu kwa Farao ili niondoke huku gerezani.
၁၄သင်သည် ချမ်းသာရသောအခါ ကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုပါလော့။ ဖါရော ဘုရင်ကိုလျှောက်၍ ကျွန်ုပ် ကို ဤ အိမ် မှ နှုတ် ယူပါ။
15 Kwa maana nilichukuliwa kwa nguvu kutoka nchi ya Waebrania, na hata hapa nilipo sikufanya lolote linalostahili niwekwe gerezani.”
၁၅အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲ ပြည် မှ ခိုး ယူခဲ့ ကြ၏။ ဤ ပြည်မှာလည်း ကျွန်ုပ် ၌ အပြစ် မ ရှိဘဲ ထောင်ထဲမှာ လှောင် ထားကြသည်ဟုဆို၏။
16 Yule mwokaji mkuu alipoona kuwa Yosefu amefasiri ikiwa na maana nzuri, akamwambia Yosefu, “Mimi pia niliota ndoto: Kichwani mwangu kulikuwepo vikapu vitatu vya mikate.
၁၆ထိုအိပ်မက်အနက် ကောင်း သည်ကို စား တော် ဝန် သိ မြင်လျှင် ၊ ငါ သည်လည်း ဖြူသောတောင်း သုံး လုံးကို ကိုယ်တိုင် ရွက် နေသည်ကို မြင် မက်၏။
17 Katika kikapu cha juu kulikuwa na aina zote za vyakula vilivyookwa kwa ajili ya Farao, lakini ndege walikuwa wakivila kutoka kwenye kikapu nilichokuwa nimebeba kichwani.”
၁၇အပေါ် တောင်း တွင် ဖါရော မင်းစားတော်ခေါ် ဘို့ ချက် ပြီးသော ခဲဘွယ် စားဘွယ်အမျိုးမျိုး ရှိ၍၊ ငှက် တို့သည်လည်း ငါ ရွက် သော တောင်း ထဲ ကနှုတ်၍ စား ကြသည်ဟု ယောသပ် အား ပြောဆို ၏။
18 Yosefu akamwambia, “Hii ndiyo maana yake: Vikapu vitatu ni siku tatu.
၁၈ယောသပ် ကလည်း ၊ သင်၏အိပ်မက်အနက် ဟူမူကား ၊ တောင်း သုံး လုံးသည် သုံး ရက် ဖြစ်၏။
19 Katika siku hizi tatu, Farao atakata kichwa chako na kukutundika juu ya mti. Nao ndege watakula nyama ya mwili wako.”
၁၉သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။
20 Mnamo siku ya tatu, ilikuwa kumbukumbu ya kuzaliwa kwa Farao, naye akawaandalia maafisa wake wote karamu. Akawatoa gerezani mnyweshaji mkuu na mwokaji mkuu, akawaweka mbele ya maafisa wake:
၂၀ထိုနောက် သုံး ရက် လွန်သောအခါ၊ ဖါရော မင်း ဘွား သောနေ့ရက် ၌ နှစ်စဉ်ပွဲ ကိုခံ ၍ ကျွန်တော် မျိုး အပေါင်း တို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလား တော်ဝန် ၏ဦးခေါင်း နှင့် စား တော်ဝန်၏ဦးခေါင်း ကို ကျွန်တော် မျိုး တို့တွင် ဖေါ် တော်မူ၍၊
21 Ndipo akamrudisha mnyweshaji mkuu kwenye nafasi yake, ili aweke kikombe mikononi mwa Farao tena,
၂၁အိပ်မက် အနက်ကို ယောသပ် ဘတ် သည် အတိုင်း ၊ ဖလား တော်ဝန်ကို အထက် အရာ၌ တဖန် ခန့်ထား တော်မူသဖြင့် ၊ သူ သည်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက် မြဲဆက်ရ၏။
22 lakini akamwangika yule mwokaji mkuu, sawasawa na jinsi Yosefu alivyowaambia katika tafsiri yake.
၂၂စား တော်ဝန်ကိုမူကား ၊ ဆွဲ ထားတော်မူ၏။
23 Pamoja na hayo, mnyweshaji mkuu hakumkumbuka Yosefu, bali alimsahau.
၂၃သို့သော်လည်း ဖလား တော်ဝန်သည် ယောသပ် ကို မ အောက်မေ့ ဘဲ မေ့လျော့ ၍နေလေ၏။

< Mwanzo 40 >